ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, December 27, 2013
ပညာရေးနှင့် ပတ်သက်၍
11:31 AM |
Posted by
တိုးတိုး |
Edit Post
(ပညာရေးနှင့် စပ်လျဉ်း၍ ယူဆချက်များ)
လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်သလို ပညာရေးတွင်လည်း သင်ကြားပို့ချသူ၊ သင်ယူသူ
နှစ်ဦးနှစ်ဖက် ကြိုးစား သင်ကြားပါမှ အောင်မြင်နိုင်သည်။အထက်က ပညာရေးအရာရှိ
ကြီးများမှသည် အောက်ခြေရှိ မူလတန်း ကျောင်းသားထိတိုင် ကိုယ့်တာဝန်ကိုယ် ကျေပွန်
မှသာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်သော ပညာရေးအဆင့်အတန်း ရရှိမည်ဖြစ်သည်။
ခိုင်မာကျစ်လစ်သည့် ပညာရေးစီမံကိန်းများ ချမှတ်ကာ အားလုံး အကောင်အထည်ဖော်
ရမည်ဖြစ်သည်။

ကိုယ့်ဌာနေမှာ မသင်ကြားနိုင်သည့် ဘာသာရပ်များကို နိုင်ငံခြားကျောင်းများသို့
ပညာတော် သင်များ စေလွှတ်ကာ ပညာရေးကို အဆင့်မြင့်သထက်မြင့်အောင် ကြိုးပမ်းဆောင်ရွက်သင့်
သည်။ ရေမြင့်မှ ကြာတင့်မည်ဖြစ်သလို ပညာရေးကောင်းမှသာ လူနေမှုအဆင့်အတန်း
မြင့်မားကာ ယဉ်ကျေးလိမ္မာ၍ သိက္ခာရှိသော လူ့အဖွဲ့ အစည်းဖြစ်မည် ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံ၏ ပညာရေးအခြေအနေကို ပြန်လှန် သုံးသပ်ကြည့်ဖို့ များစွာလိုလေသည်။

(ပိုတာ၊ www.maukkha.org ၊ ၂၀၀၅)
ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လိုတည်ဆောက်ရမယ်။ လူမှုပေါင်းသင်း ဆက်ဆံရေး
ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ရမယ်။ အချင်းချင်းဆက်သွယ်ဖို့ ဘာသာစကား ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ရမယ်။ တွေးတတ်၊ ခေါ်တတ်၊ တီထွင်ဖန်တီး တတ်ဖို့အတွက် ဉာဏ်ရည်
ဖွံ့ဖြိုးအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင် ရမယ်ဆိုတာ ပညာရေးပါ။ ဒီလိုအခြေခံ
ကောင်းတွေ ရနိုင်မယ့် နေရာတွေကိုသာ မိမိရဲ့သားသမီးတွေကို အပ်နှံ သင်ယူ
စေသင့်တယ်။

(ကျော်ဆန်း၊ http://news.mmsy.info ၊ ၁၆ သြဂုတ် ၂၀၁၂)
ပညာရေးတွင် နိုင်ငံ့လိုအပ်ချက် ဆိုသည်ထက် ကမ္ဘာ့ လိုအပ်ချက်ကို အဓိကထားသည်။
ကိုယ့်တိုင်းပြည်ထက် အပြည်ပြည်ဆိုင်ရာကို မျှော်ကြည့်တတ်သူများ ဖြစ်လာရေး ဦးစားပေး
သည်။ အဆင့်မြင့် နည်းပညာများဖြင့် ကမ္ဘာသစ်နှင့် ကွန်ရက် ချိတ်ဆက်ထားနိုင်သဖြင့်
လည်း မိမိကိုယ်မိမိ အမြဲတမ်း အဆင့်မြှင့်နိုင်ရန် အားထုတ်နေကြရသည်။
နိုင်ငံတော်က ပညာရေးကို အဆုံးအဖြတ်ပေးကာ ကိုင်တွယ်နေခြင်းထက် ပညာရေးကို
သူ့အပိုင်း၊ သူ့ကဏ္ဍ၊ သူ့အဖွဲ့အစည်းများ၏ လိုအပ်ချက်အရ ပိုင်းဖြတ်ခြင်းကို ခံကြရမည်။
စာမေးပွဲစနစ် ရှိကောင်း ရှိနိုင်သော်လည်း မလိုအပ်သည့် ဘောင်များဖြင့် အတားအဆီး
မဖြစ်စေရန် အဓိကထားသည်။
အရေအတွက်ထက် အရည်အချင်းအမှန်ကို ဖော်ထုတ်ပြီးမှ စစ်ဆေးလက်ခံသည့်
ပညာရေးကို ၂၁ ရာစု ပညာရေးဟု ခေါ်ပါသည်။ အရည်အချင်း အမှန်ကို ဖော်ထုတ်
နိုင်စွမ်းရှိသူတို့ ပညာခေတ်ကို မျှော်လင့်မိပါသည်။

(တင်ညွှန့်၊ မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်၊ ၂၂ စက်တင်ဘာ ၂၀၁၂)
စာသင်ခန်းထဲသို့ အာဏာ၏ အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း
အခြားသော လောကများနှင့်အတူ ဆွံ့ အ ကြုံလှီ ညှိုးနွမ်း ခြောက်သွေ့သွားခဲ့ရခြင်းဖြစ်ပါ
သည်။ အလွတ်ကျတ်ထားသည်ကို တသွေမတိမ်း ပြန်ရွတ်ပြ ပြန်ရေးပြသည်ကို Factual
Recall ဟု ခေါ်ဆိုရာ ထို ဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ်ဆင်ခြင်
ခြင်း၏ ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ ရန်သူ၊ Decision Making
ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ ရန်သူ၊ Problem Solving ခေါ် ပြဿနာဖြေရှင်းခြင်း၏
ရန်သူပင်ဖြစ်ပါသည်။

(မောင်သာချို၊ မောက္ခပညာရေးမဂ္ဂဇင်း၊ ၁၃ အောက်တိုဘာ ၂၀၁၂)
ဒီမိုကရေစီစနစ်မှာ ရာထူးကောင်းကောင်း လိုချင်ရင် အရည်အချင်းကောင်းကောင်း
ရှိရ
မှာပါ။ အရည်ချင်းကောင်းဆိုတာ ခေတ်မီတဲ့ ပညာရေးစနစ်မျိုးနှင့် ခေတ်ပညာများကို
သင်ယူခွင့် ရပြီး၊ ထိုပညာ(ဘွဲ့ဒီဂရီ)ဖြင့် အလုပ်ခွင်၌ ယုံကြည်ချက်အပြည့်ဖြင့် အလုပ်
လုပ်ပြနိုင်ခြင်းပါ။ ထိုကဲ့သို့မဟုတ်ပဲ မြန်မာလူမျိုးအများစုရဲ့ ပညာရေးအဆင့်အတန်းများ
ဟာ လွန်စွာ နိမ့်ကျနေမည်ဆိုလျှင် ဒီမိုကရေစီစနစ်အရ နိုင်ငံတကာနှင့် ယှဉ်တဲ့
လုပ်ငန်းကိုင်ငန်း အခွင့်လမ်းတွေ ပွင့်လန်းလာလို့ အလုပ်ခန့်ရာမှာ မြန်မာလူမျိုးများ
(တိုင်းရင်းသားအားလုံး အပါအဝင်)ကို ဘယ်နေရာမှာ ဘယ်ရာထူးမျိုးနဲ့ ခန့်အပ်နိုင်ကြ
မလဲဆိုတာ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။

(ဒေါက်တာဓမ္မပိယ (I.T.B.M.U) ၊ မိုးမခ ၊ ၁၉ အောက်တိုဘာ ၂၀၁၂)
ဒီပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းကြီး ဆိုရင်ရော
ပြောစရာတော့ ရှိပါတယ်။ "မင်းကြုံဘူးတဲ့ အတွေ့အကြုံနဲ့ လူတိုင်းကို မချိန်ထိုးနဲ့"
ဆိုတဲ့
စကားပါ။ ဆရာဆရာမတွေ တယောက်မှ အရည်အချင်း မရှိဘူးလို့တော့
သိမ်းကြုံး ပြောလို့တော့ မရပါဘူး။
သို့သော်လည်း အများစုက ကျောင်းသားတွေ
အပေါ် အာဏာရှင်အုပ်ချုပ်ရေးစနစ်နဲ့ပဲ ကိုင်တွယ်နေတယ်ဆိုတာ
ဝန်ခံရမှာပဲ။
သင်ရိုးညွှန်းတမ်းတွေ အကုန်ပြောင်းပြီး ကျနော်တို့ ပညာရေးစနစ်ပြောင်းနေပါပြီလို့
ရှေးက ဝန်ကြီးတွေ အားလုံး တလေသံတည်း ထွက်ခဲ့တယ်။
သင်ရိုညွှန်းတမ်းတွေက အရေးကြီးသလား၊
သင်ကြားရေး စနစ်တွေက အရေးကြီးလား။
ဒါကို အခု ပညာရေးစနစ် ပြောင်းလဲမယ်ဆိုတဲ့ လူကြီးတွေ
ထည့်စဉ်းစားဖို့ လိုနေပြီ။
လူလားမြောက်စ အသက် ၅.နှစ် အရွယ်လောက်ကတည်းက အရိုးစွဲသွားစေမယ့်
အကြောက်တရားတွေဟာ အဲဒီ ကြိမ်လုံးသံတွေက လာတာပဲ။
ဒီနေ့ခေတ်မှာ လုံးဝ မရှိသင့်တော့ပါဘူး။ ဒါဟာ အကြမ်းဖက်မှုပဲ။၊ ဘယ်သူမှားမှား ဘယ်သူ
မှန်မှန် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဟာ အကြမ်းဖက်မှုပဲ။ ခံရသူဘက်ကို အကာအကွယ်
ပေးမယ့် ဥပဒေတွေလည်း ခိုင်ခိုင်မာမာရှိသင့်နေပြီ။ အာဏာရှင်စနစ်ကို အမှန်တကယ်သာ နိဂုံးချုပ်ချင်တယ် ဆိုရင်တော့ စာသင်ကျောင်းတွေကနေ အာဏာရှင်လေးတွေ မွေးထုတ်
နေမှုကိုလည်း ချက်ချင်း ရပ်တန့်ရပါတော့မယ်။

(ကျော်စွာ၊ ဖဘ၊ ၂၄ အောက်တိုဘာ ၂၀၁၂ / လွင်အောင်စိုး)
Labels:
ပညာရေး
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
December
(108)
- ဗုဒ္ဓဘာသာရဲ့ရှေးအကျဆုံး သစ်ခေါက်စာ
- ကျင့်သုံးရန် သံပေါက်လင်္ကာ
- မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆုံးအမများ။
- ကံသာ မိဖ,စီရင်ကြ
- သေခါနီးလေ ပျော်စရာကောင်းလေ
- "ကံ"ဆိုတာ ရှိတယ်... တဲ့
- ဗဟုသုတ- ဝါဒများ
- မှတ်သားစရာ စကားပုံများ
- နားလည် စာနာပေးခြင်း၏… အား
- ကျောင်းသား လူငယ်တွေ
- "ဘုန်းကြီးချင်သည့် စိတ်သည် ယုတ်မာသည်"
- ဘုရား မကြိုက်တဲ့ လူစု
- “သူနာပြု ဘုရား”
- မြတ်သော အဆုံးအမ
- “ရေဝန်းရွာလေး ညနေရီ”
- “တောဓလေ့”
- တလှမ်းရှေ့တိုး
- ပညာပေးပုံနဲ့ ညီညွတ်ဖို့
- တိုးတက် ခေတ်မီ ပညာရေးစနစ်
- ပညာ့လက်ဆုပ် စနစ်
- ပညာရေးနဲ့ ပတ်သက်၍
- ပညာရေးနှင့် ပတ်သက်၍
- ဆရာကြီး ပီမိုးနင်း၏ မှတ်စုများ
- မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်တော်စဉ်
- ခေါင်းဆောင်တို့ ကျင့်စဉ်(၇)
- တန်ဖိုးရှိတဲ့ အသက်တချောင်း
- မြို့တော်
- လင့်ခ်တခု
- မနေ့ညက ရှင့်မိန်းမ ကျွန်မယောက်ျားကို ယူနမ်းသွားတယ်
- အချစ်ကို အမုန်းဆွဲနေတဲ့ အမွဲဆုံး လူတယောက်
- သနားတယ်
- ဉာဏ်ကောင်းစေရန် နည်းလမ်း ၁၀-ချက်
- အောင်မြင် ဖြစ်ထွန်းမှုဆိုတာ
- ဒီလို ဒီလို
- မှတ်သားဖွယ်
- လက်ဆောင်
- စကား လက်ဆောင်မွန်
- ရယူတတ်ဖို့လို
- ရုန်းရင်း ကန်ရင်း
- စာနာစိတ်နဲ့ တာဝန်ယူလိုစိတ်
- ကိုယ်ချင်းစာမှုနဲ့ မျှဝေလိုစိတ်
- ပြင်ချိန်တန်
- ကြောက်ကြပါ
- " ဗုဒ္ဓကို ဘယ်လို ယုံကြည် အားကိုးသလဲ "
- " ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ "
- ခေါင်းဆောင်တို့ ကျင့်စဉ် (၆)
- အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
- “ စကားကြီး ၃ ခွန်း ”
- ရိုးသားခြင်း
- လူငယ်များသို့
- ခေါင်းဆောင်တို့ ကျင့်စဉ်(၁)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၂)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၃)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၄)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၅)
- ဆရာဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း ၏ စကားလက်ဆောင်
- ပန်းသင်္ကေတ နိမိတ်ပြ
- ချိုမြိန်တဲ့ စကားများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- လွတ်လပ်ခြင်းနဲ့ ချမ်းသာမှု
- ဒီိလို နေကြသတဲ့
- စာဖတ်သူများ အကြောင်း
- ပြည်သူအင်အား ဖယ်၍ထားလျှင်
- သူပုန် ချစ်စိတ် လရောင် ရိပ်ဝယ်
- သေမင်းအစာ နင့်ခန္ဓာ
- သောက ကင်းဝေးနိုင်ဖို့
- အသိဉာဏ် မပါ ချည်းနှီးသာ
- 27th SEA Games: Opening Ceremony
- မေတ္တာ,စေတနာ ထားတယ်ဆိုတာ လွယ်မယ် မထင်နဲ့
- ''အမေ''
- နေထွက်ချိန်
- “ချစ်သူတို့ ရွာ”
- သေသော်မှတည့် သြော်ကောင်း၏
- ဆောင်းနေ့ အလွမ်း
- စာဆိုစစ်ချီ
- အလှဘွဲ့
- မိုးတော မောင်ဘွဲ့
- ခရီးသည်
- တောပန်းများ
- မိန်းမကောင်းတို့မည်သည်
- အောင်မြင်တဲ့  လူတယောက်ဖြစ်ဖို့
- ဆရာတဦး၏ အဆုံးအမများ
- မျက်လုံးကလေး နှစ်လုံး
- ချစ်သူ ကိုယ်စား
- ဖတ်ကြည့်ပါ တခုခုတော့ ကျန်မလားပဲ
- ဖာဘွဲ့
- ဤမြေကြီး
- အဆိုအမိန့်များ
- “စံ” စာမရီ
- မေတ္တာ ငတ်မွတ်လို့ သေဆုံးနေရသူတွေ
- ဒီလိုပဲ ဖြစ်သင့်တာပါ...
- ကလေးတို့အတွက်
- မိဖုရား သံဝေဂ
- ဒုစရိုက်နဲ့ သုစရိုက် ဘယ်ဟာက များနေလဲ?
- တိုးတက်ရေး
- ပစ္စည်းချမ်းသာမှုနဲ့ စိတ်ချမ်းသာမှု
- အတွေ့အကြုံ
-
▼
December
(108)
0 comments:
Post a Comment