သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, June 28, 2014

PostHeaderIcon ထို့ကြောင့် ဆင်တဲ့ ...

Photo: ထို့ကြောင့် ဆင်ဟုခေါ်သည်

လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။ 

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။ 

" မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။ အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေး လေးနဲ့ပဲ ပြန်ချည်တယ်။ သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ" ဟူ၍ ဖြစ်ပါတယ်။ 

သာဓက-

လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင် ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ် ကြပါတယ်။ ရည်မှန်းချက်များ၊ အိပ်မက်များကို ဆက်လက် အကောင် အထည် မဖော်တော့ပဲ စွန့်လွတ်လိုက်တတ်ကြပါတယ်။ 

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ် ပါတယ်။ ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဆိုတာကို သိရှိနားလည်ထား မှသာ အောင်မြင် လာမှာ ဖြစ်ပါတယ်။ 
----
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/33771-that-is-elephant

---
ထို့ကြောင့် ဆင်ဟုခေါ်သည်

လူတယောက်လမ်းလျှောက်လာရင်း ဆင်တကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။

ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချည်ပြီး မြေပြင်မှာ တုတ်ရိုက်ထားတာကို
တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေထောက်

တချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါဆို ဆင်က ရုန်းထွက်ပြီး
လူကို ရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။

"မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။

အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေးလေးနဲ့ပဲ ပြန်ချည်တယ်။
သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့
မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ"ဟူ၍
ဖြစ်ပါတယ်။

သာဓက-

လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင်

ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ်ကြပါတယ်။ ရည်မှန်း
ချက်များ၊ အိပ်မက်များကို ဆက်လက် အကောင်အထည် မဖော်တော့ပဲ စွန့်လွတ်
လိုက်တတ်ကြပါတယ်။

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ်ပါတယ်။

ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ
ဆိုတာကို သိရှိနားလည်ထားမှသာ အောင်မြင်လာမှာ ဖြစ်ပါတယ်။
----
အောင်ခမ်း (ရိုးရာလေး)

PostHeaderIcon “မိဆင်းရဲ”

Photo: “မိဆင်းရဲ”

သည်နေရာသို့ 
ငါလာခဲ့သည်၊ ငါတို့ ပြည်။

ထမင်း ဆီဆမ်း၊ လက်ဖက်ကွမ်းနှင့်
ရေချမ်းတစ်ခွက်၊ ထန်းလျက်တစ်ခဲ
ထန်းရွက်တဲနှင့်
ပျိုးကြဲစရာ၊ လယ်ယာ တစ်ခင်း
ငါ့အားနှင်းသည်
မိဆင်းရဲမည်၊ ငါတို့ ပြည်။

အမိ လက်ဆောင်၊ မပြောင်ရောင်လည်း
သားမောင် ပီတိ၊ တိုင်း မသိ။

အမိ တိုင်းပြည်၊ ဆင်းရဲသည်ကြောင့်
မစည်မပင်၊ မရွှင် မလန်း
မျက်နှာနွမ်းကို
ရယ်သွမ်း မသွေးရက်နိုင်ပါ။

အမိ တိုင်းပြည်၊ သက်တန်း ရှည်၍
ကြည်ကြည် လင်လင်၊ လ၀န်းပြင်သို့ 
စည်ပင် ထွန်းကား၊ ပါစေ သားဟု
သနား ချစ်ကြင်၊ ကျေးဇူးမြင်၍
တင်ပေဖူးသည်
ကျေးဇူးတောင်ထု၊ ဆပ်လိုမှုကြောင့် 
စုဆဲ ဆောင်းဆဲ၊ တခဲခဲ။

အမိရင်၌
မြပင်သိန်းသန်း၊ စိမ်းလန်းကြစေ။

ဟုတ်မှန်ကျန၊ ပုဒ်ပါဒတို့ 
နားကြ ၀ဲဝဲ၊ မြဲကြပါစေ။

အမိသွေး၌
လေးမြတ်ဖွယ်ရာ၊ ဂရုဏာနှင့်
မေတ္တာ စိတ်ဓာတ်၊ လှည့်ပတ်ကြစေ။

အမိ ဦးခေါင်း၊ စိုက်ဆောင်း လွှင့်ထူး
သရဖူကို
မည်သူသည်မျှ၊ ချူ မရစေ။

ဆင်းရဲခြင်းနှင့်၊ မိတ်ရင်းမှန်ဘိ
အို ... အမိ။

အမိ၏ သား၊ ငါတို့ ကားလျှင်
တရား စောင့်သိ၊ တို့  မွေးမိ၏
မွှေးတိကြိုင်ထုံ၊ မြတ်သောဂုဏ်ကို
အာရုံပြုကာ နေမြဲကို။

စကားဖြောင့်မှန်၊ တွေး ကြံ စွမ်းရှိ
သမာဓိနှင့်၊ ဘူမိ ပမာ
သည်းခံစွာဟု
မြန်မာ မိကောင်း၊ ဂုဏ်အပေါင်းကို
နှစ်ထောင်းကြည်ညိုနေမြဲကို။

အမိထံ၌
ဦးဆံဖြေခင်း၊ ပျပ်ဝပ်စင်းလျက်
မိမင်း ကျေးဇူး၊ ဆပ်ပေးဦးအံ့။

ပန်းဖူးကြိုင်စွာ၊ လက်အုပ်ကြာဖြင့်
ငါ၏အစွမ်း၊ တစ်လက်ဆွမ်းကို
ဝမ်းမြောက် ပျူ ငှာ၊ လက်ခံပါလော့
မြန်မာမိခင်၊ အို ... မိခင်။

တင်မိုး
၁၂၊၂၊၆၉ မှ ၂၇၊၅၊၇၀
“မိဆင်းရဲ”
******
သည်နေရာသို့
ငါလာခဲ့သည်၊ ငါတို့ပြည်။

ထမင်း ဆီဆမ်း၊ လက်ဖက်ကွမ်းနှင့်
ရေချမ်းတစ်ခွက်၊ ထန်းလျက်တစ်ခဲ
ထန်းရွက်တဲနှင့်
ပျိုးကြဲစရာ၊ လယ်ယာ တစ်ခင်း
ငါ့အားနှင်းသည်
မိဆင်းရဲမည်၊ ငါတို့ပြည်။

အမိ လက်ဆောင်၊ မပြောင်ရောင်လည်း
သားမောင် ပီတိ၊ တိုင်းမသိ။

အမိ တိုင်းပြည်၊ ဆင်းရဲသည်ကြောင့်
မစည်မပင်၊ မရွှင် မလန်း
မျက်နှာနွမ်းကို
ရယ်သွမ်း မသွေးရက်နိုင်ပါ။

အမိ တိုင်းပြည်၊ သက်တန်း ရှည်၍
ကြည်ကြည် လင်လင်၊ လ၀န်းပြင်သို့
စည်ပင် ထွန်းကား၊ ပါစေသားဟု
သနား ချစ်ကြင်၊ ကျေးဇူးမြင်၍
တင်ပေဖူးသည်
ကျေးဇူးတောင်ထု၊ ဆပ်လိုမှုကြောင့်
စုဆဲ ဆောင်းဆဲ၊ တခဲခဲ။

အမိရင်၌
မြပင်သိန်းသန်း၊ စိမ်းလန်းကြစေ။

ဟုတ်မှန်ကျန၊ ပုဒ်ပါဒတို့ 
နားကြ ၀ဲဝဲ၊ မြဲကြပါစေ။

အမိသွေး၌
လေးမြတ်ဖွယ်ရာ၊ ကရုဏာနှင့်
မေတ္တာ စိတ်ဓာတ်၊ လှည့်ပတ်ကြစေ။

အမိ ဦးခေါင်း၊ စိုက်ဆောင်း လွှင့်ထူး
သရဖူကို
မည်သူသည်မျှ၊ ချူ မရစေ။

ဆင်းရဲခြင်းနှင့်၊ မိတ်ရင်းမှန်ဘိ
အို ... အမိ။

အမိ၏ သား၊ ငါတို့ကားလျှင်
တရား စောင့်သိ၊ တို့ မွေးမိ၏
မွှေးတိကြိုင်ထုံ၊ မြတ်သောဂုဏ်ကို
အာရုံပြုကာ နေမြဲကို။

စကားဖြောင့်မှန်၊ တွေး ကြံ စွမ်းရှိ
သမာဓိနှင့်၊ ဘူမိ ပမာ
သည်းခံစွာဟု
မြန်မာ မိကောင်း၊ ဂုဏ်အပေါင်းကို
နှစ်ထောင်းကြည်ညိုနေမြဲကို။

အမိထံ၌
ဦးဆံဖြေခင်း၊ ပျပ်ဝပ်စင်းလျက်
မိမင်း ကျေးဇူး၊ ဆပ်ပေးဦးအံ့။

ပန်းဖူးကြိုင်စွာ၊ လက်အုပ်ကြာဖြင့်
ငါ၏အစွမ်း၊ တစ်လက်ဆွမ်းကို
ဝမ်းမြောက် ပျူ ငှာ၊ လက်ခံပါလော့
မြန်မာမိခင်၊ အို ... မိခင်။

တင်မိုး
၁၂၊၂၊ ၆၉ မှ ၂၇၊၅၊၇၀

PostHeaderIcon ပစ္စာဥစ္စာတို့ရဲ့ထွက်ပေါက် ၆ ပေါက်

  မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ ပစ္စည်းဥစ္စာတွေရဲ့ယိုပေါက်
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊
မြန်မာတွေ ကတော့ ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ"ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ
ပျောက်သွားတယ်၊ မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင်...

နံပါတ် (၁) က အာလသျ -လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင်-
ပျင်းတယ် ဆိုတာ- ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊
မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး
အလုပ်မလုပ်ပဲနဲ့နေတာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း
ပစ္စည်းဥစ္စာရဲ့ယိုထွက်ကျဖို့ရာ အပေါက်တခုပါပဲ။
နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်း
ကျိုး ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါး
တွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊
ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်
လက်လက် မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစား
စား လုပ်ရမယ်၊ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တခုပါပဲ။
 နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်းဟာ
လည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့အပေါက်တခုပါပဲ။
နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း မစောင့်စည်း၊ ကာယကံ ၀စီကံကို
လည်း မထိန်းသိမ်း မစောင့်ရှောက်၊ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်း မစောင့်
ရှောက်၊ အဲဒါဟာ- စီးပွားရေး ယိုပေါက်တခုပါပဲ။
နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊
ပုံမှန်မလုပ်ချင်ဘူး။ အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတခုပါပဲ။

ဘာအလုပ်မှ မလုပ်ဘဲ အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်၊ စောသေးတယ်၊ အချိန်ရွှေ့လိုက်
တယ်၊ ၈-နာရီလောက် အလုပ် လုပ်ရမှာကို မလုပ်သေးပါဘူး၊ ၉-နာရီမှ လုပ်မယ်၊ ၉-နာရီ
ကျတော့လည်း ၁၀-နာရီကျမှ သွားတော့မယ်၊ အဲဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို
ဆိုလိုပါတယ်။
   အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှပါ၊ မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ
မရှိနိုင်ဘူးလို့ မြတ်စွာဘုရားက ဟောထားပါတယ်၊ အဲဒီလို-အပေါက် ၆ ပေါက်ကို ပိတ်တာ
တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်လည်း
ကောင်းကျိုးရနိုင်ပါတယ်၊ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့ အရေးကြီးပါတယ်။
   ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း အဲဒီလို-အပေါက် ၆ ပေါက်ကို
ပိတ်တာတွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုး ရနိုင်သလို သံသရာအတွက်
လည်း ကောင်းကျိုးရနိုင်တယ်လို့ နားလည်သဘောပေါက်ကြကာ ကိုယ်စီကိုယ်ငှ သဘော
ကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ  ဟောကြားတော်မူသော
“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ)
Friday, June 27, 2014

PostHeaderIcon ဘီလူးအမေး မြတ်ဗုဒ္ဓအဖြေ

 အာဠာဝကဘီလူးက မေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော
(အာဠာဝကသုတ္တန်)။
******************************** 

(၁) လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
(၂) လောကမှာ ဘာလုပ်ရင် ချမ်းသာမှာလဲ။
အဖြေ=ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
(၃) လောကမှာ အကောင်းဆုံး အရသာက ဘာလဲ။
အဖြေ=အကောင်းဆုံး အရသာဟာ သစ္စာ။ (သစ္စံ သာဓုတရံ ရသာနံ)
 

(၄) လောကမှာ အကောင်းဆုံးသော အသက်ရှင်နည်းက ဘာလဲ။
အဖြေ=အသိပညာနဲ့ အသက်ရှင်တာ အသက်မွေးတာ အကောင်းဆုံး။

(ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
(၅)အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ=သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။ (သဒ္ဓါယ တရဟိ သြဃံ)
(၆) ကျယ်ပြောသော ဘ၀ကြီးကို ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ=သတိနဲ့ ဖြတ်ကူးရမယ်။ (အပ္ပမာဒေန အဏ္ဏ၀ံ)
 

(၇) ဆင်းရဲဒုက္ခကို ဘာနဲ့ ဖယ်ရှားမှာလဲ။
အဖြေ=ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့် ဖယ်ရှားနိုင်မယ်။ (၀ီရိယေန ဒုက္ခမစ္စေတိ)
(၈) စိတ်ဖြူစင်အောင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပညာ ဖြင့်သာ ဆေးကြောရမယ်။ (ပညာယ ပရိသုဇျွတိ)
(၉) ပညာကို ဘယ်လို ရအောင် ယူရမှာလဲ။
အဖြေ=နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ် မှတ်သားချင်တဲ့ဆန္ဒရှိရင်ပညာရပါတယ်။
(သုဿုတသာ လဘတေ ပညံ)
 

(၁၀) ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ=လုံလ၀ီရိယရှိပြီး တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
(ပတိရူပကာရီ ဓုရ၀ါ၊ ဥဌာတာ ၀ိန္ဒတေ ဓနံ)
(၁၁) အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
(၁၂) မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ=ပေးကမ်းပါ။ (ဒဒံ မိတ္တနိ ဂန္ထတိ)
 

(၁၃) ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ=အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။

(သစ္စံ ဓမ္မော ဓိတိ စာဂေါ)

အရှင်နန္ဒမာလာဘိဝံသ
(ဘအရေး စိတ်အေးရလေအောင် တရားတော်မှ)

PostHeaderIcon ဘဝဆိုတာ ဘာလဲ

ဘဝဆိုတာ ဘာလဲ
************
ဘဝဆိုတာ ဘာလဲ။ ဘဝဆိုတာ အိပ်မက်ပါပဲ။ အိပ်မက်ဟာ ဘဝပါပဲ။

ဘဝဆိုတာ အိပ်မက်ဆိုတာကို သက်သေပြမယ်။

အတိတ်ဘဝက ဖြစ်ပျက်တွေ့ကြုံတာတွေ မရှိတော့ဘူး။ တကယ်မဟုတ်တော့ဘူး။

အနာဂတ်ဘဝမှာ ဖြစ်ပျက်မှာကလဲ တကယ်မဟုတ်သေးပါဘူး။ အနာဂတ်ဘဝ အတိတ် ဘဝမှာ နေထိုင်လို့မရသလို၊ ပစ္စုပ္ပန်ဘဝလဲ ဖြစ်ပျက်နေလို့ တကယ်နေထိုင်လို့ မရဘူး။
အတိတ်ဘဝနဲ့ အနာဂတ်ဘဝလိုပဲ ပစ္စုပ္ပန်ဘ၀ဟာလဲ အိပ်မက်ပါပဲ။
ဘယ်ဘဝမဆို အစစ်အမှန် ခိုင်မြဲတည်တံ့နေတာ မဟုတ်ဘူး။

ပစ္စုပ္ပန်ဘ၀မှာ နေထိုင်မှုဆိုတာလဲ ချက်ချင်းအတိတ်ဘဝဖြစ်သွားနေတယ်။ ယခု အတိတ်ဘဝ

ဖြစ်နေတဲ့ ပစ္စုပ္ပန်ဘ၀မှာနေရတဲ့ ဘ၀ဟာလဲ အိပ်မက်ပါပဲ။ တကယ်မရှိဘူး။ အတ္တ ပုဂ္ဂလ ဇီဝ
မရှိလို့ ဘယ်ဘ၀မဆို အိပ်မက်ပါပဲ။ စိတ်ခဏတိုင်း ပြောင်းလဲနေမှုပါပဲ။

ဘ၀ဟာ အတ္တ ဇီဝ ပုဂ္ဂလ ယောက်ျား၊ မိန်းမ၊ မရှိလို့ “သုညတ”လို့ ခေါ်တယ်။ အဲဒီ အနိစ္စ

တရား၊ ဒုက္ခတရား၊အနတ္တတရား သုညတတရားဟာ ဘ၀ပါပဲ။ ဘ၀ဟာ သုညတလို့ သတိ
ပဋ္ဌာန်အလုပ်နဲ့ တကယ်သိရင် အမြင့်ဆုံး ပညာဥာဏ်၊ ၀ိမုတ္တိသုခ လွတ်မြောက်တဲ့ချမ်းသာ
သစ္စာသိမှု ချမ်းသာမြတ်ကြီးကို ရပါတယ်။ သုညတ သိမှ နိဗ္ဗာန်ရတယ်။

ဘ၀ဟာ အိပ်မက်ဖြစ်လို့ ချစ်စရာ မုန်းစရာလဲမရှိ၊ အထင်အမြင် မှားစရာမရှိဘူး။

အိပ်မက်ထဲမှာ တစ္ဆေချောက်ခံရရင် ချက်ချင်းနိုးရင်နိုးတယ်။ နိုးပြီးရင် ဒါ အိပ်မက်ပဲ။
သူရဲတစ္တေ တကယ်ခြောက်လှန့်တာ မဟုတ်ပါလားလို့ သိရင် စိတ်ပေါ့ပါးသွက်လက်
တယ်။ ရီတောင် ရီမောရသေးတယ်။

ဘ၀ဟာ အိပ်မက်ဆိုတာကို နောက်တခု သက်သေပြမယ်။

ဘ၀ဟာ စိတ်ပါပဲ။ စိတ်ရဲ့အမူအယာတွေပဲ။ အိပ်မက်ဆိုတာလဲ စိတ်ရဲ့အမူအယာပဲ။

ဒါ့ကြောင့် ဘ၀ဟာ အိပ်မက်ပါပဲ။ စိတ်ကဖြစ်ပေါ်မှု၊ စိတ်ရဲ့အမြင်သက်သက်ပါပဲ။ အိပ်မက်စိတ်မှာ ကြောက်စရာအာရုံတွေ ကြုံရသလို၊ နိုးနေတဲ့စိတ်မှာလဲ ကြောက်စရာ
အာရုံတွေ ကြုံရတယ်။ အိပ်မက်စိတ်နဲ့ အမြင်ဟာ ဘ၀ပါပဲ။ မျက်မြင်လောကထဲ ဘာမှ
မထူးခြားဘူး။ စိတ်ရဲ့ထင်မြင်မှုပါပဲ။ အိပ်မက်ကို ပထမတော့ အစစ်အမှန် တကယ့်ဖြစ်ရပ်
လို့ ထင်ခဲ့ကြရတယ်။ အိပ်မက်ဆိုးဟာ အိပ်ရာကနိုးရင် ပျောက်သွားတယ်။
ဒါကြောင့် သတိပညာ ၀ိပဿနာစိတ် မဂ်စိတ်ရရင် ကိလေသာ စိတ်အမြင်တွေပျောက်သွားတယ်။ အိပ်မက်ဆိုးတွေ မရှိတော့ဘူး။

မျက်စိဟာ ရူပါရုံအဆင်း ကြည့်ရာမှာ မရောင့်ရဲနိုင်ဘူး။ နားကလဲ ကောင်းတဲ့အသံကို ကြားရာ မှာ ကျေနပ်ရောင့်ရဲခြင်း မရှိဘူး။ မျက်စိက အဆင်းလှလှကို ထပ်မံ ကြည့်ချင်နေတယ်။ နားက အသံသာယာတာကို ထပ်မံ ကြားချင်နေတယ်။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆား

ငန်ရေပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက မျက်စိ,နား, နှာ,လျှာ,ကိုယ်, စိတ် ဒွါရခြောက်ပါးမှာ
တဏှာ, မာန,ဒိဋ္ဌိ မီးလောင်နေတယ်လို့ ဟောတော်မူတယ်။ ဒွါရခြောက်ပါးမှာလဲ မီး ၁၁-ပါး
လောင်နေတာကို တွေ့မြင်နိုင်တယ်။

အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ အဆုံးအမများ

PostHeaderIcon သာယာအေးချမ်းဖို့


PostHeaderIcon “ကိုယ်စီတံဆိပ် ခပ်နှိပ်ကြ”

“ကိုယ်စီ တံဆိပ် ခပ်နှိပ်ကြ”
********** 
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထိုထိုသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓဝါဒီ၊ စွဲ၍ တည်မည်၊
ကိုယ်စီ ခပ်နှိပ်ကြစေသတည်း။

(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်)

PostHeaderIcon “ဓမ္မကြေးမုံ”

 “ဓမ္မကြေးမုံ”
*******
သန့်ရှင်း ကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင် ရူပ၊ လှ မလှကို၊
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍၊
ယင်ချေး မှဲ့ပြောက်၊ ဝက်ခြံပေါက်နှင့်၊
ညှင်းပြောက် တင်းတိတ်၊ ဖုအကျိတ်ကို၊
ဆေးသိပ် ပယ်ရှား၊ ပမာလားသို့၊
မြတ်ဖျား ဗုဒ္ဓ၊ ဟောညွန်ပြသည့်၊
ဓမ္မကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင် မန၊ စိတ်အလှကို၊
နေ့ညမရွေး၊ တင်စစ်ဆေးလော့၊
ညစ်ကြေးကိလေ၊ တွေ့ခဲ့ပေသော်၊
ခြောက်ထွေနည်းဖြင့်၊ ပျောက်စေလွင့်မှ၊
မလင့်မကြာ၊ သင့်ခန္ဓာသည်၊
ချမ်းသာဖုံးလိမ့် မှန်စွာတည်း။ ။

(မဟာဂန္ဓာရုံဆရာတော်) 

PostHeaderIcon နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ



 နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ
******************************
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်းမဟုတ်ပဲ နှလုံးခုန်ရုတ်တရက်
ရပ်တန့်စေတဲ့ ရောဂါကိုလည်း သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတွေဟာ
ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့အလေ့ရှိကြပါတယ်။ရေအေး(ရေခဲရေ) သောက်သုံး
လေ့မရှိကြပါဘူး။ အခုချိန်မှာ သူတို့ဆီက ထမင်းစားနေစဉ် ရေနွေးသောက်သုံးတဲ့ အလေ့အ
ထကို ရတီတို့တွေ ပြောင်းလဲကျင့်သုံးသင့်ပါတယ်။

အခုဆောင်းပါးလေးက ထမင်းစားပြီး ရေခဲရေ သောက်သုံးသူတွေအတွက်တော့ သက်
ရောက်မှုရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးရင် ရေခဲရေ ဒါမှမဟုတ် အအေးတခုခု
သောက်သုံးလိုက်ခြင်းဟာ အတော်လေးအရသာရှိ ပါတယ်။ ဒါပေမယ့်လည်း ရေခဲရေကနေ
ပြီးတော့ မကြာခင်က စားသုံးထားတဲ့ အစာတွေကို ဆီခဲတွေလို အစိုင်အခဲအဖြစ်ကို ရောက်
စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေကို ဖြိုခွဲပြီး
အူနံရံတွေကနေ အခဲအစာတွေထက် ပိုမိုလျင်မြန်စွာ စုတ်ယူပါလိမ့်မယ်။ အဲဒါတွေဟာ အူ
ထဲမှာ အဆီအခဲအဖြစ် ပြောင်းလဲသွားပြီးတော့ ကင်ဆာရောဂါဖြစ်စေဖို့ ဦးတည်နိုင်ပါ
တယ်။
အကောင်းဆုံးကတော့ အစာစားပြီးတိုင်းမှာ စွပ်ပြုတ်ပူပူလေးဖြစ်ဖြစ် ရေနွေးဖြစ်ဖြစ်
သောက်သုံးတာဖြစ်ပါတယ်။

(အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တာမျိုး)
သင်သိသင့်တာကတော့ နှလုံးခုန် ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာအားလုံးမှာ ဘယ်ဘက်
လက်မောင်းကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလည်း သတိထား
သင့်ပါတယ်။ နှလုံးခုန် ရုတ်တရက် ရပ်တန့်စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမ
ဆုံး ရင်ဘက်နာခြင်းကို ခံစားရမည်မဟုတ်ပါ။ ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်းတွေဟာ
လည်း အများဆုံးဖြစ်နိုင်တဲ့ လက္ခဏာတွေပါပဲ။ ၆၀-ရာခိုင်းနှုန်းသော နှလုံးခုန် ရုတ်တရက်
ရပ်တန့်ကြတဲ့သူတွေဟာ အိပ်ပျော်နေရင်းကနေ ပြန်လည် နိုးထလာခြင်း မရှိတော့ပါဘူး။
မေးရိုးနာကျင်ခြင်းက သင့်ကို နိုးထအောင် လုပ်နိုင်ပါတယ်။ ကျနော်တို့တတွေ ဂရုပြုပြီး
သတိထားရမှာဖြစ်ပါတယ်။
ရတီတို့ ဆက်လက်အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။
နှလုံးရောဂါအထူးကုတယောက် ပြောတာက ဒီစာကို ဖတ်မိသူ တယောက်ကနေပြီးတော့
နောက်ထပ် ဆယ်ယောက်ကို ဆက်ပို့ပေးမယ်ဆိုရင် သင်နဲ့ကျွန်ုပ်တို့ဟာ အနည်းဆုံး အသက်
တချောင်းကို ကယ်ဆယ်နိုင်မည်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပါ။ ပြီးတော့ မိတ်ဆွေ
များဆီကို မျှဝေပါ။ ဒီလိုလုပ်ခြင်းဟာ အသက်တချောင်းကို ကယ်တင်ခြင်းဖြစ်ပါတယ်။
ဒီရောဂါက လူကြီး လူငယ် အားလုံး ကြီးငယ်မရွေး ဖြစ်နိုင်တာပါ။
တချို့မွေးထဲက ဖြစ်လာတာတွေလဲ တပုံပင်ဖြစ်သည်။

(ရတီ)

PostHeaderIcon အိမ်ပြန်ကြစို့

နေခြည်ကွယ်လို့ ဆည်းဆာတောက်တဲ့အခါ
တိမ်ငွေ့ကြားက ငှက်တအုပ်ဟာ
အိမ်ပြန်ကြစို့ဆိုပြီး ကြွေးကြော်သွားကြတယ်။

ငါရဲ့ ဝိဥာဏ်ဟာ ရုတ်တရက်
အသက်မဲ့သွားတယ်လို့ ငါထင်လိုက်တယ်
တလက်စာထဲ...
ငှက်အုပ်စုနောက် ငါ့ဝိဥာဏ်လိုက်သွားပြီ။

ရေယာဉ်ကြောမှာ အလိုက်သင့်
စီးဆင်းလိုက်ပါနေတဲ့ ဗေဒါက
Goodbye တဲ့...။

ငါ့ရဲ့နှလုံးအိမ်မှာ ရိုးရာမြေရဲ့
ဂီတသံတွေ စီးဝင်နေတယ်။
ဒီဆည်းဆာ ဒီရေ
ငှက်တို့ရဲ့အိမ်ပြန်ကြစို့ ဆိုတဲ့
အချက်ပေးသံက ငါ့ရဲ့ အိမ်ပြန်ဂီတပဲ။

ဖေဖေ့ရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ အပြုံး
မေမေရဲ့ ကြည်နူးဝမ်းသာနေတဲ့ အပြုံးတွေဟာ
အမိမြေပေါ်မှာ ဝန်းကျင်တခုလုံးကို ပျံ့လွင့်လို့။

ရာသီပန်းတို့ ယနံ့နဲ့အလှဟာ
ငါ့ကို ပြုံးရယ်စွာ ကြိုဆိုကြတယ်။

ချစ်သူရဲ့ အပြုံးဟာ နှလုံးသားကို
နွေးထွေးသွားတယ်။

ငါ ဖြတ်ခနဲ သတိဝင်လာတဲ့ အချိန်မှာ
နေမင်းက ဆည်းဆာကို ရုတ်သိမ်းလိုက်ပြီး
ရေသံသဲ့သဲ့ကို ငါကြားသလို မကြားသလိုနဲ့
ရေသံလေးတွေကတော့ သူ့လို မရပ်မနား
ဘဝကို ခရီးဆက်နေပါတယ်တဲ့။

အခု ငါ့မှာ ရောဂါတခု တိုးလာတယ်
ကိုယ့်ကိုယ်ကို သိလိုက်တာက
Homesick ..ဆိုတဲ့ ရောဂါတဲ့..။
ငှက်ကလေးတို့ရေ 
ပြန်နှင့်ကြပါကွယ်..။။
ငါ့ရဲ့ အမိမြေကို ရောက်တဲ့အခါ
မကြာခင် ငါ ပြန်လာတော့မယ်လို့
သတင်းပေးလိုက်ကြပါနော်...။
(Homesick...အိမ်ကို အောက်မေ့လွမ်းဆွတ်သော ဝေဒနာ)

(နေရီချို)

PostHeaderIcon အမေ


 ချွေးမ လုပ်တဲ့သူက "ပေါ့တော့လဲ အရသာ မရှိဘူး၊ ငံတော့လဲ မျိုမကျဘူးနဲ့
အမေက ဘာဖြစ်ချင်တာလဲ?"

အမေက သူ့သားပြန်လာတာ မြင်တော့ ဘာမှ မပြောတော့ပဲ ထမင်းဟင်းကို ပါးစပ်ထဲ သွတ်ထည့် လိုက်တယ်။ သူမ သူ့ကို မျက်စောင်းထိုးပြီး တချက်ကြည့်လိုက်တယ်။

သားဖြစ်သူက တလုတ်လောက် မြည်းကြည့်လိုက်တယ်။ ချက်ချင်း ပြန်ထွေးထုတ် လိုက်ပြီး
"ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့ မရဘူး
ဆိုတာကို"

"ကောင်းပြီလေ၊ ဒါ ရှင့် အမေပဲ၊ နောက်ကျရင် ရှင်ပဲ ချက်တော့"
ချွေးမက ပြောပြီးတာ့ ဆောင့်အောင့်ပြီး အခန်းထဲ ဝင်သွားတယ်။

သားက သက်ပြင်းတချက် ချလိုက်ပြီး ပြောလိုက်တယ်...

"အမေ မစားနဲ့တော့၊ သား ခေါက်ဆွဲ ချက်ကျွေးမယ်"

"သား မင်း အမေ့ကို ပြောစရာ ရှိတယ်မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊

စိတ်ထဲမှာ မျိုသိပ်မထားပါနဲ့"

" အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊

မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ် ပြောတယ်။ ဒါကြောင့်…"

“သား အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်” အသံလေးက တုန်ရီနေတယ်။

သား ကလဲ ခဏငြိမ်သက်သွားတယ်၊ ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။

“အမေ လူအိုရုံကလဲ မကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့အတိုင်း မိန်းမ အလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်း ပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာက ကျွေးမဲ့သူ ပြုစုမဲ့သူ အဆင်သင့်

ရှိပြီးသားပဲ။ အိမ်မှာထက်တောင် ပိုအဆင်ပြေသေးတယ် မဟုတ်ဘူးလား?”

“…….....”

ရေမိုချိုးပြီး ခေါက်ဆွဲထုတ်ကိုပဲ ကမန်းကတန်း ပြုတ်စားလိုက်တယ်။ သူ အခန်းထဲ ဝင် သွားပြီး ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ တွေဝေနေသလိုပဲ။
အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ သူ့ကို ကျောင်းပြီးတဲ့အထိ

တယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ်စဉ်အခါက ပင်ပန်းခဲ့တာတွေကို အကြောင်း
ပြပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမက
တော့ အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။

အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? သူ့ကိုယ်သူ ပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။

“မင်းရဲ့နောက်ပိုင်းဘဝကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်းအမေ

မဟုတ်ဘူး”လို့ ဦးလေးရဲ့သားက အမြဲသတိပေးတယ်။
“မင်း အမေ ဒီလောက်တောင် အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်း ကောင်းကောင်း ပြုစုပါလား? သစ်ပင်သည် ငြိမ်ချင်သော်လည်း

လေကမငြိမ်ပေ။ မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့
မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေကတော့ သတိပေးကြတယ်။
သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။
*   *   *   *   *

နေမင်းက သူ့ရဲ့ပူပြင်းလှတဲ့ အရှိန်အဝါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခို
သွားပြီ။ မြို့ပြင် ဆိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….

ဟုတ်တယ်လေ၊ ပိုက်ဆံများများ သုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။
သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲဝင်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီဖန်သားပြင်မှာ

ဟာသကား တကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။
တချို့အင်္ကျီဆင်တူ ဝတ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။

စိတ်ဓာတ်ကျနေတဲ့ ပုံတွေပဲ။
နောက် လူအိုတယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီး မြေကြီးပေါ် ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။

သားက သိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင်

ကောင်းကောင်းရတဲ့ အခန်းတခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေ
လှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြု တွေကလဲ တွန်းလှည်းတွေကို
တွန်းပေးပြီး တချို့လူအိုတွေကလည်း လမ်းလျှောက်နေကြတယ်။ ပတ်ဝန်းကျင် တိတ်
ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ဝမ်းနည်းသလိုလို ဖြစ်လာစေတယ်။
ဆည်းဆာသည် လှပသော်လည်းပဲ မှောင်ရီပျိုးနေပြီ။

“အမေ သားပြန်တော့မယ်။”

အမေကတော့ ခေါင်းလေးတချက်ပဲ ငြိမ့်လိုက်တယ်။ သူ လှည့်ထွက်သွားတဲ့အချိန်မှာ အမေကတော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့

ပါးစပ်ကို ဟပြီး ခြောက်ကပ် ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေ
များစွာနဲ့ ကျန်နေရစ်ခဲ့တယ်။ သားလေးက အဲဒီအချိန်မှာမှ မိခင်ရဲ့မီးခိုရောင်သန်းနေတဲ့
ဆံနွယ်တွေ၊ ချိုင့်ဝင်နေတဲ့ မျက်ဝန်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင်ကို သတိထားမိတယ်။
အမေ တကယ် အိုနေပါပြီလား။

သူ ရုတ်ချည်း တခုကို သတိရလိုက်တယ်။ သူ ၆.နှစ်သား အရွယ်တုန်းက အမေဟာ

အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ခြေထောက်ကို ဖက်ပြီး ကြောက်လန့်တကြား အော်ငိုပါလေရော...

“မေမေ သားကို ပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။” နောက်ဆုံး အမေကလဲ သူ့ကို

မထားရစ်ခဲ့ပါဘူး။

သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ တံခါးကိုပါ ဆွဲပိတ်လိုက်တယ်။
နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့။

အိမ်ပြန်ရောက်လာတော့ မိန်းမက သူ့အမေ ပစ္စည်းတွေကို စွန့်ပစ်နေတာ အားရပါးရပဲ။

၃ လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတခု၊ ဒါဟာ မူလတန်းတုန်းက စာစီစာကုန်း ပြိုင်ပွဲ
“ကျွန်တော်၏ မိခင်”မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။ အင်္ဂလိပ်-မြန်မာ
အဘိဓာန် စာအုပ်လေး၊ ဒါကတော့ အမေ မစားရက် မသောက်ရက် ချွေတာပြီး
ဝယ်ထားပေးတဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။

နောက်ပြီး အိပ်ရာဝင်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။
" မင်း အမေကို မလိမ်းပေးတော့ လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?

“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ ဒေါသတကြီးအော်လိုက်တယ်။
“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ

ပြန်အော်တယ်။
“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့အမွေတွေပဲ၊ ဘာမှ မထိနဲ့”
“ရှင် ဒါ ဘာသဘောလဲ?”
“မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ ငါ့အမေကိုကော နင်ချစ်လို့ မရဘူးလား?”

ပြောပြီး သူ ကားမောင်းထွက်သွားတယ်။
***  ***  ***  *** ***
မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ လမ်းမှာလဲ လူတွေရှင်းလို့၊ သူ အဆုံးစွန်အထိ

နင်းပြီး မောင်းလာခဲ့တယ်။ ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ ဦးတည်လျက်။
ကားကို ရပ်ပြီးတာနဲ့ လှေခါးပေါ် ပြေးတက်သွားပြီး အမေ့ အခန်းတံခါးကို တွန်းဖွင့်
လိုက်တယ်။

သူ ဝိဥာဏ်မဲ့စွာ ရပ်နေတယ်။
အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂-ဖက်ကို နှိပ်နေရှာတယ်။ သားလက်ထဲက ဒဏ်ကြေ လိမ်းဆေးကိုမြင်တော့ ဝမ်းသာအားရနဲ့ ပြောလိုက်တယ်။

“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ သား ယူလာပေးလို့”

သူဟာ အမေဘေးနားကို တိုးသွားပြီး ဒူးထောက်လိုက်တယ်။

“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ မနက်ဖန် ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”

သူ ခဏ မှင်သက်သွားပြီး နောက်ဆုံး ထိန်းမရတဲ့ မျက်ရည်တွေ လျှံထွက်လာပြီး
“သားကို ခွင့်လွှတ်ပါ။ သားတောင်းပန်ပါတယ်။ အိမ်ပြန်ရအောင်နော်”

ကိုယ်တွေ တဖြေးဖြေး ကြီးလာတာနဲ့အမျှ မိဘတွေ နုနယ်တဲ့ မျက်နှာ တဖြေးဖြေး အိုမင်းခဲ့တာကို မြင်တွေ့နေရတယ်။ နက်မှောင်တဲ့ ဆံကေသာ ဖြူရောင်သမ်းလာတယ်၊ လျင်မြန်ဖျက်လပ်မှုကနေ တုံ့နှေးလာတယ်။ ဘယ်လောက်ထိ ရင်နာစရာကောင်းလဲ။

မိဘဆိုတာ အကောင်းဆုံး တန်ဖိုး အကြီးမားဆုံး အရာတွေကို ထားခဲ့ပေးတယ်။

ဖယောင်းတိုင်မီးလိုဘဲ အဆက်မပျက် ကိုယ့်ကိုယ်ကို လောင်ကျွမ်းပြီး

သားသမီးတွေကို အလင်းရောင်ပေးခဲ့တယ်။ ကျွန်တော်တို့က ရော?

သူတို့အတွက် နေရာလေး ပေးနိုင်လား?

ဒါမှမဟုတ် လိုအပ်တဲ့ အချိန်မှာမှ သတိရတာလား?

သူတို့တောင်းဆိုတာ တကယ်မများပါဘူး။

“မေမေ ဒီနေ့ နေကောင်းလား ထမင်းစားပြီးပြီလား” ဆိုတဲ့
ရိုးရှင်းတဲ့ စကားသံလေးပါပဲ။

မိဘကျေးဇူး မဆပ်နိုင်ကြရင်တောင် ကျေးဇူးတော့ မကန်းသင့်ဘူးလို့

ကျွန်တော် ထင်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းများ ဗုဒ္ဓဘာသာဝင်ပီပီ မိဘကျေးဇူး အထူးကျေနိုင်ကြပါစေသား..။
(Royal Hero Media)

PostHeaderIcon စကားပြော အတတ်ပညာ

စကားပြောကောင်းခြင်းဟာ အတတ်ပညာတမျိုးပါ
*************************************************
မိမိဟာ စကားတခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာရောက်စေချင်ရင် မိမိ
ရောက်နေတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို အရင်ဆုံး လေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ
အသိုင်းဝိုင်းဟာ ဘယ်လို အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့လိုအပ်တယ်။ ဒါမှသာ ထိထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာလည်း အတတ် ပညာတမျိုးဖြစ်ပါတယ်။

ကိုယ်ဘာပြောချင်တယ် ဆိုတာထက် သူတို့ ဘယ်လိုစကားတွေ နှစ်သက်တတ်လည်းဆိုတာ

သိအောင် အရင်လုပ်ရမှာဖြစ်တယ်။ ပရိသတ်က နှလုံးသားနဲ့ နားထောင်လာနိုင်ဖို့အတွက်
ပရိသတ်ရဲ့ နှလုံးသားဆိုတာကို ရအောင် အရင်ဦးဆုံး ယူနိုင်ဖို့တော့ လိုပါလိမ့်မယ်။ လူတ
ယောက်ရဲ့ နှလုံးသားကို ရလိုက်ခြင်းဟာ ဒီလူရဲ့ ဘဝကို ရလိုက်ခြင်းတမျိုးပါ။

စင်မြင့်ထက်မှာ စကားပြောတာပဲဖြစ်ဖြစ်၊ အပေါင်းသင်းမိတ်ဆွေကြားမှာ စကားပြောတာပဲ

ဖြစ်ဖြစ် ပထမဆုံး နားထောင်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့သင့်
ပါဘူး။ ဟာသလေးတွေ ကြားညှပ် ပြောတတ်ဖို့လည်းလိုပါတယ်။ သူတို့ရဲ့ ဓလေ့စရိုက်၊ အမူ
အကျင့်လေးတွေက မိမိ နှစ်သက်မိတယ်ဆိုတာမျိုးကိုလည်း ပြောဖို့ လိုပါတယ်။ ဒီအခြေခံ သဘောတရားတွေတော့ သိနေရမှာပါ။

ကိုယ်ပြောတဲ့ စကားလေးတခွန်းဟာ လူတဖက်သားရဲ့ ဘဝ သေဆုံးသွားနိုင်သလို၊

အောင်မြင်သွားတဲ့ အထိလည်း ဘဝပြောင်းလဲ သွားနိုင်တယ်ဆိုတာ တွေးထားသင့်
ပါတယ်။ ဒါဟာ စကားမမှားနိုင်ဖို့လည်း ဆင်ခြင်ရာရောက်ပါတယ်။ စကားတခွန်း
ကြောင့်လည်း မိမိရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်ပါသေးတယ်။ သတိထားဖို့ လိုပါ
တယ်။

အပြောအဆို ကျွမ်းကျင်လိမ္မာခြင်းဟာ အလိုဆန္ဒတဝက်ကို ပြီးမြောက်နိုင်ပါတယ်။

ဒါကြောင့် လူတယောက်က စကားပြောတတ်ဖို့ သိပ်အရေးကြီးပါတယ်။
ယနေ့ ကမ္ဘာမှာ အောင်မြင်နေသူတွေဟာ အဟောအပြော ကောင်းသူများဖြစ်တယ်
ဆိုတာကို လေ့လာတွေ့ရှိနိုင်မှာပါ။ စကားပြောကောင်းတဲ့ သူတိုင်းဟာလည်း စာဖတ်
တဲ့ သူတွေဖြစ်ကြတယ်ဆိုတာပါ တွဲမှတ်ထားရမှာပါ။ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။

(အိပ်မက်ဧည့်ခန်း)

PostHeaderIcon လူပီသနိုင်မှ ကောင်းကျိုးဖြစ်မည်


ကိုယ်ကျင့်သိက္ခာအပေါ်မှာ တည်ဆောက်ထားသည့်
> စိတ်ဓာတ် > ဗဟုသုတ > ပညာတို့ဖြင့်သာ ကောင်းမွန်မြင့်မြတ်သည့်
လူသားဘဝ လူလောကကို တည်ဆောက်နိုင်မည်။
ထိုသို့ မဟုတ်ပါက ...
> စိတ်ဓာတ် > ဗဟုသုတ > ပညာ တို့သည် လူမိုက်ရဲ့လက်နက် တိရိစ္ဆာန်တို့၏
ခွန်အား ဦးချို အစွယ် အဆိပ်တို့သာ ဖြစ်ကာ လူသားဘဝ လူလောက ပျက်စီးစေရုံ
ဖျက်ဆီးရုံသာမက အပါယ်လေးဝသို့ ပို့ဆောင်မည့် ယာဉ်များသာ ဖြစ်သွားမည်
ဖြစ်သည်။

တဆက်တည်းပဲ ဆရာဦးရွှေအောင်၏ ''ဗုဒ္ဓ၊ လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်
ထွက်ပြီးစ ကာလက အလှူတခုမှာ ဆရာကြီးရယ်၊ သခင်ထိန်ဝင်းရယ်၊ ဗိုလ်ဗလ
(ရဲဘော်သုံးကျိပ်)နှင့် လူကြီးတွေ စကားပြောရင်း နိုင်ငံရေးဘက်သို့ ရောက်သွားကာ
သခင်ထိန်ဝင်းက ဆရာကြီးကို အခြေအနေ ဘယ်လိုထင်လဲ ... မေးတော့...
''လူကို လူလို မြင်ကြရင်တော့ အေးပြီပေါ့''တဲ့ နောက် ဆက်ပြောတာက
 "တွေ့တာနဲ့ စစ်သား အရပ်သား ဟိုပါတီ ဒီပါတီ ဆိုတာတွေ ဖယ်ပြီး လူလို့ပဲ
မြင်နိုင်မှနော်.." ထပ် ဆက်လိုက်သေးတာက...
" လူဆိုတာလဲ ကာယကံ ဝစီကံ မနောကံတွေ အရ လူပီသတဲ့ သူကိုမှ လူလို့
ပြောတာ"။

အဲဒီတော့ လူ မပီသဘူးဆိုရင် ဘယ်မူ ဘယ်စနစ်ကမှ ကောင်းကျိုး ဖြစ်လာမှာ
မဟုတ်တော့ပါဘူး...။
 

PostHeaderIcon လေးစားခံချင်ရင်


PostHeaderIcon ဘဝမှာ မည်သူ့ကိုမှ မနှိမ့်ချပါနဲ့


PostHeaderIcon ကြီးပွားကြောင်း (၇) ရပ်




 ကြီးပွးကြောင်း (၇) ရပ်
***************
(
၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတပုံကို အမြဲတမ်ျးန်ထားပါ။

(
၂) ကိုယ့်ဆီင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေင်တဲ့ လမ်း
ကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထား
ဖို့လည်း လိုတယ်။ မလိုအပ်ပဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်
ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(
၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွား
မယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်း
ချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ 

ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(
၎) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး
မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် 
ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ 
မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။
(သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက်ပဲယုံ )

(
၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုး
စား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ
ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(
၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊
တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(
၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့
ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင်
အဲဒီကို သွားကြမှာ )
........................

Credit :
ဆရာဖေမြင့် " ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် "
-

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...