သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, July 7, 2014

PostHeaderIcon ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ

"ဖေဖေ... သား ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။
"သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲ
အသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ် ၂ဝ
သက်တမ်းရှိတဲ့ သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင် ပရိဘောဂလုပ်လို့ရတယ်.."
"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်
တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်
ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး"

"တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူ
လုပ်ကိုင် စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့
ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်
တယ်"
"တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်
တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေ
ကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"
"နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး
ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝ မျက်နှာ
မငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။
သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများ
စားစား အသုံးမဝင်ဘူး။ စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့လူတွေကလည်း အသုံး
ဝင်ပါတယ်။ ဒါပေမယ့် လူထုကိုအကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများ
ကွာသွားတယ်၊

သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင်
 ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု
ကြီးမားတယ်ပေါ့"
ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊
ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။ သူသဘောပေါက် နား
လည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။
အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။


ရေးသားသူ :Nine Nine Sanay @ နိုင်းနိုင်းစနေ
Friday, July 4, 2014

PostHeaderIcon တာဝန်

တာဝန်
***
သူတို့ သဘောင်္
မငေးမောလင့်
ငယ်သော တို့လှေ
ကြိုးဖြုတ်ဖြေ၍
ကမ်းခြေဦးတည်
လှော်တက်ချီလျက်
ညီညီ လှော်ခတ်ကြပါစို့။

(ကဗျာရှင် - ဥသျှောင်)
Thursday, July 3, 2014

PostHeaderIcon မျက်ဖြေ လင်္ကာ

မျက်ဖြေ လင်္ကာ
*********
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊
သူတယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ 
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ 
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊
မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြုံလတ်တုံမူ၊
တုံ့မယူလို၊ (စိတ်မြဲသို၍)
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။

(အနန္တသူရိယအမတ်ကြီး)

THE NATURE OF THINGS
(Release from Anger )

Often a man suffers destruction
In order that a nother man
Might enjoy well-being.
Such is the nature of things!

A courtier's satisfaction
In enjoying kingly confidences
In golden palaces
An a King's own good fortune
Are merely bubbles
On the surface of vast ocean
Momentary and evanescent.

If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.

Respectfully I salute His Majesty.
Should I again meet my lord the king
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him.
Impermanent is my body of blood.

Anantasuriya
(Translated by U Phay Mg Tin)
.

PostHeaderIcon ထိပ်ဆုံးသို့

ထိပ်ဆုံးသို့
★ ★ ★ ★
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင် ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။

ခါတလေ တကယ်ပမ်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စ,ခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေအုံး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပေါ့
ချစ်ဖွယ့် လူသား။

(ငွေတာရီ)

PostHeaderIcon အလွမ်း မိုး

အလွမ်းတဲ့ ဗျာနှောင်၊
ဘုံကွန်း ညောင်ဘွေက၊
ဖျော်မပြေ ဖော်ကွာဝေးသူတို့
 ဆွေးရှာတော့အောင်။

ရွှေအမ္ဗုန် စာရနှင့် လောကနက်မှောင်၊
ရွာယောင်ပြ ရွှင်မြူး၊
ဆွေးတဲ့ မေ၊
ဆွတ်သည်းမှာ ကြွေကြွေစေဖို့၊
မာန်မပြေ၊ ဖန်ဗွေရွာလို့
ချုမ်းလာသင့်ဘူး။

( ဦးကြင်ဥ )

PostHeaderIcon ဂူကြီးပျော်များသို့ တမ်းချင်း

ဂူကြီးပျော်များသို့ တမ်းချင်း
*****   ****  *****
အော်… အကြွင်းမထားပဲ
မစဉ်းစားတတ်တဲ့ သတင်းသမားတွေရဲ့
အဖျဉ်းစကား…(ကားထားတဲ့) အကြမ်းစုံကိုလဲ
နင်းပြားများ အရမ်းယုံလို့ မဖြစ်ဘူးကွဲ့…
စနစ်အလူးက မဟန်လေ၍
ကံသေကံမ ဘာမှ မရေရာ စခန်းသစ်ကြီးမှာ
ဖွေရှာ ဆန်းစစ်ပြီး
ငြမ်းစစ်မှ လျှောက်ရစ်ကြကွယ်ရို့…
အကြမ်းစနစ်ကိုလဲ မဖန်ကြလေနဲ့
အကြံကကုန် ဂဠူန် ဆားချက်နေရင်
အကုန် နွားဖျက်သလို ခံစားရလိမ့်မနော်…
အကြံများ သေးသိမ်ပြီး
မှေးမှိန်အောင် လမ်းကြောင်းဖန်ထားတာ
အမှန်းကောင်းဟန်သွားရင် အဖြစ်ရှုံးကွယ်မယ့်
အနှစ် သုံးဆယ်လောက်တဲ့ဗျ…။

အော်… စခန်းတခွင်မှာ
ပန်းဝင်ဖို့ အလီလီ လွှတ်ပြုကြပေမယ့်
ညီညွတ်မှုကလဲ မရသေး
ဘဝအဆွေးတွေ အပါခေါ်သွားနေလို့
ဆရာတော်တပါးကလေ အကြံတောင်ပေးခဲ့
ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်လိုက်ကြပါလို့လေ…။

ခက်တာက
ပြဿနာပဲ အားခဲချင်နေတော့
နွားကွဲရင် ကျားဆွဲမယ် တဲ့…
အများပဲ ဆိုကြတယ်လေ
နဂိုက ပြဲချောင်နေတာကို
ကွဲအောင်ပဲ ဖန်တီးနေပြီး
အကြံကြီးတွေ ကြံဆ ကိန်းခန်းအရနဲ့
မငြိမ်းချမ်းရအောင် အမှားယူနေမှတော့
ကြားလူတွေပဲ ကြီးပွားနေဦးမှာပဲ…။

အော် … သူခိုးကို ဓားရိုးကမ်းခဲ့ကြလို့
အမျိုးမှန်း သူခိုးမှန်းပင် မသိတော့ပဲ
အကျိုးအကန်း အသိ အချာတွေနဲ့
ကဝိ ဗလာ တနပ်စား အရေးကို
မြက်စားပြီး တွေးခဲ့ကြလေသလား…?

အဖျက်သမားတို့ အရေးပေါ်တာတောင်မှ
ငမြက်စားရို့ အတွေးအခေါ်တွေ ခေါင်လို့
ဘေးချော်အောင်ပဲ လူစိတ် ခန်းကုန်တာကတော့
ကမ်းကုန်အောင်ပါပဲလား…။

ဟယ် အကွက်ဖော်လို့ ကစားချင်စိတ်နဲ့
နယ်စပ်ကျော်တို့ တရားဝင်ဖိတ်ပြီး
မတရားပင် လုပ်ဇာတ်ခင်းကာ
မဟုတ်မဟပ် သွင်းပြီးဆို့ထားခဲ့ သူတွေအတွက်
ဒင်းကြီးတို့ အားနဲ့ ပလပ်ပေးထားတော့
လာဘ်လေးက ပါးစပ်ဘေးမှာ မပြတ်သေးလို့လား မသိ
ဇာတ်မှေးကာ  အသာကယ် ဖေးရင်း
အကာအကွယ် ပေးနေလိုက်ကြတာ အမော အမော…။

ဟော…အခု  ဂျိုလေးတွေပေါက်တော့
ကိုယ်မွေးတဲ့ မျောက်လဲ အတိုးအဆုတ် မလုပ်နိုင်
အမျိုးဖြုတ်နိုင်တဲ့ မြွေပွေးကို
မအေးပေတွေ ခါးပိုက်ခဲ့လို့ နားကိုက် ပါးကိုက်နဲ့
အသားလှိုက်ကာ စားဖို့ကြုံကုန်ပြီမို့
နွားတို့အကုန် ဖြစ်တော့မှာပါလား…။

အကောက်ဥာဏ်နဲ့တော့
နောက်ပြန်ဖို့ မဖန်နဲ့
သဘောက်အကြံကို သိပေမယ့်
မရှိလေတဲ့ စည်းလုံးခြင်းကြောင့်
ခရီးဆုံး အပြင်း မနင်းနိုင်ကြသေးတာ…။

အင်း… တန်ခိုးထွားချင်သေးလို့
အချိုးအစား မပြင်သေးပဲ
အမျိုးသားချင်းပင် တအားသတ်ပေမယ့်
အမှားတော့ မဖက်ကြလေနဲ့
အဖွားအဖျက်မရဲ့ကစားကွက်ထဲကို
(…အတွက်) တအား စွပ်ကနဲ ဝင်ရောက်ကပ်သွားရင်
သင်နောက်ထပ် အခွင့်အရေး ရလိမ့်မယ်မဟုတ်ဘူး။

အို…အမောင် အမှားတွေ မလိုက်လေနဲ့
ဟို အချောင်သမားတွေ အကြိုက် ဖြစ်သွားမယ်
ထိုထို ချောင်နား တဝိုက်မှာ ကြဲပြန့်နေတာ
ပွဲလန့်ရင် ဖျာခင်းကြဖို့နော်
ဘာသတင်းမှ ပြန့်လွင့်မလာပေမယ့်
ငံ့လင့်နေတာ အသာဆော်ဖို့
မသာပေါ်ကုန်မယ် ဘာမှတ်သလဲ?...။

အသာနှပ်နေတာ ဥာဏ်ဆင်လာဖို့
အကြံမြင်လာတာနဲ့ တဆင့်အရေးဆိုပြီး
အခွင့်အရေးတွေကို ယူကုန်ကြတော့မှာ…

လူနုံ လူအ, တွေ ဥာဏ်ဆိုးမများကြနဲ့
အကြံဆိုးသမားက သင်တို့ချည်း မဟုတ်ဘူး။
အဖန်ဖန် ထိုးကစားတာတွေလဲ ရပ်နားပြီး
တဖက်သား ပြည်သူအတွက် စဉ်းစားသင့်ပြီ…။
အချင်းများဖို့ချည်း အားသုံး တွက်ချက်နေရင်
အားလုံး တဖက်လပ်ချည်း ဖြစ်နေလိမ့်မည်။

အော်… တ,ပဲ- တ,လိုက်ချင်သေးသည်…
အရှည်အကြာက ကျုပ်မှန်း၍ အဆိုကျော် နှိုင်းမရပါတဲ့
စလေဆရာ အချုပ်တန်းနဲ့ ကိုယ်တော်မှိုင်းတို့နဲ့

အတူခရီးလှော်သွားကြတဲ့ ဂူကြီးပျော် သခင်ကြီးတို့
(ဆရာနိုး)တို့ရေ
အကျိုးမျှော်မှန်းပြီး တန်ခိုးတော်စွမ်းသူများကို
ချီးမြှင့်ပေးကြပါဦးလို့ …
(ဘိုးတော် သရမ်းတွေတော့ မပေါ်လာပါစေနဲ့ ဖျာ့)….။

(နွေနှင်းမိုး)
၃-၇-၂၀၁၄


PostHeaderIcon အစွန်းရောက်သွားမလား

မေ့ပစ်ဖို့ လိုအပ်တဲ့အရာတွေကို မေ့လိုက်ပါ။ တခါတခါ လွှတ်ချလိုက်ရတာက
သယ်ယူထားရတာထက် ပိုသက်သာစေပါတယ်။ 
 
အသည်းကွဲတိုင်း ဘ၀ပျက်သွားတာမဟုတ်ဘူး။ ဘဝသစ်စဖို့ အခွင့်အရေးရသွားတာပါ။

လမ်းခွဲလိုက်တိုင်း ပြီးဆုံးသွားတာ မဟုတ်ဘူး။ လမ်းသစ်တခုအတွက် စတင်လိုက်တာပါ။

“ မထိုက်တန်သူက ကိုယ့်ဘေးက ဝေးဝေးသွားပါလိမ့်မယ်
ထိုက်တန်တဲ့သူက ကိုယ့်ဘေးကို နီးနီးလာလိမ့်မယ် ”

လူတွေအကြောင်းမသိခင်က
စိတ်နှလုံးဖြူစင်စွာနဲ့ ပေးဆပ်ဖို့တွေးတယ်။ အနစ်နာခံလို့ အဆင်ပြေအောင်နေပေးတယ်။
တဖက်သားပြောတဲ့ စကားတိုင်း ယုံကြည်ခဲ့တယ်။

နောက်ဆုံး
ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးလာတာတွေ၊ ကိုယ့်ကို သစ္စာမဲ့လာတွေချည်း 
ကြုံလာရတဲ့အခါ လူတွေကို အယုံအကြည်ကင်းမဲ့လာပြီး
တယောက်တည်း နေရတဲ့ ဘဝကို ပိုနှစ်သက်လာတယ်။

အစွန်းရောက်သွားပြီ ထင်ပါရဲ့။ 
 
(ကောင်းကင်ပြာ)
 

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...