ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, November 4, 2011
ဆရာတော်ကြီးများ၏ အဆုံးအမများ
9:09 AM |
Posted by
တိုးတိုး |
Edit Post
မေတ္တာပန်းခိုင်
တဦးမေတ္တာ၊ တဦးမှာ၊ ရှည်ကြာ ရွံမမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။
(သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး)
"မိတ်ကောင်း ဆွေကောင်း"
ရောဂါနှိပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါးသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
မင်းအိမ်တံခါး (တရားရုံး)၌ အမှုဆိုင်ရသောအခါ
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စ ကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်း ဆွေကောင်း မည်၏။
( လောကနီတိ )
ရောဂါနှိပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါးသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
မင်းအိမ်တံခါး (တရားရုံး)၌ အမှုဆိုင်ရသောအခါ
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စ ကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်း ဆွေကောင်း မည်၏။
( လောကနီတိ )
“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်တယ်၊
ယိုင်မဲ့အစား မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ၊ ကံသာမူလ ရှိကြတယ်၊
သံသရာနယ် ချာချာလည်၊ အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင်၊ နာမ်မပြင်၊ ရုပ်သွင်မလှ၊ နာမ်မလှ၊
နာမ်ကိုသာပြင်၊ ရုပ်မပြင်၊ နာမ်စဉ်လဲလှ၊ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင်၊ ဉာဏ်ဓာတ်တင်၊ လိုလျှင်ခဏ၊နိဗ္ဗာန်ရ။
အနန္တငါး ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်၊နိုင်မဲ့အစား ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်တယ်၊
ယိုင်မဲ့အစား မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ၊ ကံသာမူလ ရှိကြတယ်၊
သံသရာနယ် ချာချာလည်၊ အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင်၊ နာမ်မပြင်၊ ရုပ်သွင်မလှ၊ နာမ်မလှ၊
နာမ်ကိုသာပြင်၊ ရုပ်မပြင်၊ နာမ်စဉ်လဲလှ၊ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင်၊ ဉာဏ်ဓာတ်တင်၊ လိုလျှင်ခဏ၊နိဗ္ဗာန်ရ။
(မစိုးရိမ်ဆရာတော်ဘုရားကြီး)
စည်းစိမ်ဥစ္စာတွေ၊ အခြွေအရံတွေဆိုတာ ကံရဲ့ အကျိုးပေးတွေဗျ။ ကံတွေ မဟုတ်ဘူး။ ကံဆိုတာ ကိုယ်အားထုတ်တဲ့ ဒါန၊သီလ၊ ဘာဝနာတွေကို ခေါ်တာ။
(နတ်မောက်မြို့နယ်၊ ဥယျဉ်တောင်ကျောင်းဆရာတော်)
"တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့်၊ ပြောမပြချင်။
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့်၊ ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်
ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့
စုန်အဆန်
မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်
သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာ ချမ်းသာလို့ ထင်မြင်ကြ။
သို့ကတဲ့...
စိတ်ထဲမှာ သံဝေယူလို့၊
ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။"
(မင်းကွန်းဆရာတော် ဘုရားကြီး)
(မင်းကွန်းဆရာတော် ဘုရားကြီး)
“ကိုယ်ကြိုက်တာ
ကိုယ်လုပ်၊ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။
ထိမှု၊ သိမှု ထိုနှစ်ခု သတိ
ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊
မသိတာထက် မသိချင်တာ ပိုခက်တယ်၊
မသိလျှင် သိအောင်လုပ်ပါ။
မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့
ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊
မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊
မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့
အများကြီး ကျန်သေးတယ်။”
(စွန်းလွန်း ဆရာတော်ဘုရားကြီး)
(စွန်းလွန်း ဆရာတော်ဘုရားကြီး)
"ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊
ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။"
(သီတဂူဆရာတော် ဘုရားကြီး)
(သီတဂူဆရာတော် ဘုရားကြီး)
"လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း
မဟုတ်ပေ။
ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ်
မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။"
(ဖားအောက်တောရ ဆရာတော် ဘုရားကြီး)
(ဖားအောက်တောရ ဆရာတော် ဘုရားကြီး)
Labels:
အဆုံးအမများ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
0 comments:
Post a Comment