ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Sunday, December 1, 2013
စိတ်ဖိစီးမှု Stress နဲ့ ဘာသာရေး
11:52 AM |
Posted by
တိုးတိုး |
Edit Post
စိတ်ဖိစီးမှု
Stress နဲ့ ဘာသာရေး…
လောကကြီးထဲကို
ရောက်လာကြတဲ့ လူသားများဟာ နေ့စဉ်နှင့်အမျှ စားဝတ်နေရေး ကျန်း
မာရေး လူမှုရေး သားရေးသမီးရေး အိမ်မှုကိစ္စအဝဝတို့နဲ့ ပေါင်းသင်းဆက်ဆံမှုများစွာ
ပြုလုပ်ကြရင်း သွားလာလှုပ်ရှား ရုန်းကန်ရှာဖွေ ကျင်လည်နေကြတဲ့ အခါမှာ လွယ်ကူ
ချောမွေ့မှု၊ ခက်ခဲမှု၊ အဆင်ပြေမှု၊ အဆင်မပြေမှု စတာတွေကို အကြောင်းပြုပြီး ကိုယ်
ပင်ပန်း စိတ်ပင်ပန်းမှုများနဲ့ နေ့စဉ် ကြုံတွေ့နေကြရတာပဲဖြစ်သည်။ တနေ့လည်းမဟုတ်၊
တလလည်းမဟုတ်၊ တနှစ်လည်းမဟုတ်၊ အသက်ရှင် သန် နေထိုင်ရသမျှ လုပ်နေကြရတာ
ဆိုတော့ ရှောင်လွှဲလို့လည်း မရနိုင်ကြဘူး ဖြစ်နေတာပေါ့။
မာရေး လူမှုရေး သားရေးသမီးရေး အိမ်မှုကိစ္စအဝဝတို့နဲ့ ပေါင်းသင်းဆက်ဆံမှုများစွာ
ပြုလုပ်ကြရင်း သွားလာလှုပ်ရှား ရုန်းကန်ရှာဖွေ ကျင်လည်နေကြတဲ့ အခါမှာ လွယ်ကူ
ချောမွေ့မှု၊ ခက်ခဲမှု၊ အဆင်ပြေမှု၊ အဆင်မပြေမှု စတာတွေကို အကြောင်းပြုပြီး ကိုယ်
ပင်ပန်း စိတ်ပင်ပန်းမှုများနဲ့ နေ့စဉ် ကြုံတွေ့နေကြရတာပဲဖြစ်သည်။ တနေ့လည်းမဟုတ်၊
တလလည်းမဟုတ်၊ တနှစ်လည်းမဟုတ်၊ အသက်ရှင် သန် နေထိုင်ရသမျှ လုပ်နေကြရတာ
ဆိုတော့ ရှောင်လွှဲလို့လည်း မရနိုင်ကြဘူး ဖြစ်နေတာပေါ့။
လောကထဲ
ရောက်လာမှတော့ လောကရဲ့တာဝန်တွေကလည်း များပြားလွန်းတော့ ဒီတာဝန် များကိုလည်း ကျေပြွန်အောင်
ဖြည့်ဆည်း လုပ်ကိုင်နေကြရမှာပဲ။ လောကသဘာဝ အရ
များပြားလှတဲ့ လူမှုရေးတာဝန်တွေကို ကျေပြွန်အောင်
ဖြည့်ဆည်း လုပ်ဆောင်နေကြရလို့
မအားမလပ် ဖြစ်နေကြရတာ။ ဒီအထဲမှာ မိသားစုအတွက်ဖြစ်စေ၊ သားသမီးများအတွက်ပဲ
ဖြစ်စေ
မိမိ တကိုယ်တည်းအတွက်ဖြစ်စေ၊ ငွေကြေးတတ်နိုင်သူကလည်း တတ်နိုင်သည့်
အလျှောက်၊ ငွေကြေး
အလယ်အလတ် ရှိသူများနဲ့ အောက်ခြေလူတန်းစားများကလည်းပဲ
မိမိတို့ တတ်နိုင်သမျှ ငွေကြေးအလျှောက်
ကားဆိုလဲ ကား၊ တီဗွီဆိုလဲ တီဗွီ၊ ရေခဲသေတ္တာ၊
တယ်လီဖုန်း တခြား အသုံးအဆောင် အဝတ်အထည်
ပစ္စည်းတွေ ပေါ်လာသမျှကို လိုချင်ကြ၊
ဖြည့်ပေးချင်ကြနဲ့ အဲသလို လိုချင်တာနဲ့ လိုအပ်တာတွေက
များလွန်းတော့ အလုပ်တွေကို
ပိုလုပ်ကြ ရှာဖွေကြရပြန်သည်။
ဒီအခါမှာ
လိုချင်တဲ့ လောဘက ဦးစီးထားတော့ ပင်ပန်းရမှန်းပင် မသိဖြစ်နေကြရသည်။
ဘဝမှာ ဒါလေးကလည်း
ရှိနေမှ ဒါပြီးရင် ဟိုဟာလေးကလဲ ရှိနေဦးမှနဲ့ လူတန်းစေ့ဖြစ်
အောင်ဆိုပြီး ဖြည့်နေကြရတာလေ။
ဒါကလဲ လောကသဘာဝပဲကိုး။ ဒီနောက်မှာလဲ
ခေတ်တွေ စနစ်တွေ ပြောင်းလဲတိုးတက် ပွင့်လင်းလာသည်နှင့်အမျှ
လူ့အသုံးအဆောင်
ပစ္စည်းအသစ်များကလည်း မပြတ်ထွက်လာနေတော့ တနေ့တနေ့ မရိုးနိုင်ဘူး။ ထူးခြား
များပြားလာနေတယ်။ ပစ္စည်းအသစ်လေးနဲ့ အထူးအဆန်းလေးများ ပေါ်လာတိုင်း လိုချင်
ကြပြန်သည်။ ဖြည့်လို့ကို မပြည့်နိုင်တဲ့
အလိုဆန္ဒကိုး။
မြတ်ဗုဒ္ဓကလည်း ဖြည့်လို့ မပြည့်နိုင်တဲ့ အထဲမှာ လောဘဆိုတာလဲ ပါတယ်လို့ ဟောခဲ့တယ်။
ဒါက တကယ့်လက်တွေ့ပဲနော်။
အဲဒီလို
လိုချင်တာတွေက များလွန်းနေပြီး လိုချင်တဲ့အတိုင်း ရလာတဲ့အခါမှာ လူ့သဘာဝ
စိတ်ကျေနပ်သွားကြတာပဲ။
လိုချင်တာလဲ မရ၊ အဆင်လဲ မပြေဘူး ဆိုတဲ့အခါမှာတော့
စိတ်ဓာတ်တွေကျ၊ စိတ်ညစ်တာတွေဖြစ်ကုန်ရော။
တချို့က လိုချင်တာတွေကိုလေ...
ကိုယ့်မှာရှိတဲ့ ငွေကြေးအင်အားနဲ့ ဝင်ငွေနဲ့ မတွက်ချက်ပဲ သူများဆီက
ချေးငှားပြီး
ဝယ်ကြတာလဲ ရှိပြန်တယ်။ လောဘက မသတ်နိုင်တာနော်။ ကားတွေ ဖုန်းတွေဆိုလည်း
သူများဝယ်တော့ ဝယ်ချင်ပြန်၊ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ဝင်ငွေနဲ့ မနှိုင်းချိန် မတိုင်းတာဘူး။
အဝတ်အစားဆိုလည်း ဒီအတိုင်းပဲနော်။ နောက်ဆုံး လိုချင်တာ ဝတ်ချင်တာလေးအတွက်နဲ့
ကိုယ့်ဘဝကို အစတေးခံသွားကြသူတွေလဲ မနည်းဘူး။
ဒီထဲမှာ
သူများဆီက ယူထားတာတွေ များလာပြီး ပြန်မပေးနိုင်လို့ ဖြစ်ဖြစ်၊ ကိုယ်လိုချင်တာ
ကို မရလို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါမှာတော့ စိတ်ဖိစီး
မှုတွေဖြစ် စိတ်တွေညစ်ပြီး မိမိစိတ်ကို မထိန်းနိုင်တဲ့သူများဟာ နောက်ဆုံး ကိုယ့်ကိုယ်
ကို အဆုံးစီရင်လိုက်တဲ့အထိ ဖြစ်ကုန်တာတွေကိုလည်းကြားရမြင်နေရတယ်။
ကို မရလို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါမှာတော့ စိတ်ဖိစီး
မှုတွေဖြစ် စိတ်တွေညစ်ပြီး မိမိစိတ်ကို မထိန်းနိုင်တဲ့သူများဟာ နောက်ဆုံး ကိုယ့်ကိုယ်
ကို အဆုံးစီရင်လိုက်တဲ့အထိ ဖြစ်ကုန်တာတွေကိုလည်းကြားရမြင်နေရတယ်။
အင်း... လောကမှာ အနည်းဆုံး
ကြုံနေကြရတာက အပြင်ကို ထွက်ပြီဆိုတာနဲ့ လမ်းမှာ ကား
တွေက ကြပ်ပိတ်နေလို့ လိုရာခရီးကို တော်တော်နဲ့ မရောက်နိုင်တာ အလုပ်ကို နောက်ကျ
ပြီးမှ ရောက်ရတာ၊ ချိန်းထားတွေ လွဲကုန်ရတာမျိုးလို အခြေခံလေးများက အစ စိတ်မှာ
မွန်းကြပ်စရာ စိတ်ညစ်စရာများနဲ့ နေ့စဉ်လိုလို ကြုံနေရတဲ့အခါမျိုးမှာ ကြာလာတော့
အဆင်မပြေမှုတွေ များလာပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာကြတာပါပဲ။
တွေက ကြပ်ပိတ်နေလို့ လိုရာခရီးကို တော်တော်နဲ့ မရောက်နိုင်တာ အလုပ်ကို နောက်ကျ
ပြီးမှ ရောက်ရတာ၊ ချိန်းထားတွေ လွဲကုန်ရတာမျိုးလို အခြေခံလေးများက အစ စိတ်မှာ
မွန်းကြပ်စရာ စိတ်ညစ်စရာများနဲ့ နေ့စဉ်လိုလို ကြုံနေရတဲ့အခါမျိုးမှာ ကြာလာတော့
အဆင်မပြေမှုတွေ များလာပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာကြတာပါပဲ။
ဒီဖြစ်ရပ်တွေက
ရပ်တန့်သွားမလား ဆိုတော့ ခေတ်ကြီးက တိုးတက်လာတာနဲ့ အမျှ
ပိုဆိုးလာဖို့ပဲ ရှိတယ်။ ဒါမျိုးတွေက
တခြားတိုင်းပြည်တွေမှာဆိုရင် ဖြစ်နေတာ ကြာပါပြီ။
ကိုးရီးယားတို့ ဂျပန်တို့ တရုတ်နဲ့
အနောက်နိုင်ငံအချို့မှာ ကြားခဲ့ဖူးနေတာ ကြာပါပြီ။
မြန်မာပြည်မှာတော့ ဟိုယခင်က အနည်းအကျဉ်း
ရှိခဲ့ပေမယ့် အခုနောက်ပိုင်းတွေမှာ
ပိုပြီး သိသာထင်ရှား လာပြီပေါ့။ လမ်းပွင့်လာတာကိုး။
ဒါ သူများတွေလောက် တိုးတက်
လာတာ မဟုတ်သေးဘူးနော်။
ဒီအဖြစ်မျိုးတွေနဲ့
ကြုံလာတဲ့အခါမှာ ဘာသာရေးအသိ ဆေးပညာအသိနဲ့ အတွေ့အကြုံနဲ့
ဆင်ခြင်ဉာဏ်သတိ ရှိကြတဲ့ သူများကတော့
အနည်းအကျဉ်း ဖြေရှင်းနိုင်ခဲ့ကြပါတယ်။
ဒါတောင် အချို့ဆရာဝန်များကိုယ်တိုင် ကိုယ့်ကိုယ်ကို
အဆုံးစီရင်လိုက်တာမျိုး မကြာမီ
ကပဲ ကြားမိသေးတယ်နော်။ စိတ်ဖိစီးမှုတွေကို ဆေးပညာ ဘက်ကလဲ ကျန်းမာရေး
လေ့ကျင့်တာမျိုးများနဲ့ စိတ်ဖြေလျော့မှု စတာတွေကို လုပ်ရမယ်။ စိတ်ညစ်တိုင်း ဆေး
ကိုပဲ တအား ဖိသောက်ပြီး စိတ်ကို ဆင်ခြင်ဉာဏ်နဲ့ မပြင်ပြန်ရင်လဲ ဆေးကြောင့်
ဒုက္ခရောက်ကြရတာတွေလည်း အများကြီး ကြားသိနေရပြန်တယ်။
ဆင်ခြင် သတိနဲ့ သုံးစေချင်တယ်။
ကပဲ ကြားမိသေးတယ်နော်။ စိတ်ဖိစီးမှုတွေကို ဆေးပညာ ဘက်ကလဲ ကျန်းမာရေး
လေ့ကျင့်တာမျိုးများနဲ့ စိတ်ဖြေလျော့မှု စတာတွေကို လုပ်ရမယ်။ စိတ်ညစ်တိုင်း ဆေး
ကိုပဲ တအား ဖိသောက်ပြီး စိတ်ကို ဆင်ခြင်ဉာဏ်နဲ့ မပြင်ပြန်ရင်လဲ ဆေးကြောင့်
ဒုက္ခရောက်ကြရတာတွေလည်း အများကြီး ကြားသိနေရပြန်တယ်။
ဆင်ခြင် သတိနဲ့ သုံးစေချင်တယ်။
စိတ်တွေ
မွန်းကြပ်မှု ညစ်နွမ်းပင်ပန်းမှု များလာရင် ဗဟုသုတအသိ ရှိသူများအနေနဲ့ကတော့
စိတ်ဖိစီးမှုတွေနဲ့
ပိတ်ပြီး မွန်းကြပ်နေတဲ့ စိတ်ရဲ့တံခါးပေါက်ကို ဖောက်ထွက်နိုင်မယ့် နည်း
တွေ၊ မိမိစိတ်ကို စိတ်ပျော်ရွှင် သက်သာ ပေါ့ပါးစေမယ့် နည်းလမ်းများစွာနဲ့ စိတ်ကို ကြပ်ပိတ် မနေအောင် ဖောက်ထွက်နိုင်မယ်ဆိုရင်လည်း ဖောက်ထွက်စရာ နည်းလမ်းတွေက
များစွာရှိနေပါတယ်။
စိတ်ကို ဖြေလျော့ပစ်တဲ့ နည်းတွေကတော့ အများကြီးပါပဲ။ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း
လုပ်တာ၊ စိတ်လွတ်ကိုယ်လွတ် ရယ်ပစ်တာ အော်ဟစ်ပစ်တာ လေပူမှုတ်ထုတ်တာ
ရင်းနှီးတဲ့ သူတွေကို ရင်ဖွင့် ပြောဆိုလိုက်တာတွေကလည်း စိတ်ကို ပြေလျော့စေပြီး
ပေါ့ပါး လန်းဆန်းစေတာပါပဲ။
တွေ၊ မိမိစိတ်ကို စိတ်ပျော်ရွှင် သက်သာ ပေါ့ပါးစေမယ့် နည်းလမ်းများစွာနဲ့ စိတ်ကို ကြပ်ပိတ် မနေအောင် ဖောက်ထွက်နိုင်မယ်ဆိုရင်လည်း ဖောက်ထွက်စရာ နည်းလမ်းတွေက
များစွာရှိနေပါတယ်။
စိတ်ကို ဖြေလျော့ပစ်တဲ့ နည်းတွေကတော့ အများကြီးပါပဲ။ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း
လုပ်တာ၊ စိတ်လွတ်ကိုယ်လွတ် ရယ်ပစ်တာ အော်ဟစ်ပစ်တာ လေပူမှုတ်ထုတ်တာ
ရင်းနှီးတဲ့ သူတွေကို ရင်ဖွင့် ပြောဆိုလိုက်တာတွေကလည်း စိတ်ကို ပြေလျော့စေပြီး
ပေါ့ပါး လန်းဆန်းစေတာပါပဲ။
ဒီနေရာမှာ
ဘာသာရေး အသိ ဆိုတာ လိုအပ်လာပါတယ်။ တခြားဘာသာများမှာလဲ
သူ့နည်းသူ့ဟန်နဲ့ သွန်သင်လမ်းညွှန်မှုများ ရှိချင်ရှိပါလိမ့်မယ်။ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓရဲ့ဆုံးမ
လမ်းညွှန်မှုများအရ သီးခံနိုင်မှု ရောင့်ရဲတင်းတိမ်နိုင်မှု လိုချင်တဲ့ လောဘကို နည်းနိုင်
သမျှ နည်းအောင် လုပ်နိုင်ပြီး လောကဓံတရားကို သီးခံနိုင်မှုစတဲ့ သတိရှိနေမယ်
ဆိုရင် ဒီလို စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သိပ်မခဲယဉ်းပါဘူး
လမ်းညွှန်မှုများအရ သီးခံနိုင်မှု ရောင့်ရဲတင်းတိမ်နိုင်မှု လိုချင်တဲ့ လောဘကို နည်းနိုင်
သမျှ နည်းအောင် လုပ်နိုင်ပြီး လောကဓံတရားကို သီးခံနိုင်မှုစတဲ့ သတိရှိနေမယ်
ဆိုရင် ဒီလို စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သိပ်မခဲယဉ်းပါဘူး
အဓိကကတော့
စိတ်တွေ ကျဉ်းကြပ်ပြီး ဖိစီးတာတွေ စိတ်ညစ်တာတွေ မကြည်လင်မှုတွေ
ဖြစ်လာရတယ်ဆိုတာဟာ မိမိကိုယ်တိုင်က အဲဒါတွေ ဖြစ်ရခြင်းရဲ့အကြောင်းတရားတွေကို လက်ခံထားမိလို့ ဖြစ်ပေါ်လာရခြင်းပဲ
ဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ စိတ်ရှုတ်စရာတွေကို
လက်မခံဖို့နဲ့ အခြေအနေအရ လက်ခံမိရင်လဲ
ပြီးတာနဲ့ ချက်ချင်း မိမိရဲ့စိတ်ထဲကနေ
ဖယ်ထုတ်ပစ်နိုင်ဖို့ လိုပါတယ်။
ဒီအကြောင်းနဲ့
ပတ်သက်ပြီး မြတ်ဗုဒ္ဓကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ်။ ဗုဒ္ဓရဲ့အပေါ်မှာ
မနာလို ဝန်တိုမှုကြောင့်
ဆဲရေးခြင်း မျိုးစုံနဲ့ ဆဲဆိုရင်း ဝင်လာတဲ့ ပုဏ္ဏားတယောက်ကို
သူဆဲပြီးတဲ့ နောက်မှာ မင်းဆဲလို့ ပြီးပြီလားလို့ မေးပြီး
လက်ဆောင်ပစ္စည်း လာပေးတဲ့
ဧည့်သည်ကို အိမ်ရှင်ဖြစ်တဲ့သူက မယူပဲ ဧည့်သည်ကိုပဲ ပြန်ပေးမယ်ဆိုရင်
လက်ဆောင်
ဟာ အိမ်ရှင်ဆီမှာ ကျန်မနေခဲ့တော့ပဲ ဧည့်သည်ထံကိုပဲ ပြန်ယူသွားရသလို ဆိုတဲ့
ဥပမာနဲ့ ပြောပြီး
အေး အခု မင်းဆဲသမျှတွေကို ငါ လက်မခံဘူး၊ မယူဘူး မင်းပဲ ပြန်ယူ
သွားလို့ ပြောလွှတ်လိုက်တယ်တဲ့။
အဲဒီနောက် မြတ်ဗုဒ္ဓရဲ့အသိထဲ စိတ်ထဲမှာ သူဆဲသမျှကို ဘာမှ ချန်မထား လက်ခံ မထားတဲ့
(တွေးတောစဉ်းစားမနေတော့တဲ့)
အတွက် ဒီပုဏ္ဏားနဲ့ ပတ်သက်ပြီး ဘာမှ မရှိတော့ပဲ
ရှင်းထုတ်ပစ်နိုင်ခဲ့တယ်။ စိတ်ထဲမှာ ဘာမှ မရှိတော့ စိတ်ကလည်း လေးလံ မနေဘူးပေါ့။
အဲဒီလို စိတ်ဒုက္ခဖြစ်စေမယ့်
အရာများကို ဖယ်ရှင်းထုတ်ပစ်နိုင်ရမယ်။
ဒါဟာ မြတ်ဗုဒ္ဓ ကိုယ်တိုင် ကြုံခဲ့ရတာပါ။
မြတ်ဗုဒ္ဓက
စိတ္တံ ရက္ခေထ မေဓာဝီ တဲ့…သူတပါးဆီက- ပတ်ဝန်းကျင်က- သွားလာလှုပ်ရှား
ပေါင်းသင်းဆက်ဆံကြရင်းကနေ မိမိဆီကို ဝင်ရောက်လာတဲ့ စိတ်ညစ်စရာ စိတ်ဓာတ်ကျရာ
စိတ်ဖိစီးစရာ ကိစ္စတွေကို မိမိစိတ်ထဲမှာ
အာရုံထဲမှာ ကြာရှည် ထည့်ထားပြီး တွေးတော
စဉ်းစားမနေပဲ တခါထဲ ဖယ်ထုတ်ပစ်နိုင်မယ် ဆိုရင်
စိတ်ဖိစီးမှု ဖြစ်ဖို့က ခဲယဉ်းပါတယ်။
ခွဲခြား ဝေဘန် ဆင်ခြင်တတ်တဲ့ အသိစိတ် ရှိသူများအနေနဲ့
မိမိရဲ့စိတ်ကို စောင့်ရှောက်
ထိန်းသိမ်းပါလို့ ဗုဒ္ဓက အဲဒါကို ပြောတာ။
မိမိရဲ့စိတ်ကို
လွှတ်မထားလိုက်နဲ့ စိတ်ညစ်စရာများကို အကြာကြီး စဉ်းစားမနေနဲ့ မြန်မြန်
မေ့ဖျောက်ပစ်နိုင်ရင်
စိတ်ဆင်းရဲမှုတွေ စိတ်ဖိစီးမှုတွေ မဖြစ်နိုင်တော့ဘူးပေါ့။ စိတ်ဖိစီးမှု
တွေ
ဖြစ်လာရင် စိတ်ဝင်စားစရာ အလုပ်တခုခုကို လုပ်နေတာမျိုး၊ ယောဂကျင့်စဉ်၊ အား
ကစားနဲ့ ကျင့်စဉ်တခုခု
လုပ်နေတာမျိုး လုပ်နေရမယ်။ ဒါဟာ အာရုံကို ပြောင်းလဲပစ်
လိုက်တာပါပဲ။
ဒီနောက် တဆင့်မြှင့်ပြီး
အာနာပါန- ထွက်လေ ဝင်လေကို ရှုတ်မှတ်နေရမယ်။ ဗုဒ္ဓရဲ့
ဂုဏ်တော်တခုခုကိုလည်း အခေါက်ရေ တွက်ချက်ပြီး
ဗုဒ္ဓရဲ့သတ္တဝါများအပေါ်မှာ မေတ္တာ
ကရုဏာတော်များနဲ့ ဆုံးမတော်မူပုံများကို စဉ်းစားပြီး ပွားများ ရွတ်ဆိုနေရမယ်။ အဲဒါ ဗုဒ္ဓါနုဿတိကမ္မဌာန်းပါပဲ။ မေတ္တာပို့နေပြီး မေတ္တာကမ္မဌာန်း တခုခုကို သတ္တဝါတွေအပေါ်မှာ
စိတ်ညွတ်ပြီး ရွတ်ဆိုနေမယ်။
ကရုဏာတော်များနဲ့ ဆုံးမတော်မူပုံများကို စဉ်းစားပြီး ပွားများ ရွတ်ဆိုနေရမယ်။ အဲဒါ ဗုဒ္ဓါနုဿတိကမ္မဌာန်းပါပဲ။ မေတ္တာပို့နေပြီး မေတ္တာကမ္မဌာန်း တခုခုကို သတ္တဝါတွေအပေါ်မှာ
စိတ်ညွတ်ပြီး ရွတ်ဆိုနေမယ်။
မိမိလုပ်ခဲ့ဖူးတဲ့ ကူညီခဲ့ဖူးတဲ့ ကုသိုလ် အလုပ်များကို
တခုချင်း သတိရအောင်လုပ်ပြီး
စဉ်းစားရင်း ဝမ်းမြောက်နေရမယ်။ အဲဒါ စာဂါနုဿတိကမ္မဌာန်းနော်။
အဲဒီလို ကမ္မဌာန်း
လေးဆယ်ထဲက ကြိုက်တာကို ရွေးပြီး စဉ်းစား ပွားများနေရင် သက်သာလာမယ်။
စိတ်ညစ်စရာ စိတ်ဖိစီးမှုတွေ လျော့ပါးသွားမယ်။
လေးဆယ်ထဲက ကြိုက်တာကို ရွေးပြီး စဉ်းစား ပွားများနေရင် သက်သာလာမယ်။
စိတ်ညစ်စရာ စိတ်ဖိစီးမှုတွေ လျော့ပါးသွားမယ်။
အဲဒီလို
ဝင်လေထွက်လေ ဆိုတဲ့ ကမ္မဌာန်းများကနေ တဆင့်တက်ပြီး အားလုံးဟာ
သူ့သဘော သူဆောင်နေတာဖြစ်ပြီး
ဘာမှ အမြဲဖြစ်နေတယ်ဆိုတာ မရှိဘူး။ ဖြစ်လိုက်
ပျောက်လိုက်ပဲ ဖြစ်နေတာပဲ ဆိုတဲ့ အနိစ္စ။ လောကမှာ
ကိုယ်ဖြစ်ချင်တာတွေ ထင်တာ
တွေ လုပ်တာတွေကလဲ တထစ်ချ ဖြစ်ရတယ်ဆိုတာ ဘာမှ မရှိဘူး။ မဖြစ်ချင်
မကြုံချင်
ပေမယ့် ဖြစ်လာ ကြုံလာတာတွေလည်း အများကြီးပါလား ဆိုတဲ့ အနတ္တ။ စတာတွေကို
နက်နက်နဲနဲ
စဉ်းစားဆင်ခြင်နိုင်ရင် ဝိပဿနာပါ ပွားပြီးသား ဖြစ်သွားမယ်။
အဲဒီလိုသာ တရားအသိ ရှိပြီဆိုရင်တော့
စိတ်ဖိစီးမှုတွေ ပြေပျောက်ပြီး လန်းဆန်းကြည်လင်
ပေါ့ပါးသွားမှာပါ။ စိတ်တွေကလည်း အဆင့်မြင့်မြင့်နဲ့
ရင့်ကျက်လာမှာပါပဲ။
လောလောဆယ် လိုအပ်တာကတော့ ပူပင်စရာ စိတ်ညစ်စရာ မှန်သမျှ ဘာလိုပဲ လာပြော
ပါစေ၊ ဘာသံပဲ ကြားပါစေ၊ ဘယ်လိုပဲ ကြုံတွေ့ပါစေ မိမိစိတ်ထဲမှာ ဘာကိုမှ အကြာကြီး
လက်ခံမထားမိဖို့ပါပဲ။ လက်ခံပြီး စဉ်းစားတွေးတော မနေမိဖို့ပါပဲ။
ပါစေ၊ ဘာသံပဲ ကြားပါစေ၊ ဘယ်လိုပဲ ကြုံတွေ့ပါစေ မိမိစိတ်ထဲမှာ ဘာကိုမှ အကြာကြီး
လက်ခံမထားမိဖို့ပါပဲ။ လက်ခံပြီး စဉ်းစားတွေးတော မနေမိဖို့ပါပဲ။
ဒေါသလဲ အဖြစ်မခံမိစေနဲ့ အမြန်ထုတ်ပစ်။ မိမိစိတ်တံခါးကို
ပိတ်ထားနိုင်ရမယ်။
အသိ သတိနဲ့ ပိတ်ထားနိုင်ရမယ်။ စိတ်ညစ်စရာ ဒေါသဖြစ်စရာ မှန်သမျှ လက်မခံ
မိစေနဲ့ပေါ့။ မိမိကိုယ်တိုင်က လက်မခံရင် ဘာကိစ္စ ဘယ်အကြောင်းအရာမှ မိမိစိတ်
ထဲမှာ မရှိတော့ဘူး။
ကိုယ်တိုင်က
လက်ခံထားလို့သာ ရှိနေတာ။ ရှိနေတော့ စဉ်းစား၊ စဉ်းစားတော့ စိတ်ပင်ပန်း
လာတယ်။ စိတ်ဆင်းရဲလာတယ်။
စိတ်ဖိစီးလာတယ်။ အဲသလို ဖြစ်တာ။ အဲဒီတော့ ဘာကိစ္စပဲ
ဖြစ်ဖြစ် မိမိစိတ်ကို စိတ်ညစ်စရာ
အာရုံတွေထဲမှာ အကြာကြီး နှစ်မထားမိဖို့ စိမ်မထားမိဖို့
အရေးကြီးပါတယ်။ အဲဒါဆိုရင်
စိတ်က ပေါ့ပါး လန်းဆန်းနေမှာပဲဖြစ်ပါတယ်။
ပေါ့ပါး လန်းဆန်းနေရင် အလုပ်တွေကိုလည်းပဲ အမှားကင်းကင်းနဲ့ ထိရောက်
အောင်မြင်အောင် လုပ်နိုင်ပါလိမ့်မယ်။
ပေါ့ပါး လန်းဆန်းနေရင် အလုပ်တွေကိုလည်းပဲ အမှားကင်းကင်းနဲ့ ထိရောက်
အောင်မြင်အောင် လုပ်နိုင်ပါလိမ့်မယ်။
ဒါကြောင့် စိတ်ဖိစီးမှု စိတ်ညစ်မှုများလာရင်
ဘာသာရေးနဲ့ ဖြေဖျောက် ကုစားတာကတော့
အကောင်းဆုံးနဲ့ ထိရောက်မှု အရှိဆုံး ဖြစ်ပါတယ်။ လက်တွေ့ အသုံးချကြည့်ပါ။
ဗုဒ္ဓရဲ့အဆုံးအမက သန္ဒိဋ္ဌိကော- ကိုယ်တိုင် လုပ်ကြည့် ကိုယ်တိုင် သိမြင် ခံစားရလိမ့်မယ်။
အကာလိကော- ချက်ချင်းလုပ်ကြည့် ချက်ချင်း သိ ချက်ချင်း အကျိုးခံစား ရလိမ့်မယ်…တဲ့။
မွန်းကြပ်ခြင်း
မှန်သမျှမှ လွတ်မြောက်နိုင်ကြပါစေ။
(ဂမိက
ဝနဝါသီ အရှင်)၏ အဆုံးအမများမှ-
(Nwehninmoe)
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
December
(108)
- ဗုဒ္ဓဘာသာရဲ့ရှေးအကျဆုံး သစ်ခေါက်စာ
- ကျင့်သုံးရန် သံပေါက်လင်္ကာ
- မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆုံးအမများ။
- ကံသာ မိဖ,စီရင်ကြ
- သေခါနီးလေ ပျော်စရာကောင်းလေ
- "ကံ"ဆိုတာ ရှိတယ်... တဲ့
- ဗဟုသုတ- ဝါဒများ
- မှတ်သားစရာ စကားပုံများ
- နားလည် စာနာပေးခြင်း၏… အား
- ကျောင်းသား လူငယ်တွေ
- "ဘုန်းကြီးချင်သည့် စိတ်သည် ယုတ်မာသည်"
- ဘုရား မကြိုက်တဲ့ လူစု
- “သူနာပြု ဘုရား”
- မြတ်သော အဆုံးအမ
- “ရေဝန်းရွာလေး ညနေရီ”
- “တောဓလေ့”
- တလှမ်းရှေ့တိုး
- ပညာပေးပုံနဲ့ ညီညွတ်ဖို့
- တိုးတက် ခေတ်မီ ပညာရေးစနစ်
- ပညာ့လက်ဆုပ် စနစ်
- ပညာရေးနဲ့ ပတ်သက်၍
- ပညာရေးနှင့် ပတ်သက်၍
- ဆရာကြီး ပီမိုးနင်း၏ မှတ်စုများ
- မင်းကွန်းဆရာတော်ဘုရားကြီး၏ ဖြစ်တော်စဉ်
- ခေါင်းဆောင်တို့ ကျင့်စဉ်(၇)
- တန်ဖိုးရှိတဲ့ အသက်တချောင်း
- မြို့တော်
- လင့်ခ်တခု
- မနေ့ညက ရှင့်မိန်းမ ကျွန်မယောက်ျားကို ယူနမ်းသွားတယ်
- အချစ်ကို အမုန်းဆွဲနေတဲ့ အမွဲဆုံး လူတယောက်
- သနားတယ်
- ဉာဏ်ကောင်းစေရန် နည်းလမ်း ၁၀-ချက်
- အောင်မြင် ဖြစ်ထွန်းမှုဆိုတာ
- ဒီလို ဒီလို
- မှတ်သားဖွယ်
- လက်ဆောင်
- စကား လက်ဆောင်မွန်
- ရယူတတ်ဖို့လို
- ရုန်းရင်း ကန်ရင်း
- စာနာစိတ်နဲ့ တာဝန်ယူလိုစိတ်
- ကိုယ်ချင်းစာမှုနဲ့ မျှဝေလိုစိတ်
- ပြင်ချိန်တန်
- ကြောက်ကြပါ
- " ဗုဒ္ဓကို ဘယ်လို ယုံကြည် အားကိုးသလဲ "
- " ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ "
- ခေါင်းဆောင်တို့ ကျင့်စဉ် (၆)
- အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
- “ စကားကြီး ၃ ခွန်း ”
- ရိုးသားခြင်း
- လူငယ်များသို့
- ခေါင်းဆောင်တို့ ကျင့်စဉ်(၁)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၂)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၃)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၄)
- ခေါင်းဆောင်တို့ ကျင့်စဉ်(၅)
- ဆရာဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း၏ စကားလက်ဆောင်
- ဦးအောင်သင်း ၏ စကားလက်ဆောင်
- ပန်းသင်္ကေတ နိမိတ်ပြ
- ချိုမြိန်တဲ့ စကားများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ
- လွတ်လပ်ခြင်းနဲ့ ချမ်းသာမှု
- ဒီိလို နေကြသတဲ့
- စာဖတ်သူများ အကြောင်း
- ပြည်သူအင်အား ဖယ်၍ထားလျှင်
- သူပုန် ချစ်စိတ် လရောင် ရိပ်ဝယ်
- သေမင်းအစာ နင့်ခန္ဓာ
- သောက ကင်းဝေးနိုင်ဖို့
- အသိဉာဏ် မပါ ချည်းနှီးသာ
- 27th SEA Games: Opening Ceremony
- မေတ္တာ,စေတနာ ထားတယ်ဆိုတာ လွယ်မယ် မထင်နဲ့
- ''အမေ''
- နေထွက်ချိန်
- “ချစ်သူတို့ ရွာ”
- သေသော်မှတည့် သြော်ကောင်း၏
- ဆောင်းနေ့ အလွမ်း
- စာဆိုစစ်ချီ
- အလှဘွဲ့
- မိုးတော မောင်ဘွဲ့
- ခရီးသည်
- တောပန်းများ
- မိန်းမကောင်းတို့မည်သည်
- အောင်မြင်တဲ့  လူတယောက်ဖြစ်ဖို့
- ဆရာတဦး၏ အဆုံးအမများ
- မျက်လုံးကလေး နှစ်လုံး
- ချစ်သူ ကိုယ်စား
- ဖတ်ကြည့်ပါ တခုခုတော့ ကျန်မလားပဲ
- ဖာဘွဲ့
- ဤမြေကြီး
- အဆိုအမိန့်များ
- “စံ” စာမရီ
- မေတ္တာ ငတ်မွတ်လို့ သေဆုံးနေရသူတွေ
- ဒီလိုပဲ ဖြစ်သင့်တာပါ...
- ကလေးတို့အတွက်
- မိဖုရား သံဝေဂ
- ဒုစရိုက်နဲ့ သုစရိုက် ဘယ်ဟာက များနေလဲ?
- တိုးတက်ရေး
- ပစ္စည်းချမ်းသာမှုနဲ့ စိတ်ချမ်းသာမှု
- အတွေ့အကြုံ
-
▼
December
(108)
0 comments:
Post a Comment