သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, February 28, 2011

PostHeaderIcon လမ်းခွဲ ဝေဒနာ

တကြိမ်တခါ ချစ်ခဲ့မိတာက
ကျိန်စာဖြစ်ခဲ့လေသလားကွယ်...
မျိုသိပ်ခါ နေတတ်ဖို့ ကြိုးစားခဲ့ရတဲ့ နေ့ရက်လေးတွေက ပင်ပန်းလွန်းလှပါတယ်...။
မင်းရှိမယ့်အချိန်လေးတွေကို မျှော်လင့်ငေးရင်း...
တယောက်ထဲ ယောင်လည်လည်နဲ့ပါ...။
သူမသိပေမဲ့လဲ မချိလှတဲ့ အတွေးစိတ်တွေနဲ့ ရင်နာနေမိတယ်လေ...။
 
အသံတိတ်နဲ့ အံကြိတ်ခံစားနေရတဲ့ အဖြစ်လေးတွေကို
သူမသိနိုင်ပါဘူးလေ...
ဝေဒနာလေးတွေကို ဖြေစရာတွေးခဲ့သော်လည်း
မပြေနိုင်ခဲ့ပါဘူးကွယ်...
သောကကို ပြောမပြချင်ပါဘူးလေ...  
ပြန်ပြောရင် အဖြစ်ဆိုးလဲ မတွေ့ချင်ဘူး
သံယောဇဉ်တဆစ်ချိုးအကွေ့မှာ
မမေ့သာ သတိရပေမယ့်
အတိအကျ ပြောမရတဲ့ သောကတွေနဲ့
ရင်နှစ်မွှာအသဲမှာ   နင်သာပဲ စိုးမိုးနေမိတယ်...။
မဖြေသာတဲ့ ဝေဒနာတစကို
နေရာတကျ သိမ်းဆည်းလို့
စိမ်းစိမ်းကြီး ကြည့်နေနိုင်အောင်
မချိလေတဲ့ နှလုံးသားနဲ့
အမုန်းမပွားပဲ အပြုံးများဆင်ပြီး
သခင်ကျေနပ်ဖို့ နေတတ်အောင်
ကြိုးစားလိုက်ပါမယ်....။
(နွေနှင်းမိုး)

PostHeaderIcon အဆိုအမိန့်

လူဆိုတာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်ပြောင်းလဲမှုကို ခံရတတ်တဲ့ သတ္တဝါပါ။  
 (Robert owen..   အင်္ဂလိပ်ပြုပြင်ပြောင်းလဲရေးသမား)
အမြဲတမ်း စကားတွေပဲ ပြောနေတတ်တဲ့ သူတွေဟာ ဘယ်တော့မှ စဉ်းစားတွေးခေါ်မှု
မရှိတဲ့ သူတွေပါပဲ။ (Matthew prior..အင်္ဂလိပ် သံတမန်)

လူဖျင်း လူညံ့တွေဟာ အချိန်ကို ဘယ်လို ဖြုန်းရမယ် ဆိုတာလောက်ပဲ စဉ်းစားတတ်ကြ
တယ်။ အသိဉာဏ်ရှိတဲ့ လူကတော့ အချိန်ကို အသုံးချနိုင်ဖို့ပဲ ကြိုးစားအားထုတ်ကြတယ်။
လူတိုင်းကို သတိထားပြီး အကဲခတ် လေ့လာခြင်းဟာ အကျိုးရှိပေမယ့် လူတိုင်းနဲ့ စကားပြော
ခြင်းကတော့ အကျိုးမရှိပါဘူး။
စာဖတ်ခြင်းဆိုတာ ကိုယ့်ဦးနှောက်နဲ့ စဉ်းစားမယ့်အစား အခြားလူတယောက်ရဲ့ ဦးနှောက်
ကို အသုံးချလိုက်တာပါပဲ။
လူရယ်လို့ ဖြစ်လာရင် အချိန်အခါကောင်းကို စောင့်တတ်ရမယ်။   
(Arthur schopeniauer .. ဂျာမန် တွေးခေါ်ပညာရှင်)

PostHeaderIcon အဆိုအမိန့်

လူတွေဟာ ပညာတွေ သိပ်တတ်သွားရင် တခါတရံ စိတ်သဘောထား  အသေးသိမ်
ဆုံး လူတွေ ဖြစ်သွားတတ်တယ်။

အလုပ်ကို လုပ်နိုင်သလောက် လုပ်ကြည့်၊ ပိုပြီး လုပ်နိုင်လာလိမ့်မယ်။
တကယ့် လူတော်လူကောင်း စစ်မှန်ရင် ဘယ်တော့မှ ကိုယ်သိပ်တော်တယ်လို့ မထင်တတ်
ကြဘူး။    (William Hazlitt... အင်္ဂလိပ်စာရေးဆရာ)

ဘဝဆိုတာ ဆူညံ ရှုပ်ထွေးနေတဲ့ လမ်းပေါ်က ရေရှည် ဦးနှောက်စားခြင်းတခုပါပဲ။
(John Masefield.. .အင်္ဂလိပ် ကဗျာ ပြဇာတ်ဆရာ)
လူနည်းနည်းပဲ စဉ်းစားတွေးခေါ်တတ်ပြီး စကားတွေပဲ ပြောနေတတ်တဲ့ လူတွေက
ပိုများတယ်။
                                 (Montesquieu.. ပြင်သစ်စာရေးဆရာ)

PostHeaderIcon ပုံစံခွက်လောက

လောကမှာ ပုံစံခွက် တခုထဲကို အထည့်ခံနေရတဲ့ လူသားတွေအတွက်ကတော့ လူသား
ဖြစ်ရကျိုး မနပ်ဘူးလို့ မြင်မိတယ်... ပညာသင်တဲ့အခါ စီးပွားရှာတဲ့အခါ ရုံးကန္နားသွားတဲ့
အခါ အစည်းဝေးလုပ်ကြ တဲ့အခါမျိုးတွေမှာ ကိုယ်ပိုင် အတွေးအခေါ်အယူအဆတွေကို
တင်ပြဆွေးနွေး ညှိနှိုင်းခွင့်မပေးပဲ ငါထားတဲ့အတိုင်းနေ၊ ငါပြောသလိုပဲလုပ်၊ ငါပြောတာ
ပဲနားထောင်၊ ဘာမှ ပြန်မပြောကြနဲ့ ဘယ်လို အကြံပေးတာမျိုးမှ မလိုချင်ဘူးဆိုတဲ့ ပုံစံ
တမျိုးထဲမှာပဲ လူတွေကို အရုပ်တွေလို သဘောထားနေကြတဲ့ အသိုင်းအဝိုင်း မိသားစု
ဝန်းကျင်တိုင်းဟာ ဘယ်တော့မှ ပြောင်းလဲပြီး ကြီးပွားတိုးတက် ဖွံ့ဖြိုးလာနိုင်ကြမှာ မဟုတ်
ဘူးလို့ မြင်မိတယ်။

ဒီလို အကြပ်ကိုင် ခံနေရတဲ့ ကြားထဲက တိုးတက်တယ်ဆိုတဲ့ လူအများစုဟာ ပုန်းလျှိုး
ကွယ်လျှိုး လုပ်ယူတဲ့ လူတွေပဲဖြစ်ချင်ဖြစ်မယ်၊ မကောင်းတဲ့ အသိုင်းဝိုင်းတွေနဲ့
ပေါင်းစားနေတဲ့ လူတွေလဲဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် မတရားတဲ့ နည်းလမ်းတွေနဲ့ တိုးတက်လာတာပဲ ဖြစ်ကြဖို့ များနေတာကို တွေ့မြင်ရမျာပဲဖြစ်ပါတယ်။

ဒီလို အကျဉ်းအကြပ်ထဲကနေ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားပြီး အောင်မြင် ကြီးပွားလာရတဲ့
လူတွေဆိုတာ အင်မတန်မှ နည်းပါးလှပါတယ်။ မျှမျှတတ ကြီးပွားခဲ့ရတဲ့ သူများဟာလဲ
အင်မတန်မှ စိတ်ပန်း လူပန်းဖြစ်ပြီး ပင်ပန်းကြီးစွာနဲ့ ကြီးပွားအောင် ကျားကုတ်ကျားခဲ
လုပ်ခဲ့ရတာပါ။ သာပေါင်း ညာစားတွေလို လွယ်လွယ်နဲ့ အောင်မြင်ရတာမျိုးတော့
မဟုတ်ခဲ့ပါဘူး။

ဒါကြောင့် တို့လူသားတွေ ဒီလို ပုံစံခွက် လောကနဲ့  အကျဉ်းအကြပ်တွေ  ကျဉ်းမြောင်းလှတဲ့
အတွေးအခေါ်တွေနဲ့ ပိတ်ဆို့ခံထားရတဲ့ ဘဝတွေထဲကနေ ဘယ်တော့များမှ လွတ်မြောက်
နိုင်ကြပါလိမ့်မလဲလေ... လွတ်မြောက်အောင်တော့ ကြိုးစားသင့်ကြသလို ကြိုးစားနိုင်ကြ လိမ့်လို့ မျှော်လင့်မိပါတယ်။
ဒါမှလဲ ဘဝတွေကို စိတ်တိုင်းကျ ဖန်တီး တည်ဆောက်နိုင်ကြလိမ့်မယ်လို့ ထင်မိတယ်လေ။
လူသားဘဝတွေလဲ မြင့်မားတိုးတက်လာမယ်လို့ ယုံကြည်မိတယ်။
                           (တိုးတိုး)

PostHeaderIcon အဆိုအမိန့်

မြေခွေးရဲ့စကားကို နားဝင်တဲ့ ခြင်္သေ့ဆိုရင် ကောက်ကျစ်စဉ်းလဲတော့မှာပဲ။             (ဝီလျံဘလိတ်(ခ်).အင်္ဂလိပ်ကဗျာဆရာ)

မှန်မှန်ကန်ကန်နေပြီး ဘာစကားမှ မပြောတဲ့သူဟာ စကားတွေ ဖောင်ဖွဲ့ပြောတတ်သူ
ထက်တော့ ပိုပြီး အင်အားကြီးမားပါတယ်။ (ဖီးလစ်(စ်)ဘရု(စ်)..အမေရိကန်ဘုန်းတော်ကြီး)

တန်ဖိုးရှိတယ်ဆိုတိုင်း အသစ်မဖြစ်သလို အသစ်ဆိုတိုင်းလည်း တန်ဖိုးရှိတာမျိုး မဟုတ်ပါဘူး။                (လော့(ဒ်)ဘရိုဟမ်...စကော့ သမိုင်းပညာရှင်)
စာပေပညာရှင်တွေဟာ ငြိမ်းချမ်းရေးသမားတွေပါ။ လက်နက်မကိုင်ပေမယ့် သူတို့ရဲ့လျှာ
တွေက ဓားသွားလို ထက်တယ်။ သူတို့ရဲ့ကလောင်တွေက ရေးနိုင်သလောက် တာသွားပြီး
မိုးကြိုးပစ်သံ ထက်တောင် ပိုပြီးကျယ်လောင်သေးတယ်။ အကြင်နာကင်းမဲ့တဲ့ ကလောင် သွားရဲ့ ဒေါသအသင့်ခံရမယ့်အစား နဂါးကြီးတကောင်ရဲ့ခံတွင်းထဲမှာပဲ သွားရပ်ပြီး
နေလိုက်ချင်တော့တယ်။
                 (sir Thomas browne..အင်္ဂလိပ်စာရေးဆရာနှင့်ဆရာဝန်)

စာကို ကောင်းကောင်းရေးမယ်ဆိုရင် ကောင်းကောင်း စဉ်းစားတတ်ရမယ်။ကောင်းကောင်း ခံစားတတ်ရမယ်။ကောင်းကောင်း တင်ပြတတ်ရမယ်။ ရေးပြီဟေ့ဆိုတာနဲ့ အသိဉာဏ်၊ စိတ်
အာရုံနဲ့ ရသခံစားမှုတွေကို တချိန်တည်းမှာပဲ စုစည်း ပိုင်ဆိုင်ထားရလိမ့်မယ်။
       (George Louis Buffon..ပြင်သစ်သမိုင်းပညာရှင်)

နောင်တဆိုတာ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ အသိတရားရဲ့ ပဲ့တင်သံဖြစ်တယ်။
(Edward George Bulwerlytton..အင်္ဂလိပ် ကဗျာ ပြဇာတ် နိုင်ငံရေးဆရာ..).

အောင်မြင်မှုကို သေချာပေါက် ရယူချင်တဲ့သူဟာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး လိုလား
မှုတွေကို မျိုသိပ် ချိုးနှိမ်ထားရမယ်။

စာအုပ်စာပေဆိုတာ လူငယ်တွေအတွက် လမ်းညွှန်ပြသမှုဖြစ်ပြီး သက်ကြီးရွယ်အိုတွေအတွက်တော့ ဖျော်ဖြေမှုတခုဖြစ်တယ်။
(Jermycollier...အင်္ဂလိပ်ဘာသာရေးသမား)

လူတယောက်ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းချင်တယ်ဆိုရင် အငြင်းအခုံမလုပ်ပဲ သူ့ကို
ပြောမယ့်စကား အပေါ်မှာ ယုံကြည်ချက် အပြည့်အဝထားပြီး ပြောပါ။ ယုံကြည်ချက်ကြောင့် ထွက်ပေါ်လာတဲ့ အသံရဲ့ အင်အားဟာ အသိအာရုံရဲ့ အင်အားကို အမြဲတစေ အသာစီးရ
တတ်ပါတယ်။
လူတယောက်ရဲ့မိတ်ဆွေတွေ ရန်သူတွေကို လေ့လာကြည့်ရုံနဲ့ သူ့အကြောင်းကို အကဲဖြတ်လို့
ရနိုင်ပါတယ်။
(Joseph conrad..ပိုလန်စာရေးဆရာ)

လူတိုင်းမှာ စိတ်ရိုင်း တခုစီတော့ ရှိတတ်ကြစမြဲပါပဲ။  
      (Frederick The Great ..ပရပ်ရှားဘုရင်)

PostHeaderIcon အဆိုအမိန့်များ

လူကို သဘာဝက ဖန်ဆင်းပေးထားတယ်ဆိုပေမယ့် လူကိုဖွံ့ဖြိုးတိုးတက်လာအောင် ပုံသွင်းပြုပြင်ပေးတာကတော့ လူ့အသိုင်းအဝိုင်းပါပဲ။       (ဗီဆာရီယွန်ဘီလင်စကီ...ရုရှား)
ရှုံးနိမ့်ခြင်းဆိုတာ အမှန်တရားတွေ ထာဝရရှင်သန်ဖွံ့ဖြိုးလာရာ ကျောင်းတော်ကြီးတခုပါပဲ။
ဘဝင်မြင့်ခြင်းဟာ ကုသဖို့ အခက်ခဲဆုံးရောဂါလို့ ခေါ်တွင်တဲ့ လူ့စိတ်ပါပဲ။
မိခင်ရဲ့နှလုံးသားဟာ ကလေးငယ်ရဲ့ ကျောင်းသင်္ခမ်းပါပဲ.။

လွယ်လွယ်လေးနဲ့ရတဲ့ အောင်မြင်မှုတွေဟာ သိပ်ပြီးတန်ဖိုးမရှိလှပါဘူး။ ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ပြီးမှ ရလာတဲ့အောင်မြင်မှုတွေကသာ အဖိုးအနဂ္ဃထိုက်တန်လှပါတယ်။

ခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် မေ့ပစ်လို့တော့ မရနိုင်ဘူး”ဆိုတဲ့ စကားဟာ“ခွင့်လွှတ်မှာ မဟုတ်ဘူး”ဆိုတဲ့ စကားကို တဖက်လှည့်နဲ့ ပြောလိုက်တာပါပဲ။ အမှန်တကယ်တော့ ခွင့်လွှတ်ခြင်းဆိုတာဟာ အသုံးမလိုတဲ့ မှတ်တမ်းကို နှစ်ပိုင်းဆုတ်ဖြဲပြီး မီးရှို့ပစ်လိုက်သလို ဘယ်တော့မှ ပြန်မတွေ့နိုင်အောင် ပျောက်ပျက်သွားသင့်တယ်။
စာအုပ်စာပေမရှိတဲ့ အိမ်ဟာ ပြူတင်းပေါက်မရှိတဲ့ အိမ်တလုံးနဲ့ တူပါတယ်။ ဒီလိုပါပဲ စာပေကို လေ့လာ ဖတ်ရှုခြင်းမရှိတဲ့ လူမျိုးမှ ရင်သွေးငယ်ကလေးတွေကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
အလိုက်ကန်းဆိုးမသိတဲ့ လူတန်းစားတွေဟာ အန္တရာယ်ရှိတဲ့ လူတန်းစားတွေဖြစ်တယ်။
လုပ်ရပ်ဆိုတာ စိတ်သောကဝေဒနာရဲ့မှန်ကန်တဲ့ ထွက်ပေါက်တခုဖြစ်ပါတယ်။
ဥပဒေဆိုတာ အရှင်သခင်မဟုတ်ဘူး။ ကျေးကျွန်သာဖြစ်တယ်။ သူ့ကို လိုက်နာတဲ့လူတွေကိုသာ ဥပဒေက ချုပ်ကိုင်ထားလို့ရတယ်။
(ဟင်နရီဝါ့(ဒ်)ဘီချား....အမေရိကန်ဂုဏ်းအုပ်ဘုန်းတော်ကြီး)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...