ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, November 15, 2013
မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ
12:16 PM |
Posted by
တိုးတိုး |
Edit Post
ရှေးခေတ်…မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ
**********************************
ချမ်းသာစေသော၊
လမ်းသာစေသော၊ လာစေသောဟု၊ သြဓိဿပတ္တနာ၊
မေတ္တာရေချမ်း၊ ဆွတ်ဖျန်းလေ့ရှိ၊ မိခင်စကား၊ မှာကြားလိုက်သည်၊
သား မောင်ရွှေအောင် ... ။
နေ့ရက်လရှည်၊
နှစ်လည် ပေါင်းကူး [1]၊ ဝေးကျူးရပ်မြေ၊ ကြာရှာလေသောကြောင့်၊
မအေ သားချင်း [2]၊ ဆွေရင်းတို့က၊ စိုးရိမ်လှ၍၊ မိဘတို့ထံ၊
ပြန်လည်ခဲ့စေချင်ပါသည်။
ယောက်ျားစွမ်းအား၊
ဝေးရပ်သွား၍၊ နေ့များ နှစ်ကြာ၊ ရှာဖွေသည့် အရေးမှာ…
(၁)
သေးမှသာ လှသည် မဟုတ်ပါ၊ ဝေးမှသာ ရသည် မဟုတ်ပါ၊
မသေးပဲနှင့်ပင် လှပါသည်၊ မဝေးပဲနှင့်ပင်
ရပါသည်။
(၂)
ပြာ[3] မှသာ လှသည် မဟုတ်ပါ၊ ကြာမှသာ ရသည် မဟုတ်ပါ၊
မပြာပဲနှင့်ပင် လှပါသည်၊ မကြာပဲနှင့်ပင် ရပါသည်။
(၃)
ကံသာ ဥစ္စာဓန ဖြစ်ချေသည်၊ ဉာဏ်မှာ ဟုတ်ရာသမျှ ဖြစ်ချေသည်။
(၄)
ကံရှိမှ တက်သည်၊ ဥာဏ်ရှိမှ မြတ်သည်။
(၅)
ကံနှိုးဆော်မှ ထင်ပေါ်သည်၊ ဉာဏ်နှိုးဆော်မှ မြင်မြော်သည်။
(၆)
ကံပင်ရှိသော်လည်း ဝီရိယ ချွတ်တတ်သည်၊ ဉာဏ်ပင်ရှိသော်လည်း
သတိက လွတ်တတ်သည်။
(၇)
ကံပင်ရှိသော်လည်း ဝီရိယ ကူရမည်၊ ဉာဏ်ပင်ရှိသော်လည်း
သတိက မူရမည်။
(၈)
ကြော့ကြမ်း [4]လျှင် မုန်းတတ်သည်၊ သော့သွမ်း[5]လျှင် ဆုံးတတ်သည်၊
ဟော့ရမ်း[6]လျှင်
ရှုံးတတ်သည်။
(၉)
မကြော့ မကြမ်း နုရမည်၊ မသော့ မသွမ်း ပြုရမည်၊ မဟော့ မရမ်း ရှုရမည်။
(၁၀) ဂူပျက်ကိုလည်း မအောင်းနှင့်၊ လူပျက်[7]ကိုလည်း မပေါင်းနှင့်၊
ဂူပျက်ကို အောင်းလျှင် ပိတတ်သည်၊ လူပျက်ကို ပေါင်းလျှင် ငြိတတ်သည်။
(၁၁) ထန်းလျက်နှင့် တူသည်လို့ ကျောက်ဖြူကိုလည်း မနမ်းနှင့်၊ ကျွမ်းလျက်နှင့် မြူသည်လို့
အောက်သူကိုလည်း မစမ်းနှင့်၊
ကျောက်ဖြူကို နမ်းလျှင် ဖုံကပ်သည်[8]၊ အောက်သူကို စမ်းလျှင် ကုန်တတ်သည်။
(၁၂) ကျတိုင်းလည်း ကုန်း၍ မကောက်နှင့်၊ ရတိုင်းလည်း သုံး၍ မဖျောက်နှင့်၊
ကျတိုင်း ကောက်လျှင်
လူရယ်မည်၊ ရတိုင်း ဖျောက်လျှင် ဖြူလွယ်သည်[9]။
အတည်တည်
မှာထား၊ သည်စကားရပ်များကို၊ စုံစမ်းကြည့်ရှု စရနည်[10]
လျက်၊
အထည်နှင့် အနံ၊ ဆင်တန်ရုံ ကြံစား[11] ၍၊ ယောက်ျားပြီစွာ၊လိမ္မာမြော်မြင်သည်နှင့်
အညီ၊ တလီမြန်မြန်၊ မယ်တို့ ထံသို့၊ ပြန်လည်ခဲ့မည့် အရေးကို၊
ရှေးလွမ်းဟောင်းတွင်၊ လွမ်းသစ်တင်၍၊ မြင်ချင်လှသည့် စိတ်ထားနှင့်၊ မှာကြားလိုက်ပါသည်၊
သား - မောင်ရွှေအောင်။
(ကျည်းကန်ရှင်ကြီး)
******************************
နံပါတ်များ တပ်ထားသည့် ခက်ဆစ်များ
++++ ++++++ ++++++
[1] ပေါင်းကူး
= ဆက်စပ်ခြင်း၊ တခုမှတခုသို့ ပေါင်းမိအောင် ကူးသန်းခြင်း။
[2] သားချင်း
= တမိတည်းမှ ပေါက်ပွားသော သားသမီးများ။
[3] ပြာ
= ညက်ညောခြင်း၊ နူးညံ့ခြင်း။
[4] ကြော့ကြမ်း
= ကြမ်းတမ်းခြင်း၊ ရိုင်းစိုင်းခြင်း။
[5] သော့သွမ်း
= ရမ်းကားခြင်း၊ ဆိုးသွမ်းခြင်း။
[6] ဟော့ရမ်း
= စည်းကမ်းမဲ့ပြုခြင်း၊ အစဉ်းစားမရှိ လုပ်ကိုင်ခြင်း။
[7] လူပျက်
= အကျင့်စာရိတ္တ ပျက်ပြားသူ၊ လူယုတ်မာ။
[8] ဖုံတတ်သည်
[9] ဖြူလွယ်သည်
= ကုန်စင်သည်၊ မနှေးလျင်စွာ ပြောင်ချောသွားသည်။
[10] စရနည်
= အကုန်နှံ့အောင် ရောမွှေခြင်း။
[11] ကြံစည်
= အထူးကြံစည်၍။
(အမွေအနှစ်)
Labels:
အဆုံးအမများ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
November
(48)
- မြန်မာမျိုးဘွဲ့
- ဆီကြော်မုန့်နှင့် ဆီးကျိတ် ကင်ဆာ
- နှစ်ကိုယ်တွေ့မှ ပို၍ ရွာပါ
- ဗုဒ္ဓတရားတော်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နှစ်ခု
- ဘယ်တော့များမှ တူဆုံမယ်
- သစ္စာတိုင်
- လက်တန်းဉာဏ် (မောင်ဘွဲ့)
- အဝိဇ္ဇာ မကုန်ကြသေးတော့ (မယ်ဘွဲ့)
- ကာလဆိုး
- မာန်
- ဘာတွေလဲကွယ်...
- ငွေမျက်နှာ
- “မျက်ဖြေ လင်္ကာ”
- ခင် ထွေးဖက်မှ မှေးစက်နိုင်မယ်ထင်
- ဆောင်းဘွဲ့ တေးထပ်
- အာဇာနည် စိတ်ဓာတ် ဆိုတာ
- ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးအသိ တစွန်းတစ
- ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ထဲက ပညာရေးအပေါ် သိမြင် ဆ...
- အခက်ကြီး လေးပါး
- ပထမ မစိုးရိမ်ဆရာတော်ကြီး၏ အဆုံးအမ
- ဂျာမန် စကားပုံ
- မြန်မာလူမျိုးတွေ ဘာ့ကြောင့် မချမ်းသာကြသလဲ..
- အဆုံးအမ
- အဆုံးအမ
- ဆီးချိုရောဂါ ကာကွယ်နည်းများ
- သွေးဆုံးချိန်မှာ ဖြစ်တတ်သော အမျိုးသမီး ကျန်းမာရေး
- အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေး သင့်သော ရေ...
- “တန်ဆောင်မုန်းလဘွဲ့
- "လတန်ဆောင်"
- ဘဝတောင်တန်း
- စိတ်တခုကို နိုင်ရင် အားလုံး အောင်မြင်နိုင်တယ်။
- ဆင်ခြင် သတိ ရှိကြစေချင်
- မုန်းစိတ်မကူး
- မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ
- “ မိုးတော မောင်ဘွဲ့ ”
- ပန်းချီ မနိုင်
- မကြောက်ဆေး
- ပညာရေးဟူသည်
- ရှေးဆရာတော်တို့၏ အတို ဆုံးမပုံ
- သံဝေဂ ယူတော့မယ်
- အဆင်းလမ်း
- မှတ်သားဖွယ် အဆုံးအမများ
- မှတ်သားခဲ့ဖူးသော အဆုံးအများ
- ဖတ်ခဲ့ဖူးသော ဒဿနများ
- မှတ်သားမိသော စကားလုံးများ
- ရှေး အဆုံးအမ
- မိဘကျေးဇူး (သို့) လောကကို မြင်စေသူ,ညွှန်ပြသူ
- ဆောင်းဘွဲ့
-
▼
November
(48)
0 comments:
Post a Comment