သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, December 18, 2011

PostHeaderIcon အချစ်


  • အချစ်ရှိတဲ့ နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။

  • အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။
  • တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတပွင့်ပွင့်မယ်ဆိုရင် ငါဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။
  •  အချစ်မြစ်ထဲ မျှောပါနေသူတိုင်းဟာ ကဗျာဆရာဖြစ်တယ်။
  • အကွာအဝေးက နှလုံးသားနှစ်ခုကို ပိုနီးကပ်စေတယ်။
  • တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင် ငါ့ဖက်က ပိုတိုးပြီး ချစ်ပါရစေ။
  • အချစ်ဆိုတာ ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေတဲ့ နွယ်ပင်ဖြစ်တယ်။
  •  အချစ်ဆိုတာ ဘဝကို အားသစ်တိုးစေတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။
  • တကယ်လို့ ကျွန်တော်တို့ကို ချစ်တဲ့လူ မရှိခဲ့ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကို 
ချစ်တတ်လိမ့်မှာ မဟုတ်ဘူး။
  • အချစ်ကြောင့်ရလာတဲ့ ဒဏ်ရာကို ကုသတဲ့ တခုတည်းသောနည်းက လူတွေကို 
ဆတိုးပြီး ချစ်တာပါပဲ။
  • တကယ်လို့ ရူးရူးမိုက်မိုက် မချစ်ရင် အချစ်က အချစ်မမည်ဘူး။
  • အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုလန်းဆန်းတယ်။
 စိတ်ဝိညာဉ်က အချစ်မရှိဘဲ မရှင်သန်နိုင်ဘူး။
  •  ဘဝက တိုတောင်းတယ်ဆိုပေမယ့် အချစ်က အဓွန့်ရှည်တယ်။
  • ချစ်သူတွေရဲ့အကြည့်ထဲမှာ မိုင်(၁ဝဝဝ)ဆိုတဲ့ ခရီးက နီးနီးလေးပါ။
  •  အချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။
  •  အချစ်မရှိတော့ရင် ကမ္ဘာကြီးက သုဿာန်ဖြစ်သွားတယ်။
  • ဒီလောကကြီးမှာ ယောက်ျားလေးအတွက် အဖိုးတန်ဆုံးပစ္စည်းဥစ္စာက မိန်းကလေး
တယောက်ရဲ့ နှလုံးသားဖြစ်တယ်။

  •  ကျွန်တော်တို့ရဲ့ဘဝထဲက နာကျင်မှုနဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံး
တလုံးရှိတယ်။ အဲဒီစကားလုံးက "အချစ်" လို့ အမည်တွင်တယ်။

  • မင်းမရှိတဲ့ နေ့ရက်တွေက စာမျက်နှာမရှိတဲ့ စာအုပ်နဲ့တူတယ်။
  • အချစ်ဆိုတာ ဘယ်တော့မှ မငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။
  • တကယ်လို့ ဘဝဟာ ပန်းတပွင့်ဆိုရင် အချစ်က ပျားတကောင်ဖြစ်တယ်။
  • တသက်မှာ တခါလောက်မချစ်ဖူးသူဟာ ဘဝမှာ မရှင်သန်ဖူးသူဖြစ်တယ်။
  • အချင်းချင်း ချစ်နေကြတဲ့ နှလုံးသားနှစ်ခုမှာ စကားလုံးတွေ များများမလိုပါဘူး။
  • အချစ်ရှိရာကို သွားတဲ့လမ်းက ဘယ်တော့မှ မရှည်လျားဘူး။
  •  အချစ်ကို ချစ်ဖို့ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး။
  • အချစ်ရှိတဲ့ နေရာတိုင်းမှာ မျှော်လင့်ချက်ဆိုတာရှိတယ်။
  •  လှတဲ့ မိန်းကလေးတယောက်ကို သင်ချစ်မိချင်မှ ချစ်မိမယ်။ ဒါပေမဲ့ သင့်အချစ်ကြောင့် မိန်းကလေးဟာ လှပသွားတတ်တယ်။
  • အချစ်က ထာဝရပါ။ သွင်ပြင်လက္ခဏာ ပြောင်းရင်ပြောင်းသွားမယ်။ အနှစ်သာရကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။
  • အချစ်ဆိုတာ နေ့ရက်တွေကို ရေတွက်ဖြတ်ကျော်တာ မဟုတ်ဘူး။ နေ့ရက်တိုင်းကို 
အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းစေတာဖြစ်တယ်။

  •  အချစ်ဆိုတာ ရက်ထည်တခုဖြစ်တယ်။ စိတ်ကူးနဲ့တန်ဆာဆင်ပြီး သဘာဝတရားအတိုင်း ရက်လုပ်တယ်။
  • ချစ်နေချိန်အတွင်းမှာ မိုက်မဲတဲ့ အပြုအမူကလည်း ချစ်စရာကောင်းနေတတ်တယ်။
  • အချစ်တောင်းဆိုတဲ့ တခုတည်းသောလက်ဆောင်က အချစ်ပဲဖြစ်တယ်။
  • တကြိမ်တခါ စစ်စစ်မှန်မှန်ချစ်ခဲ့တဲ့ နှလုံးသားက ဘယ်တော့မှ မမေ့တတ်တော့ဘူး။
  •  အချစ်ရဲ့အနွေးဓာတ်က မီးအပုံတစ်ထောင်ထက်တောင် ပိုပါသတဲ့။
  •  အချစ်ကို ချစ်မိဖို့ခက်တယ်။ ဒါပေမဲ့ ချစ်မိပြီဆိုရင် မေ့ဖို့ ပိုခက်တယ်။
  • အချစ်အကြောင်းပြောနေချိန်မှာ အမုန်းတွေ ကြားဖြတ်ပြောရင် ဒါအချစ်မဟုတ်တော့ဘူး။
  • အချစ်အကြောင်းပဲ ပြောချင်တဲ့....

နိုင်းနိုင်းစနေ (ဘာသာပြန်သည်)

PostHeaderIcon မွေးရပ်မြေရဲ့အကြောင်း


ကမ္ဘာအရပ်ရပ်က‘‘ရွှေ’’.....တံဆိပ် လော်စပီကာတွေ
ကူပါကယ်ပါ တကြော်တကြော် အော်နေရတဲ့
ကျတော့ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူလောင်းပါရစေ။

ဆရာဝန်တွေက ဆေးရောင်း၊
အင်ဂျင်နီယာတွေက ဈေးရောင်း၊
တော်သူတွေ အကုန် ဘေးဂျောင်း၊
လူငယ်တွေ အကုန် အတွေးစောင်း၊
ခွင်ရှာနိုင်မှ သူဋ္ဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓါးပြတွေ ဆို..
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့ ။

ညဥ့်ငှက်မလေးတယောက်က
ဖောက်သည်မျှော်၊
မိန်းမတန်ဖိုးကို ရောင်းစားဖို့ စောင့်နေမယ်နော်..တဲ့
ဈေးသည်မလေးတယောက်က ၀ယ်သူမျှော်၊
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်၊
ခေတ်ကြီးကိုက လည်သူဆော်။
ရှေ့နောက် မစဉ်းစားမိတဲ့ မောင်နှံ၊
ရှိသမျှပစ္စည်းတွေကို ပေါင်နှံ၊
မွေးလာမယ့် ကလေးက အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်းရောင်းစား၊
လူပွဲစားတွေက အချင်းချင်းရောင်းစား၊
လူတချို့ကလမ်းမတွေပေါ်မှာတောင်းစား၊
ကလေးငယ်တယောက် မျက်နှာငယ်လေးနဲ့ကျောင်းသွား၊
ပါရာဒိုတစီးက ဗွက်တွေစင်အောင်မောင်းသွား၊
ငါတို့ငိုသံတွေကို
အိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်၊
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့...
ဦးတည်ချက်ဆယ့်နှစ်ရပ်နဲ့ တိုင်းပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်တွေပါ၊
တပြည်လုံးလည်းနားညည်းနေပြီ အော်ဂလီဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကိုပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။

ဒီလိုနဲ့.....
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်းတ၀က်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း လာပြန်ပြီ၊
ကျန်တဲ့သက်တမ်းတ၀က်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။

‘‘ဆန်တပြည်ကို ၁၅၀၀ တောင်’’ အဲဒါ အဖွားညည်းတဲ့အသံ၊
‘‘မြန်မာပြည်ဟာ ဘယ်သူမှမနေချင်တော့တဲ့ အရပ်ဖြစ်သွားပြီ’’
အဲဒါ ခါးသီးတဲ့အမှန်။

ဒီကြားထဲ.....
နာဂစ်က တချက်မွှေ့၊
ဧရာဝတီက လူတွေခမျာ အသက်စေ့၊
တချို့လူတွေကလည်း အကွက်ရွေှ့၊
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့၊
မြန်မာပြည်ကြီးကတော့...
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓါးပြတွေဆို၊
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်၊
တိုင်းပြည်တခုလုံး ပိုးကျနေလို့၊
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့........။
(ကောင်းကင်ကို)

PostHeaderIcon အချစ်နဲ့ နားလည်မှု


သင့်ကို နားလည်မှု ပေးနိုင်သူတယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့ အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှု မပေးနိုင်သူတယောက်က နောက်ဆုံးမှာ သင့်ကို ဆင်ခြေတွေးတော
စရာ တခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ 
"ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကို နားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသား
တခုက... "ချစ်ကြိုက်တယ်ဆိုတာ တဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး..
အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က 
"နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြစ် သဘောထား
ပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာ
ဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက် 
နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု 
မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ 
သူတို့ ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲ လမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှု အလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေး
တွေက ထင်ကြတယ်။ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်
လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှု ပေးနိုင်သူတယောက်က တဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှု မပေးနိုင်သူတယောက်က ဆတိုးလုပ်ပြီး တဝက်ပဲခံစားတယ်။ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကို နားလည်မှု ပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် 
နောက်ဆုံးမှာ သူတို့ နားလည် သဘောပေါက်လိုက်တာက "နားလည်မှု မပေးနိုင်သူ 
တယောက်ရဲ့အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Wednesday, December 14, 2011

PostHeaderIcon လုပ်သင့်တာ

(၁)
လက်ကိုတွဲပြီးနောက် လွယ်လွယ်နဲ့ မလွတ်တတ်တဲ့ ... လက်တစ်စုံရှိသလား?

တစ်သက်လုံး မှီထားလည်း လုံခြုံစိတ်ချရတဲ့ ... ပုခုံးတစ်စုံရှိသလား?
တင်းတင်းပွေ့ဖက်ပြီးနောက် ဘယ်တော့မှမခွဲတော့တဲ့ ... အပွေ့အဖက်တစ်ခုရှိသလား?
နောင်ဘဝဆက်တိုင်း ပြန်ဆုံပါရစေဆိုတဲ့ ... ချိန်းဆိုမှုတစ်ခုရှိသလား?
နှလုံးသားမှာ ကမ္ပည်းထိုးပြီး တစ်သက်လုံးမမေ့နိုင်တဲ့ ... အချစ်တစ်ခုရှိသလား?
ခွန်အားတွေကုန်ဆုံးသွားလည်း မမေ့ရက်နိုင်တဲ့ ... လူတစ်ယောက်ရှိသလား?
ရှိခဲ့ရင် ဒီဘဝမှာပဲ တန်ဖိုးထား မြတ်နိုးလိုက်ပါ။


(၂)
ပျော်ရွှင်တဲ့လူတွေမှာ နာကျင်ဝမ်းနည်းခြင်းမရှိတာ မဟုတ်ဘူး။
နာကျင်ဝမ်းနည်းခြင်းရဲ့ အထိန်းချုပ်ကို သူတို့မခံတာပါ။
လူ့ဘဝမှာ နာကျင်ဝမ်းနည်းခြင်းတွေနဲ့ ကြုံရစမြဲပါ။

တကယ်တော့ နာကျင်ဝမ်းနည်းခြင်းက ကြောက်စရာမကောင်းပါဘူး။
ကိုယ့်အတွင်းစိတ်က
ကိုယ့်ကိုသစ္စာဖောက်ပြီး နာကျင်ဝမ်းနည်းခြင်းရဲ့ ကြံရာပါ
ဖြစ်သွားမှာပဲ ကြောက်ဖို့ကောင်းတာပါ။

စိတ်ခံစားချက်ကို ပြင်ဆင်ပါ။ ပျော်စရာမကောင်းတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်ပါ။ 
သီချင်းလေးနားထောင်ပါ။ ရှုခင်းတွေကို ခံစားပါ။ ပြောနိုင်တဲ့စကားကို ပြောပါ။  
လုပ်စရာရှိတဲ့အလုပ်ကို လုပ်ပါ။ လျှောက်သင့်တဲ့လမ်းကို လျှောက်ပါ။ 
ပျော်ရွှင်ခြင်းတွေကို ဝမ်းနည်းခြင်းနဲ့ လဲယူမယ့်အစား 
ဝမ်းနည်းခြင်းတွေကို ပျော်ရွှင်ခြင်းနဲ့ လဲယူလိုက်ပါ။


(၃)
မနေ့ကရဲ့ စိတ်ရှုပ်ခြင်းကို ချေဖျက်နိုင်ပါစေ။ (deleted)

ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကို အသိအမှတ်ပြုနိုင်ပါစေ။ (OK)
မနက်ဖြန်ရဲ့ စိတ်ချမ်းသာခြင်းကို တပ်ဆင်နိုင်ပါစေ။ (set up)
မေတ္တာစိတ်ကို အမြဲစုဆောင်းနိုင်ပါစေ။ (saved)
အမုန်းရန်ငြိုးတွေကို ပယ်ဖျက်နိုင်ပါစေ။ (cancel)
ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ကပ်ထားနိုင်ပါစေ။ (paste)
လှပတဲ့ရှုခင်းတွေကို မိတ္တူကူးနိုင်ပါစေ။ (copy)
အပြုံးကို မျက်နှာပေါ် အမြဲပုံနှိပ်ထားနိုင်ပါစေ။ (print)
(နိုင်းနိုင်းစနေ)

PostHeaderIcon ဆံညှပ် အခုတရာ


ဟိုးရှေးရှေးတုန်းက ဘုရင်တစ်ပါးမှာ သမီးတော် (၇)ယောက်ရှိတယ်။ သမီးတော်တွေဟာ 
ချောမော လှပကြပြီး ရှည်လျားနက်မှောင်တဲ့ ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် 
ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ ဆံညှပ် အခု(၁ဝဝ)ဆီ လက်ဆောင်ပေးခဲ့တယ်။

တစ်နေ့မနက်မှာ ပထမသမီးတော်ဟာ အိပ်ရာကထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင်
နေခဲ့တယ်။ အဲဒီလို ဖြီးသင်နေတုန်း သူ့ရဲ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သူ သတိ
ထားမိလိုက်တယ်။ ဒါနဲ့ ဒုတိယသမီးတော်ဆီကနေ ဆံညှပ်တစ်ချောင်း သူတိတ်တိတ်လေး
ခိုးယူလိုက်တယ်။

ဒုတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်း ပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တစ်ချောင်းကို ခိုးယူလိုက်တယ်။ တတိယသမီးတော်ကလည်း သူ့ဆံညှပ်တစ်ချောင်းပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ဆံညှပ်တစ်
ချောင်းကို ခိုးယူလိုက်တယ်။ စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ဆံညှပ်ကိုခိုးယူတယ်။ ပဉ္စမသမီးတော်က ဆမသမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။မသမီးတော်က သတ္တမ သမီးတော်ရဲ့ဆံညှပ်ကို ခိုးယူတယ်။  
အဲဒီလိုနဲ့ သမီးတော်အငယ်ဆုံးရဲ့ဆံညှပ်က ၉၉ခုပဲရှိတော့တယ်။

နောက်တနေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည် ရောက်လာခဲ့တယ်။ မင်းသားက"မနေ့က ကျွန်တော်မျိုး မွေးထားတဲ့ ခိုတကောင်ဟာ ဆံညှပ်
တခုကို ကိုက်ချီလာခဲ့တယ်။ အရှင်မင်းကြီးရဲ့ သမီးတော်တွေရဲ့ဆံညှပ်ဖြစ်မယ်ထင်လို့ ကျွန်တော်မျိုးလာရောက်ရခြင်းဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ်ပျောက်သွားသလဲ 
ဘုရား"လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့စကားကိုကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီမှာက ဆံညှပ်အခုတစ်ရာဆီ ရှိနေတော့ မပြောနိုင်ခဲ့ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တစ်ချောင်း ပျောက်သွားပါတယ်"လို့ ပြောလိုက်တယ်။ စကားပြောပြောပြီးချင်း ဆံညှပ်တစ်ချောင်းလျော့နေတဲ့ သမီးတော်ရဲ့ဆံနွယ်တွေဟာ ဖြည်လျော ကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့အလှကို မင်းသားရင်သပ်ရှုမောသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့.....

ဆံညှပ်အခုတစ်ရာဟာ လုံးဝပြီးပြည့်စုံတဲ့ လူ့ဘဝလို့ဆိုရင် ဆံညှပ်တစ်ခုလျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ဘဝဟာ နောင်တစ်ချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ ကြုံနိုင်ပါတယ်။ ချွတ်ယွင်းချက်ရှိတာနဲ့ စိတ်ညစ်မှိုင်တွေနေတော့မလား? လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ?

မျက်ကွယ်ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာမဟုတ်ဘူး။
ရင်ဆိုင်ရတယ်ဆိုတိုင်း ခက်ခဲတာမဟုတ်ဘူး။
အထီးကျန်တယ်ဆိုတိုင်း မပျော်ရွှင်တာမဟုတ်ဘူး။
ရယူပိုင်ဆိုင်ပြီဆိုတိုင်း ထာဝရတည်မြဲတာမဟုတ်ဘူး။
ရှုံးဆုံးပြီဆိုတိုင်း နောက်တစ်ဖန် မပိုင်ရတော့တာ မဟုတ်ဘူး။
လှည့်ထွက်ခဲ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ဘူး။
ရွေးချယ်စရာလမ်းမရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။
လောကမှာ အမှားနဲ့အမှန်ပဲရှိတယ်လို့ မထင်လိုက်ပါနဲ့။
ကိစ္စတော်တော်များများရဲ့အဖြေဟာ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။
ကျွန်တော်တို့မှာ လျှောက်ဖို့လမ်းတွေ အမြဲရှိနေပါသေးတယ်။
လက်လွတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။
မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။
စိတ်ညစ်ဖို့ သင်ဆင်ခြင်ပေးနိုင်ရင် ပျော်ရွှင်ဖို့ကိုလည်း သင်ဆင်ခြင်ရှာနိုင်ပါတယ်။

မူရင်း-- http://www.haowenzhangwang.com/jingdianwenzhang/1592.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...