သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, January 20, 2012

PostHeaderIcon ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။


ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအ,ချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်တယ်။


ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။


ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။


ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း ဣနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။


ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်ထက် မသိသူဆီကလည်း 
သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့ အမြဲငြင်းခုန်တယ်။ ကိုယ့်ထက် မသိသူနဲ့လည်း ငြင်းခုန
်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။


ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း 
 ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လ မရှိဘူး။

ထက်မြက်သူက ကံတရားကဆိုးတယ်လို့ တစ်ခါတလေမှာ ထင်မြင်မိလည်း 
အပြုဆောင်စိတ်ဓာတ်နဲ့ ရင်ဆိုင်ဖို့နားလည်တယ်။  
ညံ့ဖျင်းသူက ကံတရားကဇာတ်မြူးလို့ ထင်မြင်မိလည်း နောက်ဆုံးမှာ 
မပြုံးမရယ်နိုင်ဖြစ်ရတယ်။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်
ဆိုတာကိုသိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို 
နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတဝက်ရှိလည်း ကျန်တဝက်ကို ကျင့်ယူရတယ်
ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံအ ညံ့ဖျင်းအောင်ကျင့်တယ်။
(နိုင်းနိုင်းစနေ)

PostHeaderIcon အချစ်-အချစ်-အချစ်


(၁)
လူတစ်ယောက်ကို ဗွေမယူတာလွယ်ပေမယ့် လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို စွန့်လွှတ်တာလွယ်ပေမယ့် လူတစ်ယောက်ကို မေ့ဖို့ရာခက်တယ်။
လူတစ်ယောက်ကို နှစ်သက်တာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်ချစ်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို ယုံကြည်တာလွယ်ပေမယ့် လူတစ်ယောက်ကို စိတ်ချလက်ချ ယုံကြည်ဖို့ရာ
ခက်တယ်။
လူတစ်ယောက်ကို ခင်မင်တာလွယ်ပေမယ့် လူတစ်ယောက်ကို နားလည်ဖို့ရာခက်တယ်။
လူတစ်ယောက်ကို အဖော်ပြုတာလွယ်ပေမယ့် လူတစ်ယောက်ကို ရိုးမြေကျ အဖော်ပြုဖို့ရာ
ခက်တယ်။
လူတစ်ယောက်ကို ရွေးချယ်တာလွယ်ပေမယ့် လူတစ်ယောက်ကို ရွေးယူဖို့ရာခက်တယ်။
လူတစ်ယောက်ကို လေ့လာကြည်ရှုတာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ်နားလည်
ခံစားပေးဖို့ရာ ခက်တယ်။
လူတစ်ယောက်ကို ဟန်ဆောင်ဖုံးကွယ်တာလွယ်ပေမယ့် လူတစ်ယောက်ကို တကယ် မေ့
ပျောက်ဖို့ရာ ခက်တယ်။

(၂)
လူ့ဘဝဒီတစ်သက်......
ပျော်ရွှင်ခြင်း တခဏရှိမယ်
ဝမ်းနည်းခြင်း တခဏရှိမယ်
တွေ့ဆုံခြင်း တခဏရှိမယ်
ခွဲခွာခြင်း တခဏရှိမယ်
နုပျိုခြင်း တခဏရှိမယ်
လှပခြင်း တခဏရှိမယ်
ကလေးဆန်ခြင်း တခဏရှိမယ်
ရင့်ကျက်ခြင်း တခဏရှိမယ်
စိတ်ရှုပ်ခြင်း တခဏရှိမယ်
နာကျင်ခြင်း တခဏရှိမယ်
ချမ်းမြေ့ခြင်း တခဏရှိမယ်
လောကဓံအနိမ့်အမြင့် တခဏရှိမယ်
ဘယ်လို တခဏပဲရှိရှိ...
သင် ရုပ်ဆိုးနေလဲ၊ သင် ဆင်းရဲနေလဲ .. သင့်အနားမှ သင့်ကို မစွန့်မခွာ အဖော်ပြုသူ တစ်ယောက်တော့ရှိတယ်။
တခဏမဟုတ်တဲ့ တသက်တာနဲ့ပေါ့...

(၃)
မူလတန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ခုံတည်းထိုင်ရဖို့ မျှော်လင့်ခဲ့တယ်။
အလယ်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်တန်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်။
အထက်တန်းတုန်းက ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ကျောင်းတည်းတက်ရဖို့ မျှော်လင့်ခဲ့တယ်။
တက္ကသိုလ်ရောက်တော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်မြို့တည်းမှာနေရဖို့ မျှော်လင့်ခဲ့တယ်။
ကျောင်းပြီးတော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်နိုင်ငံတည်းမှာနေရဖို့ မျှော်လင့်ခဲ့တယ်။
အသက်ကြီးလာတော့ ကိုယ်နှစ်သက်တဲ့လူနဲ့ တစ်ဘဝတည်းမှာနေရဖို့ပဲ မျှော်လင့်တော့တယ်။

(၄)
မိန်းကလေးတွေက သူ့ကို ရယ်မောစေနိုင်တဲ့ ယောက်ျားလေးကို မှတ်ထားတတ်သတဲ့။
ယောက်ျားလေးတွေက သူ့ကို ငိုစေနိုင်တဲ့ မိန်းကလေးကို မှတ်ထားတတ်သတဲ့။

ဒါပေမယ့် မိန်းကလေးတွေက သူ့ကိုငိုစေတဲ့ ယောက်ျားလေးနားမှာပဲ နေခဲ့တတ်ကြပြီး
ယောက်ျားလေးတွေက သူ့ကိုရယ်စေတဲ့ မိန်းကလေးနားမှာပဲ နေခဲ့တတ်ကြတယ်။

(၅)
အိပ်မက်တိုင်း အကောင်အထည် ဖော်နိုင်တာမဟုတ်ပါဘူး။
စကားတိုင်း အချိန်မီပြောခွင့်ရတာ မဟုတ်ဘူး။
အချစ်တိုင်း ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကြတာမဟုတ်ဘူး။

အသံတစ်မျိုးက .... နောက်ထပ်နားထောင်ခွင့် မရှိနိုင်တော့ဘူး။
လူတစ်ယောက်က ..... နောက်ထပ်တစ်ဖန် အားကိုးမှီခိုခွင့် မရှိတော့ဘူး။
လက်တစ်စုံက.... နွေးနွေးထွေးထွေး တင်းတင်းဆုပ်ကိုင်မထားနိုင်တော့ဘူး။

အရာတချို့က သင်ဘယ်လောက်ပဲ နှစ်သက်နေလည်း သင်နဲ့မဆိုင်တော့ဘူး။
လူတချို့က သင်ဘယ်လောက်ပဲ စွဲလမ်းနေလည်း လက်လွတ်ဖို့ကံပါလာခဲ့ပြီ။

အခွင့်အရေးတချို့က သင်တွေဝေတဲ့တခဏ သင်ဘေးကဖြတ်ကျော်သွားခဲ့ပြီ။
ဖူးစာကံတချို့က သင်စိတ်ပြောင်းတဲ့တခဏ သင့်လက်ကြားကနေ လျောထွက်သွားခဲ့ပြီ။
ခံစားချက်တချို့က သင် စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့ တခဏ ဝမ်းနည်းခြင်းအဖြစ် 
တသက်လုံး ကျန်ရစ်ခဲ့ပြီ။

လူတချို့နဲ့ ထပ်တွေ့ဦးမယ်လို့ သင်ထင်ခဲ့တယ်။
အရာတချို့က ဆက်လက်ဖြစ်တည်နေမယ်လို့ သင်ထင်ခဲ့တယ်။
ဒါပေမဲ့... သင်လှည့်ထွက်ခဲ့တဲ့ တခဏ
လူတချို့နဲ့ နောက်ထပ် သင်ဘယ်တော့မှ ထပ်မဆုံနိုင်ခဲ့တော့ဘူး။

နေဝင်သွားပြီး နေပြန်ထွက်လာချိန်
အရာတချို့က အစားထိုးမရနိုင်အောင် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီ။
လူတချို့က လှည့်ထွက်ခဲ့တယ်ဆိုတာနဲ့ တစ်သက်လုံးဝေးကွာသွားခဲ့တော့တာပဲ....

(၆)
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။

ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။

(၇)
တိမ်ဖြူ တဖြေးဖြေးလွှင့်ပါးသွားတာကို
ကောင်းကင်ကြီး သတိမထားခဲ့မိဘူး။
ဒီရေ တဖြေးဖြေးထွက်ခွာသွားတာကို
သဲသောင်ပြင် သတိမထားခဲ့မိဘူး။
လရောင်တဖြေးဖြေး ကွယ်ပျောက်သွားတာကို
ညအမှောင် သတိမထားခဲ့မိဘူး။

အချစ် တဖြေးဖြေးလျော့ပါးလာတာကို
ငါတို့ သတိမထားခဲ့မိဘူး။
ဘယ်နေရာမှာ ဘာတွေမှားခဲ့တယ်ဆိုပြီး
အရာအားလုံးကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့တယ်။

နင်က ပြောတယ်...
နင်ထွက်ခွာမသွားပါဘူးတဲ့
ဟုတ်ပါတယ်.. ငါ့ဘေးကနေ နင်ထွက်မသွားပါဘူး
"အချစ်"ကသာ ငါတို့ကို ခွဲထွက်သွားခဲ့တာပါ...

(၈)
ဘယ်လို မိန်းကလေးမျိုးလုပ်မလဲ?

ချောမောလှပတဲ့မိန်းကလေး...
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဘာလုပ် ဘာကိုင်ရမှန်းမသိဖြစ်စေတယ်။

ထက်မြက်လွန်းတဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်လေးစားခြင်း 
(Self-respect) ဆုံးရှုံးစေတယ်။

ချွဲပျစ်လွန်းတဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို သည်းခံစိတ် လျော့နည်းစေတယ်။

ညုတုဆွဲဆောင်တတ်တဲ့မိန်းကလေး....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို လုံခြုံစိတ်ချစိတ် ကင်းစေတယ်။

**********************************

စိတ်ထားဖြူစင်တဲ့မိန်းကလေး......
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဂုဏ်ယူလိုစိတ်ရှိစေတယ်။

ကြင်နာတတ်တဲ့မိန်းကလေး......
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို နွေးထွေးခံစားစေတယ်။

ခွင့်လွှတ်နားလည်တတ်တဲ့မိန်းကလေး.....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်ဆင်ခြင်စိတ်ပေးတယ်။

မာနကိုချိုးနှိမ့်တတ်တဲ့မိန်းကလေး.....
ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို အားတုန့်အားနာဖြစ်စေတယ်။

အသိဉာဏ်ရှိတဲ့မိန်းကလေး....
စိတ်ထားဖြူအောင်ပျိုးထောင်ဖို့ နားလည်ပြီး နားလည်ခွင့်လွှတ်စိတ်နဲ့ မာနကင်းစိတ်ကို 
တိုးမြှင့်တတ်တယ်။

(၉)
ငါနင့်ကို အရမ်းမလွမ်းပါဘူး..မနက်နိုးလာတဲ့ အချိန် ဖုန်းထဲမှာ နင့်မက်ဆေ့ ရှိမရှိ 
ကြည့်ရုံလေးပါပဲ။

ငါနင့်ကို အရမ်းမလွမ်းပါဘူး.. သီချင်းနားထောင်တဲ့အချိန် စာသားတချို့ကြောင့် နင့်ပုံရိပ်ကို မြင်ယောင်မိရုံလေးပါပဲ။

ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်ရာကနိုးလာတိုင်း နင့်ကိုအရင်ဆုံး သတိရမိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နင့်ပုံစံ၊ နင့်အသံကို မြင်ချင် ကြားချင်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်မက်တိုင်းမှာ နင်အရိပ်တွေရှိနေရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နေ့တိုင်း နင့်FB ထဲ ဝင်ကြည့်ချင်မိရုံလေးပါပဲ။
ငါ နင့်ကို အရမ်း မလွမ်းပါဘူး..............

(၁ဝ)
"ဗိုက်ဆာပြီ" ဆိုတဲ့စကားက လူကို အရမ်းစမ်းသပ်တတ်တဲ့ စကားတစ်ခွန်းဖြစ်တယ်။
"ဗိုက်ဆာပြီ"လို့ မေမေကိုပြောရင် မေမေက နေရာကချက်ချင်းထပြီး "မေမေ ထမင်းသွားချက်မယ်"လို့ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ဖေဖေကိုပြောရင် ဖေဖေက ပြုံးရယ်ပြီး "လာ အပြင်ထွက်စားကြစို့"လို့ ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ချစ်သူကောင်လေးကိုပြောရင် ကောင်လေးက နူးညံကြင်နာစွာနဲ့ "ဘာစားချင်သလဲ"လို့ဆိုတယ်။
"ဗိုက်ဆာပြီ"လို့ ချစ်သူကောင်မလေးကိုပြောရင် ကောင်မလေး အမြဲပြန်ပြောတတ်တာက"ငါလဲ ဆာတယ်"ဆိုတာဖြစ်တယ်။

(၁၁)
ဘယ်လောက်ပဲ နားထောင်ကောင်းတဲ့သံစဉ်ဖြစ်ဖြစ် ခံစားချက်စာသားလေးပါမှ
ဘယ်လောက်ပဲ လှပတဲ့ပန်းပွင့်ဖြစ်ဖြစ် သစ်ရွက်လေးပါအဖော်ပြုမှ
ဘယ်လောက်ပဲ ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်ပို့တွေလည်းအားဖြည့်မှ
ဘယ်လောက်ပဲ အသက်ဝင်တဲ့ပန်းချီကားဖြစ်ဖြစ် ရောင်စုံတွေအစဉ်တကျရှိမှ
ဘယ်လောက်ပဲ ချိုမြတဲ့သစ်သီးဖြစ်ဖြစ် မြေဆီမြေသြဇာတွေ စွတ်စိုမှ
ဘယ်လောက်ပဲ လှပတဲ့မိန်းကလေးဖြစ်ဖြစ် ဂရုစိုက်ခြင်းနဲ့ ပေးဆပ်ခြင်းရှိမှ
ဘယ်လောက်ပဲ ခန့်ချောတဲ့ယောက်ျားဖြစ်ဖြစ် သစ္စာရှိခြင်းနဲ့ ဖြစ်ထွန်းခြင်းရှိမှ
ဘယ်လောက်ပဲ ငြိမ်းချမ်းတဲ့မိသားစုဖြစ်ဖြစ် မိဘစုံစုံလင်လင်ရှိမှ
ဘယ်လောက်ပဲ လှပတဲ့အတိတ်ဖြစ်ဖြစ် အတူတမ်းတတဲ့အဖော်ရှိမှ
ဘယ်လောက်ပဲ ချစ်တတ်တဲ့ချစ်သူဖြစ်ဖြစ် နားလည်ခြင်းနဲ့ ခွင့်လွှတ်ခြင်းရှိမှ
ဘယ်လောက်ပဲ လှပတဲ့ချစ်ခြင်းဖြစ်ဖြစ် ဆံဖြူသွားကျိုးတဲ့အထိခိုင်မြဲမှ

(၁၂)
တစ်ခါတလေမှာ... အဲဒီလူကို ကျွန်မတို့ ခွင့်လွှတ်လိုက်ပြီဆိုပေမယ့် ကျွန်မတို့ တကယ်
မပျော်ရွှင်နိုင်ခဲ့ဘူး။  အကြောင်းက ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ ကျွန်မတို့ မေ့နေခဲ့လို့ပါပဲ...

(၁၃)
အချစ်ကမ္ဘာမှာ ....
တစ်ယောက်ထဲဆိုရင် အထီးကျန်တယ်။
နှစ်ယောက်ဆိုရင် ပျော်ရွှင်တယ်။
သုံးယောက်ဆိုရင် နာကျင်တယ်။
လေးယောက်ဆိုရင် ညှဉ်းပန်းနှိပ်စက်တယ်။
အချစ်ကို ရှုပ်ထွေးအောင် မလုပ်ကြပါနဲ့....

အချစ်ကမ္ဘာဟာ စိတ်ညစ်၊ ကြေကွဲခြင်းပေါင်းတထောင် ထည့်ထားနိုင်လောက်အောင် 
ကြီးသလို ...လူသုံးယောက်ဝင်နေရင် အသက်ရှူမဝ မွန်းကျပ်လောက်အောင်လည်း 
သေးငယ်သတဲ့။

(၁၄)
အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲနဲ့တူတယ်။ တင်းတင်းဆုပ်ကိုင်လေ လက်ကြား
ထဲက လျှောကျလေ..

အချစ်ဆိုတာ ကြွေထည်နဲ့တူတယ်။အလွယ်တကူ ကွဲအက်နိုင်တယ်။ဂရုတစိုက်နဲ့ သာသာ

လေး ကိုင်တွယ်ရတယ်။

အချစ်ဆိုတာ ကော်ဖီနဲ့တူတယ်။ ခါးတယ်၊ ဖန်တယ်၊ ချိုတယ်။ များများသောက်ရင် စိတ်လှုပ်

ရှားပြီး အိပ်ရေးပျက်တယ်။

အချစ်ဆိုတာ ဥယျာဉ်ခြံနဲ့တူတယ်။ ဥယျာဉ်ခြံထဲမှာ နှင်းဆီပန်းရှိတယ်။ ရှားဇောင်းပင်ရှိတယ်။


အချစ်ဆိုတာ လမင်းကြီးနဲ့တူတယ်။ ဝိုင်းစက်တဲ့ လပြည့်ရက်ရှိသလို၊ ကွေးကောက်တခြမ်းပဲ့တဲ့ လကွယ်ရက်လည်းရှိတယ်။


အချစ်ဆိုတာ စကားလုံးမပါတဲ့ ကျမ်းစာတစ်အုပ်နဲ့တူတယ်။ စိတ်ပါဝင်စားနဲ့ နှစ်ယောက်

အတူဖတ်ရူမှ နားလည်နိုင်တယ်။

(၁၅)
အချစ်တမျိုးရှိတယ်...အရမ်းချစ်နေရက်နဲ့ အဲဒီအချစ်ကို လှပပြည့်စုံအောင် မထုတ်ဖော်
ပြတတ်ဘူး။
အချစ်တစ်မျိုးရှိတယ်... လက်လွတ်ရမယ်မှန်း သိနေရက်နဲ့ အဲဒီအချစ်နားက မခွဲနိုင်မခွာ
ရက် ဖြစ်ရတယ်။
အချစ်တစ်မျိုးရှိတယ်... ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ခံရမယ်မှန်းသိနေရက်နဲ့ အဲဒီအချစ်ကို 
ရှောင်ပုန်းလို့ မရနိုင်ခဲ့ဘူး။
အချစ်တမျိုးရှိတယ်...အနာဂတ်အတွက် မရေရာပေမယ့် အဲဒီအချစ်အတွက် ပေးလိုက်တဲ့
နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး။
အချစ်တမျိုးရှိတယ်..အဆုံးသတ်မရှိမှန်း သိနေရက်နဲ့ အဲဒီအချစ်ကို ဆက်ချစ်
နေချင်သေးတယ်။
(နိုင်းနိုင်းစနေ)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...