ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, April 4, 2013
အသိဉာဏ်ပေးတဲ့ စကား
10:06 AM |
Posted by
တိုးတိုး |
Edit Post
(၁) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ
မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။
(၂) အလုပ်များနေတာက အရေးမကြီးဘူး။ အရေးကြီးတာက ဘာအတွက်အလုပ်များ
နေလဲ ဆိုတာပဲဖြစ်တယ်။ လူ့ဘဝရဲ့အကြီးမားဆုံး အနှောင့်အယှက်နဲ့ ပြဿနာက ဦး
တည်ချက်မရှိဘဲ အလုပ်များနေတာပဲဖြစ်တယ်။
(၃) သူငယ်ချင်းဆိုတာ အဖိုးတန်ရတနာပါ။ တစ်ခါတလေမှာ စကားလေးတခွန်းနဲ့တင်
သင့်ကို နလန်ထ ပြောင်းလဲစေနိုင်ပါတယ်။
(၄) လူတစ်ယောက်နဲ့ ခင်မင်ဖို့ အခွင့်အရေးလိုတယ်။
လူတစ်ယောက်ကို နားလည်ဖို့ အသိဉာဏ်လိုတယ်။
ချစ်ချစ်ခင်ခင်ပေါင်းသင်းဖို့ ခွင့်လွှတ်နားလည်ခြင်းလိုတယ်။
(၅) ကောင်းတာကို ကောင်းတာနဲ့ တုန့်ပြန်တယ်။
မကောင်းတာကို မကောင်းတာနဲ့ တုန့်ပြန်တယ်လို့ ကြားဖူးထားတယ်။
ဒါပေမဲ့ အသိဉာဏ်ရှိသူတွေက ကောင်းတာနဲ့ မကောင်းတာကို ဖာထေးတယ်။
အသိဉာဏ်မဲ့ သူတွေက မကောင်းတာနဲ့ ကောင်းတာကို ချေဖျက်တယ်။
(၆) လူ့ဘဝမှာ ရက်သုံးရက်ပဲရှိတယ်။
မနေ့ကမှာ ရှင်သန်နေတာက လူကို တွေဝေမိန်းမောစေတယ်။
မနက်ဖြန်မှာ ရှင်သန်နေတာက လူကို စောင့်မျှော်စေတယ်။
ဒီနေ့မှာ ရှင်သန်နေတာကမှ လက်တွေ့ကျတယ်။
(၇) အခွင့်အရေးဆိုတာ သူခိုးတစ်ယောက်နဲ့ တူတယ်။ မသိမသာနဲ့ အသံတိတ်ရောက်
လာတတ်ပြီး ထွက်သွားတဲ့အချိန် သင့်မှာ ဆုံးရှုံးနစ်နာမှုတွေ ကျန်ခဲ့တတ်တယ်။
(၈) Jesusက သောကြာနေ့မှာ လက်ဝါးကပ်တိုင်ပေါ်သံရိုက်ပြီး အဆုံးစီရင်ခံခဲ့ရတယ်။
အဲဒီနေ့က တစ်ကမ္ဘာလုံး မျှော်လင့်ချက်မဲ့တဲ့နေ့ဖြစ်တယ်။ ဒါပေမဲ့ သုံးရက်အကြာမှာ
ခရစ်တော် ထမြောက်ပွဲနေ့ (Easter day) ဖြစ်ခဲ့တယ်။
(၉) ကြီးမြတ်သူက ပတ်ဝန်းကျင်ကို ပြောင်းလဲတယ်။
ထက်မြက်သူက ပတ်ဝန်းကျင်ကို အသုံးပြုတယ်။
သာမန်လူက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတယ်။
လူဖျင်းလူညံ့က ပတ်ဝန်းကျင်ကို အပြစ်တင်တယ်။
(၁ဝ) တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေးတည်ငြိမ်တဲ့ အပြုအမူက စိတ်တို ဒေါသထွက်တာထက် ပိုအင်အားရှိတယ်။
ငြိမ်းချမ်းသိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်တာက အော်ကြီး
ဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာထက် တစ်ဘက်လူကို ပိုကြောက်လန့်စေတယ်။
ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းက
ထိခိုက်နာကျင်ခြင်းနဲ့ ဆဲရေးစော်ကားခြင်းထက်
တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက်နိုင်သလို ဘေးကြည့်သူတွေကိုလည်း
ကရုဏာဖြစ်စေတယ်။
ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက
အကြမ်းဖက်၊ ရိုင်းစိုင်းခြင်းထက်
လူတွေရဲ့စိတ်ဝိညာဉ်ကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Labels:
အဆိုအမိန့်
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
April
(68)
- ဒီစိတ်
- ခေါင်းဆောင်ဟူသည်
- လင်ကွန်းနှင့် ကနေဒီ တူညီသည်က
- မြင်ရတဲ့ စိတ်
- မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း
- ဆင်းတု ရှိခိုးတာ အကျိုးရှိသလား
- မြန်မာတိုင်းရင်းသား ၁၃၅- မျိုး
- မေတ္တာနဲ့ စိတ်ထား
- တိပိဋက ဆရာတော်ကြီးရဲ့ သံဝေဂ သံ
- သာသနာကို သန့်ရှင်းဖို့ မလို
- မိုးကုတ်ဆရာတော်ကြီး သြဝါဒများ
- "အောင်ဆန်းဇာနည်"
- သခင် အောင်ဆန်း တရား
- ဝမ်းမနည်းပါနဲ့တဲ့
- ဘေဘီလုံမှ စကားများ
- ငှက်နဲ့ ပျား ဥပမာစကား
- အိပ်ဖောင်းရန် (စိတ်ပြောင်းဖို့ မဟုတ်)
- ဓန ဥပဒေသ ငါးရပ်
- ဗုဒ္ဓရှင်တော် ခြေရာတော်များ
- “ ပြဿနာ နည်းချင်ရင် စကားပြော ဆင်ခြင်ပါ ”
- ဗုဒ္ဓမြတ်စွယ်တော်နဲ့ သိပ္ပံ
- "အသံတိတ် တိုင်းပြည်ထဲမှာ''
- မိဘကျေးဇူး ဆပ်နည်းထူး
- ပန်းသည်
- ပရန္နဝါ
- မရိုးဖြူ နီ (ငဖြူကြီး)
- ဒူးရင်းသြဇာနဲ့ ကင်ဆာ
- ကြက်မောက်သီးနဲ့ ကျန်းမာရေး
- ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
- စလေ ကဗျာ
- နှစ်သိမ့် အချစ်
- သံဝေဂ
- သံဝေဂ တေးထပ်
- ၃၈-ဖြာ မင်္ဂလာ ကဗျာများ
- ပရဟိတ မွန်မြန်လှ
- စိတ်ညစ်စရာက လက်ဖဝါးစာလေး မျှသာ
- ဦးသန့် နှင့် EQ
- “သင်သေသွားသော်”
- “ပေါ်မလာ မျှော်ကာငို”
- “လွတ်လပ်ခါနီး”
- "ချစ်သူများနေ့ တောဓလေ့"
- “အနိရုဒ္ဓ၏ ပုဂံ”
- ကောသလ အိပ်မက် (၁၆) ချက်...
- “တို့  ပြည်ထောင်စု”
- “တစ်ခုသော သင်္ကြန်အခါ”
- “ရှင်ကျင့်ဝတ် နိဂုံးလင်္ကာ”
- * ပျော်ပျော် ပါးပါး , လူသား များ *
- * ပြောင်းလဲခြင်းဖြင့် ကြိုဆိုပါ *
- “အမေ့ကျောင်း”
- “တို့ လယ်သမား ဗုံထောက်သံ”
- လူမှုအဖွဲ့အတွက် ခံယူချက် စာတန်း
- ဘုံဘဝမှာ ကြုံရတဲ့ အပိုင်းအစနဲ့ ပရဟိတ
- မြန်မာတို့ အတွက်
- ဖတ်စေချင်သော စာစုလေး....
- တွေးစရာ
- မှတ်သားဖွယ် စကားများ
- ဗုဒ္ဓဘာသာကို မေးခွန်းများ မေးလာလျှင်
- ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏အတွေးအမြင်နှင်...
- ထက်မြက်သူနဲ့ ညံ့ဖျင်းသူ
- မိတ်ဆွေ
- ဘဝ အမြင်
- ဗြဟ္မစိုရ်တရား လေးပါး
- ဆုံးမစာ
- ပညာ
- အသိဉာဏ်ပေးတဲ့ စကား
- ဘဝ
- ဂျူးလူမျိုးတို့ရဲ့ ခံယူချက်
- အိမ်
-
▼
April
(68)
0 comments:
Post a Comment