ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, January 11, 2013
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေးအမြင်နှင့် မှတ်ချက်များ
12:06 PM |
Posted by
တိုးတိုး |
Edit Post
...............................................................................................
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်းအတွက်ဖြစ်ပေမယ့်။ လူသားအားလုံးက
ဗုဒ္ဓဘာသာ မဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊
တပည့်သာဝကတို့ကို အသိဥာဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။
(စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူး ကွဲပြား
သကဲ့သို့ပင်ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာ လိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာ
ရေး တစ်ခု ရှိခဲ့သည်ဆိုလျှင် ၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။
(အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်း
ကိစ္စမှာ တာဝန်မရှိပါ၊ မသိ မိုက်မဲတဲ့ စိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူ
ဖြစ်တယ်၊ မသိမိုက်မဲမှုကသာလျင် လူသတ်သမား အစစ်ဖြစ်ပါတယ်။ ဒါကြောင့်
မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ် ကြိုးပေး
ရမလဲ? လူသတ်သမားကို သစ္စာပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု
မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)
(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေ
ပေးစွမ်းနိုင်သော အယူဝါဒ တရပ်သာဖြစ်ရလိမ့်မည်။ အနှီဘာသာသည် ပုဂ္ဂလ
အဓိဋ္ဌာန် အယူအဆဖြင့် ဖန်တီး တီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်
ဆိုင်စေသင့်။
တယူသန်အစွဲအလမ်းများနှင့် ယင်းတို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက် ပညာကိုလည်း ကျော်လွှားလွန်မြောက်ရလိမ့်မည်။ ထိုဘာသာတရားသည် သဘာဝ
လောကဓာတ် (ရုပ်တရား)နှင့်တကွ နာမ်တရားများကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မဖြင့်
အဓိပ္ပါယ် ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်း ရှိရ
ပေလိမ့်မည်။
ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကိုတွေ့ရ၏။ မျက်မှောက်
ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာတရား
တစ်ခုရှိသည် ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။
(အိုင်စတိုင်းလ် - Albert Einstein)
(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာ
ဖြစ်သည် ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်က ကျွနုပ်အား တိုက်တွန်း
ခဲ့သော် ကျွနုပ် စိတ်ပါလက်ပါ စာနာ ထောက်ထားသောအားဖြင့်"ဗုဒ္ဓဘာသာသည်
ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါ
သည်။
(ရာဘင် ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွှတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့
ဖြင့် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်
ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ
ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)
(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့်
လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။
(နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်
အကျုံးဝင်နေသည်ဟု ကျွနုပ် ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒ
အပေါ်ဂေါတမဗုဒ္ဓက မည်ကဲ့သို့ ကြီးမားစွာပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ
ပြန်လည်စူးစမ်း ရှာဖွေရန် မဖြစ်နိုင်တော့ချေ။
(မဟတ္တမဂန္ဒီ - Ghandi)
(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သော သင်ကြားမှုများမှာ တစ်စုံ
တစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်
သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။
(အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ ---အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေ
ထက် အကြောင်းအရာတစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရား
ဒေသနာတော်ကို လေးစား မြတ်နိုးလှပါသည်။ အဲဒီ အကြောင်းအရာဟာ ဘာလဲ
ဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်း
ဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်းဖြစ်ပါတယ်။
(ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်း
ဝတ်ပြု ကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓ
ဝါဒီတို့က မယုံကြည်ချေ။
(ဂျွန်ဝေါလ်တားစ် - John Walters)
(၁၄) စိတ်ချမ်းတာစေတာက ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်း
လည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျ နေကြရပါသည်။
ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏
ချမ်းသာမူ အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့
သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။
(ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅) သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်း
ပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန်
ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။
(Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ဟိုက်ဒရိုဂျင်ဗုံးများ ရှိ
နေသည်ထက် ပို၍ လိုအပ်သော အချိန်ဖြစ်သည်။ (နေရူး - Nehru)
(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီး
သည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင်
အကျင့်သိက္ခာ၊ပညာဥာဏ်၊ စဉ်းစားဥာဏ်၊ စိတ်နေသဘောထား အရာတို့၌
အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင်ဖြစ်သည်။
(ရာဟုလာ သံကစ္စည်း)
(၁၈) လူမှုဒုက္ခသုက္ခ အရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာ
တော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိ
ချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သော စကားထွက်ပေါ်လာသည်ဟူ၍
မည်သည့်အခါမျှ မရှိပေ။
(Dr. S. Radhakrishnan)
(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များ
အနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ
တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊သို့သော် ကမ္ဘာ့ဘာသာ
ကြီးများအနက် တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများ
ပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ" ဗုဒ္ဓဘာသာ"
ဖြစ်ပါသည်။
(Bertrand Russell, English Philosopher)
(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။
ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်)များသည်"ဧဟိ ပဿိကော လာလှည့် ရှု
လှည့်"ဟု ဖိတ်ခေါ်ခြင်းကိုသာပြု၍ လာပြီး ယုံကြည်လော့ဟု မဆိုပေ။
(ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ- Ven. Dr.W. Rahula)
(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏
ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်း ကိုယ်တိုင် ရယူနိုင်သည့် လွတ်မြောက်ရေးကို
ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေ
ကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွား
နိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။
ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။
ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။
(ဒလိုင်လားမား - Dalai Lama)
(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့မှာ တစ်ကြိမ်သာပွင့်ခဲ့တာ
ပညာရနံ့ မေတ္တာ ပျားရည်စက်များ လောကကို ပြည့်ဝစေတာ လူသား
ပန်းတစ်ပွင့်ပါ။
(ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့် ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်
ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ
ပြောဆိုပါဦးမည်။
(ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့် ဘဝ၏ တကယ့်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်
သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။
(ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာများသည် ၎င်းတို့၏ တပည့်များကို အ
ခြား ဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊ စာပေများကို
ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။
ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀) စွမ်းရည်သတ္တိ ဘယ်လောက် သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုး
ကြောင့် သတ္တိဗျတ္တိပြည့်ဝလာစေပါတယ်။ အညံ့စား လူတစ်ဦးကို အတော်
ဆုံးလူ ဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။
(ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့် အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနုပညာပြခန်း " စာအုပ်မှ
Labels:
သူတို့ပြောစကား
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
January
(20)
- တွေးမိတိုင်း အရိုးနာ
- ဗေဒါလမ်း
- အာဇာနည်ဗိမာန်
- အပ္ပမာဒ သံဝေဂလင်္ကာ
- သံဝေဂ ရှုမြင်ရန်
- တော်လှန်ရေးဆိုတာ လုပ်သင့်သလား ?
- သင်... သေသွားသော်
- သံဝေဂလင်္ကာ
- လူကြီး သူငယ်နာ...
- ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေးအမြင်နှ...
- ဒဿန
- ခပ်စိမ်းစိမ်းပဲ နေပါမယ်..
- သက်ဆိုင်သူ
- ရောက်တတ်ရာရာ...
- အောင်မြင်ရေး
- အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူး။ ...
- “မနေ့က ဆောင်း”
- ခွဲခွာခြင်းရဲ့ ဆန္ဒ....
- ချစ်သူ
- ချစ်သူသစ်ပင်
-
▼
January
(20)
0 comments:
Post a Comment