သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, August 31, 2013

PostHeaderIcon မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လို တည်ဆောက် ကြမလဲ

How to build “Self-Confidence” ?

မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လို တည်ဆောက်ကြမလဲ

Self-Confidence ကို လူတော်တော်များများ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ သို့သော်
လည်း လိုက်နာမှု အားနည်းရခြင်းကြောင့် အမှန်တကယ် ကိုယ်ရှိနေတဲ့ Level ကိုယ်သိ
ထားတဲ့ Knowledge တွေက ကျား ဖြစ်နေသော်လည်း လုပ်ဆောင်ချက်တွေမှာ
ကြောင်သာသာ ဖြစ်နေရတာတွေ တွေ့ကြရမှာပါ။ ကျွန်တော်တို့တွေရဲ့ ဘဝရှုထောင့်
ကဏ္ဍပေါင်းစုံမှာ Self-Confidence ရဖို့ နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေကြရပါ
တယ်။ ဝမ်းနည်းဖို့ ကောင်းတာက လူတွေမှာ Self-Confidence ချို့တဲ့နေတဲ့အတွက်
စက်ဘီးစီးရာမှာ ဘီးပေါက်တယ်ဆိုတဲ့ အပြစ်အနာအဆာလေး တချက်ကြောင့် လိုရာကို
လွယ်လွယ်ကူကူ မရောက်နိုင်သကဲ့သို့ အောင်မြင်မှုပန်းတိုင်ကို ရရှိဖို့ ဘဝမှာ ခက်ခဲနေ
ကြတာ တွေ့ကြရမှာပါ။ ဒီလို ခက်ခဲမှု ရလဒ်တွေ ကြုံတွေ့လာရပြီးနောက် အလားတူ
ပန်းတိုင်မျိုး ဆွတ်ခူးဖို့ စိတ်မပါတော့ပဲ ကြောက်ရွံ့တွန့်ဆုတ်မှုတွေ၊ စမ်းတဝါးဝါး လုပ်
ဆောင်မှုတွေ၊ အလွန်အမင်း ငြင်းဆန် တောင်းပန်လာမှုတွေကို ဇောင်းပေး အသားပေး
လာပါတော့တယ်။
ဒါဆို သင်ဟာ ယုံလွယ်အောင် ပြောတတ်တဲ့ တပါးသူရဲ့ စည်းရုံးမှုအောက်မှာ သူသိထား
တာကိုပဲ လုပ်လုပ် မသိတာကိုပဲ လုပ်လုပ် သင်ကတော့ ထောက်ခံဖို့ အသင့်ဖြစ်နေတော့
တာပါပဲ။

Self-Confidence ကို တည်ဆောက်ဖို့ အရေးကြီးဆုံးသော အခြေခံသော့ချက်က
Courage သတ္တိပါပဲ။ “Courage is when you are scared, and in spite of your fear,
you do what has to be done.” ကြောက်ပင်ကြောက်သော်လည်း လုပ်သင့်လုပ်ထိုက်
တာကို လုပ်လိုက်တာဟာ သတ္တိပါပဲ။ တကယ်တော့ ယုံကြည်မှုခွန်အား ရစေရန် သတ္တိရှိဖို့
လိုသလို သတ္တိရှိဖို့အတွက် ယုံကြည်မှုခိုင်ခိုင်မာမာတော့ ရှိရမှာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်း
မှီ သဘောတရားပါပဲ။

ကျွန်တော်တို့ဟာ လူတွေကို လှုံ့ဆော်ဖို့ ငွေဆိုတာ အရေးတကြီးလိုအပ်မယ် မထင်ဘူး။ တရားနည်းလမ်းကျတဲ့ လှုံ့ဆော်မှုရှိဖို့ အဓိက အရေးကြီးဆုံးက မိမိကိုယ်မိမိ ယုံကြည်မှု
တည်ဆောက်လိုက်တာပါပဲ။ မိမိရဲ့ ပရိသတ်၊ သူငယ်ချင်း၊ အထက်လူကြီး၊ ဖောက်သည်၊ အဆင့်အတန်းတူသူ စသဖြင့် သူတို့နဲ့ ပလဲပနံသင့်အောင် ပေါင်းနိုင်ဖို့ Self-Confidence
ရှိကိုရှိရပါမယ်။ သူတို့ဆီက ယုံကြည်မှု ရရှိပြီဆိုတာနဲ့ သင်ဟာ အောင်မြင်မှု တံခါးပေါက်ရဲ့
သော့ချက်ကို ရှာတွေ့လိုက်တာပါပဲ။ Self-Confidence ရှိလာတာနဲ့ စန္ဒီမြင့်လွင် သီချင်းထဲ
ကလို “စကားလုံး လှလှလေးနဲ့ လာမချုပ်နဲ့” မဟုတ်တော့၊ စကားလုံး လှလှလေးနဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ စကားလုံး လှလှလေးတွေ ပြောတတ်ဖို့အတွက်
အတိုကောက် 7C ကို အလွယ်တကူ မှတ်သား ထားနိုင်ပါတယ်။

Clear, Correct, Complete, Concise, Consistent, Courtesy, Convincing တို့ပါပဲ။
Clear သင်ပြောတဲ့ စကားလုံးတွေက ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ Correct သင်ပြော
တဲ့ ရှင်းလင်းတဲ့ စကားလုံးတွေက အမှန်တွေဖြစ်ရပါမယ်။ Complete သင်ပြောတဲ့ အမှန်
တွေက ကျစ်လစ်ပြည့်စုံရပါမယ်။ Concise သင်ပြောတဲ့ ပြည့်စုံမှုဟာ လိုတိုရှင်းဖြစ်ရပါမယ်။
Consistent သင်ပြောတဲ့ လိုတိုရှင်းစကားလုံးဟာ ဗရမ်းဗတာ မဟုတ်ပဲ ရှေ့နောက်ညီရပါ
မယ်။ Courtesy သင်ပြောတဲ့ ရှေ့နောက်ညီ စကာလုံးတွေဟာ တပါးသူ နားမှာ နားဝင်
ချိုပြီး ယဉ်ကျေးသိမ်မွေ့နေရပါမယ်။ Convincing သင်ပြောတဲ့ ယဉ်ကျေးသိမ်မွေ့မှုဟာ
အများ နားလည် သဘောပေါက် ယုံကြည်စိတ်ချရမယ် ဆိုတာပါပဲ။

သင့်ရဲ့ Self-Confidence အဆင့်အတန်းကို သင့်ရဲ့ နေထိုင်မှု အလေ့အကျင့်၊ လက်ဟန်
ခြေဟန် စကားပြောပုံ အနေအထား၊ ဘယ်လို စကားပြောသလဲ၊ ဘာတွေကို ပြောသလဲ
စသဖြင့် နည်းလမ်းများစွာဖြင့် ပြသနိုင်ပါတယ်။

Self-Confidence ရှိသူမှာ တခြားသူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ ပျက်ရယ်ပြုမှုတွေ ရှိနေတာ
တောင်မှ မိမိ ယုံ ကြည်ရာကို လုပ်ကြတယ်။ စွန့်လွှတ်စွန့်စား လုပ်ရတဲ့ အလုပ်မျိုးကို လိုလို
လားလား လက်ခံပြီး အောင်မြင်အောင် လုပ်ပြကြတယ်။ လုပ်ခဲ့သမျှ မှားယွင်းမှုတွေကို ဝန်ခံ
ပြီး အမှားတွေထဲက သင်ခန်းစာယူတတ်ကြတယ်။ လုပ်ဆောင်ချက် ပြီးမြောက်မှုအပေါ်
အခြားလူတွေရဲ့ ချီးကျူးထောပနာ ပြုမှုကို စောင့်ဆိုင်းနေတတ်ကြတယ်။ တပါးသူတွေရဲ့
ချီးမွမ်းစကားကို “ကျွန်တော် တကယ်ပဲ အဲဒီအပေါ်မှာ ကြိုးစားပြီး လုပ်ခဲ့ရတယ်။ ကျွန်
တော့်ရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးပါပဲ”လို့ ချစ်ခင်နှစ်သက်ဖွယ်
ပြန်ပြောတတ်ကြတယ်။ ဒါမှ မိမိကိုမိမိ အားရကျေနပ်လာမယ်၊ ယုံကြည်မှုတွေ တိုးပွားလာ
မယ်။
အကောင်းထဲက အဆိုးအနေနဲ့ Over Self-Confidence မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲ
လွန်းရင်လည်း ပညာလွန်တော့ မာနဖြစ်ရပါတယ်။ မောက်မာ ဝင့်ကြွားတာမျိုး မဖြစ်စေဖို့
Remind သတိကပ်ဖို့တော့ လိုတာပေါ့။ Remind လုပ်ဖို့ Result ရလဒ်နဲ့ Review ပြန်
လည်ဆန်းစစ်ဖို့တော့ လုပ်ရမှာပါ။

Self-Confidence နဲ့ Self-Confidence လွန်ကဲ နေတတ်တဲ့ သူတွေမှာ ရှိတတ်တဲ့ ပုဂ္ဂ
လ အရည်အချင်းတွေက ဒွန်တွဲနေတတ်တယ်။ ပြောဆို ပြုမှု ပုံတွေပေါ်မူတည်ပြီး ခွဲခြား
ကြည့်ရမှာပါ။ အောက်ပါ အချက်များဖြင့် တိုင်းတာကြည့်ပါမယ်။

1. ပုဂ္ဂိုလ်ရေး အရည်အချင်းရှိခြင်း၊
2. ဉာဏ်ပညာကြီးမားခြင်း၊
3. တရားမျှတခြင်း၊
4. စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်း၊
5. ကိုယ်ကျင့်သိက္ခာကောင်းမွန်ခြင်း၊
6. ပရိယာယ်ကြွယ်ဝခြင်း၊
7. သွက်လက်ဖျတ်လတ်စွာရှိခြင်း၊
8. ခွန်အားကြီးမားခြင်း၊
9. ရုပ်ရည်ချောမောလှပခြင်း၊
10. အရွယ်ရောက်ခြင်း၊
11. ဥစ္စာဓနကြွယ်ဝခြင်း၊
12. မျိုးရိုး မြင့်မြတ်ခြင်း

နံပါတ်(၁)ကနေ (၇)ထိက Self-Confidence ရှိသူတွေရဲ့ Intelligence ဉာဏ်ပညာနဲ့
Effort ကြိုးစား အားထုတ်မှုဖြစ်လို့ လုံးဝသေချာပေါက်ဖြစ်ပြီး တချို့တွေမှာ နံပါတ်(၈)က
နေ (၁၂)က ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းပေါ် အားကိုးပြီး Self-Confidence လွန်ကဲ
တတ်ကြပါတယ်။

ဟီရိသြတ္တ မရှိတဲ့ အရှက်တရား non-modesty ဟာ Self-Confidence လွန်ကဲမှုရဲ့ ရလဒ်
ပဲဖြစ်ပြီး တခုခု လုပ်ရမှာ၊ ပြောလိုက်ရမှာ၊ မိမိသွင်ပြင် အနေအထားကို သိမ်ငယ်ပြီး ရှက်နေ
တဲ့ အရှက်တရား Shame ကတော့ Low Self-Confidence ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။
Low Self-Confidence တွေရဲ့ အကြောက်တရားနှစ်မျိုးက အကြောင်းရင်းကို သိလို့
ကြောက်တဲ့ အကြောက်တရား Fear နဲ့ အကြောင်းရင်းလည်း မသိ ဘာမှန်းလဲမသိတဲ့
ခဲမှန်ဘူးတဲ့ စာသူငယ်ကဲ့သို့ အကြောက်တရား Dread တို့ပဲဖြစ်ပါတယ်။
Low Self-Confidence ရှိသူတွေနဲ့ အကြောက်တရားတွေကို နေ့စဉ် တွန်းလှန်ဖို့ မိမိကိုယ် ကို လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လူဆိုတာကတော့ ပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ မရှိ
သေးတဲ့ ပြည့်စုံမှုအတွက် မိမိစရိုက် လက္ခဏာ Characteristic တွေကို ပြင်ယူ လေ့ကျင့်ယူ ရတာဖြစ်ပါတယ်။ လေ့ကျင့်မှုများလာရင် အလေ့အထ Habit ဖြစ်လာပြီး မိမိစရိုက်လက္ခဏာ
အနေနဲ့ အသွင်ပြောင်းသွားတော့တာပါပဲ။ ကိုယ်မထိတွေ့ဘူးတဲ့ အရာ ကိုယ် မသိသေးတဲ့
အရာတွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးမှာလည်း Low Self-Confidence ဖြစ်တတ်ကြပါတယ်။
ဒါက သဘာဝကျနိုင်ပြီး စူးစမ်းလေ့လာဖို့ သတ္တိနဲ့ အချိန်တခုတော့ လိုပါလိမ့်မယ်။

Low Self-Confidence ရှိသူတွေမှာ အခြားလူ တွေးထားသမျှ ညွှန်ပြသမျှကိုပဲ အခြေခံပြီး
ကိုယ်ပိုင်အတွေးအခေါ် မထုတ်ပဲ အသင့်စား လုပ်ဆောင်တတ်ကြတယ်။ စွန့်စားမှုတွေနဲ့ ကျရှုံးသွားမှာကို ကြောက်တဲ့ ကြောက်ရွံ့မှုတွေ ကြုံတွေ့ရမှာ စိုးသောကြောင့် သက်သောင့်
သက်သာပဲ ရှိတဲ့ မလုပ်မရှုပ် မပြုတ်ထဲမှာပဲ နေတတ်ကြတယ်။ အမှားတွေကို ဖုံးကွယ်ဖို့
ကြိုးစားပြီး တစုံတယောက် မသိခင် ကိုယ့်ဘာသာကို ဖြေရှင်းလိုက်နိုင်မှာပဲလို့ မျှော်လင့်
ထားတတ်ကြတယ်။ မိမိရဲ့ လက်ကိုင်တရားဟာ အခြားလူတွေကဲ့သို့ ဖြစ်နိုင်ခြေရှိကြောင်း
မကြာခဏ ဆိုသလို မိမိဘာသာ ထုတ်ဖော် ချီးကျူးနေတတ်တယ်။ “အဲဒါက အမှန်တကယ်
က ဘာမှ မဟုတ်ပါဘူးကွာ ဘယ်သူမဆို လုပ်တတ်တာပဲ”လို့ တပါးသူရဲ့ ချီးကျူးထောပနာ
ပြုမှုကို ပယ်ရှားပစ်တတ်ကြတယ်။ မိမိကိုယ်ကို ကျိုးနွံစွာ နေတာ၊ ချီးမွမ်းမခံရဲတာတွေဟာ ကြာလာတာနဲ့အမျှ Low Self-Confidence ဖြစ်လာတော့တာပါပဲ။ မြောက်လုံး ပင့်လုံးတွေ ကိုလည်း ကြောက်ရွံ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတော်တော်များများက
ကျိုးနွံစွာနေတာ သိမ်ငယ်စွာနေတာကို ရောင့်ရဲတတ်တယ်လို့ အရှေ့တိုင်းသားတွေက
မှတ်ယူပြီး အမှတ်ပေးကြတယ်။ အမှန်တကယ်က အရှိကို အရှိအတိုင်း မြင်ပေးရမှာပါ၊
လူတယောက်ဟာ ချီးမွမ်းထိုက်တယ်ဆိုရင် မြောက်လုံးပင့်လုံးမပါပဲ ချီးမွမ်းပြီး၊ ချီးမွမ်းခံရ
သူဟာလည်း မိမိလုပ်ဆောင်ချက်အပေါ် မိမိအားရ ကျေနပ်မယ်ဆိုရင် လူ့အဖွဲ့အစည်း
တွေဟာ ပိုပြီး တိုးတက်ဖို့ရာပဲရှိမယ်။ ပင်ကို အရည်အချင်းထက် ကြိုးစားမှု ဝီရိယကို အသိ
အမှတ်ပြုတာက ပိုကောင်းမယ်ထင်တယ်။ အရမ်းကို Sensitive ဖြစ်လွန်းတဲ့ Low Self-
Confidence ရှိသူတွေဟာ အဆိုးဆုံးပြောရရင် ပြဿနာကို ရင်မဆိုင်ရဲပဲ မိမိကိုယ်ကို
သေကြောင်းကြံ စည်မှုကြီးတွေပါ လုပ်ကြတာကို တွေ့ကြရမှာပါ။

Self-Confidence မှာ Self-efficacy မိမိကိုယ်စွမ်းကိုယ်စနှဲ့Self-esteem မိမိကိုယ်ကို
တန်ဖိုးထားမှုတို့ ရှိနေတယ်။ Self-efficacy မှာ မိမိ ကျွမ်းကျင် တတ်မြောက်ထားတဲ့
အတတ်ပညာနဲ့ ပန်းတိုင်ကို ရရှိမယ် လိမ့်မယ်လို့ မိမိအရည်အချင်းကို အာရုံသိဖြစ်နေကြ တယ်။ လေ့လာသင်ယူမှုနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရင် အောင်မြင်လိမ့်မယ်
ယုံကြည်ကြတယ်၊ ဒီယုံကြည်မှုပေါ်မူတည်ပြီး လူတွေကို ဦးဆောင်ဖို့ရာ ခက်ခဲလွန်းတဲ့
စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့် အဟန့်အတားတွေ ရှိနေလိမ့်မယ်လို့ လက်ခံထားကြတယ်။
Self-esteem မှာ ယေဘုယျအားဖြင့် မိမိတို့ရဲ့ ဘဝ ရှင်သန်မှုကို နိုင်နိုင်နင်းနင်း ထိန်း
ကျောင်းနိုင်မယ်၊ ပျော်ရွှင်မှုတွေ အမှန်တကယ် ရှိလာလိမ့်မယ်လို့ အာရုံသိ ဖြစ်နေကြတယ်။
ပျော်ရွှင် မှုတွေရဖို့ရာ အသိလေးမြင့်ဖို့ တန်ဖိုးထားလာကြတယ်။ မိမိ ကိုယ်ကို တန်ဖိုးထား
လာတာနဲ့အမျှ ယုံကြည်မှုတွေ လက်ခံနိုင်စွမ်းတွေ မြင့်တက်လာတယ်။

How to build Self-Confidence?
မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ။
** ဘဝမှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်မိမိ ယုံကြည်မှု တည်ဆောက်ဖို့
အချက်တွေကတော့

(၁) ဘာတွေကို အောင်မြင်ခဲ့ဖူးပြီးပြီလဲ ဆိုတာကို မြင်ကြည့်ပါ။
(၂) သင်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေကို သုံးသပ်ကြည့်ပါ။
     (SWOT Analysis)။
(၃) ဘာတွေက သင့်အတွက် အရေးကြီးဆုံးလဲဆိုတာနဲ့ ဘယ်နေရာကို သွားဖို့ သင်အလို
     ရှိတာလဲ တွေးပါ။
(၄) သင်ရဲ့စိတ်ကို အနှုတ်သဘောဆောင်တဲ့ အပြောအဆိုတွေ ရှောင်ကြဉ်ဖို့ တွေးပါ။
(၅) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် သင့်ကိုသင် ကတိပေးပါ။
(၆) အောင်မြင်မှုကို ရရှိဖို့ရန်အတွက် လိုအပ်တဲ့ အသိပညာကို ရှာဖွေစုဆောင်းပါ။
(၇) အခြေခံကျမယ့် အချက်အလက်တွေအပေါ်မှာသာ အာရုံစူးစိုက်ပါ။
(၈) ပန်းတိုင်ကြီးကြီး မရောက်ခင် ပန်းတိုင်ငယ်လေးတွေ ခွဲထုတ်ပြီး အောင်မြင်မှု
     ရယူ ကြည့်ပါ။
(၉) ကျရှုံးမှုကို ကြံ့ကြံ့ခံမယ့် စိတ်ဓာတ်မျိုး ထိန်းသိမ်းမွေးမြူပါ။
(၁၀) အပေါ်က အချက်တွေကို လိုက်နာပြီး အောင်မြင်မှုဆီသို့ အရှိန်အဟုန်ဖြင့် ရွှေ့ပါ။

** ဘဝမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ချစ်ခင်လေးစားရသူတွေနဲ့ တွေ့ဆုံတဲ့အခါ
    မိမိကိုယ်မိမိ ယုံကြည်ရှိစေဖို့ နည်းလမ်းတချို့ကတော့

(၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှု နည်းတာ၊ ရှက်တာ၊ အဆင့်အတန်းနိမ့်တာ၊ ရုပ်ရည်
မလှမပ မတင့်မတယ် ဖြစ်တာ၊ နောင်တရခဲ့ရတာ စတဲ့ မချင့်မရဲ ဖြစ်ခဲ့ရသမျှ စာရွက်တ
ရွက်ပေါ်ချရေးပြီး ငိုပစ်လိုက်၊ စာရွက်နဲ့ မျက်ရည်သုတ်ပစ်ပြီး အားရအောင် စုတ်ဖြဲပစ်
လိုက်ပါ၊ အားလုံးကို စာရွက်ထဲမှာ မေ့ပြီး အပေါင်းလက္ခဏာ ဆောင်မယ့် အချက်
တွေကို သတ်မှတ်လုပ်ဆောင်ပါ။

(၂) မိမိအရင်းနှီးဆုံး သူငယ်ချင်း၊ ချစ်ရသူနဲ့ ကိုယ့်အပေါ် နားလည်ပေးနိုင်သူနဲ့ ဆွေး
နွေးပါ၊ တိုင်ပင်ပါ၊ ဖွင့်ပြောပါ၊ စိတ်ပေါ့ပြီး ယုံကြည်မှု တိုးစေပါတယ်။

(၃) လူဆိုတာ အမှားနဲ့ ကင်းတာမှ မရှိတာ၊ ဒါကြောင့် အမှားတွေပေါ်မှာပဲ ယူကြုံးမရ
ဖြစ်ပြီး သိမ်ငယ်မနေပါနဲ့ အမှားတွေထဲက သင်ခန်းစာယူပြီး ရှေ့ချီတက်ပါ။

(၄) သင့်ရဲ့ အောင်မြင်ခဲ့မှုတွေကို အဓိပ္ပါယ်ရှိရှိ သတ်မှတ်ပါ၊ လူဆိုတာက တနေရာ
မဟုတ် တနေရာ ထူးချွန်တာချည်းပါပဲ။ တချို့က အားကစားမှာ တော်တယ်၊ တချို့
က အနုပညာမှာ တော်တယ်၊ တချို့က စာပေဗဟုသုတ ကောင်းတယ် စသဖြင့် မိမိ
ကိုယ်မိမိ သတ်မှတ်ပြီး အားရကျေနပ်မှု ယူပါ။

(၅) မိမိမှာ ရှိတာတွေကို ကံအရ ဖြစ်ဖြစ်၊ ဘုရားသခင်က ပေးတာပဲဖြစ်ဖြစ် ကျေးဇူးတင်
လိုက်ပါ။ ပြည့်စုံတဲ့ မိသားစု ကိုယ့်မှာရှိတာ၊ ငွေကြေးချမ်းသာတာ၊ ခမ်းခမ်းနားနား အိမ် ကြီးမှာ နေရတာစသဖြင့် ဘဝမှာ လူဖြစ်ရတာကို ကျေးဇူးတင်လိုက်ပါ။

(၆) အပေါင်းလက္ခဏာဆောင်ပါ၊ တခြားလူတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ပြော
ဆိုခြင်းမှ ရှောင်ကြဉ်ပါ။ စာနာပါ၊ သနားပါ၊ ကိုယ်ချင်းစာကြည့်ပါ။

(၇) တပါးသူရဲ့ ချီးမွမ်းတာကို ချီးမွမ်းခံရဲပြီး အပြုံးနဲ့ ကျေးဇူးတင်ကြောင်း တုံ့ပြန်ပါ။
(၈) နေ့စဉ် မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်မျက်နှာကို ကြည့်ပြီး စိတ်ပါပါ ပြုံးကြည့်ပါ။

(၉) အယောင်ဆောင် ဟန်ဆောင်မှု၊ ဟာသစတဲ့ ပေါ့ပေါ့ပါးပါး လုပ်ရပ်မျိုးကို တပါး
သူကို ပျော်ရွှင်အောင် စပါ။ မိမိလည်း ပျော်ရွှင်လာပြီး ယုံကြည်မှု တိုးလာပါလိမ့်မယ်။

(၁၀) မိမိရဲ့ စံနမူနာ အလေ့အထ ကောင်းသော အလေ့အကျင့်တွေကို လိုက်နာပါ၊
ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး၊ လာဘ်မစားဘူး စသဖြင့်…. 
ကိုယ်ကျင့်တရား ထိန်းကြည့်ပါ။
(၁၁) ပတ်ဝန်းကျင်မှာရှိတဲ့ တပါးသူနဲ့ အပြန်အလှန် အကူအညီပေးပါ၊ ယူပါ၊
ကျေးဇူးပဲလို့ပြောပါ။
(၁၂) မိမိကိုယ်မိမိ ပြီးပြည့်စုံတဲ့ သိသူတတ်သူဖြစ်ကြောင်း သတ်မှတ်ခြင်းမှ ရှောင်
ကြဉ်ပါ။ သင့်ရဲ့ ပန်းတိုင်ကို ထိန်းသိမ်းပါ။

ဒါမှ ကျွန်တော်တို့ဟာ လူအချင်းချင်း Face to Face ပြောရဲလာမယ်၊ မျက်လုံးချင်း Eye
Contact ရှိလာမယ်၊ မိမိ ပေးလိုတဲ့ Message တွေ ဟာလည်း ပိုပြီး ယုံကြည်စိတ်ချဖွယ်
ဖြစ်လာပါလိမ့်မယ်၊ ဘာသာရေး ယုံကြည်မှုတွေဟာလည်း မိမိကိုယ်မိမိ ယုံကြည်စေရတဲ့
အချက်တွေထဲက တချက်ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု တိုးပွားပြီး ဘဝမှာ
အညွန့် တလူလူ တက်နေသော လူငယ်လူရွယ်များ ဖြစ်ကြပါစေဗျာ။
.............................................................
Reference : http://www.mindtools.com/
Ucs Jugger မှ... သိမ်းဆည်းသည်။
Friday, August 30, 2013

PostHeaderIcon “ တရားဦး ဟောလှဲ့ပါ ”

 “ တရားဦး ဟောလှဲ့ပါ ” 
**************
ကာမဘောင် ရှုပ်အထွေးကိုလ
ပျိုလေး မယ်မခင်လို့
ရုန်းချင်ပြီ ဆုပန်ကြားသူရဲ့
တားမြစ်ဘို့ ခွင့်မသာ။

နှစ်ကိုယ်တွဲကာပ
သည်ဝဲ သံသရာက
သောင်ခေမာ ဟိုတဖက်ဆီသို့
ဖောင်မဂ္ဂင် ဆင်ကာကူးမယ်လို့
ဆုထူးကို ပန်ညီသော်လဲ
ပါရမီ မောင်မရင့်သော်ကြောင့်
သွားနှင့် သက်လျာ။

ဇာတ်မတူ- အမူကြမ်းသူဖြင့်
သောင်ကမ်း မမြင်နိုင်လို့
တပင်တိုင် နာဝါပျက်လိုပ၊
သံသရာ သည်ဂယက်မှာလ
စုန်တခါ ဆန်တချက်ကယ်နဲ့
မျောလျှက်ကွဲ့ ယောင်ချာချာ
တွယ်ရာဖြင့် ရှိနိုင်ဘူး။

သို့အကြောင်း ရယ်ကြောင့်
ချစ်ဟောင်း နွယ်သာကီရဲ့
ပါရမီ ပြည့်လျှံဖြိုးကာပ
တန်ခိုးတွေ တလူလူနှင့်
ဘိက္ခူနီ ထေရီဖြစ်တော့ခါ
မောင်ချစ်ကို မယ်သနားတာဖြင့်
တရားမွန် မှန်သဘောကို
ဟောလှည့် အဦး။

မင်းသုဝဏ်

PostHeaderIcon ဟားဗက်တက္ကသိုလ် စာကြည့်တိုက် နံရံထက်က ဆုံးမစာ



 ဟားဗက်တက္ကသိုလ် စာကြည့်တိုက် နံရံထက်က ဆုံးမစာ
**************************************
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့နံနက် ၄ နာရီ အချိန်ပါ။ အတော်လေး
ကောင်းလို့ ဘာသာပြန် ပေးလိုက်တာပါ။ အောင်မြင်မှု ရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ
ဘယ်လောက်ထိ ကြိုးစား အားထုတ်ခဲ့ရတာရှိသလဲ ဆိုတာကို ဒါလေးက သက်သေပြနေပါ
တယ်။ ဟားဗတ်တက္ကသိုလ်က ဆရာတွေ ပြောပြလေ့ရှိတာကတော့ သင့်ဘဝမှာ စိတ်တိုင်း
ကျဖို့နဲ့ ကောင်းတဲ့ ဝေဖန်မှု ရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်
နေရောင်နဲ့ ထိတွေ့ဖို့ အချိန်မရှိဘူး။ ကမ္ဘာ့ထိပ်ဆုံး ကျောင်းတကျောင်းအနေနဲ့ ဟားဗတ်က
နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီး မွေးထုတ်ပေးခဲ့တယ်။ 

အဲဒီထဲမှာ နိုဘယ်လ်ဆုရှင် ၃၃-ဦး၊ အမေရိကန်သမ္မတ ၇-ဦးနဲ့ နယ်ပယ်အသီးသီးက ထူးချွန်
ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ့မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ်နဲ့ တွေးခေါ်မှုတွေကို ရရှိခဲ့ကြတာလဲ။
ဒီအဖြေကို လူပေါင်းများစွာ လိုက်ရှာနေကြတယ်။ 

ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက် နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေ
ပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှုတွေ ပေးပြီး
စိတ်ဓာတ် တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့စာကြည့်တိုက် နံရံပေါ်က အချက်၂၀-ဆုံးမစာကတော့…

(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက် မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင်
     မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျူရှုခဲ့သော ယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏
     ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သော အချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိ မဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာလုံး ပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာ မဟုတ်ဘူး။ ကြိုးစား အားထုတ်မှု မရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှ ရှိလိမ့်မည်။ အောင်မြင်မှုမှာတော့
     ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘဝရဲ့အားလုံး မဟုတ်ပါ။ လူ့ဘဝရဲ့ တစိတ်တပိုင်းလေးကိုတောင်မှ
     မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်း ဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက် ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှု အရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော
       ပင်ကိုယ် ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာ အမြဲတမ်း ကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ ယိုသော သွားရည်သည် နောက်နေ့၏ မျက်ရည် ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီး လူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့ သူဟာ ယခု လက်တွေ့ကို သစ္စာရှိသူပါ။
(၁၇) ပညာရည် အဆင့်အတန်းဟာ ဝင်ငွေ အဆင့်အတန်းကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာ ကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ ပြိုင်ဖက်သည် စာရွက်တွေကို အဆက်မပျက် လှန်နေပြီ။
(၂၀) အကျပ်အတည်း အခက်အခဲမရှိလျှင် အကျိုးအမြတ် မရနိုင်ပါ။

Credit To Zane
Nwehninmoe
Thursday, August 29, 2013

PostHeaderIcon ဗုဒ္ဓ,ဓမ္မ,သံဃ အပေါ် သူ့ရဲ့အမြင်



Buddha, Dhamma & Sangha

https://www.facebook.com/World0fWisdom

မြတ်ဗုဒ္ဓက ဆရာဝန်တယောက်နှင့် တူတယ်၊ ရောဂါ  အခြေအနေနဲ့ အကြောင်း

တရားကို ကောင်းကောင်းနားလည်ပြီး ဘယ်လို ကုသရမယ် ဆိုတာကိုလည်း
သိတဲ့ ဆရာဝန်လိုပဲ။

ဓမ္မကတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ၊ ဆရာဝန်က သောက်သုံးရန် ညွှန်ကြားတဲ့

ဆေးညွှန်း လို ပါပဲ။

သံဃာကတော့ ဘုရားပေးတဲ့ ဆေးတွေကို ဖြန့်ဝေပြီး လူတွေ သောက်သုံး

ဖြစ်အောင် ကူညီပေးတဲ့ သာသနာ့အဖွဲ့အစည်းတခုဖြစ်တယ်။

The Buddha is like a Doctor who understands the disease

and knows how to treat it.

The Dhamma, his teaching, is the medicine he prescribed.

The Sangha is the spiritual community that helps you to take 

the medicine.

( Keanu Reeves - From Discovering Buddhism )

The eXistence မှ ဘာသာပြန် ပူဇော်ပါသည်။

******************************************************* 
ဗုဒ္ဓရဲ့တရားဓမ္မကို တကယ် လိုက်နာ ကျင့်သုံးပြီး တကယ် သိမြင်သွားတဲ့ သူတိုင်း
ရဲ့စိတ်ထဲ နှုတ်ထဲကနေ ထွက်ပေါ်လာတဲ့ မှန်ကန်တဲ့ အသံများဟာ ဘာနဲ့မှ
မနှိုင်းတုနိုင်တဲ့ မင်္ဂလာကြက်သရေများပါပဲ။ 
တကယ် လိုက်နာ ကျင့်သုံးတဲ့ သူများမှာတော့ အမှန်တကယ် အေးချမ်းတဲ့ အရ
သာကို ခံစားနိုင်ကြပြီး မကျင့်သုံးနိုင်သေးပဲ ဝေဝါးနေတဲ့ သူသူ ငါငါတို့ အတွက်
ကတော့ ပူပန်မှု လိုချင်မှု အပူမီးတွေနဲ့သာ လုံးလည် ပတ်ချာရိုက်နေကြတုန်း
ဖြစ်နေကြတာကတော့ သံဝေဂ ယူစရာပါပဲ။

(Nwehninmoe)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...