ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, July 18, 2013
အာဇာနည် ဗိမာန်
1:58 PM |
Posted by
တိုးတိုး |
Edit Post
(ဤကဗျာဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏။)
အာဇာနည် ဗိမာန်
*************
ဪ… အဆောင်ဆောင်
နန်းတွေ ကြငှန်းတွေနှင့် နှော၊
အခေါင်
မမြန်းခင်က အောင်စာတမ်း ချို့စေဖို့၊
အောင်ပန်း
ညှို့ရရှာတဲ့၊
တောင်တမန်း
ဒို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊
အောင်ဆန်းတို့
မသာ မယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊
သောင်းမြန်
မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊
ဒေါင်းပုဝါ
အုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။
ဪ… တပည့်အရင်းတွေမို့
ကဝိ မတင်းနိုင်ဘုကွဲ့၊
သတိကင်းကာ
မျက်ရည် ကျကျပြီး၊
ခက်ကပြီ
လက်ဆည် မရနိုင်ဘု၊
သောက ဗလောင်ဆူတော့
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊
ယခေါင်မူ
ယမန်သနစ်တွေပေါ့၊
ရန်အဖြစ်မကွဲ့
မနှေးသနော် တသောင်း ဒီဇမ္ဗူ ရမ်းနေကြ၊
ကျန်ရစ်တဲ့
မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊
လူကြမ်း
ဓားပြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊
ဘေးအပေါင်းကြီးစွာ
ဝေဒနာ အစုံနဲ့၊
သွေးချောင်းစီးကာ
သေရှာပုံရဲ့ပြင်။
ရွှေမြန်မာဘုံမှာ
အမင်းမင်း သမ္မတတွေနဲ့၊
သတင်းလှတဲ့
အင်းဝ ရာဇာအမွန် သာလွန် မင်းကိုမှ၊
သားရင်း
ရှင်တရုတ်ကယ်က၊
ရှင်ဘုရင်
လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊
ထားဝယ်သားတွေ
ဗိုလ်ဝင်ခံလို့မို့၊
ဟို အရင်ယမန်
နန်းတော် စီးစဉ်က၊
အပျက်ကြီး
ပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့၊
တထုံး
နောက်တနဲမှာတော့၊
မင်းရဲ
ရန္တမိတ် ခမျာမှာ ညီသနင်းပေပေါ့၊
ပြည်မင်း
ဂုဏ်ခံလို့၊
မှုန်မှုန်ဆန်ဆန်
ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊
တလိုင်းနယ်
ရွှေပြည်တခွင်မတော့၊
ဓမ္မစေတီဘုရင်
လက်ထက်တုန်းဆီက၊
လက်ရုံးရည်
တသိရ်လျှမ်းပေတဲ့၊
သမိန်ဘရမ်း
ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊
မဟုတ်တရုတ်
အကောင် တေလေ တစ္ဆေ ကိုက်တာနဲ့၊
ဪ… ဖွေဖွေရှာရှာ
မကျေစရာပေပေါ့နှော၊
မရေမရာ
သေရွဆိုက်သလိုပါ့၊
အခိုက်အခါ
တူလို့မို့၊
ဆရာတမူ
မကြာမကြာ လွမ်းရပါတဲ့၊
ဘမရာအဆူဆူ
ကြာကြငှန်းတွေနှင့်၊
မြန်မာဇမ္ဗူ
အညာမန်းတွင်ဖြင့်၊
ငါတလူ
ငါသရမ်းရော့ မဟဲ့လို့၊
သာခန်း
ပလ္လင်ညွှန်းပြီး၊
မြင်ကွန်းပိုင်
သူပုန်ထစဉ်က၊
ကြုံရသူ
မသာတော်နှင့်၊
ပမာသော
တူတယ်လို့ နှိုင်းမိတယ်၊
ရိုင်းသနဲ့
အတိတ် ယခင်လိုနော်ကွယ်၊
စကိုင်းတပဲ့
ဂိုဏ်းအဖွဲ့တွေနဲ့၊
မှိုင်းရဲ့
စိတ်ထင်။
မင်စိတ်
မင်းမာန် အကြံအဖန် တင်းလိုက်ပုံက၊
အင်္ဂလိပ်
ယင်းဂျပန် နှစ်တန် ရှင်းပါလို့၊
ရန်ခပင်းကိုတဲ့
မောင်းကာနှင်၊
ဒေါင်းမြန်မာတခွင်မှာဖြင့်
ယခင် သဘော၊
တကောင်း
ရာဇဝင်ကိုတဲ့ ဆက်ချင်သကော။
နန်းမြို့တည်ရန်၊
မှန်းလို့
ရည်ကာသန်တဲ့ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊
ထိုထို
လူခပဲကို မကြည်ညိုတဲ့၊
ဝသီအလို
တဖြေးဖြေး ရူးမဟဲ့လို့၊
တနွေးနွေး
မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
ဪ… အမှောင်
စရိုက်ကယ်နှင့်၊
ပြောင်ပြောင်ဘဲ
မိုက်မပေါ့လို့၊
ပြောင်ကိုက်သဟာမှာ
ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊
ဂဏာမငြိမ်
တာဝတိံယွန်းကြပေါ့၊
ဖြေမကြည်
နေရီတော့ လွမ်းစေဖို့၊
မြန်မာ့ပြည်ပေါ်ကို
ဓမ္မစည်တော် ရွမ်းချိန်မို့၊
အစွမ်းကုန်
သည်တခါဖြင့်၊
ပြည်ရွာ
ညီညာဖို့ အလုပ်ပေပေါ့၊
သုသာန်
တံခွန်စောင်းရရှာတဲ့၊
ရုပ်အကျန်
ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ
ကမ္ဘာတည်မည့်၊
အာဇာနည်
ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ
အဓိဋ္ဌာန် တမျိုးရယ်နှင့်၊
ရှိခိုးကာ
ဆရာ ကန်တော့ချင်ရဲ့။
မြန်မာမတော့
ပူစရာဖို့၊
တဗျူဟာ
အောင်ခမန်းတွင်မှ၊
လူမသမာ
အမှောင်သန်းချိန်မို့၊
သောင်ကမ်း
မို့မို့ဆီက၊
ဖောင်နန်း
ကူးတို့နှင့် အကြေ ဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊
ဪ… တောင်နန်း
မြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့၊
အခေါင်
မမြန်းရခင်က အောင်ပန်း ညှို့ရရှာတဲ့၊
အောင်ဆန်းတို့
သေပုံ နှမြော…။
( သခင်ကိုယ်တော်မှိုင်း)
(Nwehninmoe)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
July
(62)
- မင်းကွန်းဆရာတော်ကြီး၏ ခန္ဓာငါး တရားရှုမှတ်ပွားပုံ
- လူယုတ်ဘဝ မဖြစ်ကြစေနဲ့
- သပြေသီးကောက်စို့
- ဥပုသ်စောင့်
- ပုံရိပ်သံ
- တို့အမျိုးသား တိုင်းပြည်
- နဂါးမောက်သီး
- ဆီးချိုအတွက်
- အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ လင်္ကာ
- ထောက်လှမ်းရေး လုပ်လိုလျှင်
- ဝါဆိုလဘွဲ့ လေးချိုး
- ဝါဆိုလဘွဲ့ လွမ်းချင်း
- ဝါဆိုလဘွဲ့
- ပူပင်သောကတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်း
- ရှောလမုန်မင်းကြီး၏ ဉာဏ်ပညာနှင့် စပ်သော စကား
- ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
- စိတ်ထားတတ်ရန်
- ဒဿနလေးများ
- အာဇာနည် ဗိမာန်
- ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ
- နေရာတကာ ကံချည်းပဲ ပုံမချရဘူး
- စာဖတ်နည်း
- လူမွဲ ရိပ်မြုံ
- ဘီလ်ဂိတ် ပြောတဲ့ ဘဝ
- ဗန်းမော်ဆရာတော်၏ ဆုံးမ စကားပုံ
- ကွန်ပြူတာ ကြည့်သူအတွက်
- မိဘတွေရဲ့တာဝန်
- မြန်မာတို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား
- မသာ တခေါက် ကျောင်း ဆယ်ခေါက်
- ကျိုက်ထီးရိုးတောင်
- ငါ အိုသွားသောအခါ
- ၁၉ ဇူလိုင်
- ၁၉ ဇူလိုင်
- ကျယ်သင့်တာ မကျယ်ပဲ,မကျယ်သင့်တာ ကျယ်နေကြ
- တို့ဖခင်
- ရုတ်တရက် လေဖြတ်ခံရသော လူနာကို အမြန်ကယ်ဆယ် ကုသနည်း
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ကလေးကို ပြုစုပျိုးထောင်နည်း
- စိတ်ကို လိုသလို ပြင်လို့ရတယ်
- အလှဟူသည် အဘယ်နည်း?
- ဗုဒ္ဓဘာသာအကြောင်း CNN သတင်းဌာနမှ တင်ဆက်မှု
- သခွပ်နဲ့ B,C
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- အမေရိကန် သမ္မတများ
- ဖန်ခွက်
- တို့ရွာ သမိုင်း
- လူဆိုတာ
- "မာသာထရီဇာရဲ့အဖိုးတန် စကားများ'
- မျက်ရည်
- သဲ
- မင်းကျင့်တရား (၁ဝ)ပါး
- သရေခေတ္တရာနိုင်ငံတော်ကြီး
- ဗိုလ်ချုပ်အောင်ဆန်း၏ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲစဉ် ပြေ...
- အာဇာနည် သားနှစ်ဦး၏ မိခင်ရဲ့ ရင်တွင်းစကားနဲ့ မဟတ္တမ...
- စာဖတ်ခြင်း
- ရင့်ကျက်သူဖြစ်ဖို့
- ကျားစာ
- ဗီတာမင် ချို့တဲ့ခြင်း
- ဒေါသရဲ့အကျိုးဆက်
- ဘဝမှာ မရှိမဖြစ် သူငယ်ချင်း
-
▼
July
(62)
0 comments:
Post a Comment