ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Tuesday, July 23, 2013
ပူပင်သောကတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်း
7:53 AM |
Posted by
တိုးတိုး |
Edit Post
ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်
***********************************************
ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်းအများပေါ်မူတည်ပြီး
လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို
***********************************************
ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်းအများပေါ်မူတည်ပြီး
လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျ တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ
မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။
(၁) ကြိုတင်ပြင်ဆင်ပါ
အရာရာကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်ထားလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်
မှု ပိုရှိလေလေ ဖြစ်ပြီး ခံစားရတဲ့ ပူပင်သောကတွေ နည်းလေလေ ဖြစ်နေပါလိမ့်မယ်။ ဥပမာ
ပြောရရင် စာမေးပွဲမဖြေခင် ကောင်းကောင်း လေ့လာထားသလိုမျိုးပေါ့။ စာမေးပွဲလို ရင်ဆိုင် ရတော့မယ့်အရာ တခုခု မကြုံတွေ့ခင်မှာ အိပ်ရေး၀၀ အိပ်စက်အနားယူပါ။ ဒါဆိုရင် ဉာဏ်ရည် ထက်မြက်နေမှာဖြစ်သလို အရာရာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောထားလည်း ရှိနေပါလိမ့်မယ်။
(၂) ပူပင်သောကများကို ချရေးပါ
မိမိခံစားနေရတဲ့ ပူပင်သောက ဖြစ်စရာအကြောင်းအချက်တွေကို ၁၀ မိနစ်လောက် ချရေး
လိုက်တာက ပူပင်မှုတွေ လျော့ပါးသွားပြီး စိတ်အေးချမ်းမှု ရရှိစေပါတယ်။ ပူပင်သောကနဲ့
ကြောက်ရွံ့မှုတို့ ခံစားနေရတဲ့အချိန်မှာ ဦးနှောက်ထဲက ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းနဲ့ ဆုံး
ဖြတ်ဖြေရှင်းနိုင်စွမ်းစတဲ့ လုပ်ငန်းဆောင်တာတွေက ရှုပ်ထွေးနေပြီး မှတ်ဉာဏ်ထိခိုက်မှု ဖြစ်
တတ်ပါတယ်။ ဒီလိုအခြေအနေမှာ အဖြေမှန်ရွေးရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအဖို့ ပိုမို အမှားအယွင်းများစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၃) အသက်ပြင်းပြင်းရှူပါ
အံ့အားသင့်စရာ ကောင်းတဲ့အချက်က တခုခုကို ရင်ဆိုင် ဖြေရှင်းရတော့မယ့် အခြေအနေမှာ စိတ်ဖိစီးမှုရှိတာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုရှိတာက သင်္ချာဖြေဆိုရတဲ့အခါ

ကျောင်းသား၊ ကျောင်းသူတွေက
ပိုပြီး ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်တာကို တွေ့ရတယ်လို့ စိတ်ခံ စားမှုဂျာနယ်တခုမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းရမယ့်အရာတခုခုကို မကြုံ
တွေ့ခင်မှာ စိတ်ဖိစီးမှုရှိတာက ကောင်းပေမယ့် ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ အဆင်ပြေပါ့ မလား၊ အောင်မြင်ပါ့မလား စသဖြင့် တွေးတော ပူပင်နေတာကတော့ မကောင်းပါဘူး။
ဒါကြောင့် ဒီလိုအချိန်မှာ စိတ်အေးချမ်း တည်ငြိမ်မှုရှိစေဖို့ အသက်ပြင်းပြင်း ရှုပေးသင့်ပါ
တယ်။ ဒါမှမဟုတ် သင့်မျက်လုံးကို တမိနစ်လောက် မှန်ထဲမှာ စိုက်ကြည့်ပြီး
''အောင်မြင်ရမယ်''ဆိုတဲ့ စိတ်ကို သွင်းပေးလိုက်ပါ။
(၄) စိတ်ခံစားချက်ကို ဆန်းစစ်ပါ
ရင်ဆိုင် ဖြေရှင်းရတော့မယ့် အရာတခုအတွက် အဆိုးဆုံး အခြေအနေကိုလည်း ကြိုတင်

တွေးတောပြီး
အဲဒီအခြေအနေမှာ ကိုယ့်စိတ်ခံစားချက်က ဘယ်လို ရှိမလဲဆိုတာ ပြင်ဆင်
ထားပါ။ အဲဒီအခြေအနေကို
ရင်ဆိုင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဘယ်လို စမ်း
သပ်မှုမျိုးကို မဆို
ဖြေရှင်းရဖို့ နောက်တွန့်နေတော့မှာ မဟုတ်ပါဘူး။ အကောင်းတွေကို မျှော်
လင့်ထားပြီး အဆိုးဆုံးအတွက်
ကြံ့ကြံ့ခံနိုင်အောင် စိတ်ကို ပြင်ဆင်ထားတာက ပူပင်သောက
တွေ လျော့ပါးစေနိုင်တဲ့ အကောင်းဆုံးနည်း
တနည်းဖြစ်ပါတယ်။
Pyimyanmar Journal
Pyimyanmar Journal
Labels:
ဒဿနများ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
July
(62)
- မင်းကွန်းဆရာတော်ကြီး၏ ခန္ဓာငါး တရားရှုမှတ်ပွားပုံ
- လူယုတ်ဘဝ မဖြစ်ကြစေနဲ့
- သပြေသီးကောက်စို့
- ဥပုသ်စောင့်
- ပုံရိပ်သံ
- တို့အမျိုးသား တိုင်းပြည်
- နဂါးမောက်သီး
- ဆီးချိုအတွက်
- အမရပူရမြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ လင်္ကာ
- ထောက်လှမ်းရေး လုပ်လိုလျှင်
- ဝါဆိုလဘွဲ့ လေးချိုး
- ဝါဆိုလဘွဲ့ လွမ်းချင်း
- ဝါဆိုလဘွဲ့
- ပူပင်သောကတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်း
- ရှောလမုန်မင်းကြီး၏ ဉာဏ်ပညာနှင့် စပ်သော စကား
- ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
- စိတ်ထားတတ်ရန်
- ဒဿနလေးများ
- အာဇာနည် ဗိမာန်
- ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ
- နေရာတကာ ကံချည်းပဲ ပုံမချရဘူး
- စာဖတ်နည်း
- လူမွဲ ရိပ်မြုံ
- ဘီလ်ဂိတ် ပြောတဲ့ ဘဝ
- ဗန်းမော်ဆရာတော်၏ ဆုံးမ စကားပုံ
- ကွန်ပြူတာ ကြည့်သူအတွက်
- မိဘတွေရဲ့တာဝန်
- မြန်မာတို့၏ ယဉ်ကျေးမှုနဲ့ ဘာသာတရား
- မသာ တခေါက် ကျောင်း ဆယ်ခေါက်
- ကျိုက်ထီးရိုးတောင်
- ငါ အိုသွားသောအခါ
- ၁၉ ဇူလိုင်
- ၁၉ ဇူလိုင်
- ကျယ်သင့်တာ မကျယ်ပဲ,မကျယ်သင့်တာ ကျယ်နေကြ
- တို့ဖခင်
- ရုတ်တရက် လေဖြတ်ခံရသော လူနာကို အမြန်ကယ်ဆယ် ကုသနည်း
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ကလေးကို ပြုစုပျိုးထောင်နည်း
- စိတ်ကို လိုသလို ပြင်လို့ရတယ်
- အလှဟူသည် အဘယ်နည်း?
- ဗုဒ္ဓဘာသာအကြောင်း CNN သတင်းဌာနမှ တင်ဆက်မှု
- သခွပ်နဲ့ B,C
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ
- အမေရိကန် သမ္မတများ
- ဖန်ခွက်
- တို့ရွာ သမိုင်း
- လူဆိုတာ
- "မာသာထရီဇာရဲ့အဖိုးတန် စကားများ'
- မျက်ရည်
- သဲ
- မင်းကျင့်တရား (၁ဝ)ပါး
- သရေခေတ္တရာနိုင်ငံတော်ကြီး
- ဗိုလ်ချုပ်အောင်ဆန်း၏ ဖွဲ့စည်းပုံဥပဒေ ရေးဆွဲစဉ် ပြေ...
- အာဇာနည် သားနှစ်ဦး၏ မိခင်ရဲ့ ရင်တွင်းစကားနဲ့ မဟတ္တမ...
- စာဖတ်ခြင်း
- ရင့်ကျက်သူဖြစ်ဖို့
- ကျားစာ
- ဗီတာမင် ချို့တဲ့ခြင်း
- ဒေါသရဲ့အကျိုးဆက်
- ဘဝမှာ မရှိမဖြစ် သူငယ်ချင်း
-
▼
July
(62)
0 comments:
Post a Comment