ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Monday, April 29, 2013
မြင်ရတဲ့ စိတ်
11:36 AM |
Posted by
တိုးတိုး |
Edit Post
“စိတ်ကို မြင်လို့ ရလား ဘုန်းဘုန်း”
“ဟေ”
မျက်မှောင်ကုတ်စရာမလို၊ စဉ်းစားဖွယ်မရှိ၊ အဖြေကို “မရဘူးကွ”လို့
ဒက်ကနဲ ပေးလိုက်
နိုင်သား၊ သို့သော် .. အဲဒီ သူကောင်းသား မျိုးကောင်း
ရိုးကောင်း (အဲ … ကျုပ်ညီက
မွေးတဲ့ သူမို့) လေးက တခြားသူတွေလို
ရတဲ့ အဖြေကို ယူပြီး လှည့်သွားမည့်သူ မဟုတ်၊
(What) “ဝှတ်တွေ” (Why)
“ဝှိုင်းတွေ” (How) “ဟောင်းတွေ” ဆင့်လာတော့မှာ ..
အဲဒါကြောင့် သူ့မေးခွန်းကို ဖြေဖို့ မျက်မှောင်ကုတ်ရ၊
စဉ်းလည်း စဉ်းစားရ၊ ဒက်ကနဲလည်း
မဖြေနိုင်၊ ကိစ္စတော့ မရှိပါဘူးလေ၊
ဒီသူငယ်တွေ သူငယ်မတွေ ဒီလိုမေးတတ်၊ မြန်းတတ်၊
စောဒက တက်တတ်အောင်
မနည်းကြီး ပျိုးထောင်ခဲ့ရတာကလား၊ အဲ .. နည်းနည်းတော့
အားစိုက်ရတာပ၊ ဒီလိုလေ
..
ခုလို နွေရာသီ ရောက်ပလားဆို သူတို့တတွေ ရောက်လာကြတော့တာပဲ၊ ညီတွေ
ညီမတွေ
နဲ့ သူတို့ အိမ်နားနီးချင်းတွေက သူတို့ကလေးတွေကို ကျောင်းပို့ကြတော့တာပဲ၊ လိမ္မာရေးခြား
ရှိအောင်၊ ဘာသာရေးနဲ့ ကျွမ်းဝင်အောင်တဲ့။“ကိုယ့်ထမင်း ကိုယ်စားပြီး၊ကြီးဒေါ် နွားလေး
တွေ ကျောင်းရတယ်” လို့ သဘောမထားနိုင်ပေါင်ဗျာ၊ ဒီဝန်လေးမှ မယူနိုင်ရင် ဘာလို့ ဂါမ
ဝါသီ လုပ်နေမတုန်း၊ အဲဒီလို နှလုံးသားနဲ့ လက်ခံခဲ့တာ၊ ဟူး …တခါတခါတော့
ခေါင်းကိုက်ရသား။
တွေ ကျောင်းရတယ်” လို့ သဘောမထားနိုင်ပေါင်ဗျာ၊ ဒီဝန်လေးမှ မယူနိုင်ရင် ဘာလို့ ဂါမ
ဝါသီ လုပ်နေမတုန်း၊ အဲဒီလို နှလုံးသားနဲ့ လက်ခံခဲ့တာ၊ ဟူး …တခါတခါတော့
ခေါင်းကိုက်ရသား။
ခုလည်းကြည့်လေ၊ စိတ်ကို ကြည့်လို့ရလားတဲ့၊ ကောင်းမြတ်ထွန်းဆိုတဲ့
ချာတိတ်က မေး
လိုက်တာ၊ ကျန်တဲ့ သူငယ်တွေ သူငယ်မတွေကလည်း အဖြေကို
သိချင်နေကြပုံပဲ။
“သုဒုဒ္ဒသံ သုဏိပုနံ” လို့ ဓမ္မပဒမှာ လာတာပဲ၊ “မြင်လို့ မရဘူးကွ” လို့
ဖြေလိုက်မယ်လုပ်ပြီးမှ၊
အင်း … ဒါက သူတို့ ကြီးလာရင် သိသွားမည့်ကိစ္စပါ၊
ဒီအရွယ်မှာတော့ …
“မြင်လို့ ရတယ်ကွဲ့”
“ဟုတ်လို့လား”
“ဟုတ်ပဲနဲ့ ..”
အဲဒါက ရှစ်တန်းရောက် တူမနဲ့ တူရဲ့အသံ။ သူတို့ကို အသာထားပြီး ..
“ကြည့်တတ်ရင် မြင်တယ်ကွဲ့”
“ဟုတ်လား၊ ဘယ်လို ကြည့်ရမှာလဲ”
သူတို့ကို မဖြေအားသေးဘဲ …
“ကဲ…ကလေးတို့ကို စိတ်ကိုမြင်အောင် ကြည့်တဲ့နည်း သင်ပေးမယ်။
ယူကြမလား” ကျန်တဲ့
ကလေးတွေပါ လှမ်းစည်းရုံးလိုက်ရသေးတယ်၊ နို့မဟုတ်ရင်
ကိုယ့်ကိုအားနာမှာ မဟုတ်ဘူး။
သူတို့ စိတ်မဝင်စားလို့ကတော့ ကဲနေ၊ ဆော့နေ၊
စကားတွေများနေကြမှာ၊ ဒါတောင် အဖြေ
တွေက...
“ယူပါမယ် … ”
“ယူပါမယ် … ”
“ယူချင်ဘူး”
တယောက်တပေါက်၊ မယူချင်တဲ့ သူတောင် ပါလိုက်သေး၊
သူ့ကို လှမ်းကြည့်လိုက်တော့
ဂျစ်တူးမ တူမလေးလေ၊ ခုမှ တတိယတန်း။ သူ့ကို အသာ
မသိကျိုးကျွန် လုပ်လိုက်ပြီး …
“ကဲ နားထောင်ကြတော့...ဟိုတခါတုန်းက ကုန်သည်နှ စ်ယောက်ရှိကြပါသတဲ့၊
သားရေ
ကုန်သည်နဲ့ စပါးကုန်သည်တို့ပေါ့ကွယ်၊ သားရေကုန်သည်ဆိုတာ နွားသားရေ၊
ကျွဲသား
ရေ၊ ဆိတ်သားရေတွေကို ဝယ်ယူရောင်းချသူ ဖြစ်ပြီး စပါးကုန်သည်ကတော့
ဆန်စပါး
တွေ ကုန်ကူးသူပေါ့ကွယ်။(သိတဲ့အတိုင်းပဲ တခါတုန်းကဆိုတာနဲ့ ပုံဆိုတာ
သိသွားကြပြီး
မျက်လုံးလေးတွေ လက်ကာ နားတွေစွင့်လို့)
အဲဒီကုန်သည်နှစ်ယောက်တို့ဟာ လိုတဲ့ ကုန်တွေဝယ်ဖို့ မြောက်ဘက်ဒေသကို
ခရီးထွက်
လာကြပါသတဲ့။ သူတို့ သွားတဲ့မြို့ဟာ ခရီးကွာလှမ်းတာကြောင့်
လမ်းခုလတ်မှာတော့
ရွာတရွာက ဘုန်းကြီးကျောင်း တကျောင်းမှာ
ခွင့်တောင်းပြီး တညဉ့်တာ တည်းခိုကြပါသ တဲ့။ ကျောင်းထိုင်ဆရာတော်က “အိမ်း …
ဒကာတို့ တည်းကြ၊ ခိုကြ” လို့ ခွင့်ပြုပြီး ဧည့်ခံ
နေရာပေးပါသတဲ့၊ ဒါပေမယ့်
ဆရာတော် ဧည့်ခံနေရာပေးပုံက မညီမျှပါဘူးတဲ့။ စပါး
ကုန်သည်ကို စားစရာတွေလည်း
ကျွေးမွေး၊ နေရာကိုလည်း ကောင်းတဲ့ နေရာမှာထား
ပြီး နားခိုစေပါသတဲ့။
သားရေကုန်သည်ကိုတော့ ကျွေးလည်းမကျွေး၊ နေရာကောင်းလည်း
မပေးပါဘူးတဲ့။
ဒီလိုနဲ့ နံနက်မိုးသောက်တဲ့အခါမှာတော့ ကုန်သည်နှစ်ယောက် တို့ဟာ ဆရာတော်ကို
ကန်တော့နှုတ်ဆက်ပြီး ခရီးဆက်သွားကြပါရောတဲ့။ နောက်ရက်တွေကြာတော့
ကုန်သည်
တို့ဟာ ကုန်တွေနဲ့အတူ ပြန်ရောက်လာကြပါသတဲ့။ အသွားတုန်းကလို
ဘုန်းကြီးကျောင်း
မှာပဲ ဝင်တည်းခိုကြပြန်သတဲ့၊ ဒီအခါ မှာတော့ ဆရာတော်က
သားရေကုန်သည်ကို ဧည်ခံ
ကျွေးမွေး နေရာကောင်းပေးပြီး ဧည့်ခံကာ
စပါးကုန်သည်ကိုတော့ ဘာမျှလည်းမကျွေး၊
နေရာလည်း မပေးပါဘူးတဲ့။ အသွားတမျိုး၊
အပြန်တမျိုး နေရာပေးပုံ၊ ဧည့်ခံပုံကို ကုန်
သည်တို့ရင်ထဲမှာ
ထူးဆန်းနေပါသတဲ့။ ဒီလိုနဲ့ နောက်တနေ့ မိုးသောက် အလင်းရောက်တဲ့
အခါ ကုန်သည်နှစ်ယောက်တို့ဟာ ခရီးဆက်ဖို့ ပြင်ကြပါသတဲ့၊ ဆရာတော်ကို ဦးချ နှုတ်
ဆက်ကြရင်း သူတို့ရင်ထဲမှာ မရှင်းလင်းတဲ့အကြောင်းကို မေးလျှောက်ကြပါသတဲ့၊
“တခု မေးလျှောက်ပါရစေ ဆရာတော်၊ အသွားတုန်းက စပါးကုန်သည်ကိုပြုစုပြီး အပြန်
အခါ ကုန်သည်နှစ်ယောက်တို့ဟာ ခရီးဆက်ဖို့ ပြင်ကြပါသတဲ့၊ ဆရာတော်ကို ဦးချ နှုတ်
ဆက်ကြရင်း သူတို့ရင်ထဲမှာ မရှင်းလင်းတဲ့အကြောင်းကို မေးလျှောက်ကြပါသတဲ့၊
“တခု မေးလျှောက်ပါရစေ ဆရာတော်၊ အသွားတုန်းက စပါးကုန်သည်ကိုပြုစုပြီး အပြန်
ကြတော့ တပည့်တော် သားရေကုန်သည်ကို
ဧည့်ဝတ်ပြုတာဟာ ဘာကြောင့်လဲဆိုတာ
သိပါရစေဘုရား …” တဲ့။
“အိမ်း … ဒကာတို့ …”
“ကဲ ဟေ့ … ကလေးတို့ မင်းတို့ကို မေးရဦးမယ်။ အဖြေမှန်တဲ့လူ
ဘုန်းဘုန်းဆုချမယ်၊
ဘာဖြစ်လို့ ဆရာတော်က အဲလို အသွားတယောက်
အပြန်တယောက် မတူအောင်
ဆက်ဆံတာလဲ”
“စားစရာ မလောက်လို့ ဘုန်းဘုန်း”
“နှစ်ယောက် ညီအောင်လို့”
“ဘုန်းဘုန်းနဲ့ တူလို့”
ဘယ်ခေမလဲ၊ ခေတ်ကလေးတွေ ဖြေလိုက်ကြတာ စုံလို့၊လူတောင် ဆွဲထည့်လိုက်သေး။
“ကဲ … အဖြေလိုသေးတယ်” နီလာထွန်းတို့၊ ယမင်းရွှေစင်တို့၊ ဟိုဘက်က ညီညီဝေထွန်း တို့ ငွေထုပ်မတို့ ဖြေကြလေ”
“သရေကုန်သည်ကို သနားလို့”
“ကဲ ညီညီက ဖြေနေပြီ သနားလို့ ဆိုပါလား၊ကဲ ဟိုနောက်ထဲက စည်သူထွေးတို့ တွယ်တာ
တို့ ဖြေကြလေ၊ မုန့်တွေ အများကြီး စားရမှာနော်”
“ဘုန်းဘုန်း သားဖြေမယ်”
“ဟော တေဇာထွန်းကြီး လုပ်စမ်းပါဦး မင်း အဖြေ”
“သူ့ဘာသူ ကျွေးချင်လို့”
ဝါးကနဲ ဝိုင်းရယ်ကြတယ်၊ ရယ်ချင်တာကို ထိန်းပြီး
“ကဲ ပန်းပေးကြပြီလားဟေ့”
“ပေးပြီ ပေးပြီ”
“ပြောပါတော့ ဘုန်းဘုန်း”
“အေး …ဒါဆို နားထောင်ကြ။ အဲလို ကုန်သည်တွေက မေးတဲ့အခါ “အိမ်း
ဒါယကာတို့ ခုလို
သင်တို့ကို ဧည့်ခံ ဆက်ဆံရခြင်းဟာ သင်တို့ရဲ့ နှလုံးသွင်း
စိတ်ထားကို လှမ်းကြည့်ပြီး ခုလို ဆက်ဆံရတာကွယ့်၊ ဒီလိုကွယ် သင်တို့
နှစ်ယောက်လာစဉ်က သင်တို့ စိတ်ထဲမှာ စပါးကုန်
သည်က သွားရာဒေသမှာ ဆန်ရေစပါးတွေ
ပေါများမှ ဈေးသက်သက် သာသာနဲ့ဝယ်ရမှာမို့
မိုးလေဝသတွေ မှန်ပါစေ၊
ဆန်ရေစပါးတွေ ပေါပါစေနဲ့ စိတ်ထားပြီး လာခဲ့တယ်။ သားရေကုန်
သည်ကတော့
သားရေတွေများများ ဝယ်နိုင်ဖို့ ဆုတောင်းလာတော့ ကျွဲ၊ နွားတွေ
သေ
ကျေ များပါစေလို့ ရည်ရွယ်ရာ ရောက်နေတာပေါ့၊ အဲဒါကြောင့် အသွားမှာ စပါးကုန်သည်
ကို ဧည့်ဝတ်ပြုပြီး သားရေ ကုန်သည်ကို လျစ်လျူရှုတာကွဲ့။
ကျေ များပါစေလို့ ရည်ရွယ်ရာ ရောက်နေတာပေါ့၊ အဲဒါကြောင့် အသွားမှာ စပါးကုန်သည်
ကို ဧည့်ဝတ်ပြုပြီး သားရေ ကုန်သည်ကို လျစ်လျူရှုတာကွဲ့။
အဲ … ခု
အပြန်ကြတော့ သင်တို့ စိတ်ထားတွေ ပြောင်းပြန်ဖြစ်သွားပြီ၊ သားရေကုန်သည်က
သင့်သားရေတွေ ဈေးကောင်းရဖို့ ဒီဒေသ သားရေ ရှားပါးမှ ဖြစ်မှာဆိုတော့ ကျွဲ၊
နွား၊ သိုး၊
ဆိတ်တွေ အသေအပျောက် နည်းမှဖြစ်မယ်လေ။ ဒီတော့ သင့်ဆုတောင်းက
ကောင်းသွား
တာပေါ့။ စပါးကုန်သည်ကတော့ သူ့စပါးတွေ ဈေးကောင်းရဖို့ ဒီဒေသ
စပါးဆန်ရေ ရှားပါးမှ
ဖြစ်မယ်၊ ဒီတော့ သူ့ဆုတောင်းနှလုံးသွင်းက
တမျိုးဖြစ်သွားပြီ၊ အဲဒီနှလုံးသွင်းကိုချင့်ပြီး ငါ
ခုလို
ဧည့်ဝတ်ပြုလိုက်တာကွယ့်” လို့ ဖြေလိုက်ပါသတဲ့။
အဲဒါကြောင့် … ကြောင်း ကျိုး ဉာဏ်ကြီးတဲ့ ပညာရှိတွေဟာ
သူတပါးရဲ့စိတ်ကို မြင်နိုင်ပါ
သတဲ့ကွယ်။ သားတို့၊ သမီးတို့လည်း သူတပါးရဲ့ စိတ်ကောင်း၊စိတ်ဆိုးကို ခွဲခြား သိမြင်နိုင်
အောင်
ကြောင်းကျိုး စဉ်းစားတတ်တဲ့ ဉာဏ်နဲ့ ပြည့်စုံကြပါစေကွယ်။ ။
(နတ်စည်) From moemaka
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
April
(68)
- ဒီစိတ်
- ခေါင်းဆောင်ဟူသည်
- လင်ကွန်းနှင့် ကနေဒီ တူညီသည်က
- မြင်ရတဲ့ စိတ်
- မိစ္ဆာဒိဋ္ဌိ (သို့) အယူမှားခြင်း
- ဆင်းတု ရှိခိုးတာ အကျိုးရှိသလား
- မြန်မာတိုင်းရင်းသား ၁၃၅- မျိုး
- မေတ္တာနဲ့ စိတ်ထား
- တိပိဋက ဆရာတော်ကြီးရဲ့ သံဝေဂ သံ
- သာသနာကို သန့်ရှင်းဖို့ မလို
- မိုးကုတ်ဆရာတော်ကြီး သြဝါဒများ
- "အောင်ဆန်းဇာနည်"
- သခင် အောင်ဆန်း တရား
- ဝမ်းမနည်းပါနဲ့တဲ့
- ဘေဘီလုံမှ စကားများ
- ငှက်နဲ့ ပျား ဥပမာစကား
- အိပ်ဖောင်းရန် (စိတ်ပြောင်းဖို့ မဟုတ်)
- ဓန ဥပဒေသ ငါးရပ်
- ဗုဒ္ဓရှင်တော် ခြေရာတော်များ
- “ ပြဿနာ နည်းချင်ရင် စကားပြော ဆင်ခြင်ပါ ”
- ဗုဒ္ဓမြတ်စွယ်တော်နဲ့ သိပ္ပံ
- "အသံတိတ် တိုင်းပြည်ထဲမှာ''
- မိဘကျေးဇူး ဆပ်နည်းထူး
- ပန်းသည်
- ပရန္နဝါ
- မရိုးဖြူ နီ (ငဖြူကြီး)
- ဒူးရင်းသြဇာနဲ့ ကင်ဆာ
- ကြက်မောက်သီးနဲ့ ကျန်းမာရေး
- ဗိုလ်ချုပ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
- စလေ ကဗျာ
- နှစ်သိမ့် အချစ်
- သံဝေဂ
- သံဝေဂ တေးထပ်
- ၃၈-ဖြာ မင်္ဂလာ ကဗျာများ
- ပရဟိတ မွန်မြန်လှ
- စိတ်ညစ်စရာက လက်ဖဝါးစာလေး မျှသာ
- ဦးသန့် နှင့် EQ
- “သင်သေသွားသော်”
- “ပေါ်မလာ မျှော်ကာငို”
- “လွတ်လပ်ခါနီး”
- "ချစ်သူများနေ့ တောဓလေ့"
- “အနိရုဒ္ဓ၏ ပုဂံ”
- ကောသလ အိပ်မက် (၁၆) ချက်...
- “တို့  ပြည်ထောင်စု”
- “တစ်ခုသော သင်္ကြန်အခါ”
- “ရှင်ကျင့်ဝတ် နိဂုံးလင်္ကာ”
- * ပျော်ပျော် ပါးပါး , လူသား များ *
- * ပြောင်းလဲခြင်းဖြင့် ကြိုဆိုပါ *
- “အမေ့ကျောင်း”
- “တို့ လယ်သမား ဗုံထောက်သံ”
- လူမှုအဖွဲ့အတွက် ခံယူချက် စာတန်း
- ဘုံဘဝမှာ ကြုံရတဲ့ အပိုင်းအစနဲ့ ပရဟိတ
- မြန်မာတို့ အတွက်
- ဖတ်စေချင်သော စာစုလေး....
- တွေးစရာ
- မှတ်သားဖွယ် စကားများ
- ဗုဒ္ဓဘာသာကို မေးခွန်းများ မေးလာလျှင်
- ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏အတွေးအမြင်နှင်...
- ထက်မြက်သူနဲ့ ညံ့ဖျင်းသူ
- မိတ်ဆွေ
- ဘဝ အမြင်
- ဗြဟ္မစိုရ်တရား လေးပါး
- ဆုံးမစာ
- ပညာ
- အသိဉာဏ်ပေးတဲ့ စကား
- ဘဝ
- ဂျူးလူမျိုးတို့ရဲ့ ခံယူချက်
- အိမ်
-
▼
April
(68)
0 comments:
Post a Comment