ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Sunday, April 27, 2014
အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ
7:50 PM |
Posted by
တိုးတိုး |
Edit Post
ဒါ့အပြင် ကိုယ့်ရဲ့ ခန္ဒာကိုယ်မှာလည်း အချစ်စိတ်ကြောင့် ပြောင်းလဲသွားတာမျိုးတွေ ရှိနေပါ
တယ်။ အဲဒါတွေကတော့
၁။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ပြောင်းလဲသွားပါတယ်။
မြင်မြင်းချင်း ချစ်သွားမျိုးက ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ ငြင်းခုန်ကြတဲ့အခါ
Sexual Medicine ဂျာနယ်မှာတော့ မြင်မြင်ချင်း ချစ်တာမျိုးက ဖြစ်နိုင်တယ်လို့ ဆိုထားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ချစ်သွားတတ်တယ်လို့လည်း ဖော်ပြထားပါတယ်။
၂။ နှလုံးခုန်တာ နှေးသွားတတ်ပါတယ်။
အချစ်နဲ့ ထိတွေ့နေသူတယောက်ဟာ ဟော်မုန်းအပြောင်းအလဲ ရှိကိုရှိပါတယ်။
ဒါဟာ သွေးဖိအားနဲ့ နှလုံခုန်နှုန်းတွေနဲ့လည်း ဆက်စပ်တာပါ။
၃။ အိပ်မပျော်တဲ့ ပြဿနာလေးတွေ ရှိလာပါတယ်။
လွမ်းရ၊ ဆွေးရတာတွေ၊ ကိုယ့်ရဲ့ စိတ်ဆန္ဒတွေကြောင့် ညဘက် အိပ်မပျော်တာမျိုးတွေ
တောင် ဖြစ်လာတတ်ပါတယ်။
၎။ သ၀န်တိုတတ်လာပါတယ်။
ကိုယ့်ချစ်သူက တခြားကောင်မလေးတယောက်နဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနေတာကို
မြင်လိုက်တာနဲ့ သ၀န်တိုလာတတ်ရော။ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ စာတမ်းတွေမှာ ဖော်ပြ
ထားတာကတော့ အချစ်ကြောင့် သူ/သူမဟာ ကိုယ့်ရဲ့ လက်တွဲဖော်ကို အလွန်အကျူး ကာကွယ်
ပေးတာမျိုးတွေတောင် ဖြစ်လာပါသတဲ့။
၅။ အရာရာတိုင်းဟာ ချိုမြိန်နေပါတယ်။
အမေရိကန်စိတ်ပိုင်းဆိုင်ရာ အသင်းအဖွဲ့ကတော့ ချစ်သူနဲ့အဆင်ပြေနေတဲ့သူတွေဟာ
အရာရာတိုင်းကို ချိုမြိန်တယ်လို့ ခံစားမိကြပြီး စားနေ၊ သောက်နေတဲ့ အစားအစာတွေကို
တောင် ပိုမိုအရသာရှိတယ်လို့ ခံစားတတ်ကြပါသတဲ့။
၆။ ပိုမိုချိုသာတဲ့ အသံနဲ့ ဖုန်းပြောတတ်လာတယ်။
ကိုယ့်ချစ်ရတဲ့သူနဲ့ ဖုန်းပြောပြီဆို ဘယ်သူမဆို ချိုချိုသာသာလေးပဲ ပြောဆိုတတ်ကြပါတယ်။ ဒါကလည်း လေ့လာမှုတွေထဲက တခုပေါ့။
၇။ သင့်ရဲ့ အရိုးတွေဟာ ပိုမိုသန်မာလာပါတယ်။
လေ့လာတွေ့ရှိမှုတွေထဲက တခုကတော့ အိမ်ထောင်ရေးသာယာတဲ့ အတွဲတွေဟာ
ပိုမိုကောင်းမွန်ပြီး သန်မာတဲ့ အရိုးတွေပိုင်ဆိုင်လာကြပါသတဲ့။
Ref:womenshealthmag.com
Trend Myanmar
(ToeToe)
Labels:
ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
|
0
comments
ဘဝအတွက် ကြိုးစားနေချိန်မှာ
4:11 AM |
Posted by
တိုးတိုး |
Edit Post
ဘဝအတွက် ကြိုးစားနေချိန်မှာ ဒါတွေ ရှောင်ပါ
********************
မပျင်းနဲ့********************
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်း,စီမံကိန်း
ချတုန်းကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့
ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။
မတွေဝေနဲ့
လောကီလူသားပေးပဲ။ တခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။
ငါဘာလုပ်နေတာပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။
အဲ့ထက်ဆိုးတာက တခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်
သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တယောက်က မတွေဝေဘူး။
ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေသွားတတ်ပါတယ်။
ဒီတော့ တွေဝေရင် ဘဝခရီး နှောင့်နှေးပါတယ်။
မစိုးရိမ်နဲ့
ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကော လုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့
Resource တွေ ရှိကော ရှိရဲ့ လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား
အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ်ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်း
က Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။
အားမငယ်နဲ့
ငါ့ရဲ့ ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါ
တယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့်
ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့
မသိဘူး) ကိုယ်ထက် သူတို့က ဘဝရဲ့အဓိပ္ပါယ်ကို စောစောစီးစီး ရှာမှီးခွင့် ရသွားတယ်လို့ပဲ
သဘောထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်
လည်နေရတဲ့ အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းက လည်း အောင်မြင်ခြင်းတမျိုးပဲ။ ပြီးတော့မှ နောက်တဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်
နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက်
ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။
အချစ်ဆိပ် မတက်နဲ့
ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစား
နေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။
တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေး တလုံးနဲ့ နေရရင်
ပြီးပါပြီ ဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက်တွေကို အတိုက်စားခံလိုက်ကြတယ်။ Love ဆိုတာကြီးက
The Whole Life မဟုတ်ပါဘူး။ Just a part of life ပါလေ။
စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိတာက
ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီး
ဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။
စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ်တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်
လည်းဆက်၊ မအိပ်လည်းဆက်၊ တပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့..၂၄ နာရီ၊ ၈ နာရီက
အပြင်မှာ၊ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို
သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲသွားကြမှာ အမှန်ပါပဲ။
ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။
သို့ပေမယ့် Target တခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။
ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှုံးစေမယ့် အကြောင်းပြချက်
တခု ဖြစ်ပါတယ်။
အပျော် မမက်နဲ့
စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။
ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ
လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများ
နေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့
Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှု
အတွက် တဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး
ဆီဆမ်း ပဲဆီနံ့လေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့
လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။
Limit လေးနဲ့တော့ ကဲကြပေါ့။ ဣနြေ္ဒရရလေး ပျော်နိုင်ပါတယ်။
ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း
ပန်းတိုင်ရောက်မှ ခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ
ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တခါတလေကျ ကြိုးစားနေရင်းနဲ့ အချို့ က
Quality of Life ကို မေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက်
ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။
MM Forward
(နွေနှင်းမိုး)
Labels:
ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
|
0
comments
ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်နိုင်ဖို့
3:32 AM |
Posted by
တိုးတိုး |
Edit Post
လောကဓံကို ရင်ဆိုင်နိုင်ဖို့
*******
တခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတဦး ရှိပါတယ်။သူ့ဆီကို တနေ့မှာတော့ လောကဓံဒဏ်တွေကြောင့် စိတ်ပျက်အားလျော့စွာနဲ့ ဝမ်းနည်း
ပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တယောက် ရောက်လာပါတယ်..
ပညာရှိကြီးက ထိုလူငယ်ကို ရေတဖန်ခွက် သွားယူခိုင်းပြီး ဆားတဆုပ်ကိုလဲ ယူလာခိုင်း
ပါတယ်။ ရေဖန်ခွက်ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို
သောက်စေပါတယ်။ ပြီးတော့ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”လို့ ပြန်ဖြေပါတယ်။
ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူငယ်ကို ဆားတဆုပ်ကို ယူလာခဲ့ပါလို့
ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့အပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။ မြို့အပြင်
ဘက်ကို လမ်းလျှောက်လာကြရင်း အလွန်ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတကန် အနား ရောက်လာကြတယ်။
ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ
ပစ်ထည့်ခိုင်းလိုက်ပါတယ်။ ပြီးတော့ လူငယ်ကို “ ကဲ အခု ကန်ထဲက ရေကို သောက်
ကြည့်ပါဦး”လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူ ပြီး သောက်လိုက်ပါတယ်။
ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ
ရှိသလဲ” လို့ မေးလိုက်တယ်။
ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါပဲ” လို့
ပြန်ဖြေပါတယ်။
“စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့
ပြန်မေးပြန်တဲ့အခါ
“ မငံတော့ပါဘူး.”လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။
ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ
ပုတ်လိုက်ကာ
“ငါတို့ ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့
တူပါတယ်။ ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ
မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ပဲ သက်ဆိုင်တယ်။
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကိုကြီးမားတယ်လို့ မင်းထင် လိမ့်မယ်။ ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီ ဆုံးရှုံးမှု၊
စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု
မဟုတ်တော့ဘူးပေါ့ ။”
“ ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင် ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့
ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်စေပါနဲ့ ရေကန်တကန်အဖြစ်
ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတဆုပ်လို
လျှော့ပါး သက်သာသွားပါလိမ့်မယ်”လို့ ပြောလိုက်ပါတယ်။
“Stop being a glass. Become a lake.” တဲ့။
ငါတို့လဲ ဘ၀မှာလဲ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူပဲ
ရေကန်ကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလား ? အဲဒါဆိုရင်...
from Fb
(နွေနှင်းမိုး)
အိမ်ပြေးမလေး
2:47 AM |
Posted by
တိုးတိုး |
Edit Post
*********************
ကောင်မလေးတယောက် သူ့ အမေနဲ့ အကြီးအကျယ် ရန်ဖြစ်ပြီး အိမ်ပေါ်ကနေပြေးဆင်းသွား
တယ်။ ဒီအိမ်ကို လုံးဝပြန်မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူ အပြင်မှာ တနေကုန်
လျှောက်သွားနေတာ ဗိုက်ကလဲ ဂလုဂလု မြည်နေပြီ။ ဒါပေမဲ့ သူ့မှာ ပိုက်ဆံမပါဘဲ ထွက်လာ
ခဲ့တာ၊ အိမ်ပြန်ပြီး ထမင်းစားဖို့ မျက်နှာလဲ မရှိတော့ဘူး။
ညရောက်တော့ သူခေါက်ဆွဲဆိုင်တဆိုင်နား ရောက်လာခဲ့တယ်။ ခေါက်ဆွဲအနံ့ကလဲ
မွှေးကြိုင်နေတော့ တပွဲလောက်စားချင်စိတ်က အရမ်းကို ပြင်းပြနေတယ်။ ပိုက်ဆံ
ပါမလာတော့ တံတွေးကိုပဲ ပြန်ပြန် မျိုချနေရတာပေါ့။
ရုတ်တရက် ခေါက်ဆွဲဆိုင်ပိုင်ရှင်က “သမီး ခေါက်ဆွဲစားမလို့လား”လို့ မေးတော့ သူကလဲ
ရှက်ရှက်နဲ့ “အင်း… ဒါပေမဲ့ သမီးမှာ ပိုက်ဆံမပါလာဘူး”လို့ ပြန်ဖြေလိုက်တယ်။ ဆိုင်ပိုင်
ရှင်ကလဲ “ရတယ်။ ဒီနေ့ ငါကျွေးတာလို့ပဲ ထားလိုက်ပါတော့”လို့ ပြောလိုက်တယ်။
မိန်းကလေးကလဲ ကိုယ့်နားကိုတောင် မယုံနိုင်လောက်အောင်ဖြစ်ပြီး ဆိုင်ထဲ ၀င်ထိုင်
လိုက်တယ်။
မကြာခင်မှာပဲ ခေါက်ဆွဲ ရောက်လာပြီး သူ မြိန်ရည်ရှက်ရည် စားပြီးတော့...
“ဦးလေး က အရမ်းသဘောကောင်းတာပဲ”လို့ ပြောလိုက်တယ်။
ဆိုင်ပိုင်ရှင်က
“အဲ… ဘာလို့လဲ ?”
သူက “ဟုတ်တယ်လေ၊ သမီးတို့ တခါမှ မတွေ့ဖူးပဲနဲ့ ဦးလေးက သမီးပေါ် ဒီလောက်
ကောင်းတာ၊ သမီးမေမေနဲ့ မတူဘူး၊ သမီးဘာလိုချင်လဲ ဘယ်လိုစဉ်းစားနေတာလဲ
ဆိုတာကို နားလည် မပေးနိုင်ဘူး။ အရမ်းစိတ်ဆိုးတာပဲ ”လို့ ပြန်ပြောလိုက်တယ်။
ဆိုင်ပိုင်ရှင်က ရယ်ပြီး ပြန်ပြောတယ် “သမီးလေး… ငါက နင့်ကို ခေါက်ဆွဲလေး တပွဲ
ကျွေးယုံနဲ့ နင် ငါ့ကို အဲသလောက် ကျေးဇူးတင်နေရင်… နင့်အမေက နင့်ကို အနှစ်
၂၀ ကျော် ထမင်းချက်ကျွေးလာတာ နင် သူ့ကို ပိုပြီး ကျေးဇူးမတင်သင့်ဘူးလား ?”
ဆိုင်ပိုင်ရှင်က ဒီလိုပြောပြီးနောက်မှာ ကောင်မလေးဟာ အိပ်မက်ထဲက နိုးလာသလို
သဘောပေါက်ပြီး မျက်ရည်များ စီးကျလာတယ်။ ကျန်နေသေးတဲ့ ခေါက်ဆွဲကို ဆက်
မစားနိုင်တော့ပဲ အိမ်ကို ပြန်ပြေးခဲ့တယ်။
အိမ်ရှေ့လမ်းထိပ် ရောက်တော့ သူ့မေမေဟာ ပူပန်သောကများစွာနဲ့ ဟိုဟိုဒီဒီ
မျှော်နေတာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။
သူ့စိတ်ထဲမှာတော့ ထောင်သောင်းမကသော တောင်ပန်းစကားတွေ လှိုက်ဖိုနေတယ်။
ပါးစပ်ဟဖို့ အချိန်တောင် မရလိုက်ဘူး။ သူ့မေမေက ပြေးလာပြီးတော့ “တနေကုန်
ဘယ်တွေသွားနေတာလဲ ? ငါ့မှာ စိတ်ပူလိုက်ရတာ။ လာ…လက်ဆေးပြီး ထမင်း
စားတော့ ”လို့ ပြောလိုက်ချိန်မှာတော့ မိန်းကလေးဟာ မိခင်ရဲ့မေတ္တာကို နက်နက်
ရှိုင်းရှိုင်း ခံစားမိပြီး မျက်ရည်တွေဟာ ရေလှိုင်းလို ကျလာတယ်။
အမြဲတမ်း သင့်ကို စောင့်ရှောက်ဂရုစိုက်နေတဲ့ သူကိုတော့ သင်က ဘာမှ မဟုတ်သလိုပဲ။
သူစိမ်း တယောက်ယောက်ကများ ကိုယ့်ပေါ် ကောင်းပြလိုက်ရင် ဒီလူဟာ အရမ်းကို
ကောင်းတဲ့လူလို့ ထင်မိလိမ့်မယ်။
အမြဲတမ်း သင့်အပေါ်မှာ ကောင်းနေတာဟာ အချိန်ကြာလာတာနဲ့အမျှ ဒါဟာ အကျင့်တခု လို ဖြစ်သွားတယ်။ နောက် အကျင့်ကနေ ဒါဟာ လုပ်သင့်လုပ်ထိုက်တာ ဖြစ်သွားရော။
ဒီတော့ တချိန်ချိန်မှာ ဂရုစိုက်မှု လျော့သွားတာနဲ့ သင်ဟာ စပြီး မကျေနပ်တော့ဘူး။
အမှန်တကယ်တော့ ဂရုစိုက်မှုတွေ လျော့သွားတာ မဟုတ်ပဲ ကိုယ်တွေရဲ့ တောင်းဆိုမှုဟာ
ပိုပြီး များလာလို့ပါပဲ။ ရယူလိုမှုက အကျင့်ပါသွားပြီးတဲ့နောက် ကျေးဇူးသိတတ်မှုတွေကို
မေ့လျော့နေတတ်ကြတယ်။
From. Fb
နွေနှင်းမိုး

Saturday, April 26, 2014
ဒညင်းသီးရဲ့ ဆိုးကျိုးများ
1:18 PM |
Posted by
တိုးတိုး |
Edit Post
ဒညင်းသီးရဲ့ ဆိုးကျိုးများ (ဒညင်းသီးနဲ့ ကျောက်ကပ်)
*************
ကျနော်တို့ မြန်မာနိုင်ငံသူ/သားများဟာ ဒညင်းသီးကို နှစ်ခြိုက်စွာပဲ စားသုံးကြပါတယ်။
အထက်ပိုင်းဒေသတွေနဲ့ အချို့နယ်များမှာဆို ပိုလို့တောင် စားသုံးကြတာပါ။ ဒညင်းသီး
အကြောင်း ဆောင်းပါးအတိုလေး တပုဒ်ကို ဖတ်မိသဖြင့် ကျနော်လဲ ကျနော် ကြုံခဲ့ဖူးသမျှ
ကို မျှဝေချင် သိစေချင်တာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာပါ။
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာတော့ ရှိစမြဲပဲလေ။ ဒညင်းသီးဟာဆိုရင်
ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေတယ် ဆိုတာကို ကြုံခဲ့ရ ခံခဲ့ရတာတွေက
သက်သေလို ဖြစ်နေပါတယ်။

ကျနော် ဖတ်လိုက်ရတဲ့ ဆောင်းပါးတိုလေးထဲမှာ- တညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ၀.၃ %
ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ ကျောက်ကပ်၂.ခု စလုံးကို ပျက်စီးစေပြီး အသက်ကို ပါ သေစေနိုင်တဲ့အထိတောင် ဖြစ်ပွားနိုင်ပါတယ်။ ဒညင်းသီးရဲ့အဆိပ်ဟာ ရေထဲမှာတောင်
အနည်းငယ် ပျော်ဝင်စေနိုင်တဲ့ အဆိပ်ဖြစ်ပါတယ်။ ဒါကြောင့် ရေနဲ့ပြုတ်ရင် တကြိမ်တည်းနဲ့
မလုံလောက်ပဲ အနည်းဆုံး ၃.ကြိမ်ကနေ ၅.ကြိမ်အထိ ရေများများနဲ့ ပြုတ်ရပါမယ်။ ပြုတ်ပြီး
တဲ့ ရေကို သွန်ပြီး နောက်ထပ် ရေအသစ်နဲ့ ထပ်ပြုတ်ရပါမယ်။
ရေဆူမှတ် ၁၀၀'C သာ ရှိတာကြောင့် မီးဖုတ်စားရင် အဆိပ်ဓာတ်ကို မပြယ်စေနိုင်ပါဘူး။
၁၀၀%ကတော့ ဒုက္ခပေးပါတယ်။ ဒညင်းသီးစားရင် ဆားရည်မှာ ကြာကြာစိမ်စားရင်တော့
အဆိပ်ကို လျှော့စေနိုင်ပါတယ်။ ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် ဒညင်းသီးကို လျှော့စားတာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လို့ ရေးတဲ့သူက ဆိုထားပါတယ်။
ဒီစာလေးကို ဖတ်မိပြီး ကျနော်လဲ အသိပေး မျှဝေချင်လာတဲ့အတွက်
ကျန်းမာရေးဗဟုသုတ
ရှာလိုသူများအတွက် ဆင်ခြင်နိုင်မယ့် အသိလေးတခု ရသွားရင်ပဲ ကျန်းမာရေးကုသိုလ်တမျိုး
ရပြီလို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ကျနော်ဆိုရင် ငယ်စဉ်ထဲက ဆီးလဲ သိပ်မကောင်းပါဘူး။
ဒါပေမဲ့ ငရုပ်သီးစိမ်းချက်နဲ့ အတို့အမြှုတ် အားလုံးနဲ့ ဒညင်းသီးကိုလည်း အသေကြိုက်တာပါ။
ဘယ်လောက်အထိ ကြိုက်သလိုဆိုရင် ငယ်စဉ်က ဒညင်းသီးအလုံးအသေးဆိုရင် တလုံးကို
ထမင်းတလုပ်ပဲ စားပစ်တာပါ။ နောက်တခါ ဒီလိုစားလို့ အားမရသေးပဲ ဒညင်းသီးကို နူးပြီး
စီးနေအောင်ပြုတ်ပြီး ပါးပါးလှီး၍ ကြက်သွန်နဲ့ အသုတ်လို သုတ်စားတဲ့အထိ စားခဲ့တာ။
နည်းနည်းကြီးလာတော့ မန္တလေးမှာ မြစ်ကြီးနားဘက်က လာတဲ့ ဒညင်းသီး အလုံးလှလှ
အကြီးကြီးများကိုလည်း တခြမ်းကို တလုပ်ပဲစားပစ်တာ။ ခရမ်းချဉ်သီး ငါးပိချက်နဲ့ပေါ့။
ငါးပိချက်ကိုလည်း ငရုပ်သီးက ရဲသလဲနေပြီး ပူစပ်နေအောင် ချက်ထားမှ ကြိုက်တာလေ။
အဲဒီလို ချက်ထားတာတောင် အားမရပဲ တခါတလေ အတောင့်လိုက် ကိုက်စားပစ်သေးတာ။

အဲဒီလို စားလာရင်း မကြာပါဘူး။ ဆီးအောင့်လာပြီး
ဆီးသွားရင် သွေးတွေ အတန်းလိုက်ပါ
လာပါရော။ ဆီးဆေးလေးသောက်ရင် သက်သာသလို ရှိပေမယ့် အစားကတော့ မပျက်ခဲ့ဘူး။
ငယ်သေးတော့ ဘာ့ကြောင့်ရယ်လို့ မစဉ်းစားသေးဘူးပေါ့။ ငရုပ်သီး အစားများလို့ ငရုပ်သီး
ကြောင့်တခုပဲ တွေးမိခဲ့တာ။ ငရုပ်သီးကိုတော့ နည်းနည်းလျော့စားခဲ့တယ်။ ဒညင်းသီးကို
အစားမပျက်ခဲ့ဘူး။
တနေ့မှာ လဘက်ရည်သောက်နေရင်း ခါးပိုင်းကနေ မီးပူနဲ့ ထိုးသလို ထိုးအောင့်လာပြီး
ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်လာလို့ ဆေးခန်းကို ပြေးတယ်။ ဆရာဝန်က ဆေးထိုးပေးပေမယ့်
အောင့်တာက မသက်သာဘူး။ လူးလှိမ့် ခံရတာ။ မီးပူနဲ့ထိုးသလိုပါပဲ။ အဲဒါနဲ့ ဆေးခန်းက
ပြန်လာရင်း မခံနိုင်တာနဲ့ လမ်းကပဲ ဆေးရုံကို ဆက်သွားခဲ့ရတယ်။ ဆေးရုံရောက်လို့
နာ့စ်ယောက်ျား (ကိုမောင်မောင်)ဆိုသူက လူးလှိမ့်အော်ဟစ်နေတာကို မြင်တော့ ဗာရာဂျင်
ဆိုတဲ့ ဆေးတလုံး ထိုးပေးလိုက်တော့မှ ၁၅.မိနစ်လောက်အကြာမှာ သက်သာသွားတယ်။
သူကတော့ ပြောပါတယ်။ ဒီဆေးက ခဏခဏထိုးလို့ မကောင်းဘူး။ ပူစပ်တဲ့ အစားအစာနဲ့
ဒညင်းသီး လျော့စားဖို့ပဲ မှာလိုက်တယ်။ ဆီးနဲ့ကျောက်ကပ် ပါရဂူကြီး ပြောတာကတော့
ကျောက်ကပ်ရောင်တာတဲ့လေ။

အဲဒီမှာ အသိတခု ထပ်ရလိုက်တာက ကျောက်ကပ်ရောင်တဲ့အကြောင်းကို
အသိဘုန်းကြီး
တပါးက သိသွားတဲ့အခါမှာ "အေး မင်း အဲဒါဆိုရင် နောက်ကို ရေခဲရေ အေးနေတာကို ဘယ်
တော့မှ မသောက်နဲ့ သောက်ရင်တော့ မင်းအသက် ရှည်မှာမဟုတ်ဘူး''လို့ ပြောလိုက်တယ်။
အဲဒါကို သိပ်မယုံလို့ ရေခဲရေ သောက်ကြည့်တယ်။ သိပ်အေးတဲ့ အချိုရည်များကိုလဲ သောက်
ကြည့်တယ်။ သူပြောတာ မှန်တယ်။ အေးတဲ့ရေကို သောက်လိုက်မိတာနဲ့ ခါးက အောင့်လာ
တာပဲ။ အဲဒီထဲက အေးတဲ့ရေကို ထပ်ရှောင်နေလိုက်ရပြန်တယ်။
အဲဒီလို အသိနဲ့ပဲ သြစတေးလျမှာနေတဲ့ အသိ အန်တီကြီးတယောက်ရဲ့သားမှာ ကျောက်ကပ်
ရောဂါဖြစ်နေလို့ ကျောက်ကပ်ဆေးရမယ် ပြောလို့ မဆေးဖို့ အကြောင်းနဲ့ အေးတဲ့ရေများကို
မသောက်ဖို့ အတန်တန် မှာလိုက်လျက်နဲ့ သူ့သားက ဆရာဝန်ဆိုတော့ ဒါတွေကို လက်မခံဘူး လားမသိဘူး။ ရေခဲသေတ္တာထဲက ရေမှ သောက်နေကျလဲ ဖြစ်နေ၊ ကျောက်ကပ်ကိုလဲ ဆေး
လိုက်တဲ့အခါမှာ သိပ်မကြာပါဘူး။ ဆုံးသွားပြီဆိုတာ ကြားလိုက်ရတယ်။

ထိုနည်းတူပဲ တောနယ်ဘက်က အသိဘုန်းကြီးတပါးရဲ့အကို
ဦးလေးကြီးတဦး ဆိုရင်လဲ
စာရေးသူကို သူက ဒညင်းသီး အဝယ်ခိုင်းလို့ သုံးပိဿာ ဝယ်ပေးလိုက်တာ။ အဲဒီ ဒညင်းသီး
သုံးပိဿာကို အခြား ညီအကိုမောင်နှမ နှစ်အိမ်ကို ဆယ်လုံးစီလောက်ပဲ ပေးပြီး သူ့မိသားစုပဲ စားပစ်လိုက်တာ လေးငါးရက်နဲ့ ပြောင်သွားတယ်တဲ့။ သူက အများဆုံး စားတဲ့သူမို့ သိပ်
မကြာလိုက်ဘူး။ အဲဒီ သန်သန်မာမာ ကျန်းမာနေတဲ့ ဦးလေးကြီးဟာ တလလောက်အကြာ
မှာ ကျောက်ကပ် ပျက်စီးပြီး ဆုံးသွားတယ်လို့ သိရပြန်တယ်။

အဲဒီ ဦးလေးကြီးရဲ့တူဆိုရင်လည်း ဒညင်းသီး
ဆားရည်စိမ်ကို တနေ့ကို ၁၂.လုံးကနေ ၁၅.
လုံးလောက်အထိ စားဖန်များလာတဲ့အခါမှာ ရင်ထဲမှာ ကြပ်လာပြီး ဆို့တစ်တစ်နဲ့ အသက်ရှူ
ကြပ်တာ ခဏခဏဖြစ်လို့ ''ကိုယ့်လူ အသက်ရှည်ချင်ရင်တော့ ဒညင်းသီးကို အဲဒီလို မစားပဲ
လျော့စားတာ ကောင်းလိမ့်မယ်လို့" သတိပေးမှလျာ့စားလိုက်လို့ နောက်ထပ် မဖြစ်တော့ပဲ
ကောင်းသွားခဲ့ပါတယ်။ ဒညင်းသီး ဆားရည်စိမ်ရဲ့အရည်ကို သောက်ရင် ဆီးကျင်တာ
ပျောက်တယ်လို့ ဆိုကြပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆီးကျင်တာ ပူတာအတွက်
လွယ်ကူတဲ့ တခြားနည်းတွေ များစွာပဲရှိပါတယ်။

အဲဒီတော့ ဒညင်းသီးရဲ့ဆိုးကျိုးများဟာ အင်မတန်မှ
ကြောက်စရာကောင်းတာ အမှန်ပါပဲ။
တနေ့ကို လေးငါးလုံးမျှ သာမန် စားရုံနဲ့တင် ဆီးသွား ဝမ်းသွားတဲ့အခါမျိုးနဲ့ ချွေးနံ့များပင်
အနံ့က အတော်လေး ဆိုးဝါးလွန်းတယ်ဆိုတာ စားဖူးသူတိုင်း သိကြမည်ထင်ပါသည်။
ဒညင်းသီးနဲ့ ငရုပ်သီးက ထမင်းမြိန်တာကတော့ အမှန်ပင်ဖြစ်သည်။ ကောင်းကျိုးထက် ဆိုး
ကျိုးကို ပေးတာကလည်း အမှန်ပင်ဖြစ်ပါသည်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး လျော့စား
တာက ကောင်းပါမည်။ အသက်ကို ဉာဏ်စောင့်ဆိုသလိုပေါ့။ စာရေးသူကတော့ ဒညင်း
သီးကို လုံးဝ မစားဖြစ်တော့ပေမယ့် ငရုပ်သီးကိုတော့ အနည်းငယ် စားနေဆဲပင်ဖြစ်သည်။
ဆီးက တမျိုးဖြစ်လာရင်တာ့ မြန်မာဆီးဆေးကို ကြိုသောက်ထားလိုက်ပါသည်။

အဲဒီက စပြီး ရောဂါတွေဖြစ်နေလို့ ဆေးလိုက်ရှာဖွေရင်း
ကိုယ်တိုင်ပင် ဆေးဆရာလို ဖြစ်ခဲ့ရ
သည်။ အဘိဓမ္မာတောင်သာ ဆရာကြီး ဦးကြည်ဆီမှာလဲ သင်တန်းတက်ဖြစ်သွားပြီး ဆရာ
ကြီးနဲ့ ကျန်းမာရေးအကြောင်း ဆွေးနွေးဖြစ်ခဲ့လို့ ဆရာကြီးကိုယ်တိုင် သင်တန်းဆင်း
လက်မှတ် ပေးအပ်တာကို ရယူခဲ့သလိုပဲ။ အင်္ဂလိပ်ဆေးများကိုလည်း လေ့လာချင်တဲ့အတွက်
သူနာပြုသင်တန်းများကိုပါ တက်ဖြစ်သွားခဲ့သည်။ အဓိကကတော့ ဆေးအကြောင်းများနဲ့
ဘယ်ရောဂါဖြစ်လာရင် ဘယ်လို ကြိုတင်ကာကွယ်ရမယ်ဆိုတာကို သိထားချင်တဲ့အတွက်ပဲ
ဖြစ်ပါသည်။

စာရှုသူများလည်း ကျန်းမာရေးအသိများ တိုးပွားပြီး
ချမ်းသာစွာနဲ့ အသက်ရှည်နိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါသည်။
.
ဆန္ဒပြုလိုက်ပါသည်။
.
(နွေနှင်းမိုး)
.
.
Friday, April 25, 2014
“အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”
8:46 PM |
Posted by
တိုးတိုး |
Edit Post
“အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”
*********************
သူသာ ရှိလျှင်
သူ၏ နိုင်ငံ၊ ကြမ္မာကံကို
စီမံလိမ့်မည်၊ ဖန်တီးမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်ဖွား၊ ဆင်းရဲသားတို့ 
ဝတ် စား နေမှု၊ ကျမ်းမာမှုနှင့်
သိမှု တက်မှု၊ ယဉ်ကျေးမှုကို
ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ဥာဏ်စွမ်း၊ ကိုယ့်အစွမ်းသည်
သူ့ ဝမ်း သူ့ ခါး၊ သူ့ မယားနှင့်
သူ့ သားတွက်ပေ၊ မဟုတ်လေပဲ
သူနေထိုင်သည့်၊ သူ့ တိုင်းပြည်တွက်
သူ့ ပြည်နေရာ၊ သူ့ ကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင် သန်လျှက်
အားမာန် ထုတ်မည်၊ ဦးဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်အား၊ ကျူးစော်ကားက
အသား အသွေး၊ သက် စတေးလျှက်
ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်တွင်း၊ တသွေးချင်းတို့ 
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့ 
လက်တွဲ လက်ချိတ်၊ ညီနောင် စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
အရုဏ်တက်တွင်၊ တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး၊ တပြည်လုံးက
ယူကြုံးမရ၊ ဖြစ်ခဲ့ရလည်း
သူက ရှေ့ဆောင်၊ မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍
သူ၏ ကိုယ်စား၊ သူ့ စိတ်ထားက
ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
တင်မိုး
၁၁၊ ၁၂၊ ၆၅
သူသာ ရှိလျှင်
သူ၏ နိုင်ငံ၊ ကြမ္မာကံကို
စီမံလိမ့်မည်၊ ဖန်တီးမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်ဖွား၊ ဆင်းရဲသားတို့ 
ဝတ် စား နေမှု၊ ကျမ်းမာမှုနှင့်
သိမှု တက်မှု၊ ယဉ်ကျေးမှုကို
ဂရုစိုက်မည်၊ စောင့်ရှောက်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ဥာဏ်စွမ်း၊ ကိုယ့်အစွမ်းသည်
သူ့ ဝမ်း သူ့ ခါး၊ သူ့ မယားနှင့်
သူ့ သားတွက်ပေ၊ မဟုတ်လေပဲ
သူနေထိုင်သည့်၊ သူ့ တိုင်းပြည်တွက်
သူ့ ပြည်နေရာ၊ သူ့ ကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင် သန်လျှက်
အားမာန် ထုတ်မည်၊ ဦးဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်အား၊ ကျူးစော်ကားက
အသား အသွေး၊ သက် စတေးလျှက်
ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
သူသာ ရှိလျှင်
သူ၏ ပြည်တွင်း၊ တသွေးချင်းတို့ 
စစ်ခင်းသည့်ပွဲ၊ ပြီးပြတ်စဲဖို့ 
လက်တွဲ လက်ချိတ်၊ ညီနောင် စိတ်ဖြင့်
ပွဲတိတ်စေမည်၊ ဖြေရှင်းမည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
အရုဏ်တက်တွင်၊ တိုက်ပွဲဝင်ခိုက်
သူလျှင်ကျဆုံး၊ တပြည်လုံးက
ယူကြုံးမရ၊ ဖြစ်ခဲ့ရလည်း
သူက ရှေ့ဆောင်၊ မီးတန်ဆောင်သည်
ထွန်းပြောင်နေဘိ၊ လင်းတုန်းရှိ၍
သူ၏ ကိုယ်စား၊ သူ့ စိတ်ထားက
ညွှန်ကြားလိမ့်မည်၊ ခေါင်းဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏ ။
တင်မိုး
၁၁၊ ၁၂၊ ၆၅
“အမေနေတဲ့ ရွာကလေး”
8:38 PM |
Posted by
တိုးတိုး |
Edit Post
“အမေနေတဲ့ ရွာကလေး”
**********
ကုက္ကိုပင်တန်း၊ တမာ ထန်းနှင့်
စိမ်းလန်းဝေစည်၊ ပြေပြေညီသော
မြေနီလမ်းမ ရွာအ၀င်။
ရွာလမ်းမ,၀င်၊ ခရေပင်အောက်
ရွာသားဆောက်သည့်၊ ကွန်းထောက်နားနေ
အပန်းဖြေရာ၊ ဇရပ်သာနှင့်
ရွာဦးထိပ်တည်၊ ထုံးစေတီကို
ကြည်ညိုဖူးမြင်၊ သောကစင်၏။
ရင်နွမ်းသမျှ၊ ရွှင်လန်းရသည့်
ချမ်းမြကြည်လင်၊ ရေချမ်းစင်ကို
မြင်ရလေတိုင်း၊ ပီတိလှိုင်းတို့ 
ရစ်သိုင်းဖွဲ့စေ၊ သာဓုခြွေမိ။
အော်. အမေနေတဲ့ ရွာကလေး။
မောင်နီမှိုင်း (ကျောက်တန်း)
**********
ကုက္ကိုပင်တန်း၊ တမာ ထန်းနှင့်
စိမ်းလန်းဝေစည်၊ ပြေပြေညီသော
မြေနီလမ်းမ ရွာအ၀င်။
ရွာလမ်းမ,၀င်၊ ခရေပင်အောက်
ရွာသားဆောက်သည့်၊ ကွန်းထောက်နားနေ
အပန်းဖြေရာ၊ ဇရပ်သာနှင့်
ရွာဦးထိပ်တည်၊ ထုံးစေတီကို
ကြည်ညိုဖူးမြင်၊ သောကစင်၏။
ရင်နွမ်းသမျှ၊ ရွှင်လန်းရသည့်
ချမ်းမြကြည်လင်၊ ရေချမ်းစင်ကို
မြင်ရလေတိုင်း၊ ပီတိလှိုင်းတို့ 
ရစ်သိုင်းဖွဲ့စေ၊ သာဓုခြွေမိ။
အော်. အမေနေတဲ့ ရွာကလေး။
မောင်နီမှိုင်း (ကျောက်တန်း)
Labels:
ကဗျာ
|
0
comments
“မိခင် အဖြစ်”
8:31 PM |
Posted by
တိုးတိုး |
Edit Post
“မိခင် အဖြစ်”
*****
အမေ့သားတွက်
ကြောင်ကျားဆံပင် ဖြူရသလော။
အမေ့သားတွက်
ပါးရေလှိုင်းလိပ် တွန့်ရသလော။
အမေ့သားတွက်
မှုန်ဝါးမျက်စိ သီရသလော။
အမေ့သားတွက်
စွယ်သွားငွေကုန်း ပြုန်းရသလော။
အမေ့သားတွက်
ခါးကိုင်းညွတ်ရုန်း ကုန်းရသလော။
အမေ့ရုပ်ဝါ၊ ငါ့တွက်သာလျှင်
အခါမတန်၊ ချိန်မှန် မရောက်
တခေါက်တခါ၊ ပြန်မလာသော
ဇရာသူ့ နယ်၊ အိုမင်းရွယ်သို့ 
ခုနှယ် အခို စောရှာထင့်။
အမေရုပ်ဝါ၊ ပျိုစဉ်ခါဝယ်
ငါမလာက- ကောင်းလေစွ။
(တင်မိုး)
အမေ့သားတွက်
ကြောင်ကျားဆံပင် ဖြူရသလော။
အမေ့သားတွက်
ပါးရေလှိုင်းလိပ် တွန့်ရသလော။
အမေ့သားတွက်
မှုန်ဝါးမျက်စိ သီရသလော။
အမေ့သားတွက်
စွယ်သွားငွေကုန်း ပြုန်းရသလော။
အမေ့သားတွက်
ခါးကိုင်းညွတ်ရုန်း ကုန်းရသလော။
အမေ့ရုပ်ဝါ၊ ငါ့တွက်သာလျှင်
အခါမတန်၊ ချိန်မှန် မရောက်
တခေါက်တခါ၊ ပြန်မလာသော
ဇရာသူ့ နယ်၊ အိုမင်းရွယ်သို့ 
ခုနှယ် အခို စောရှာထင့်။
အမေရုပ်ဝါ၊ ပျိုစဉ်ခါဝယ်
ငါမလာက- ကောင်းလေစွ။
(တင်မိုး)
Labels:
ကဗျာ
|
0
comments
“ကျေးလက် သင်္ကြန်”
8:25 PM |
Posted by
တိုးတိုး |
Edit Post
“ကျေးလက် သင်္ကြန်”
********
(နွယ်သာကီသံပြတ်)
+ + + + +
ခါနွေ ညှာခြွေ မာစေကြောင်းနဲ့ 
အတာရေလောင်းတဲ့ ကျေးလက် သင်္ကြန်။
တနှစ်တခါ ပစ်မခွာ ချစ်သဒ္ဓါလျှမ်း
မေတ္တာဖျန်းတဲ့ ကျေးလက် သင်္ကြန်။
မျိုးမြန်မာ ကြိုးရှာ ရိုးရာမပျက်
တိုးကာဖက်တဲ့ ကျေးလက် သင်္ကြန်။
ဆန်းသလောက်အခင်းနဲ့  အေးကွက်အမှန်
ပန်းပိတောက်သင်းတဲ့ ကျေးလက် သင်္ကြန်။
ငွေဖလားနဲ့  ဆံတောက် ကညာဆွေ
ရေကစားမယ်ကွယ့် အရောက်လာသလေ
မေအများရဲ့ ပိတောက်ဝါရွှေဟေ့။
အတာရေပက်ကြ အေးမြသကို
နံ့သာရေစက်က မွှေးလှသဗျို။
ဆံတောက်တရစ်တို့  ရေကစားပျော်
ပိတောက်ချစ်လို့  ပြည်တလွှားမော်ရှင့်။
အစဉ်ရှေးရှုကုန် တွေးဆသလေ
ယဉ်ကျေးမှုဂုဏ် ရှေးကအမွေရှင့်။
တနှစ်ခွာပေါ့ အညစ်အကြေးဖယ်
တနှစ်လာတော့ အသစ်ဆေးကွယ်။
အလှူဒါန ပြုကြသူငါ
လူလာသမျှ ယုယပြူငှာလေ့။
မိုဃ်းနဘံ တက်ကြွ ကျုပ်နှလုံး အဖြေပေါ်
ဒိုးသံစွက်ပါ့ မုန့်လုံးရေပေါ်တော့။
ငါးလွှတ်ဆဲမို့  သူနွှဲငါပျော်
နွားလွှတ်ပွဲမို့  သူလည်းပါသတော့်။
သပြေနုနဲ့  တောင်းဆုခြွေချင်
ငွေခရုနဲ့  ကောင်းမှု ဝေသရှင်။
အေးကွက်အမှန် -
ကျေးလက် သင်္ကြန် အလှထူးစေဖို့ 
မြဖူးဝေ ရွှေပိတောက်ပန်းရယ်က
ဝေမောက်လန်းဖြာ တနှစ်ဆန်းပြီကော
ပြည်တလျှောက် စခန်းမှာ အသစ်လျှမ်းပါရော
နှစ်ဆန်းခါတော် တရက်နေ့မှာ
သက်ကြီးဆို ပူဇော်ပွဲတွေနဲ့ 
ဆင်နွှဲပျော် ရိုးရာဓလေ့ကို
ကြည်မွေ့တယ်လေး။ ။
(ရွှေမြိုင် မောင်ဖူးဝါ)
(နွယ်သာကီသံပြတ်)
+ + + + +
ခါနွေ ညှာခြွေ မာစေကြောင်းနဲ့ 
အတာရေလောင်းတဲ့ ကျေးလက် သင်္ကြန်။
တနှစ်တခါ ပစ်မခွာ ချစ်သဒ္ဓါလျှမ်း
မေတ္တာဖျန်းတဲ့ ကျေးလက် သင်္ကြန်။
မျိုးမြန်မာ ကြိုးရှာ ရိုးရာမပျက်
တိုးကာဖက်တဲ့ ကျေးလက် သင်္ကြန်။
ဆန်းသလောက်အခင်းနဲ့  အေးကွက်အမှန်
ပန်းပိတောက်သင်းတဲ့ ကျေးလက် သင်္ကြန်။
ငွေဖလားနဲ့  ဆံတောက် ကညာဆွေ
ရေကစားမယ်ကွယ့် အရောက်လာသလေ
မေအများရဲ့ ပိတောက်ဝါရွှေဟေ့။
အတာရေပက်ကြ အေးမြသကို
နံ့သာရေစက်က မွှေးလှသဗျို။
ဆံတောက်တရစ်တို့  ရေကစားပျော်
ပိတောက်ချစ်လို့  ပြည်တလွှားမော်ရှင့်။
အစဉ်ရှေးရှုကုန် တွေးဆသလေ
ယဉ်ကျေးမှုဂုဏ် ရှေးကအမွေရှင့်။
တနှစ်ခွာပေါ့ အညစ်အကြေးဖယ်
တနှစ်လာတော့ အသစ်ဆေးကွယ်။
အလှူဒါန ပြုကြသူငါ
လူလာသမျှ ယုယပြူငှာလေ့။
မိုဃ်းနဘံ တက်ကြွ ကျုပ်နှလုံး အဖြေပေါ်
ဒိုးသံစွက်ပါ့ မုန့်လုံးရေပေါ်တော့။
ငါးလွှတ်ဆဲမို့  သူနွှဲငါပျော်
နွားလွှတ်ပွဲမို့  သူလည်းပါသတော့်။
သပြေနုနဲ့  တောင်းဆုခြွေချင်
ငွေခရုနဲ့  ကောင်းမှု ဝေသရှင်။
အေးကွက်အမှန် -
ကျေးလက် သင်္ကြန် အလှထူးစေဖို့ 
မြဖူးဝေ ရွှေပိတောက်ပန်းရယ်က
ဝေမောက်လန်းဖြာ တနှစ်ဆန်းပြီကော
ပြည်တလျှောက် စခန်းမှာ အသစ်လျှမ်းပါရော
နှစ်ဆန်းခါတော် တရက်နေ့မှာ
သက်ကြီးဆို ပူဇော်ပွဲတွေနဲ့ 
ဆင်နွှဲပျော် ရိုးရာဓလေ့ကို
ကြည်မွေ့တယ်လေး။ ။
(ရွှေမြိုင် မောင်ဖူးဝါ)
စာပေဗိမာန်ဆုရကဗျာများ
ပန်းချီ ရွှမ်းသိင်္ဃ (တနင်္သာရီ)
Labels:
ကဗျာ
|
0
comments
“ရပ်ရိပ် ရွာရိပ်”
8:13 PM |
Posted by
တိုးတိုး |
Edit Post
“ရပ်ရိပ် ရွာရိပ်”
*****
နွေမှာဆို ထနောင်း
ဆောင်းမှာဆို မန်းကျည်းပင်။
ငါတို့ရွာ ယာခရိုးမှာ
ချိုးကူသံရွှင်။
ငါ့ဘ၀ သည်မှာခင်
ငါ့အမြင် သည်မှာစွဲ။
သည်ရွာ သည်ယာချောင်း
ငယ်ပေါင်းပါပဲ။
နွေမှာဆို ကန်တူး
မိုဃ်းဦးဆို ကန်ရေ၀င်။
ညနေ ကန်ရေခပ်ချိန်
နွားလည်ပတ်ဆင်။
မှန်စီထိပ် အုပ်ကလေးနဲ့ 
လေသွေးရာ ခြူသံလွင်
ခြေသင်တဲ့ နွားပြေး။
ကာလသားတွေ ဟဲ့
နွားမောင်းကြ အပြိုင်အဆိုင်
တတိုင်နှစ်တိုင် စခန်းပေါက်ကရော့
ပေတရာလမ်းတလျှောက်မှာ
နွားငေါက်သံတေး။
နွေမှာဆို ပဲကြိတ်ထိုး
မိုဃ်းမှာဆို ပဲမှုန်းတယ်။
ယာညက်ရင် မှိုရှာလို့ 
ချိုရာရာ ဟင်းညွန့်ဖူး
ခူးရဦးမယ်။
လျှိုရိုးမှာချိုးတယ်
လျှိုကွယ်မှာသူပုန်း။
သည်ရွာ သည်ယာလေ့
အောက်မေ့မိတုန်း။
ကျေးဥ ကျေးနုတို့ 
မြေပဲထု ပဲဆံရွေးသနဲ့ 
တေးကလေး တဟိုဟို။
ခေါင်းရင်း တမာပင်က
နွေအ၀င် ဖြိုင်ဖြိုင်နုတော့
လုခူးမယ်ဆို။
နေကလေး အတန်ချိုရင်
စဖိုခွင် ၀င်ရဦး။
ရှင်မတောင် လေနီကြွရင်
ထလိမ့် ဖုန်လုံး။
ထန်းသီးခိုင် ချိုင်ခဲ့ဦးဗျို့ 
ဖုန်လုံးကြား ဟစ်မှာသံ။
လုံချည် ကွင်းသိုင်းလို့ 
ဝိုင်းပတ် ဒူဝေေ၀နဲ့ 
ကလေးတွေ တပြုံကြီး
လှည်းနောက်မြီး ရည်းခိုလိုက်
မိုဃ်းဆိုက်လို့ ညံ။
ဟဲ့ ကောင်းလေးတွေ အဆော့သန်
နွားကန်လိမ့်မယ်နော။
ထန်းသီးနု ညိုတိုတိုက
အရည်ချို သည်တရှုပ်ဖြင့်
စုပ်ရချေသော။
မန်းကျည်းပင် ဆီးပင်ဝိုင်း
တောင်ပိုင်းနဲ့  မြောက်ပိုင်းဆုံရာ
ခြင်းပွဲကိုလာ။
အပျိုတွေ ရေခပ်ဆင်းတော့
ထိုးကွင်းနဲ့  ကိုဟ၀ှါ
မဟာဒူးဟန်နဲ့။
မသူဇာ ခြင်းမှန်လို့ 
ကက်ကက်လန် ရန်ထောင်ခံရ
ရှက်လှချေရဲ့။
နွေပေါက်ရင် ရေခြောက်တဲ့
ကန်ရေသောက် တို့ရပ်ရွာ။
ဆိုင်းထမ်း ကိုယ်စီနဲ့ 
ညနေရီ ဆယ်ပေတွင်းမှာ
ရေစစ်ရင်း လူပျိုလှည့်
နွဲ့ တဲ့တဲ့သာ။
အပျိုမဖြစ်ခင်
ဟိုတနှစ်ဆီက
ရေစစ်ရင်း သည်မျက်နှာ
ဆုံဖူးပါရဲ့ သူတမျိုး။
အပျိုဖြစ်ခါမှ
အလို ချစ်တယ် တဲ့
ကြက်ရစ်သလို ကိုယ်မရစ်လာနဲ့ 
မနှစ်ဆို ဟိုအပျိုနဲ့ 
သည်လိုပင် ဆိုသံကြားပါရဲ့
လျှာဖျားသံ တလိမ့်ထိုး
တော့်စိတ် မရိုး။
ဆွမ်းအိုးကို သူထမ်းလို့ 
ရွာလမ်းက ပြန်ခဲ့တယ်။
သူငယ်ချင်းတွေနဲ့ 
ထွေခင်းကာ မေ့ကစားမိ
ထန်းဖျား နေကျော်တော့
ဆရာတော် ကြိမ်ဆော်ချ
ဖူးထခဲ့ရ။
နေ့လယ်မှာ စာဆိုလို့ 
သင်္ဂြိုဟ်ကို သရုပ်ခွဲပြန်ရ
တကတဲ မျက်စိလည်
မျက်နှာငယ်ကလေး။
ချာလယ်ချာလယ်နဲ့ 
တိုင်ကွယ်မှာ ပုန်းချင်ဇောနဲ့ 
မောခဲ့ပါသေး။
ပဲဆွတ်ချိန် မိုဃ်းလေကင်းလို့ 
နှင်းကလေး မှုန်ရီမှုန်ရီ
ဆိုင်ပုံမှာစီ။
မြေပဲက တပြည်နှစ်ပြည်
မြေဆီက တရဲရဲ။
မိုးချုပ်ရင် မှန်အိမ်နဲ့ 
ပြန်ချိန်ကို အမေစောင့်ပါလိမ့်
ယာထောင့်က တဲ။
သည်ရွာမှာ ငါမွေးလို့ 
သည်ကျေးမှာ ငါပျော်
အဖော်နဲ့  အလှော်နဲ့ ။
ရွာသွေး ရွာကိုယ်မို့ 
ကြာညိုညို ကန်မှာ ပွင့်သည့်နှယ်
ပွင့်လန်းစေချင်သနဲ့ 
မျှော်ရဲ့ ခေါ်ရဲ့။ ။
တင်မိုး
ပန်းချီ mya thaung
နွေမှာဆို ထနောင်း
ဆောင်းမှာဆို မန်းကျည်းပင်။
ငါတို့ရွာ ယာခရိုးမှာ
ချိုးကူသံရွှင်။
ငါ့ဘ၀ သည်မှာခင်
ငါ့အမြင် သည်မှာစွဲ။
သည်ရွာ သည်ယာချောင်း
ငယ်ပေါင်းပါပဲ။
နွေမှာဆို ကန်တူး
မိုဃ်းဦးဆို ကန်ရေ၀င်။
ညနေ ကန်ရေခပ်ချိန်
နွားလည်ပတ်ဆင်။
မှန်စီထိပ် အုပ်ကလေးနဲ့ 
လေသွေးရာ ခြူသံလွင်
ခြေသင်တဲ့ နွားပြေး။
ကာလသားတွေ ဟဲ့
နွားမောင်းကြ အပြိုင်အဆိုင်
တတိုင်နှစ်တိုင် စခန်းပေါက်ကရော့
ပေတရာလမ်းတလျှောက်မှာ
နွားငေါက်သံတေး။
နွေမှာဆို ပဲကြိတ်ထိုး
မိုဃ်းမှာဆို ပဲမှုန်းတယ်။
ယာညက်ရင် မှိုရှာလို့ 
ချိုရာရာ ဟင်းညွန့်ဖူး
ခူးရဦးမယ်။
လျှိုရိုးမှာချိုးတယ်
လျှိုကွယ်မှာသူပုန်း။
သည်ရွာ သည်ယာလေ့
အောက်မေ့မိတုန်း။
ကျေးဥ ကျေးနုတို့ 
မြေပဲထု ပဲဆံရွေးသနဲ့ 
တေးကလေး တဟိုဟို။
ခေါင်းရင်း တမာပင်က
နွေအ၀င် ဖြိုင်ဖြိုင်နုတော့
လုခူးမယ်ဆို။
နေကလေး အတန်ချိုရင်
စဖိုခွင် ၀င်ရဦး။
ရှင်မတောင် လေနီကြွရင်
ထလိမ့် ဖုန်လုံး။
ထန်းသီးခိုင် ချိုင်ခဲ့ဦးဗျို့ 
ဖုန်လုံးကြား ဟစ်မှာသံ။
လုံချည် ကွင်းသိုင်းလို့ 
ဝိုင်းပတ် ဒူဝေေ၀နဲ့ 
ကလေးတွေ တပြုံကြီး
လှည်းနောက်မြီး ရည်းခိုလိုက်
မိုဃ်းဆိုက်လို့ ညံ။
ဟဲ့ ကောင်းလေးတွေ အဆော့သန်
နွားကန်လိမ့်မယ်နော။
ထန်းသီးနု ညိုတိုတိုက
အရည်ချို သည်တရှုပ်ဖြင့်
စုပ်ရချေသော။
မန်းကျည်းပင် ဆီးပင်ဝိုင်း
တောင်ပိုင်းနဲ့  မြောက်ပိုင်းဆုံရာ
ခြင်းပွဲကိုလာ။
အပျိုတွေ ရေခပ်ဆင်းတော့
ထိုးကွင်းနဲ့  ကိုဟ၀ှါ
မဟာဒူးဟန်နဲ့။
မသူဇာ ခြင်းမှန်လို့ 
ကက်ကက်လန် ရန်ထောင်ခံရ
ရှက်လှချေရဲ့။
နွေပေါက်ရင် ရေခြောက်တဲ့
ကန်ရေသောက် တို့ရပ်ရွာ။
ဆိုင်းထမ်း ကိုယ်စီနဲ့ 
ညနေရီ ဆယ်ပေတွင်းမှာ
ရေစစ်ရင်း လူပျိုလှည့်
နွဲ့ တဲ့တဲ့သာ။
အပျိုမဖြစ်ခင်
ဟိုတနှစ်ဆီက
ရေစစ်ရင်း သည်မျက်နှာ
ဆုံဖူးပါရဲ့ သူတမျိုး။
အပျိုဖြစ်ခါမှ
အလို ချစ်တယ် တဲ့
ကြက်ရစ်သလို ကိုယ်မရစ်လာနဲ့ 
မနှစ်ဆို ဟိုအပျိုနဲ့ 
သည်လိုပင် ဆိုသံကြားပါရဲ့
လျှာဖျားသံ တလိမ့်ထိုး
တော့်စိတ် မရိုး။
ဆွမ်းအိုးကို သူထမ်းလို့ 
ရွာလမ်းက ပြန်ခဲ့တယ်။
သူငယ်ချင်းတွေနဲ့ 
ထွေခင်းကာ မေ့ကစားမိ
ထန်းဖျား နေကျော်တော့
ဆရာတော် ကြိမ်ဆော်ချ
ဖူးထခဲ့ရ။
နေ့လယ်မှာ စာဆိုလို့ 
သင်္ဂြိုဟ်ကို သရုပ်ခွဲပြန်ရ
တကတဲ မျက်စိလည်
မျက်နှာငယ်ကလေး။
ချာလယ်ချာလယ်နဲ့ 
တိုင်ကွယ်မှာ ပုန်းချင်ဇောနဲ့ 
မောခဲ့ပါသေး။
ပဲဆွတ်ချိန် မိုဃ်းလေကင်းလို့ 
နှင်းကလေး မှုန်ရီမှုန်ရီ
ဆိုင်ပုံမှာစီ။
မြေပဲက တပြည်နှစ်ပြည်
မြေဆီက တရဲရဲ။
မိုးချုပ်ရင် မှန်အိမ်နဲ့ 
ပြန်ချိန်ကို အမေစောင့်ပါလိမ့်
ယာထောင့်က တဲ။
သည်ရွာမှာ ငါမွေးလို့ 
သည်ကျေးမှာ ငါပျော်
အဖော်နဲ့  အလှော်နဲ့ ။
ရွာသွေး ရွာကိုယ်မို့ 
ကြာညိုညို ကန်မှာ ပွင့်သည့်နှယ်
ပွင့်လန်းစေချင်သနဲ့ 
မျှော်ရဲ့ ခေါ်ရဲ့။ ။
တင်မိုး
ပန်းချီ mya thaung
Labels:
ကဗျာ
|
0
comments
ဘဝလုံခြုံရေးနဲ့ အေးချမ်းသာယာစွာ နေနိုင်ရေး
4:19 AM |
Posted by
တိုးတိုး |
Edit Post
ဘဝလုံခြုံရေးနဲ့ အေးချမ်းသာယာစွာ နေနိုင်ရေး
*****************************
သက်ရှိသတ္တဝါတိုင်းဟာ
မိမိတို့နေထိုင် ကျင်လည်ကျက်စားကြတဲ့အိမ် သို့မဟုတ် ဝန်းကျင်တခု
လုံးမှာ လုံခြုံမှုနဲ့ သာယာအေးချမ်းစွာ နေထိုင်နိုင်မှုဆိုတာကို လိုလားကြသည်ပင်ဖြစ်သည်။
လူကို မဆိုထားနှင့် သားရဲတိရစ္ဆာန်လေးများပင် မိမိတို့ ကျက်စားနေထိုင်တဲ့ ပတ်ဝန်းကျင်တခု
လုံးမှာ ကျားသစ် မိကျောင်း မြေခွေး တောခွေးစတဲ့ မိမိထက် အင်အားကြီးပြီး တိရစ္ဆာန်
အချင်းချင်း အန္တရာယ်ပေးနိုင်တဲ့သူ မရှိပဲ လုံခြုံစိတ်ချရပြီး အေးချမ်းသာယာစွာ နေထိုင်ကြရ
တယ်ဆိုရင် ပျော်ရွှင် မြူးတူးနေကြပြီး မြင်ရတဲ့ လူများအဖို့မှာပင် စိတ်ချမ်းမွေ့စရာ ဖြစ်ကြ
ရသည်။
-
ဒါကြောင့် တောတောင် သဘာဝအလှအပများရဲ့ငှက်မြည်သံ ဂျီ ဒရယ် ပြေးလွှား အော်ဟစ်

ရွှင်မြူးခြင်းတို့ဖြင့်
သာယာပုံနဲ့ ကျေးငှက်သာရကာ တိရစ္ဆာန်လေးများရဲ့ပျော်ရွှင်မြူးတူး ကစား
နေကြပုံ၊ ကျက်စားနေကြပုံများကို စာဖွဲ့ကဗျာဖွဲ့ တေးဖွဲ့ရတဲ့ အထိပင် ဖြစ်လာကြရသည်ပဲ
လေ။ ဒီလို သာယာလှပပြီး လုံခြုံစိတ်ချ အေးချမ်းစွာနဲ့ ကျက်စားနေထိုင်ကြတဲ့ သူတို့ရဲ့
ကမ္ဘာလေးထဲများကို သားစားသတ္တဝါတို့က ဝင်ရောက် နှောက်ယှက်ဖျက်ဆီးကြပြီဆိုလျှင်
မိမိတို့ နေရာလေးကို အသာထားဦး သားသမီးများကိုပင် မခေါ်နိုင် မကယ်နိုင်တော့ပဲ
အသက်လု ပြေးလွှားနေရတာတွေ၊ အသက်ကိုပင် ရဲရဲမရှူရဲပဲ ရှောင်ပုန်းနေရတာတွေ၊
အသက်စွန့်ပြီး အစာထွက်ရှာ စားသောက်နေရတဲ့ အဖြစ်မျိုးတွေနဲ့ ကြုံကြရပြီး သာယာ
ချမ်းမြေ့တဲ့ ဘဝတွေကို ရှုံးဆုံးကုန်ကြရပြန်တယ်။
.
တိရစ္ဆာန်တွေဖြစ်ကြတော့လည်း မိမိရဲ့နေရာ ရိက္ခာနှင့် သားသမီး စတာတွေကို လုံခြုံမှုရှိ

အောင်၊ သူတပါး မဖျက်ဆီးနိုင်အောင် ဘယ်လိုဘယ်ပုံ ကြိုတင်စီမံပြီး ထိန်းသိမ်းနိုင်ဖို့ ဆိုတာ
ကို မလုပ်နိုင်ကြပေဘူးပေါ့။ သူတို့ အသိဉာဏ်ရှိသလောက်နဲ့ အကာအကွယ်အတားအဆီး
များ လုပ်ထားပြီး ညီညွတ်စည်းလုံးမှုနဲ့ တိုက်ထုတ်လိုပါသော်လည်း အင်အားကြီးမားလှတဲ့
အကောင်ကြီးများနဲ့ ဉာဏ်များတဲ့ မုဆိုးတို့က ဖျက်ဆီးပြန်ရင်လည်း ဘာမှမတတ်နိုင်ပဲ သူတို့
ရဲ့သိုက်မြုံလေးများဟာ ပျက်စီးကြရ၊ အသက်ကိုပင် စွန့်ကြရတာတွေလည်း အများအပြား
ပင်ဖြစ်သည်။ အသက်ရှင် ကျန်နေသူများမှာလည်း လုံခြုံမှုနဲ့ သာယာမှုများ မရှိနိုင်လေတော့
နေရာပြောင်း အသိုက်ပြောင်း စားကျက်ပြောင်းခြင်းများ ပြုလုပ်ကြရတာပေါ့။
ရေကြည်ရာ မြက်နုရာ ဆိုတာ အဲဒီက လာမှာပဲပေါ့။ အစာရှားပါးလို့ ပြောင်းရတာ မဟုတ်ပဲ
လုံခြုံမှု အေးချမ်းမှု မရှိလို့ ပြောင်းကြရတာပါ။ သူတို့တွေမှာလည်း သဘာဝဘေး ဒုက္ခမျိုးစုံနဲ့
ကြုံရတာပါပဲ။ ဒစ်စ်ကာဗာရီတွေမှာ ထင်ရှားလှပါသည်။

ဒီတော့
လုံခြုံ စိတ်ချစွာနဲ့ အေးချမ်းသာယာစွာ နေထိုင်သွားလာခြင်းဆိုတာကို လူမပြောနဲ့
တိရိစ္ဆာန်များပင် လိုလားကြ တယ်ဆိုတာ ထင်ရှားနေသည်ပင် ဖြစ်သည်။ အဖြူအမည်း အညို
အရှည်အပု အပိန်အဝ စတဲ့ ပုံစံမတူတဲ့ ဘဝတခုထဲ- တအိမ်ထဲတွင်လာပြီး လူဖြစ်ကြရတဲ့
လူသားတို့ရဲ့မိသားစုတခုထဲမှာပင် အဖြူကတမျိုး အညိုကတဖုံ အရှည်အပုနဲ့ အပိန် အဝတို့က
တနည်း ဆိုပြီး အမျိုးမျိုး အဖုံဖုံ သဘောထားချင်း မတူကွဲပြားကြတာကို မတူတဲ့အလျှောက်
တိုင်ပင်ညှိနှိုင်းမှု မရှိပဲ ကိုယ်ထင်ရာ ကိုယ်လုပ် သွားချင်သလိုသွား လာချင်သလိုလာ လုပ်နေ
ကြမည်၊ မိဘဆိုတဲ့ သူများကလည်း ဖာသိ ဖာသာပဲနေ၍ ပြောဆိုမရ၊ ခိုင်းမရလို့ ဆိုပြီး ဒီ
အတိုင်း လွှတ်ပေးထားမည်ဆိုလျှင် အဲဒီအိမ်မှာ စည်းလုံးညီညွတ်မှုလဲ မရှိ၊ သာယာချမ်းမြေ့မှု
လည်း ရှိနိုင်မည်မဟုတ်ပေ။ နောက်ဆုံး ဒီလို အိမ်မျိုးကို သူခိုးတွေ ဒမြတွေက အလွယ်တကူ
ဝင်ရောက် ခိုးယူ သတ်ဖြတ်နိုင်တဲ့အတွက် ဘယ်လိုမှ လုံခြုံမှုလည်း မရှိနိုင်တော့ပါ။

ဒီလို
ညီညွတ် စည်းလုံးမှု မရှိတဲ့ အိမ်ကြီးဟာ နေထိုင်တာ ကြာလာသည်နှင့်အမျှ အမိုးအကာ
တံခါး၊ ခြံစည်းရိုးစတဲ့ အိမ်ရဲ့ ပျက်စီး ယိုယွင်းလာမှုများကိုလည်း သူလုပ်နိုးနိုး ငါလုပ်နိုးနိုး
သူ့တာဝန်လွှဲချ၊ ငါ့တာဝန်လွှဲချနဲ့ အချိန်ကုန်နေပြီး အပေါက်အပြဲ အခေါင်းပေါက်တွေကနေ
မြွေဆိုးတွေလည်း ဝင်အောင်းနေမယ်။ တခြား ကြွက်သိုးတွေလည်း ဝင်ခိုနေမယ်။ ခွေးလေ
ခွေးလွင့်များကလည်း ဝင်ထွက် စားသောက်နေတော့ အိမ်အိုပျက်ကြီးလို ဖြစ်နေမှာ မလွဲပါပဲ။
စည်းလုံးမှုမရှိတော့ သူခိုးတွေကလည်း သူနဲ့သိသလိုလို ငါ့နဲ့ သိလိုလိုနဲ့ ဝင်ခိုးယူသွားကြမှာပဲ။
ဒီလို အိမ်မျိုးကြီးမှာ သာယာချမ်းမြေ့မှုဆိုတာလည်း မရှိ၊ လုံခြုံမှုလည်း ကင်းဝေး၊ တနေရာထဲ
တအိမ်ထဲမှာ နေကြဖြစ်ကြရပေမယ့် စိတ်ချမ်းသာမှုဆိုတာ လုံးဝ မရှိတဲ့ တစိမ်းတွေ စုပြီး နေ
ထိုင်သလိုမျိုး ဖြစ်နေပေလိမ့်မည်။

အဲဒါဟာ
အကြီးအကဲဖြစ်တဲ့ မိဘများရဲ့ညံ့ဖျင်းမှုနဲ့ အသိဉာဏ်မရှိမှု၊ သားသမီးများကို လမ်း
ညွှန်မှု မပေးနိုင်သလို အသိပါ မဲ့နေအောင် လုပ်ထားမှုတို့ကြောင့်ပင်ဖြစ်သည်။ သားသမီးတွေ
နဲ့ နီးစပ်ရာက ပါလာတဲ့ လူစိမ်းတွေကြောင့် ပစ္စည်းပျောက် လူပျောက် စည်းကမ်းမဲ့နေထိုင်
ပြောဆို သွားလာခြင်းမျိုး လုပ်နေကြမည်မှာ သာလာယံ ဇရပ်တခုလိုပင်ဖြစ်နေပေမည်။
အိမ်သူအိမ်သားများရဲ့အသိဉာဏ်မရှိမှု၊ တာဝန်မဲ့မှု၊ လူဆိုးလူကောင်း မခွဲခြားတတ်ပဲ လာ
သမျှ လက်ခံနေမှု၊ အသိမရှိကြတော့ စည်းလုံးညီညွတ်မှုဆိုတာလည်း ကင်းပျောက်နေမှု
စတာတွေကြောင့် တိရိစ္ဆာန်လေးများရဲ့နေရာလောက်ပင် ပျော်စရာ မကောင်းတဲ့ အိမ်ကြီး
တခုလို ဖြစ်နေပေမည်။
အိမ်သားများက မိမိနိုင်ရာ စွမ်းရာ ကိုယ့်တာဝန် ကိုယ်ကျေပြွန်ပြီး တက်ညီလက်ညီ လုပ်ကိုင်
နေထိုင်ကြမည်ဆိုလျှင် အိမ်လည်း သာယာလှပ လုံခြုံမှုလည်းရှိ ပျော်စရာလည်း ကောင်းတဲ့
နေရာတခု ဖြစ်နေမည်မှာ မလွဲပေ။

လုံခြုံမှုနဲ့အေးချမ်းသာယာမှုဆိုတာကလည်း တအိမ်မှာ တဦးတည်း၊ တလမ်းမှာ တအိမ်တည်း၊
တမြို့မှာ တရပ်ကွက်တည်း၊ တနိုင်ငံမှာ တမြို့တည်းစသည် ကောင်းနေရုံ ညီညွတ်နေရုံနဲ့ မရ
နိုင်ပါ။ တအိမ်မှာဆိုရင် အိမ်သားအားလုံး ကောင်းမှ, ညီညွတ်နေမှသာလျှင် လုံခြုံပြီး
အေးချမ်းသာယာနိုင်ပါလိမ့်မည်။
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှ မရွေ့ဆိုတဲ့ စကားကို ယနေ့ခေတ်မှာ ပြင်ရမလို ဖြစ်နေ
သည်။ ကိုယ်က ကောင်းအောင်နေထိုင်ပါလျက်နဲ့ ပတ်ဝန်းကျင်က မကောင်းရင်,
ဒါမှမဟုတ် ညစ်ပတ်တဲ့သူက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတခုခုနဲ့ လာပြီး ပစ်ထားခဲ့ရင်
ဘယ်လိုမှ အေးချမ်းစွာနဲ့ ကောင်းကောင်းနေနိုင်တော့မည် မဟုတ်ပေ။ ထို့အတူပဲ တရပ်
ကွက်ထဲ တမြို့ထဲ ကောင်းအောင်နေကြပေမယ့် ကျန်တာတွေက မကောင်းပဲ မကောင်း
တဲ့ သူတွေကို ခေါ်ဆောင်လာမယ်။ ခေါ်သွင်းလာမယ်ဆိုရင် ဘယ်လိုမှ ကောင်းမွန်စွာနဲ့
နေထိုင်ကြလိမ့်မည် မဟုတ်ပေ။
ဒါကြောင့် အများစုက ကောင်းနေနိုင်မှသာလျှင် ဖြစ်နိုင်လျှင် အားလုံးက အသိဉာဏ်ရှိရှိ
အမြင်ကျယ်ကျယ်နဲ့ ဆင်ခြင်တွေးဆပြီး ကောင်းနေမှ ညီညွတ်နေမှသာလျှင် လူသား
အားလုံးရဲ့ဘဝတွေမှာ လုံခြုံ စိတ်ချ အေးချမ်းသာယာစွာနဲ့ ကောင်းကောင်းနေနိုင်ကြမည်
ဖြစ်ပါသည်။
(နွေနှင်းမိုး)
Labels:
ဆောင်းပါး
|
0
comments
Subscribe to:
Posts (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
April
(32)
- အချစ်နဲ့တွေ့တဲ့အခါ ပြောင်းလဲလာတဲ့ အရာများ
- ဘဝအတွက် ကြိုးစားနေချိန်မှာ
- ကြုံလာတဲ့ လောကဓံကို ရင်ဆိုင်နိုင်ဖို့
- အိမ်ပြေးမလေး
- ဒညင်းသီးရဲ့ ဆိုးကျိုးများ
- “အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့”
- “အမေနေတဲ့ ရွာကလေး”
- “မိခင် အဖြစ်”
- “ကျေးလက် သင်္ကြန်”
- “ရပ်ရိပ် ရွာရိပ်”
- ဘဝလုံခြုံရေးနဲ့ အေးချမ်းသာယာစွာ နေနိုင်ရေး
- ရိုင်းတဲ့ ကံ
- ဒီရေ သမီး
- ဂုဏ်အလှ
- စံရစ်တော့ သက်နှံငယ်
- သတို့သားသတို့သမီး (အိမ်ထောင်ရှင်)များအတွက် အဆုံးအမ...
- သူတွေးခဲ့တဲ့ သူ့စကား
- “ပိတောက်မင်းသမီး”
- “နှစ်ဆန်း ပိတောက်”
- သင်္ကြန်ခါ
- ဧကရာဇ် နန်းသူ
- “သာသည့် မြေသို့”
- လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်
- မွတ်သိပ်သော နှလုံးသား
- တက္ကသိုလ် ဆိုတာ
- စိန်ခေါ်မှုကို လက်ခံခြင်း
- ဗဟုသုတရဲ့ အကျိုး
- ခေတ်ပျက်
- ခေါင်းဆောင် ဖြစ်ထိုက်သူများ
- ခေါင်းဆောင် မတင်ထိုက်သူများ
- ပိုင်ပိုင် ပန်ပါ ပန်း
- ပြောင်ကတုံးနဲ့ ဖုန်းပျော်မယ်
-
▼
April
(32)