သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, April 27, 2011

PostHeaderIcon ဒါလည်း ပြီးသွားမှာပါ

အရှင်ဉာဏိက ဧပြီ ၂၂၊ ၂၀၁၁

This too shall pass away - ဆိုတဲ့ သီချင်းသံကို ကားမောင်းနေရင်း ရေဒီယိုကနေ
အမှတ်မထင် ကြားလိုက်ခဲ့ရတယ်။ အဓိပ္ပါယ်လေးက ဓမ္မသံနှောနေလို့ သဘောကျမိတယ်။
အလားတူ အကြောင်းအရာကို တနေရာရာမှာ တွေ့ခဲ့ဖူးပါတယ်။ ဘယ်မှာပါလိမ့်လို့ အပြန်
ပြန် စဉ်းစားနေမိတာ။ တော်တော်နဲ့ ပြန်ဖော်မရခဲ့ဘူး။ ခုညနေက မှတ်စုဟောင်း
တွေ ပြန်ဖတ်မိမှ ဆရာဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများစာအုပ်ထဲမှာ ဖတ်ခဲ့ရတာကို
သိရတော့တယ်။ ဖတ်စဉ်က သဘောကျလို့ ကူးယူထားခဲ့တဲ့ စကားလေးနဲ့ ကဗျာလေးလဲ
မှတ်စုထဲမှာ။ တခါ ပြန်ဖတ်ခွင့်ရတယ်။
ဆရာဖေမြင့်က ဒီစကားလေးနဲ့အတူ စာအုပ်ထဲမှာ တွေးတောစရာလေးတွေ ပေးထားခဲ့တယ် ဆိုတာကိုတော့ သတိရမိတယ်။ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ နောက်ပြီး ဒီစကား
လေးနဲ့ ဆိုင်တဲ့ ဖြစ်နိုင်ခြေ နောက်ကြောင်း ပုံပြင်လေးကိုလည်း သူ့စာထဲမှာ ပြောထားတယ်
လို့ထင်ပါတယ်။ ပုံပြင်လေးကိုလည်း မေ့တေ့တေ့ဖြစ်နေပြီ။

ဒါနဲ့ ဝီကီပီးဒီးယားမှာ ဒီအကြောင်းအရာလေးများ ရှိလေမလားလို့ ရှာကြည့်လိုက်တော့ ဒီစကားလေး ဖြစ်ပေါ်လာပုံနဲ့၊ ဖြစ်နိုင်ခြေ ဇာတ်လမ်း အကျဉ်းချုပ်ကိုပါ တွေ့ရပါတယ်။ ဆရာဖေမြင့် ပြောခဲ့တဲ့ပုံလေးနဲ့ တူ၊ မတူဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ တူ
မယ်လို့တော့ ထင်ပါတယ်။ ဒီစကားလေးကနေ ပြောပြချင်တဲ့ ဆိုလိုရင်း အကျဉ်းကို
လည်း ဝီကီပီဒီယားမှာ ပြောပြထားတယ်။

တခါက အချိန်တိုင်း၊ နေရာတိုင်း၊လူတိုင်းအတွက် အမြဲတမ်း မှန်ကန်နေတဲ့စကားကို အတို
ဆုံးနဲ့ အထိမိဆုံးရေးပြဖို့ ပါရှန် ဘုရင်ကြီးက ပညာရှိတွေကို မိန့်ကြားခဲ့တယ်-တဲ့။ ပညာရှိကြီးတွေ နေ့ညမအား ဝိုင်းဝန်းစဉ်းစားကြတယ်။ စဉ်းစားလို့ရသမျှ စာနဲ့ရေးမှတ်ပြီး
ဘုရင်ကြီးထံ တင်ပြကြတယ်။ ပညာရှိကြီးများစွာ အကြိမ်ကြိမ် အခါခါ တင်ပြလို့ စာ
ရွက်တွေက တောင်လို ပုံနေတယ်။ သူတို့စာတွေက ရှည်တာရယ်၊ တိုပြန်တော့လည်း လိုရင်းမရောက်တာရယ်ကြောင့် ဘုရင်ကြီးက မကြိုက်နိုင်ဘူး။ အဆုံးမတော့ သမီးတော်က
လက်စွပ်ပေါ်မှာ ဒါလည်းပြီးသွားမှာပါ-ဆိုတဲ့ ဒီစကားလေးကို ရေးထွင်း ဆက်သလိုက်မှ
ဘုရင်ကြီးက သဘောကျ နှစ်သက်တော်မူခဲ့တယ်။ ဒီကနေစလို့ ဒီစကားလေး တွင်ကျယ်
လာတယ်လို့ ဆိုပါတယ်။

ဒီစကားလေးကို အခြေခံလို့ ကဗျာဆရာတွေက ကဗျာတွေဖွဲ့၊ တေးရေးဆရာတွေက
တေးတွေ သီခဲ့ကြတယ်။ တရားဟော ဆရာတွေကလည်း တရားတွေ ဟောခဲ့ကြတယ်။
ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ခံစားမှုနဲ့ကိုယ်။ တင်ပြပုံခြင်းတော့ အနည်းငယ်စီ ကွဲပြားသ
ပေါ့။ ရေဒီယိုကနေ ကြားမိလိုက်တဲ့ သီချင်းကတော့ ဆရာဖေမြင့်ရဲ့ စာအုပ်မှာပါတဲ့
ကဗျာလေးနဲ့ ကြောင်းတူ သံကွဲ။
ဆရာဖေမြင့်က သူ့စာထဲမှာ-
“ကောင်းကင်ပြင် ကြည်စင်ချိန်မှာ
တိမ်တိုက်တွေ လာနိုင်တာ သတိထားပါ
အမှောင်ထဲ ရှိသည့်အခါ
ပေါ်လာမည့် အလင်းရောင်ကို ငံ့လင့်ပါ
ယနေ့ သင့်ကံကြမ္မာ မည်သို့ပင် ရှိစေ
ဒါလည်း ပြီးသွားမည်ဆိုတာ သတိရပါ”
ဆိုတဲ့ ကဗျာဆရာ ဂျေဂျီဆက္က(စ)(J.G.Saxe1816-87) ရဲ့ ကဗျာလေးကို ဖော်ပြထားတယ်။
ဟုတ်တာပေါ့။ ဒီစကားက အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်း၊ အခြေအနေတိုင်းနဲ့ ကိုက်
ညီနေတာပဲဟာ။ ဘယ်အရာများ မပြီးနိုင်တာများ ရှိလို့လဲ။ ဘယ်အရာများက အစဉ်ထာဝရ တည်တန့်နေတာများ ရှိလို့လဲ။ ရေဒီယိုက ကြားမိလိုက်တဲ့ သီချင်းလေးကလည်း နည်းတူပါပဲ။ နားလည်သလောက် ဘာသာပြန်လို့ ပြန်ပြောရမယ်ဆိုရင်ဖြင့်-

ငြိမ်းချမ်းမှုအားလုံး ပျက်ပြုန်းကာ
ဝမ်းနည်းဖွယ် ဖြစ်စဉ်တွေဟာ
သင့်ဘဝကို အဟုန်ပြင်းစွာ
ကြမ်းတမ်းတဲ့ မြစ်ရေပမာ
ဖျက်ဆီးကာ လွှမ်းသွားတဲ့အခါ၊
သင်အနှစ်သက်ဆုံး အရာများစွာ
တိုက်စားကာ ယူဆောင်သွားတဲ့အခါ၊
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ၊
ဒါလည်း ပြီးသွားမှာပါ။

မဆုံးနိုင်တဲ့ အခက်အခဲတွေဟာ
ကြည်နူးစရာ့ မင်းတေးအလှကို ရပ်တန့်စေကာ
တောင်းဆုလေးတစ်ခု ပြုဖို့ပင်လျင်
မရဲဝံ့အောင် နွမ်းလျနေချိန်မှာ
ရုန်းကန်နေဆဲ နေ့ပေါင်းများစွာ
ပင်ပန်းသမျှ ပြေလျော့ဖို့ရာ
ဒီအမှန်တရား သစ္စာနဲ့ ပျယ်လွင့်စေပါ
သင့်နှစ်လုံးသားကိုသင် ပြန်ပြောလိုက်ပါ
ဒါလဲ ပြီးသွားမှာပါ။

ကံတရားက မင်းဖက်မှာ
ပျော်ရွင်မှုနဲ့ အပြုံးများစွာ
အရာရာအားလုံးပဲ ချောမွေ့စွာ
အချိန်ကုန်မှန်းမသိ ကုန်ဆုံးတဲ့အခါ
ပျော်ရွှင်ဖွယ် ဒီအခိုက်အတန့်မှာ
အမှန်တရား ဒီသစ္စာ
ပြန်လည်ကာ သတိရစေပါ
ဒါလည်း ပြီးသွားမှာပါ။

ကျိုးစားခြင်းက ရလဒ်တွေဝေ
ကျော်ကြားခြင်းနဲ့ ချီးမွမ်းမှုတွေ
ကမ္ဘာမြေရဲ့ အကောင်းဆုံးတွေ
မင်းဆီကို ဝင်လာချိန်မှာလေ
ပြုံးပျော်စွာ ခံစားရင်းလေ
အမှန်တရားသစ္စာ
အမြဲတမ်း အမှတ်တရ ရှိပါစေ
ဘဝဆိုတာ ရှည်လျားတတ်ပေ
အောင်မြင်ခြင်းဟာ ခဏတာပဲလေ
ဒါလည်း ပြီးသွားမှာပါလေ။
အတွေ့အကြုံတွေကို ကျင်လည်ရာဘဝနဲ့ နှိုင်းစာတတ်တယ်-တဲ့။ ပြောကြတယ်။ ဟုတ်မယ်။
တခုခုကို ကြားမိ၊ မြင်မိတဲ့ အခါများမှာ ကိုယ်ကျင်လည်နေတဲ့ ဘဝအသိ၊ အတွေ့အကြုံနဲ့
နှိုင်းယှဉ်မိတယ်။ ဒါလည်းပြီးသွားမှာပါဆိုတဲ့ သီချင်းသံလေး ကြားမိတော့ အမြဲတမ်းစိတ်ထဲ
မှာ ရှိနေတတ်တဲ့ "သဗ္ဗေ သင်္ခါရာ အနိစ္စာ"ဆိုတဲ့ စကားလေးက ဦးစွာပေါ်လာတယ်။
တကယ်တော့ ပြီးသွားမှာနဲ့ မမြဲပါဆိုတဲ့ ဒီစကားနှစ်ခုက ဒီနေရာမှာ ကြောင်းတူသံကွဲပဲ
မဟုတ်လား။
သဗ္ဗေ သင်္ခါရာ အနိစ္စာ-ဆိုတဲ့ စကားကိုလည်း တော်တော်များများ ကြားဖူးကြမှာပါ။ ဘယ်
အရာမှ မမြဲပါဘူးကွာဆိုတဲ့ သံဝေဂ စကားကိုလည်း ပြောကောင်း ပြောဖူးကြမှာပါ။ ကိုယ်
ခင်မင်တဲ့ သူတဦးဦးမှာ ကြုံရတဲ့ ဝမ်းနည်းဖွယ်ကာလကို ဖြေသိမ့်အားပေးရာ ဖြေဆေး
အဖြစ် ဒီစကားလေးကို ဆိုတတ်ကြပါတယ်။ အောင်မြင်မှု တလူလူနဲ့ မာန်တံခွန်ထူချိန်
မျိုးမှာ သတိတရဖြစ်စေဖို့အတွက်တော့ မပြောဖြစ်တတ်ကြပါဘူး။ ဒီအချိန်မျိုးမှာ ပြောခဲ့
မယ်ဆိုရင်လည်း သူသူကိုယ်ကိုယ်ပဲ ဒီစကားကို ကြိုက်နိုင်မယ် မဟုတ်ပါဘူး။ အောင်မြင်
ကျော်ကြားမှုတွေ တလူလူနဲ့ မာနတံခွန် ထူနေချိန်မျိုးမှာ အခြားသူတွေအတွက် ပြော
မထွက်ခဲ့၊ မပြောဖြစ်ခဲ့လျင်တောင် ကိုယ့်ကိုယ် ပြန်လည်ပြီး ပြောဖြစ်ခဲ့မယ်ဆိုလျင်ကိုပဲ
သိပ်ကောင်းမှာပါ။
ကမ္ဘာပေါ်ရှိ ကောင်းမြတ်တဲ့အရာအားလုံးနီးပါး ကိုယ့်အပါးမှာ စုပုံရောက်လာလို့ ကိုယ့်ဘဝ ကိုယ် ကျေနပ်အားရ ရှိချိန်မျိုးမှာလည်း ဒါဟာအခိုက်အတန့်မျှသာ။ အချိန်တန်လျင်ဖြင့် ဒါလည်း ပြီးသွားမှာပါဆိုတဲ့ အတွေးမျိုးကို မတွေးထင်တတ်ကြပါဘူး။ တကယ်တော့ ဘယ်အရာမှ မမြဲပါဆိုတဲ့ ဒီစကားက ကောင်းတာလည်း မမြဲ၊ မကောင်းတာလည်း မမြဲလို့ ဆိုချင်တာပါ

အားငယ်သူကို အားပေး၊ မာန်ကြီးသူကို မာန်လျော့။ လောကထဲမှာ နေထိုင်ကြတဲ့ လောက လူသားတွေကြား။ တဦးချင်း အသီးသီးမှာဖြစ်နေတဲ့ မချောမွေ့မှုတွေ။ အချင်းချင်းကြားမှာ
ဖြစ်နေတဲ့ မသင့်တင့်မှုတွေကို ချောမွေ့သာယာစေပြီး နေပျော်စရာ ကမ္ဘာဖြစ်စေဖို့ ချိန်
ခွင်လျှာ ညှိပေးတဲ့ တရား။ အမြဲတမ်း ဆင်ခြင်အောင့်မေ့ဖွယ်ရာ စကားလေးတခွန်းပဲ
မဟုတ်လား။

လောကတွင်းမှာ နေထိုင်ကြရတဲ့ လောကလူသားတစ်ဦးပီပီ လောကဓမ္မဆိုတဲ့ ပေါများခြင်း၊ ရှားပါးခြင်း။ ကျော်ဇောခြွေရံ ရှိခြင်း၊ မဲ့ခြင်း။ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံရခြင်း။ ချမ်းသာ၊ဆင်းရဲ တ လှည့်စီနဲ့ တွေ့ကြုံရခြင်းမျိုးတွေ ရှိကြမှာပါ။ လောကဓမ္မရဲ့ အလှည့်အပြောင်းက ကိုယ့်
ကိုယ် ဒဏ်ဖြစ်စေမယ့် လောကဒဏ် မဖြစ်စေဖို့(လောကဓံကနေ လောကဒဏ်
မဖြစ်စေဖို့)တော့ လိုပေလိမ့်မယ်။

အကောင်းတွေနဲ့ တွေ့လို့ မာနတံခွန် ထူလိုစိတ်ဖြစ်တဲ့အခါမှာပဲဖြစ်ဖြစ်။ အဆိုးတွေနဲ့ ကြုံရလို့
စိတ်ပျက် အားလျော့နေချိန်မှာဖြစ်ဖြစ်။ အကောင်းလောကဓံ ပင့်လို့ ကြွတက်သူတွေ၊
အဆိုးလောကဓံ ဖျက်လို့ စိတ်ပျက်သူတွေ၊ ဘယ်သူမဆို "ဒါလည်း ပြီးသွားမှာပါ" ဆိုတဲ့ အသိကိုသာ နှစ်နှစ်ကာကာ နားလည်လက်ခံထားနိုင်ရင်ဖြင့် ဘယ်လို လောကဓံလှိုင်းက
ကိုယ့်ကိုယ် လာရိုက်သည်ဖြစ်ပါစေ၊ ထိခိုက်ဒဏ်သင့်မှု နည်းစေမှာကတော့ အမှန်ပါပဲ။
Monday, April 25, 2011

PostHeaderIcon သတိသံဝေဂ

၁။ သင် အသက်တွေကြီးနေပြီ
လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေတုန်းပဲလား…။

၂။ သင် သွားတွေကျိုးနေပြီ
မာန် မာနတွေ ကျိုးပြီလား…။

၃။ သင်ပါးရေတွေ တွန့်နေပြီ
မကောင်းမှုမှ တွန့်ဆုတ်ပြီလား…။

၎။ သင် အားအင်တွေ လျော့ပါးနေပြီ
တဏှာ ဆန္ဒတွေ မလျော့ပါးသေးဘူးလား…။

၅။ သင် ဆံပင်တွေ ဖြူနေပြီ
သင့်စိတ်ထားတွေ ဖြူပြီလား…။

၆။ သင် မျက်စိတွေ မှုန်ဝါးနေပြီ
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား…။

နေ့မြင် ညပျောက်၊ မျက်စိတမှိတ် လျှပ်တပြတ်၊
ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊
ဖြစ်ပျက် မြန်ဆန်၊ လောကဓံကြမ်း၊ ခရီးလမ်းမှာ၊
ညှိုးနွမ်းနေရ၊ ဝဋ်ဒုက္ခအပေါင်း၊ ပိတ်လှောင် အောင်းပြီး၊
နေ့လန်း ညညှိုး၊ ဘဝဆိုးမှ၊ လွတ်မြောက်ရအောင်၊
စွမ်းဆောင်နိုင်အောင်၊ ကြိုးစားသင့်ပြီ...။

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...