ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Sunday, June 30, 2013
ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘုရင်က အိပ်နေမှဖြင့်
1:36 PM |
Posted by
တိုးတိုး |
Edit Post
ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘဝရှင်မင်းတြားကြီးက အိပ်နေမှဖြင့်
မောင်သာချို
(၁)
ကျွန်တော်နှင့် အလွန်ရင်းနှီးခင်မင်သည့် စာရေးဆရာတယောက်ရှိပါသည်။ ယခုမန္တလေး
အခြေစိုက် ကိုနေဝင်းမြင့်ပဲ ဖြစ်ပါသည်။ စာပေဟောပြောပွဲစင်မြင့်ကြီး များရှိရာဆီသို့ အတူ တကွ ရောက်သွားကြသည့်အချိန်များတွင် တယောက်ဟောသည်ကို တယောက်က ထိုင်
ကြည့်ရင်း သန်းခေါင်ချဉ်းခဲ့ကြရသည့် ညတွေက တကယ့်ကို မရေမတွက်နိုင်အောင်ပါ။
မြန်မာတို့ မြန်မာ့ဓလေ့ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် တစတစ အဟပ်ကွာ၍ လာရပုံ
ကို ကိုနေဝင်းမြင့် ပုံဆောင်၍ ပြောလေ့ရှိသော ဟာသကလေးတပုဒ်ရှိပါသည်။
နည်းနည်းကလေး လက်ဆင့် ကမ်းပါရစေ။
မိခင်ဖြစ်သူက သမီးကို ဆရာတော်ဘုရားထံသို့ စေလွှတ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ကပ်လှူ
ခိုင်းပါသည်။ သမီးကလည်း မိခင်ခိုင်းစေသည့်အတိုင်း လှူဖွယ်ပစ္စည်းတို့ကို ဆရာတော်ဘုရား
ထံ သွားရောက်လှူပြီးနောက် ပြန်ဖို့ရာ ခွင့်ပန်သည်။သို့သော် ရဟန်းသံဃာနှင့် မည်သို့ စကား
ဆိုရမည်ကို သူမသိ။ထို့ကြောင့်“တပည့်တော် ပြန်ကြွလိုက်ဦးမယ်ဘုရား”ဟု တင်လျှောက်မိရာ
ဆရာတော် ဘဝင်မကျဖြစ်သွားသည်။
ထို့ကြောင့် ခေတ်လူငယ်တို့ ပြောတတ်ဆိုတတ်ရှိလာစေရန် သွန်သင်ပေးဖို့ သတိပေးရန်
အတွက် ထိုသမီး၏မိခင်ဖြစ်သူကို ကျောင်းသို့လာခဲ့ရန် အမှာဆင့်လိုက်သည်။ မိခင်ဖြစ်သူက
လည်း တခုခုတော့ တခုခုပါပဲဟူသော အတွေးဖြင့် ကျောင်းသို့ရောက်လာပါသည်။ ဆရာ
တော်ဘုရားက သမီးဖြစ်သူ စကားပြောပုံကို ပြန်၍ မိန့်ကြားကာ သွန်သင်ဆုံးမဖို့ သတိပေး
လိုက်ပါသည်။ ဤတွင် မိခင်ဖြစ်သူ ဆရာတော်ဘုရားကို ကတိပေးသည်က “တပည့်တော်
နောင်သည်လို မပြောရဘူးလို့ အိမ်ရောက်ရောက်ချင်း သြဝါဒကထာ မြွက်လိုက်ပါ့မယ်ဘုရာ့”
တဲ့။
ဆရာတော်ကား အလိုမကျစွာဖြင့် နောက်တဆင့်တက်ရပြန်ပါသည်။ ထိုဒကာမ၏ ခင်ပွန်း သည်ကို ကျောင်းသို့ လွှတ်လိုက်ရန် မှာကြားလိုက်ခြင်းဖြစ်ပါသည်။ ဘာများ အမှားအယွင်း
တွေ လုပ်မိကြပါလိမ့်ဟူသော စိုးရိမ်စိတ်ဖြင့် ခင်ပွန်းဖြစ်သူ ဒကာ ရောက်ရှိလာသောအခါ
သားအမိနှစ်ယောက် စကားပြော မတတ်ကြပုံကို ဆရာတော်က မိန့်ကြားပြီး သွန်သင်ဦး၊ ဆုံးမ
ဦးနှင့် သတိပေးပြန်ပါသည်။ ဤတွင် ဒကာ ပြန်လျှောက်ပုံက“သည်လောက် လူလို နားမလည်
တဲ့ဟာတွေ အရှင်ဘုရားရဲ့ကျောင်းဝတ္တက မြေပေါ်မှာ နောင် ဘယ်တော့မှ ခြေတော်ရာ မချ
စေရပါဘူး ဘုရား”ဟူ၍
ဆရာတော်၏ ဘဝင်မကျမှုဒီဂရီက ပို၍ ပို၍ မြင့်တက်လာရပါပြီ။သို့ဖြင့် ယောက္ခမဖြစ်သူ အဘိုးကြီးကို ခေါ်ယူကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပါသည်။ အဘိုးကြီးက အဆိုးဆုံး။
“ခုလို သိကြားရတာ တပည့်တော် ချက်ချင်းကို ပရိနိဗ္ဗာန်စံချင်တော့တာပါပဲဘုရား”ဟူ၏။
ပုံပြင်၏ ဆိုလိုရင်းက ကိုယ့် ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့၊ ကိုယ့်ထုံးစံများနှင့်
မယဉ်ပါးတော့ခြင်း၏ ချို့ယွင်းမှုကို အပြစ်တင်ထား ခြင်းပင် ဖြစ်ပါသည်။
ကိုနေဝင်းမြင့်၏ ဝစနာလင်္ကာရအောက်မှာ စာပေပရိသတ်တွေက တဝါးဝါးရယ်လို့။
ကျွန်တော်တို့လည်း ရယ်ကြရသည်ပင် ဖြစ်ပါသည်။ အင်းလေ . . . .
ရယ်ပြီးတော့လည်း မောစရာတွေပေါ့။
(၂)
ကျွန်တော့်စိတ်ထင် အခုခေတ်လူငယ်တော်တော်များများ၊ အထူးသဖြင့် မြို့ပြနေ လူငယ်
များ၊ ပို၍အထူးသဖြင့် ယဉ်ကျေးလိမ္မာသင်တန်းတွေဘာတွေနှင့် မနီးစပ်သူ လူငယ်များ၊
ရဟန်းသံဃာများနှင့် စကားပြောတတ်ကြမည်မထင်ပါ။ ရဟန်းသံဃာများနှင့်မှ မဟုတ်ပါ။
အခြားအခြားသော နယ်ပယ်များ၌လည်း ဘယ်ဝေါဟာရက ဘယ်နေရာမှာသုံး၊ ဘယ်
စကားလုံးမျိုးက ဘယ်အခြေအနေအတွက် ရွေးချယ် စသည့်ကိစ္စများ၌ တော်တော့ကို
အားနည်းလာပုံ ရပါသည်။
ကျွန်တော့်မိတ်ဆွေ သမိုင်းဆရာကြီး ဦးအံ့ကျော်၏ ကျေးဇူးဖြင့် ကျွန်တော့်၌ ၁၉၁၀ မတ်လ
တွင် ကျင်းပခဲ့သည့် ဆယ်တန်း မြန်မာစာ မေးခွန်းတရွက် ရှိထားရာ မေးခွန်းတပုဒ်မှာ-
စိတ်ဝင်စားဖွယ်ဖြစ်၍ ကူးယူဖော်ပြပါရစေ။
“မြန်မာဘာသာ ယဉ်ကျေးသောစကားဖြင့် အနက်ပြန်ပါ” တဲ့။
ပေးထားသော ဝါကျများက ဤသို့။
1. The King eats.
The pongyi eats.
2. The King Sleeps.
The pongyi Sleeps.
3. The King dies.
Buddah dies.
4. More haste, Less Speed.
5. Kill two birds with one stone.
6. He came of age today.
ဘုရင်ကြီး ပွဲတော်တည်သည်။ ဆရာတော်ဘုရား ဘုဉ်းပေးသည်။ ဘုရင်ကြီး စက်တော်ခေါ်
သည်။ ဆရာတော်ဘုရား ကျိန်းသည်။ ဘုရင်ကြီး နတ်ရွာစံသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံ
သည်။ အလျင်လို အနှေး ဖြစ်။ ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်။ သူ လူလားမြောက်ပြီ။
မေးခွန်း၏ အဖြေများကို ကိုယ့်ဘာသာကိုယ် ရေးကြည့်ကာ ကျွန်တော်သဘောကျနေမိပါ
သည်။မေးခွန်းက ဘုရင်ဆို ဘယ်လိုသုံး၊ ဘုရားဆို ဘယ်လိုရေး၊ဘုန်းကြီးဆို ဘယ်လိုတွဲစပ် စသည်စသည်ဖြင့် သုံးတတ်အောင်မေးထားသော မေးခွန်းဖြစ်ပါသည်။
ယဉ်ကျေးသော စကားဖြင့် အနက်ပြန်ပါ တဲ့။ ကျွန်တော် သဘောကျနေမိလိုက်တာ။
နောက်တပုဒ်ပြောပါရစေဦး။ အောက်ပါ စကားအသီးသီး၏ ဣတ္ထိလိင်ကို ရေးပါတဲ့။
ပေးထားသော ဝေါဟာရများက ဤသို့။
ခဲအို၊ ယောက်ဖ၊ သမက်၊ ကျောင်းဒကာ၊ အောက်သား၊ ခမည်းတော်တဲ့။
ခယ်မ၊ မရီး၊ ချွေးမ၊ ကျောင်းဒကာမ၊ အောက်သူ၊ မယ်တော်လို့ အသုံးအနှုန်း မှန်မှန်
သုံးနိုင်အောင် လုပ်ထားပုံက နေ့စဉ်ဘဝတွေနဲ့လည်း ဆက်စပ်မှုရှိလိုက်တာ။ လူ့အဖွဲ့
အစည်းနဲ့ ဆက်စပ်ထားတဲ့ ပညာရေး။
(၃)
အခုတော့ ဆရာတော်ဘုရားကိုလည်း ထမင်းဝါးတယ်လို့ပြောလိုပြော။ ဘုရင်ကိုလည်း
အိပ်တယ်လို့ ဆိုလိုဆို။ ဘုရားရှင်ကိုလည်း သေတယ်လို့ သုံးလိုသုံး။ ဝေါဟာရကို မှန်
အောင် မပြောနိုင်တာဟာ လူ့အဖွဲ့အစည်းကို နားမလည်တာပါ။
ကိုနေဝင်းမြင့်ရဲ့ ပုံပြင်ထဲက လူတွေကို အဲသည် ၁၉၁၀၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က
မြန်မာစာမေးခွန်းကလေး ဖြေခိုင်းကြည့်စေချင်လိုက်တာ။
အင်း . . . အမှတ် သိပ်ကောင်းမယ် မထင်ဘူး။
7 Day News Journal

Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
June
(68)
- “မိုဃ်းပြေး တပြိုက်”
- ဆရာတော်ဘုရားက ထမင်းဝါးပြီး ဘုရင်က အိပ်နေမှဖြင့်
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ
- မစဉ်းစားခြင်း သေတ္တာ
- သြဝါဒ
- ပထမ မစိုးရိမ်ဆရာတော်ကြီး သြဝါဒ
- လယ်စောင့် တဲ
- သြဝါဒ
- ညီညွတ်မှ တိုးတက်မယ်
- မိတ်ဆွေကောင်း
- အဆုံးအမများ
- အဆုံးအမ သြဝါဒ
- ရှေးခေတ်မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ညီညွတ်မှ တိုးတက်မယ်
- မြန်မာပြည်မှာ လူငယ်တဦး လုပ်ငန်းရှင်ဖြစ်ဖို့
- ဖုန်း အင်တာနက် သုံးနည်း
- ဖခင်တယောက်ရဲ့မကွယ်လွန်မီ မှာတမ်းစာ
- ကင်ဆာနှင့် ပတ်သက်၍ သိသင့်သော အချက်များ
- Memory card များနှင့် ပတ်သက်၍
- AUTo Clear ဖြစ်သွားအောင်
- သူခိုးဆီမှ ပြန်ယူနည်း
- Facebook အကောင့် လုံခြုံရေး
- ယဉ်ကျေး လိမ်မာ ဆုံးမစာ
- မြန်မာနိုင်ငံ၏ သမ္မတများ
- ပုဂံပြည်ရဲ့မင်းဆက်များ
- နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး
- အမျိုးသား နှလုံး ကျန်းမာရေး
- နှလုံး တိုက်ခိုက်ခံရခြင်း
- နှလုံးရောဂါ အကြောင်း
- “ချစ်သူတို့ ရွာ”
- လေးမောင့် စံကျောင်း
- ဦးသန့်နဲ့ ဘာသာရေး
- “အမေ့ရွာ”
- မြန်မာပြည်မှ မြန်မာလူမျိုး
- "... တချိန်တုန်းက ..."
- ဆုံးမစာ
- မြန်မာ,ဗမာ ဤနှစ်ဖြာ
- မိတ်ကောင်း ဆွေကောင်း
- သတ္တဝါတိုင်း မလွတ်နိုင်တဲ့ တရား
- * ဘယ်မှာလဲ ငါ *
- * ပန်းကလေးများ မနွမ်းစေချင် *
- ကေတီဗွီ
- “ယာတဲမှာ”
- “ဗျော”
- "ဂေါဝိန် သို့"
- ဆုံးမစာ
- စမ်းရေ အမောဝယ် ပန်း အကြွေစောတယ်
- ဘဝထဲမှာ ဓမ္မတွဲပါ
- ဘေးကင်း၍ မြင့်မြတ်တဲ့ ကိုးကွယ်မှု
- ပုထုဇ္ဇန် လေးမျိုး
- " မာန် ''
- ကောင်းမွန်တဲ့ စာစု
- နယုန်လဘွဲ့
- “ ထလော့ မြန်မာ ”
- “ဤ ကြာကန်”
- * လူ , မိုး , ဓမ္မ ... အချိုးကျသော် *
- အနန္တတန်ခိုးရှင် သို့ ...
- “ချုံညိုစွန်းမှာတည့် အလွမ်းဖြေလေး”
- * မခွဲအတူ ရှင်သန်ပါစေ *
- “ငါးပိကြော်ဘွဲ့ လွမ်းခြင်း”
- “ရွာသို့ အဝင်”
- “မောင်တို့ ပျော်နေ တောမြိုင်ခြေ”
- * အနှိုင်းမဲ့ မေတ္တာတော်နှင့် မေတ္တာကြွေး *
- “တို့ တောရွာ”
- အမှန်တရား နေပါဦး
- စကားပြောရာ သိထားစရာ
-
▼
June
(68)
0 comments:
Post a Comment