ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Monday, July 1, 2013
ဘဝမှာ မရှိမဖြစ် သူငယ်ချင်း
2:41 AM |
Posted by
တိုးတိုး |
Edit Post
ဘဝမှာ မရှိမဖြစ် သူငယ်ချင်း
===============
သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ စကားတခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့ လမ်းက ဖြောင့်သွားတယ်"တဲ့။
အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတယောက်ဆီကနေ
သင်လိုချင်တဲ့ အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်
စာရေးဆရာ Tom Rath က လူတယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်
တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကို အမြဲကူညီအားပေးတယ်။
ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှ
ဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်
အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံ ဉာဏ်
တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်
တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကို ချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလို
သူငယ်ချင်းမျိုးက "နင် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်
တယ်။ ဘဝရှင်သန် ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူး
မှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်
ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို
လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။
(၃) စိတ်တူကိုယ်တူ သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလို
သူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့ အတွေးတွေက သူတို့အတွေးတွေ
နဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်း ကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်း
မျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊သင့်ရည်မှန်း
ချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်
စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အ
ကောင် အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်
မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။
စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့ မပြတ် ကူညီပေးတတ်တယ်။
(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကို ပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေ
က သင့်ကို ခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်
ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို
ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်း ဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေး
စေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ စိတ်ကို အသစ်တဖန် မွေးဖွားစေပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့ အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်
တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့"ကမ္ဘာ့စာကြည့် တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေး
ကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့ စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊
ဝေးဝေး လှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူး အတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်
တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့
အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင် စွမ်းအားနဲ့ ဖြေရှင်း ဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်
ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့
ဖက်ကို လမ်းညွှန်ပေးတယ်။
(၈) သင့်ကို အဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကို အရင် သင်ပြောပြတယ်။
သူတို့ဟာ သင်နဲ့အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်
ခွင် ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်
ဘယ်အချိန် သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က
သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြော
စရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို
တည်ငြိမ်အေးချမ်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲ မတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါ
ဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့
သွားလို့ မရဘူး။ သင့်ဘဝတသက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှစ်
ယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထား
မြတ်နိုးလိုက်ပါ။
-------------
နိုင်းနိုင်းစနေ
Labels:
ဒဿနများ,
အဆိုအမိန့်
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
July
(62)
- မင်းကွန်းဆရာတော်ကြီး၏ ခန္ဓာငါး တရားရှုမှတ်ပွားပုံ
- လူယုတ်ဘဝ မဖြစ်ကြစေနဲ့
- သပြေသီးကောက်စို့
- ဥပုသ်စောင့်
- ပုံရိပ်သံ
- တို့အမျိုးသား တိုင်းပြည်
- နဂါးမောက်သီး
- ဆီးချိုအတွက်
- အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ လင်္ကာ
- ထောက်လှမ်းရေး လုပ်လိုလျှင်
- ဝါဆိုလဘွဲ့ လေးချိုး
- ဝါဆိုလဘွဲ့ လွမ်းချင်း
- ဝါဆိုလဘွဲ့
- ပူပင်သောကတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်း
- ရှောလမုန်မင်းကြီး၏ ဉာဏ်ပညာနှင့် စပ်သော စကား
- ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
- စိတ်ထားတတ်ရန်
- ဒဿနလေးများ
- အာဇာနည် ဗိမာန်
- ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ
- နေရာတကာ ကံချည်းပဲ ပုံမချရဘူး
- စာဖတ်နည်း
- လူမွဲ ရိပ်မြုံ
- ဘီလ်ဂိတ် ပြောတဲ့ ဘဝ
- ဗန်းမော်ဆရာတော်၏ ဆုံးမ စကားပုံ
- ကွန်ပြူတာ ကြည့်သူအတွက်
- မိဘတွေရဲ့တာဝန်
- မြန်မာတို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား
- မသာ တခေါက် ကျောင်း ဆယ်ခေါက်
- ကျိုက်ထီးရိုးတောင်
- ငါ အိုသွားသောအခါ
- ၁၉ ဇူလိုင်
- ၁၉ ဇူလိုင်
- ကျယ်သင့်တာ မကျယ်ပဲ,မကျယ်သင့်တာ ကျယ်နေကြ
- တို့ဖခင်
- ရုတ်တရက် လေဖြတ်ခံရသော လူနာကို အမြန်ကယ်ဆယ် ကုသနည်း
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ကလေးကို ပြုစုပျိုးထောင်နည်း
- စိတ်ကို လိုသလို ပြင်လို့ရတယ်
- အလှဟူသည် အဘယ်နည်း?
- ဗုဒ္ဓဘာသာအကြောင်း CNN သတင်းဌာနမှ တင်ဆက်မှု
- သခွပ်နဲ့ B,C
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- အမေရိကန် သမ္မတများ
- ဖန်ခွက်
- တို့ရွာ သမိုင်း
- လူဆိုတာ
- "မာသာထရီဇာရဲ့အဖိုးတန် စကားများ'
- မျက်ရည်
- သဲ
- မင်းကျင့်တရား (၁ဝ)ပါး
- သရေခေတ္တရာနိုင်ငံတော်ကြီး
- ဗိုလ်ချုပ်အောင်ဆန်း၏ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲစဉ် ပြေ...
- အာဇာနည် သားနှစ်ဦး၏ မိခင်ရဲ့ ရင်တွင်းစကားနဲ့ မဟတ္တမ...
- စာဖတ်ခြင်း
- ရင့်ကျက်သူဖြစ်ဖို့
- ကျားစာ
- ဗီတာမင် ချို့တဲ့ခြင်း
- ဒေါသရဲ့အကျိုးဆက်
- ဘဝမှာ မရှိမဖြစ် သူငယ်ချင်း
-
▼
July
(62)
0 comments:
Post a Comment