သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Thursday, October 31, 2013

PostHeaderIcon တနှစ်တကြိမ် မြတ်ကထိန်


 တနှစ်တကြိမ် မြတ်ကထိန်
******************
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ကထိန်ခင်းခြင်း၊ ကထိန်အလှူပွဲ ပြုလုပ်ခြင်းတို့ကို အလွန်ပင် စိတ်ဝင်စားကြပေသည်။ ကထိန်အလှူများသို့ မိသားစုတို့ တပျော်တပါးသွားလေ့ရှိကြ
ပသည်။ ကထိန်အလှူရှင်များကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆို ကျွေးမွေးလေ့ရှိ
ကြပေသည်။ စားဖွယ်သောက်ဖွယ်များကို အထူးစီမံ၍ ကျွေးမွေးလေ့ရှိကြပေသည်။ ကထိန်
အလှူပွဲသို့ လာရောက်ကြသူများကလည်း ပျော်ပျော်ပါးပါး သုံးဆောင်မှီဝဲ စားသောက်ကြ
ပသည်။ ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့် အတူ နာယူလေ့ရှိကြပေသည်။
တနှစ်မှတကြိမ် လှူဒါန်းခွင့်ရသောကြောင့် အလွန် အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြ
ပေသည်။ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်ဆွမ်းမှာ ပိဏ်(ပိဏ္ဍပတ်ဆွမ်း) ဟူ၍ပင်  
ဆိုရိုးပြုကပေသည်။

ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ-
(၁) ကထိန်ဆိုသည့် စကား၏အဓိပ္ပါယ်၊
(၂) ခင်းခြင်းဆိုသည့် စကား၏အဓိပ္ပါယ်၊
(၃) ကထိန်ခင်းရခြင်းအကြောင်း၊
(၄) ကထိန်
ခင်းရခြင်းအကျိုး၊
(၅) ကထိန်အလှူ
မွန်မြတ်သည်ဟု ဆိုရခြင်း။
ဤ(၅)မျိုးမှာ သိဖွယ်ရာကောင်းလှပ
ါပေသည်။

(၁) ကထိန်ဟူသော စကားသည်-

ကထိန-ဟူသော ပါဠိမှ သက်ဆင်းဖြစ်ပေါ်လာသော စက
ားဖြစ်ပေသည်။ ကထိန်-ဟူသော
ပါဠိက မြဲခြင်း-ဟူသော အနက်ကိုဟာပါသည်။ မြဲခြင်းအမျိုးမျိုးတို့တွင်လည်း အချိန်ကာလ
မြဲခြင်းနှင့် အကျိုးတရား မြဲခြင်းတို့ကို ဟောပါသည်။ ကထိန်-ဟူသည် အချိန်ကာလအားဖြင့်
လည်း မြဲ၏။ အကျိုးတရားဖြင့်လည်း
မဲ၏-ဟု အဓိပ္ပါယ်ရပါသည်။

အချိန်ကာလြ
မဲပုံ-
မြတ်စွာဘုရား သတ်မှတ်ပေးထားသော အချိန်ကာလ အတွင်းမှာသာ ကထိန်ခင်းခြင်းကို

ပုလုပ်ကြရသောကြောင့် ကထိန်သည် အချိန် ကာလအားဖြင့် မဲပေသည်။ သီတင်းကျွတ်
လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့တိုင်အောင် တလအတွင်းမှာသာ ကထိန်သင်္ကန်းလှူခြင်း၊ ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု မြတ်စွာဘုရား၏ အမိန့်အာဏာ
တော်ဖြင့် ပိုင်းခြားသတ်မှတ်ပေးထားသောကြောင့် တလအတွင်းမှာသာ ကထိန်ခင်းခြင်း ကို ပြုလုပ်ကြရပေသည်။ အခြားသော နတ်တော်၊ပာသို၊တပို့တွဲစသော လများသို့ ပြောင်း
ရွှေကာ ကထိန်ခင်း၍ မရကြပေ။ သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့် မြဲခြင်း
ဖြစ်ပေသည်။
ဆောင
်ပုဒ်။ ။ အချိန်ကာလ၊ ပြောင်းမရ၊ မြဲလှ ကထိန်မည်။

အကျိုးမြဲပုံ-

ကထိန်ခင်းသော ကျေ
ာင်းတိုက်၌ နေထိုင်ကြသည့်(ပုရိမဝါမှ ထသော) ရဟန်းတော်တို့သည်
ကထိန်အကျိုး (၅)မျိုးကို ရရှိစေ-ဟု မြတ်စွာဘုရား ခွင့်ပြုပေးသနားတော်မူသော အကျိုး
တရား(၅)မျိုးကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ မှစ၍ တပေါင်းလပြည့်နေ့တိုင်
အောင် (၅)လအထိ မြဲစွာ တည်နေ၏။ တပါးသော လများသို့ ကထိန်အကျိုးတရားများ
ပြောင်းသွားခြင်း မရှိပေ။သို့ဖြစ်၍ ကထိန်သည် အကျိုးတရား အားဖြင့်လည်း မြဲခြင်းဖြစ်
ပေသည်။
ဆောင်
ပုဒ်။ ။ အကျိုးတရား၊ ရွေ့မသွား၊ မြဲငြား ကထိန်မည်။

(၂) ခင်းခြင်းဟူသည်-
ကထိန်အကျိုးများကို ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။ ကထိန် မခင်း

သော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော်
(၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ(၁)လသာ ကထိန်အကျိုးကို ရရှိကြပေ
သည်။ ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည်(၁)လမှ
(၅)လ အထိ ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တလကျိုးကား၊ ငါးလပ
ွား၊ ပြန့်သွားခင်းသည်မည်။

ဥပမာ-

မိမိတို့အိမ်သို့ ဧည့်သည်များရာက်ရှိလာ၍ ငါးခေါက်ခါက်ထားသော ကော်ဇောကြီးကို ခင်းချဖန့်ချလိုက်သောအခါ တဆမှ ငါးဆသို့ ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ
ဒကာဒကာမ
များက ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ သံဃာတော်များက ဝိနည်းကံဖြင့် ကထိန် ခင်းလိုက်သည်ရှိသော် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်
နေ့အထိ (၁)လသာ ရရှိသော အကျိုးမှ တပေါင်းလပြည့်နေတိုင်အောင် (၅)လအထိ ကထိန် အကျိုးတရားများ ကျယ်ပြန့်သွားပေသည်။ ကထိန်အကျိုးတရား (၅)မျိုးကို ရဟန်း
တော်များ (၁)လမှ(၅)လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။

ဤကဲ့သို့ ဒကာ-ဒကာမများ သင်္ကန်းလှူ
၍ ဆရာတော်သံဃာတော်များက (၁)လမှ(၅)လအထိ ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင် ဝိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု
ဆိုရပါသည်။

(၃) ကထိန်ခင်းရခြင်း အကြောင်းမှာ-
မြတ
်စွာဘုရား လက်ထက်တော်အခါက ကောသလမင်းကြီးနှင့် အဖေတူ အမေကွဲ ညီအစ်ကို များဖြစ်ကြသော ပါဝေယျကတိုင်သား ရဟန်း(၃၀)တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ
ရောက်လာကြရာတွင် သင်္ကန်းကို မိုးစို၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသာကြောင့် ကထိန်
ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။

ပါဝေ
ယျကတိုင်းသား ရဟန်း(၃၀)တို့၏ ရဟန်းဖြစ်လာရခြင်း အကြောင်းမှာ-
မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တဝါရပြီးသောအခါ ဥရုဝေ
လတောသို့ ကြွသွားတော်မူ၍
သစ်ပင်ရင်းတခုမှာ သီတင်းသုံးနတော်မူ၏။ ထိုအခါဘဒ္ဒဝဂ္ဂီညီနောင် မင်းသား(၃၀)တို့
သည် ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်
လာကြပေသည်။ မင်းသားတို့ ပျော်ပါး ကစားနေကြစဉ် အငှါးဇနီးမယားဖြစ်သူ တဦးသည်
အရှင်မင်းသား၏ လက်ဝတ် ပစ္စည်းဥစ္စာများကို ခိုးယူ၍ ထွက်ပြေးသွားလေ၏။ မင်းသား
(၃၀)တို့သည် ခိုးယူ ထွက်ပြေးသွားသော အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို
တွေ့မြင်ကြလေ၏။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ အမျိုးသမီးတယောက် ပျောက်သွားသဖြင့် လိုက်ရှာကြရသည့်အကြောင်း လျှောက်ထားကြလေ၏။

မြတ်စွာဘုရားက-မင်းသားတို့...အမျိုးသမီးကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင်
အဘယ်ရှာခြင်းက ပိုမြတ်သနည်း-ဟု မေးတော်မူ၏။ ပါရမီ ရင့်ကျက်နေကြသော
မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းက ပို၍မြတ်ပါသည်-ဟု လျှောက်ထားကြလ၏။
ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်လျှင် သင်တို့ထိုင်ကြ၊ ငါဘုရား တရားဟော
မည်-ဟု မိန့်ကြားကာ တရားဟောတော်မူ၏။ တရား၏အဆုံး၌ မင်းသား(၃၀)တို့သည်
သောတာပန် ဖြစ်သွားကြလေ၏။ မြတ်စွာဘုရားက"ဧထ ဘိက္ခဝေါ"-ဟု ခေတ်ာမူ
လိုက်ရာ ရဟန်းများ ဖြစ်သွားကြလေ၏။

ထိုရဟန်း(၃၀)တို့သည် အရညကင်ဓုတင်ကို ဆောက်တည်၍ တော၌သာနေကြ၏။ ပိဏ္ဍပတ်

ဓုတင်၊ ပံသုကူဓုတင်၊ သင်္ကန်းသုံးထည်ဖြင့်သာနခြင်း(တိစီဝရိတ်)ဓုတင်တို့ကို ဆောက်တည် ၍ နေကြလေကုန်၏။ ထိုရဟန်း(၃၀)တို့သည် (၁၃)နှစ်တိုင်တိုင် တောအရပ်မှာနကြပြီး
သောအခါ မြတ်စွာဘုရားကို အလွန်ဖူးမြင်လိုကြသောကြောင့် မြတ်စွာဘုရားရှိတော်မူရာ
သာဝတ္ထိပြည်သို့ ခရီးထွက်ကြလေသည်။
ခရီးကား အလွန်ဝေးကွာလှသည်ဖြစ်၍ မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်သို့
မရောက်မီ ဝါဆိုဖို့ရာ အချိန်ကျရောက်လာသောကြောင့် သာဝတ္ထိပြည်နှင့်(၆)ယူဇနာ
ကွာဝေးသော သာကေတမြို့မှာ ဝါဆိုကြရပေသည်။

ါကျွတ်သည်နှင့်တပြိုင်နက် (ပဝါရဏာပြုပြီးလျှင်) မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိပြည်
သို့ ဦးတည်၍ ခရီးထွက်ခဲ့ကြလေ၏။ လမ်းခရီးတွင် မိုးက အလွန်ရွာသွန်းသဖြင့် သင်္ကန်းများ
မိုးစို၊ ရွှံ့ညွန်များ ပေကျံ၍ ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြလေ၏။
မြတ်စွာဘုရားက"ချစ်သားရဟန်းတို့ ...ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါ၏လော" 
စသည်ဖြင့် ပဋိသန္ဓာရ-နှုတ်ဆက်စကား မိန့်ကြားတော်မူ၏။ ထို့နောက် အလွန်ဝေးသော
ခရီးမှ လာခဲ့ကြပြီးလျှင် သင်္ကန်းများ မိုးစို၍ (မိုးစိုနေတဲ့ ဒုကုဋ်သင်္ကန်းများကို သယ်ဆောင်
ရသည်မှာ) ပင်ပန်းနေကြသော ရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုက်ပါသည်။ ယနေ့တိုင်အောင် ကထိန်ခင်းခွင့် ရနေကြပေသည်။

(၄) ကထိန်ခင်းရခြင်း အကျိုးမှာ-
ဒကာဒကာမများက ကထိန်သင်္ကန်း လှူဒါန်းသဖြင့် ရဟန်းတော်များက ဝိနည်းကံဖြင့် ကထိန် ခင်းလိုက်သော
အခါ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်
အောင် ကထိန်အကျိုး (၅)မျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာဒကာမတို့သည်လည်း ရဟန်းတော်များ ရရှိသော အကျိုး(၅)မျိုးနှင့် လျော်ညီစွာ အကျိုး(၅)မျိုး ရရှိကြပေသည်။

(၁) အနာမန္တစာရ-

ပင့်ဖိတ်ထားသော ဆွမ်းစားရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားပဲ အရပ်တပါး၌

သွားသော်လည်း အာပတ် မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မ
ကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။

ကထိန်သင်္ကန်း လှူ
ဒါန်းကြသော ဒကာဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း
၌ အရပ်ဒေသတပါးသို့ သွားလိုသောအခါ သူတပါးတို့ တားဆီးခြင်း မပြုနိုင်။ လွတ်လပ်စွာ
သွားနိုင်ခြင်း အကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လို
ရာသွားနိုင်သည်။

(၂) အသမာဒါနစာရ-
တိစီဝ
ရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာ
အရပ်၌ ထားကာသွားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြ
ပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားက
ာ သွားနိုင်သည်။

ကထိန်သင်္ကန်း လှူ
ဒါန်းကြသော ဒကာဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း
၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ တာဝန်ကိစ္စ
များ မလေးပါပဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို ရရှိကြ
ပေသည်။
ဆောင်ပုဒ်။ ။ တာဝ
န်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။

(၃) ဂဏဘောဇန-

(၄)ပါး (၄)ပါးထက် ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစားလာခဲ့ပါ၊ ဟင်းစားလာခဲ့ပါ၊

မုန့်စားလာခဲ့ပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို
စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြ
ပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချ
င် စားနိုင်သည်။

ကထိန်သင်္ကန်း လှူ
ဒါန်းကြသော ဒကာဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း
၌ စားလိုရာ အာဟာရ အမျိုးမျိုးတို့ကို စားချင်တိုင်း စားကြပါသော်လည်း ဗိုက်နာခြင်း၊ ဝမ်း
လျှောခြင်း၊ အဆိပ်ဖြစ်ခြင်းစသော ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ ကြေညက်ခြင်း 
(ဝမ်းမီးကောင်းခြင်း) အကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ စားလိုရာ
များ၊ စားသော်ငြား၊ ဘေးကား မဖြစ်ပြီ။

(၄) ယာဝဒတ္တစီဝရ-

မ်ားစြာေ
သာ သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ဝိကပ္ပနာ မပြုပါပဲ သီတင်းကျွတ်လပြည့်ကျော်
(၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်း
ကာ ထားနိုင်သည်။

ကထိန်သင်္ကန်း လှူ
ဒါန်းကြသော ဒကာဒကာမတို့သည်လည်း ဖြစ်ရာဘဝတိုင်းဘဝတိုင်း၌
စိန်-ရွှေငွ-ပတ္တမြားစသည့် များစွာသော ရတနာတို့ကို သိမ်းဆည်း၍ ထားပါသော်လည်း ရန်သူမျိုး(၅)ပါး ဘေးရန်များ မရှိပါပဲ ကောင်းမွန်စွာ သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို
ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှ
ိပြီ။

(၅) ယော စ တတ္ထ စီဝရုပ္ပါဒ-
ကထိန်ခင်ြး
ပီးသည်မှနာက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသေကျောင်းတိုက်
က သံဃာတော်များ လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက် သင်္ကန်းလှူဒါန်း
ပါသော်လည်း မူလ ကထိန်ခင်းထားသော ကျောင်းတိုက်က သံဃာတော်များကသာ ပိုင်ဆိုင်
ရရှိခြင်း အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူ
ငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။

ကထိန်သင်္ကန်းလှူ
ဒါန်းကြသော ဒကာဒကာမတို့သည်လည်း ဖြစ်လေရာ ဘဝတိုင်းဘဝတိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက ဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှ အနိုင်အထက်
ပြု၍ မယူနိုင်၊ ကိုယ်က ပေးမှသာ ယူလို့ရခြင်း အကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွာ
း ကင်းပသည်။

(၅) ကထိန်သင်္ကန်းအလှူ မွန်မြတ်သည်ဟု ဆိုရခြင်းမှာ-

ရဟန်းတော်တို့သည် ကထိန်သင်္ကန်းမှ တပါးသောသင်္ကန်းများကို အလိုရှိ သောအခါ မိဘ

ဆွေမျိုးများ ထံမှာလည်း တောင်းကောင်းပေသည်။ သင်္ကန်း အလိုရှိသောအခါ တောင်းခံပါ
ဘုရားဟု ဖိတ်ထားသော သူများထံမှာလည်း တောင်းကောင်းပါသည်။ ကထိန်သင်္ကန်းကိုမူ မိဘဆွေမျိုးများနှင့် ဖိတ်ထားသူများထံ၌ မတောင်းကောင်းပေ။ (ကထိန်ခင်းဖို့ရန် သင်္ကန်း လှူဖို့ရန် ရှေ့ပြေးနိမိတ် ဟန်ပန်အမူအရာဖင့်ပင် အလှူမခံကောင်းပေ။)
ကောင်းကင်မှ ကျလာသကဲ့သို့ ဒကာဒကာမများက သူ့အလိုအလျောက် သဒ္ဓါတရား 
ဖစ်ပွား၍ လှူဒါန်းလာသော သင်္ကန်းကိုသာ ခံယူ၍ ကထိန်ခင်းရပေည်။ ဤကဲ့သို့ 
တာင်းခံခြင်း လုံးဝ မပါ၊ သန့်ရှင်းဖြူစင်စွာ ရရှိသော သင်္ကန်းဖြစ်၍ မွန်မြတ်လှ
ပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်းမှ တပါးသော ပစ္စည်း(၄)ပါးကို
သဒ္ဓါတရားရှိသူ ဒကာဒကာမများက
လှူဒါန်း၍ ခံယူကြရသောအခါ မြတ်စွာဘုရားက-
"ချစ်သားရဟ
န်းတို့...ရဟန်းသီလ မရှိပဲ သူတပါး လှူဒါန်းသော သင်္ကန်းကို ဝတ်ရုံရခြင်း
သည် မီးအလျှံ တောက်လောင်နေသော သံပြားကို ဝတ်ရုံရသည်ထက်ပင် ဆင်းရဲဒုက္ခများ
လှပေသည်။ ဆွမ်းကို သုံးဆောင်ခြင်းသည် အလျှံပြောင်ပြောင် တောက်လောင်နေသော
သံတွေခဲကို မျိုရသည်ထက်ပင် ဆင်းရဲဒုက္ခ များလှပေသည်။ ကျောင်းထဲ၌ နေထိုင်ခြင်းသည် အလျှံပြောင်ပြောင် တောက်လောင်နေသော သံနှောင်အိမ်ထဲ၌ နေရသည်ထက်ပင် ဆင်းရဲ
ဒုက္ခ များလှပေသည်
 စသည်ဖြင့် နှိပ်ကွပ်၍ သတိပေးစကား မိန့်ကြားတော်မူပါသည်။"

ကထိန်သင်္ကန်းကို အလှူ
ခံရာ၌ ရဟန်းတော်များကို ချီးမြှေက်၍ မိန့်ကြားတော်မူပါသည်။
"ချစ်သားရဟန်းတို့-ကထိန်သင်္ကန်းကိုလည်း ခံယူကြစေ၊ ကထိန်အကျိုးတရား (၅)မျိုးကို
လည်း တလမှ ငါးလအထိ ရရှိကြစေ" ဟု ချီးမြှောက်၍ မိန့်ကြာတော်မူသောကြောင့် ကထိန်သင်္ကန်းအလှူသည် မွန်မြတ်လှပေသည်။ မွန်မြတ်သည်ဟု ဆိုရပေသည်။

ကထိန်သင်္ကန်း အလှူ
သည် တနှစ်မှ တကြိမ်၊ တကြိမ်မှာလည်း တလအတွင်းသာ
တလအတွင်းမှာလည်း တရက်ဖြင့်သာ အပြီးခင်းရသောကြောင့် မွန်မြတ်လှသည်ဟု
ဆိုရပေသည်။
(သဒ္ဓမ္မရံသီ ဆရာတော်)

PostHeaderIcon သြဝါဒ

 သြဝါဒ
*****
မျက်မြင်မှာ ဉာဏ်တွဲလို့
အနဲနဲ ရူပါ
ငရဲနှင့် လူ့ရွာ
ခုအခါ မခြား။
မီးသုံးရပ် ဗလောင်ဆူ
အကောင်ပူ သင်းတို့ဖြစ်လား။

စိတ်ရတက် အညစ်ထူ
အပြစ်မူ ထွေပြား။

တတွေတွေ သေလို့ သွားလျှင်လ
တဖွာဖွား အောက်မှာ။
ယမနယ် ဘုံအနှုန်း
အကုန်လုံး စုကြမည်သာ။

သို့ကလောက် လူ့ငြမ်းဟာကို
ရှုစမ်းပါ ညီလှရဲ့
မှီသမျှ ဉာဏ်ကုန်မျှော်နော်
ရောလို့ မတော်။
အလိုလိုက်လို့ အငိုက်ချော်လျှင်
တဟိုက်ဟော်ဟော် ညီ မောရှာလိမ့်လေး။

လယ်တီဆရာတော်
(ဤတေးထပ်သည် လယ်တီဆရာတော်က တပည့် ဦးသူရိန္ဒအား
ရေးပေးသော ဆုံးမစာ တေးထပ်ဖြစ်ပါသည်။)

PostHeaderIcon တေးထပ် ရေးနည်း

 တေးထပ်ရေးနည်း
**************
တေးထပ် တေးထပ်ရယ်နှင့်
ရေးစပ်ကြ သူငါ
တွေးကပ်လှ နမူနာ
ချူအချာ လွန်ပေါ။

ယခုခေတ် ပြုသစ်စာမှာ
ရှုချစ်စရာ ရွေးမျှမနှော။

သို့မို့ကြောင့် ကျွန်ုပ်ညီငယ်
မဟုတ်သည် နယော။
နှုတ်ဝသီ သဘောမှာ၊
အဟောသိ ပယ်ပါ။

သပြေမှာ စလေနည်းကိုလ
ဆွေမှီး၍ ပြုသင့်သည်သာ။

စပ်မူနည်း ရေးလိုပါလျှင်
တေးကိုသာ ရအောင်ကျက်ပါတော့
ခက်ပါဘူး မျိုးသိင်္ဂါ၊
စိုးရိမ်နှင့်ဗျာ။

ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ
ခိုးရှိန်ဝါ တောက်ပါလိမ့်လေး။

(ဦးပုည)

ကဗျာများ စတင်ရေးသားစဉ်ထဲက ဒီကဗျာလေးကို အရကျက်မှတ်ခဲ့ပါသည်။

ကဗျာဆရာကြီးများကို ကဗျာရေးတိုင်း အမှတ်တရ ဦးခိုက်မိပါသည်။
ဆရာများရဲ့ကျေးဇူးကြောင့် ပူဇော်ပွဲ ဂုဏ်ပြုပွဲ အလှူပွဲများတွင်
ဂုဏ်ပြုပူဇော်မှု တေးထပ်များ၊ အချိုးကဗျာများ၊ နဘေထပ်
ကဗျာ စသည်များကို ရေးစပ်ကူညီ ပူဇော်ခွင့် ရခဲ့သည်။
 
(နွေနှင်းမိုး)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...