ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Monday, December 2, 2013
လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး
9:28 AM |
Posted by
တိုးတိုး |
Edit Post
လူငယ်တွေအတွက်
မရှိမဖြစ် အရာနှစ်မျိုး
*****************************
လူငယ်တွေ ရောက်လာ စကားပြောကြတဲ့ အခါတိုင်း
ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေ
ကြိုးစားရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့
ပြောတဲ့ သဘောဆောင်တဲ့အတွက် ဝမ်းသာရပါတယ်။
ချီးကျူးရမယ့်စိတ်
တဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါ လို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူ
ငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံ
တတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို "ကက်ကက်လန်" ပြန်ပြီး ရန်တွေ့တတ်ကြတယ်။
ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်းတာပဲ။
တပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။
ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီ အချက်တွေကြောင့်လည်း လူငယ်တွေနဲ့
"ပလဲ နံပသင့်" တာဖြစ်တယ်။
လူကြီးတွေ (အထူးသဖြင့်) မြို့သား ပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်
များတယ်။ (ခုခေတ် စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ပဲနဲ့ သိချင်
တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။
သရေဆိုတာ ပွဲမပြီးတာ
ဟန် မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ်တယ်။ သိရင်
သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်
လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကို ညာပြီး သရေထိုးသွားတဲ့ လုပ်ပွဲမျိုး
ဆိုရင် သည်းခံမနေဘူး။ ဝိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ
အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။
ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိ
နိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာ
က ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။
ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ
ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။
အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး
ဆုံးဖြတ်ရတယ်။
ပိုပြီး ရင်းရင်းနှီးနှီး
ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။
သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေ
ကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာ
တဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြ
ပါဆိုရင် ကိုယ်မြင်တွေ့တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက် တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြလိုက်
တယ်။ ဟန်လုပ်ပြီး တယောက်ကိုတယောက် "ဗုံနဲ့မြှောက်" နေတာမျိုးတွေ မရှိဘူး။
လူကြီးရော လူငယ်ပါ စိတ်လွတ်လပ် ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက်
အကျိုးရှိတယ်။
မရှိမဖြစ် နှစ်မျိုး
အဲဒီလို လူငယ်တွေက သူတို့လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြ
တာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role
Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရှိမှ လူ့လောကမှာ လူတလုံး သူတလုံး (Somebody)
ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့ လှေလို ဟိုဘက် မျောလိုက်၊ ဒီဘက်မျောလိုက်နဲ့
ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ လူရာမဝင်တဲ့ (No body) ယောင်ခြောက်ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။
ရှင်လျက်သေနေသူ
လူ့ဘဝဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့
ဘဝဟာ အသက်ရှင်လျှက် သေနေတဲ့ဘဝ ဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိဘူး။ အချည်းနှီး
ပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တနေ့မှာ ဆင်းရဲတဲ့ ဘဝက လွတ်မြောက်ရမယ်ဆိုတဲ့
မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်
နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်
ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက် သေနေတဲ့ သူပဲ။
ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။
စိတ်ကူးယဉ်တတ်ရမယ်။
အိပ်မက် မက်တတ်ရမယ်
အထူးသဖြင့်-လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲ မက်နေရမယ်။ အိပ်မက် မမက်
တတ်ရင် လူငယ် မဟုတ်ဘူး။ ''ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့်...'' ဆိုတာ အရှုံး
သမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှ
မရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင် ဖြစ်တယ်။ သွားရင်
ရောက်တယ်။ ယူရင် ရတယ်။ မဉ္ဇူသကနတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်
မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရပဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိပဲ ရတာကိုပဲ
ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသက နတ်ပန်းကို မရပဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့် မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲ လုံးဝ အဝင်ခံမှာ
မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။
အားကျ အတုယူစရာ
လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တမျိုးက စံပြုပုဂ္ဂိုလ်(Role Model)
ဖြစ်တယ်။ ကလေး ဘဝကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တဦးဦး ရှိနေသင့်
တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျ အတုယူပြီး ကြိုးစား အားထုတ်မှုဟာ လူတိုင်းအတွက် အရေး
ပါတယ်။
ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တတွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်
ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။
ဂျူးလိယက် ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့
တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျအတုယူခဲ့ကြတယ်။
ဧဝရတ်ကို အောင်နိုင်တဲ့ မျက်မမြင်
ကျွန်တော်တို့ ကလေးဘဝက ဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာ ပါတဲ့ ရော်ဘင်ဟုဒ်လို၊
အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကို ကူညီတဲ့ လူစွမ်း
ကောင်းတွေကို သိပ် အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ- ကစားချင်တယ်။ ထောင် အကြိမ်ကြိမ် ကျခဲ့ရတဲ့ သတင်းသမားတယောက် ဖြစ်ခဲ့ရတာ
ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟိုတို့ကို အားကျ အတုယူခဲ့လို့ ထင်ပါရဲ့။
အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလို စံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရ တယ်။ ကျောင်းသင် ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့
နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်
ဖက်စလုံး မမြင်ရတဲ့ သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧဝရက်တောင်ထိပ်ကို
ရောက်အောင် တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ် သမီးလေး တယောက်တည်း
ရွက်လှေတစင်းနဲ့ ကမ္ဘာတပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ်
မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စံပြုပုဂ္ဂိုလ်တွေဖြစ်နိုင်တာပေါ့။
သူတော်ကောင်းမကြီး
ဒီလို သတင်း အဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြ
တဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေးအတွက် သူ့ဘဝ တခုလုံး
မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး
မာသာထရီဇာရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတခုလုံးက စာသင်
ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တနေ့တခြား တိုးပွား များပြားလာပြီး လူသားတွေ ရိုင်းသထက် ရိုင်းလာနေတဲ့အတွက် ကမ္ဘာကြီးတခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီး
မှာ မာသာထရီဇာ-ဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလားခင်ဗျာ။

(လူထု ဦးစိန်ဝင်း)
[Weekly
ELEVEN News ဂျာနယ်၊ အတွဲ-၆၊ အမှတ်-၂ မှ]
Labels:
တိုးတက်ရေး စာစုများ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
December
(108)
- ဗုဒ္ဓဘာသာရဲ့ရှေးအကျဆုံး သစ်ခေါက်စာ
- ကျင့်သုံးရန် သံပေါက်လင်္ကာ
- မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆုံးအမများ။
- ကံသာ မိဖ,စီရင်ကြ
- သေခါနီးလေ ပျော်စရာကောင်းလေ
- "ကံ"ဆိုတာ ရှိတယ်... တဲ့
- ဗဟုသုတ- ဝါဒများ
- မှတ်သားစရာ စကားပုံများ
- နားလည် စာနာပေးခြင်း၏… အား
- ကျောင်းသား လူငယ်တွေ
- "ဘုန်းကြီးချင်သည့် စိတ်သည် ယုတ်မာသည်"
- ဘုရား မကြိုက်တဲ့ လူစု
- “သူနာပြု ဘုရား”
- မြတ်သော အဆုံးအမ
- “ရေဝန်းရွာလေး ညနေရီ”
- “တောဓလေ့”
- တလှမ်းရှေ့တိုး
- ပညာပေးပုံနဲ့ ညီညွတ်ဖို့
- တိုးတက် ခေတ်မီ ပညာရေးစနစ်
- ပညာ့လက်ဆုပ် စနစ်
- ပညာရေးနဲ့ ပတ်သက်၍
- ပညာရေးနှင့် ပတ်သက်၍
- ဆရာကြီး ပီမိုးနင်း၏ မှတ်စုများ
- မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်တော်စဉ်
- ခေါင်းဆောင်တို့ ကျင့်စဉ်(၇)
- တန်ဖိုးရှိတဲ့ အသက်တချောင်း
- မြို့တော်
- လင့်ခ်တခု
- မနေ့ညက ရှင့်မိန်းမ ကျွန်မယောက်ျားကို ယူနမ်းသွားတယ်
- အချစ်ကို အမုန်းဆွဲနေတဲ့ အမွဲဆုံး လူတယောက်
- သနားတယ်
- ဉာဏ်ကောင်းစေရန် နည်းလမ်း ၁၀-ချက်
- အောင်မြင် ဖြစ်ထွန်းမှုဆိုတာ
- ဒီလို ဒီလို
- မှတ်သားဖွယ်
- လက်ဆောင်
- စကား လက်ဆောင်မွန်
- ရယူတတ်ဖို့လို
- ရုန်းရင်း ကန်ရင်း
- စာနာစိတ်နဲ့ တာဝန်ယူလိုစိတ်
- ကိုယ်ချင်းစာမှုနဲ့ မျှဝေလိုစိတ်
- ပြင်ချိန်တန်
- ကြောက်ကြပါ
- " ဗုဒ္ဓကို ဘယ်လို ယုံကြည် အားကိုးသလဲ "
- " ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ "
- ခေါင်းဆောင်တို့ ကျင့်စဉ် (၆)
- အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
- “ စကားကြီး ၃ ခွန်း ”
- ရိုးသားခြင်း
- လူငယ်များသို့
- ခေါင်းဆောင်တို့ ကျင့်စဉ်(၁)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၂)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၃)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၄)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၅)
- ဆရာဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း ၏ စကားလက်ဆောင်
- ပန်းသင်္ကေတ နိမိတ်ပြ
- ချိုမြိန်တဲ့ စကားများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- လွတ်လပ်ခြင်းနဲ့ ချမ်းသာမှု
- ဒီိလို နေကြသတဲ့
- စာဖတ်သူများ အကြောင်း
- ပြည်သူအင်အား ဖယ်၍ထားလျှင်
- သူပုန် ချစ်စိတ် လရောင် ရိပ်ဝယ်
- သေမင်းအစာ နင့်ခန္ဓာ
- သောက ကင်းဝေးနိုင်ဖို့
- အသိဉာဏ် မပါ ချည်းနှီးသာ
- 27th SEA Games: Opening Ceremony
- မေတ္တာ,စေတနာ ထားတယ်ဆိုတာ လွယ်မယ် မထင်နဲ့
- ''အမေ''
- နေထွက်ချိန်
- “ချစ်သူတို့ ရွာ”
- သေသော်မှတည့် သြော်ကောင်း၏
- ဆောင်းနေ့ အလွမ်း
- စာဆိုစစ်ချီ
- အလှဘွဲ့
- မိုးတော မောင်ဘွဲ့
- ခရီးသည်
- တောပန်းများ
- မိန်းမကောင်းတို့မည်သည်
- အောင်မြင်တဲ့  လူတယောက်ဖြစ်ဖို့
- ဆရာတဦး၏ အဆုံးအမများ
- မျက်လုံးကလေး နှစ်လုံး
- ချစ်သူ ကိုယ်စား
- ဖတ်ကြည့်ပါ တခုခုတော့ ကျန်မလားပဲ
- ဖာဘွဲ့
- ဤမြေကြီး
- အဆိုအမိန့်များ
- “စံ” စာမရီ
- မေတ္တာ ငတ်မွတ်လို့ သေဆုံးနေရသူတွေ
- ဒီလိုပဲ ဖြစ်သင့်တာပါ...
- ကလေးတို့အတွက်
- မိဖုရား သံဝေဂ
- ဒုစရိုက်နဲ့ သုစရိုက် ဘယ်ဟာက များနေလဲ?
- တိုးတက်ရေး
- ပစ္စည်းချမ်းသာမှုနဲ့ စိတ်ချမ်းသာမှု
- အတွေ့အကြုံ
-
▼
December
(108)
0 comments:
Post a Comment