သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, December 6, 2013

PostHeaderIcon ဖတ်ကြည့်ပါ တခုခုတော့ ကျန်မလားပဲ



 တစ်မိနစ်ခွဲလောက် အချိန်ပေးပြီး ဖတ်ကြည့်ပါ
**************************
လေးစားချစ်ခင်ရပါသော မိတ်ဆွေများခင်ဗျား...

တခါတုန်းက လူတယောက်မှာ မိန်းမလေးယောက် ရှိတယ်။
သူက မိန်းမလေးယောက်မှာ စတုတ္ထမြောက် မိန်းမကို အချစ်ဆုံးပေါ့။
သူ့ကို အစစအရာရာလဲ ဂရုစိုက်တယ် အရမ်းလည်း တွယ်တာတယ်။

သူပြီးရင်တော့ တတိယမြောက် မိန်းမကို အချစ်ဆုံးပေါ့။
တတိယမြောက်မိန်းမက လှပကြော့ရှင်းတော့ သူ့မိတ်တွေ အပေါင်းအသင်းတွေ ရှေ့မှာရော

ပွဲလမ်းသဘင်တွေမှာရော မကြာခဏ ခေါ်သွားလေ့ရှိတယ်။
ဒုတိယမြောက် မိန်းမကိုတော့ ဟိုနှစ်ယောက်ကို ချစ်သလို မချစ်ပေမယ့် အားကိုးတယ်။

ပြဿနာတခုခု ကြုံတိုင်း သူနဲ့ တိုင်ပင်တယ်။ သူကလည်း အကူအညီပေးတယ်။
ဒါပေမယ့် ပထမမြောက် မိန်းမကိုတော့ သူက လုံးဝ မချစ်ဘူးတဲ့။

သူက မချစ်တာတောင် ပထမမြောက် မိန်းမကတော့ သူ့ကို ကောင်းရှာတယ်။  ဂရုလဲ
စိုက်တယ်။ အဲလိုနဲ့ တနေ့မှာ အဲဒီ လူကြီး နေမကောင်းဖြစ်ရော။

သူ့ကို သူ သေရတော့မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ့ မိန်းမလေးယောက်ကို

ခေါ်လိုက်တယ်။
ပြီးတော့ စတုတ္ထမြောက် မိန်းမကို မေးတယ် ''ငါသေရင် မင်း ငါနဲ့အတူ လိုက်သေနိုင်

မလားပေါ့ '' အဲဒီလိုမေးတဲ့အခါ စတုတ္ထမြောက် မိန်းမက ငြင်းလိုက်တယ်။
သူ လိုက် မသေ ပေးနိုင်ပါဘူးတဲ့။

အဲဒါနဲ့ တတိယမြောက် မိန်းမကို မေးတယ်။ တတိယမြောက် မိန်းမက ပိုတောင်

ဆိုးသေးတယ်။ ရှင်သေရင် ကျွန်မက နောက်တယောက် ထပ်ယူမှာတဲ့။

ဒုတိယမြောက် မိန်းမကိုလဲ မေးပြန်တယ်။ ဒုတိယမြောက် မိန်းမကတော့ ဒီလိုပြောတယ်။

ရှင်နဲ့ အတူတူ မသေပေးနိုင်ပေမယ့် ရှင့်အုတ်ဂူမှာ ပန်းစည်းလေး လာချပေးမှာပါတဲ့။
ရှင့်အတွက်လဲ ဆုတောင်းပေးမှာပါတဲ့။

ဒီလိုနဲ့ နောက်ဆုံးတော့ ပထမမြောက် မိန်းမပဲ ကျန်တော့တာပေါ့။ အဲဒါကြောင့်

ပထမမြောက် မိန်းမကို မေးတော့ သူက တခြား မိန်းမတွေနဲ့ မတူဘူး ဒီလိုဖြေတယ်။

ကျွန်မက ရှင့်နဲ့ အမြဲတမ်း အတူတူရှိနေမှာပါတဲ့။ ရှင်ဘယ်သွားသွား ကျွန်မ လိုက်ခဲ့မှာပါတဲ့။
တကယ်တော့ ကျွန်တော်တို့ လူသားတွေမှာလည်း ပုံပြင်ထဲက လူကြီးလို ဇနီးလေးယောက်
ရှိပါတယ်။

စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်ပါ။
ကျွန်တော်တို့ သူ့ကို ဘယ်လောက်ချစ်ချစ် အချိန်တန်တော့လဲ ထားခဲ့ရတာပါပဲ။

တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတွေပေါ့။
ကျွန်တော်တို့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ။ ကျွန်တော်တို့ မရှိတော့ရင် အဲဒီပစ္စည်း

ဥစ္စာတွေဟာ တခြားသူ လက်ထဲပဲ ရောက်သွားမှာပါ။

ဒုတိယမြောက် ဇနီးကတော့ မိသားစုပေါ့။
ဘယ်လောက်ပဲ ကိုယ့်မိသားစုကို သံယောဇဉ်ရှိပါတယ် ပြောပြော ကျွန်တော်တို့

သေသွားတဲ့အချိန်မှာ သူတို့က လွမ်းဆွတ်တမ်းတပြီး ကောင်းရာမွန်ရာ ရောက်ဖို့
ဆုတောင်းပေးရုံက လွဲလို့ ကျန်တာ မတတ်နိုင်ပါဘူး။

ပထမမြောက် ဇနီးကမှ ကျွန်တော်တို့ သေရင် ကျွန်တော်တို့ နောက်ကို ထပ်ကြပ်မကွာ
လိုက်လာမယ့် ကျွန်တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ ပြုလုပ်ခဲတဲ့
ကောင်းမှု/မကောင်းမှု/ ကုသိုလ်ကံ / အကုသိုလ်ကံတွေပေါ့ ဗျာ...။

ဘယ်လို ပြောရမလဲ ဗဲရီးဂွတ်ပေါ့မှ ဘာသာပြန် တင်ဆက်သည်။

ကိုစေတနာ(6.12.2013)
Copy From >>ဟာသဘဏ် - funny bank

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...