ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Tuesday, August 27, 2013
သာသနာ့အလံနှင့် ပတ်သက်၍
1:58 PM |
Posted by
တိုးတိုး |
Edit Post
သာသနာ့အလံနှင့် ပတ်သက်၍ ဗဟုသုတ
*******************************
မြန်မာနိုင်ငံနှင့် သာသနာ့အလံ
==================
သာသနာ့ အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိသုမင်္ဂလာ ထေရ်သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ
ဒေါက်တာဂျီပီမာလာဆေထေရ်၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို
ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆)
ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကို သာသနာ့အလံတော်ကြီးအဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀
ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်
ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်းခဲ့သည်။
အလံတော် အဓိပ္ပါယ်
===========
သာသနာ့အလံတော်ကြီးသည်
ငြိမ်းချမ်းသာယာခြင်း၊
သည်းခံခြင်း၊
စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားရှင်အား အထူး ကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်
မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့
ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါ
သည်။
အရွယ်အစား/အရောင်
============
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍

လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ် ပြဋ္ဌာန်းထားသည့်အတိုင်း အလံတော် တိုင်ဘက်မှ
စတင်၍ သတ်မှတ်ရသည်ရှိသော်
=============
1. နီလ = အပြာရင့်ရောင်
2. ပီတ = အဝါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တခဲနက် ထွက်နေသော အရောင် အဖြစ်
အလံတော်၏ အစွန်အဖျား(အထက်) အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်း
နုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
======
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊
အပိုဒ်(၅)၊ အခန်း(၂၉)၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်
နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
=================
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊
=============
အပိုဒ်(၃၅၈) အထိမ်းအမှတ် အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။
လက်ယာ အစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင် လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။
သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍
ဖော်ပြထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
========================
1. ရဟန်းသံဃာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
Wikipedia မှတိုက်ရိုက်ဘာသာပြန်
==================
သမိုင်း
====
အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘို ကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။
အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day(ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခု
နှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာ ရှိတဲ့ Dipaduttamarama မှာ Ven.
Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံး လွှင့်တင်ခဲ့ပါတယ်။
အဲဒီနေ့ဟာ ဗြိတိသျှတို့ အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ ရုံးပိတ်ရက်
ဖြစ်ခဲ့ပါတယ်။
Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်
ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်း
လဲ ပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန် ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်
တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ်
ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆
ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့)မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။
၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံ
တော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံ
ကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။
၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်များ ညီလာခံ
(Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ
ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာ
သာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်
ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။
အရောင်များ
=======
အလံတော်မှာ ပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတ ဉာဏ်တော်ကို
ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို
ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ)=ကရုဏာ၊ ငြိမ်းချမ်းမှုနှင့် စကြာဝဠာသို့ ဖြန့်ကျက်သော
မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ)=အလယ်အလတ်လမ်းစဉ်~အစွန်းရောက်ခြင်း၊ သတိလက် လွတ် နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ~
အောင်မြင်ခြင်း၊ အသိဉာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~အချိန်၊ နေရာ အကန့်
အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့ အရောင်
ငါးမျိုးရဲ့လေးထောင့် လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ
ရောင်ခြည်တော်ထဲက အရောင်ငါးမျိုး ပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ
ပေါင်းစပ်မှုအရောင်ဟာ“ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်)ကို
ရည်ညွှန်းပါတယ်။
တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးများရဲ့ သင်္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တခုထဲမှာ တစု တစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သင်္ကန်းဟာ ကြက်
သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်း ပုံစံထဲက လိမ္မော်ရောင်ကို
တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။
ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ
==============
ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်း
ပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေ
မှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။
~ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်း
ရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~နီပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်း
ပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင် သုံးမျိုးစပ်ကို အသုံး
ပြုပါတယ်။
အပြာ သဒ္ဓါ၊ အဝါ မြင့်မြတ်
နီမှာ ပညာ၊ ဖြူရောင်ဝင်းဝင်း၊
စင်ကြယ်ခြင်းတည်း၊
တဏှာကင်းပြောင်၊ လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ၊ သင်္ကေတာမှာ
အရိယာ၏၊ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည်၊ လဝန်းရောင်ခြည်
ဓမ္မစေတီ။
*********************************
သာသနာ့အလံကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေရန် စုစည်းတင်ပြပါသည် ။
(MyanmarDaily.net)

Labels:
သာသနာ့အလံ အကြောင်း
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
August
(78)
- မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လို တည်ဆောက် ကြမလဲ
- “ တရားဦး ဟောလှဲ့ပါ ”
- ဟားဗက်တက္ကသိုလ် စာကြည့်တိုက် နံရံထက်က ဆုံးမစာ
- ဗုဒ္ဓ,ဓမ္မ,သံဃ အပေါ် သူ့ရဲ့အမြင်
- ဘုန်းတော်ကြီး ဒလိုင်းလားမားမှ ဘရာဇီး ပညာရှင် အား မ...
- သာသနာ့အလံနှင့် ပတ်သက်၍
- နဒီဘဝ, မြစ်ဘဝ
- ဘဝဆိုတာ တိုးတောင်းလွန်းပါတယ်
- “မုန်တိုင်းထဲမှ ကဗျာ”
- " တွင်း "
- လူငယ်တို့ရဲ့ အသိုက်ဆီ အပြန်
- သစ်တောနဲ့ မြစ် (မြစ်ပျောက်မှာစိုး)
- ရှာတွေ့ခဲ့သော ငြိမ်းချမ်းမှု
- ရှေ့ခရီးသို့
- ရှေ့ခရီး ဆက်နိုင်ဖို့
- ကော်ဖီ နွားနို့ အချိုရည်တို့ဖြင့် ဆေး မတိုက်သင့်
- အသီးအနှံများမှ ရနိုင်တဲ့ ဗီတာမင်များနဲ့ နှလုံး
- ကလေး မရနိုင်သူများအတွက်
- အသီးအနှံမှ သွေးအား ကောင်းစေဖို့
- သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့
- အစာအိမ် အောင့်/ နာခြင်းနဲ့ ဆန်ဆေးရည်
- အသီးအရွက်များ ဓာတုအဆိပ် ကင်းရန်အတွက်
- ကျောက်ချဉ်နဲ့ အမျိုးသမီး ကျန်းမာရေး
- မျက်စိ ကျန်းမာရေးအတွက်
- မျက်စိညောင်းညာခြင်းကို ကုသနည်း
- မိုးဖွဲ့ အလွမ်း
- ဖိတ်စာ
- အပျိုကြီး
- ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ တရား
- ဝါခေါင်လဘွဲ့
- ထွေးညိုရဲ့ အမှာ
- ဘိုးသူတော် ဦးနုရဲ့ပညာပေး စကားပုံ
- အကျွတ် ဘယ်မှာ ဝေးတော့မည်
- မဟာဂန္ဓာရုံဆရာတော်ကြီး၏ သေဖို့ ပြင်ဆင်ထားပုံ
- B ပိုး C ပိုး သမားတွေ အတွက်
- တချိန်တုန်းက " မိန်းမ ''
- ကင်ဆာနှင့် ပတ်သက်၍
- ရယ်ခြင်း သုံးမျိုး
- ဆရာဇော်ဂျီ ဆုံးမခဲ့တဲ့ စာပေလောက သြဝါဒကဗျာ
- အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
- ဘွဲ့ရသွားသော နှလုံးသား
- ဆွေးနွေးခန်း
- နှုတ်ထွက်သွားခြင်း
- သင်နှင့် တန်ဖိုး
- အဖိုးကြီး စစ်တမ်း
- ဤမြေကြီး
- အသည်း ကျန်းမာရေးအတွက် စားသောက်မှု
- အသက်နဲ့ ကျန်းမာရေး ပြဿနာ
- ဘိုထိုင် အိမ်သာများမှ ရောဂါများ ကူစက်နိုင်
- အသည်း ကျန်းမာရေးကောင်းပြီး စွမ်းအင် ပြည့်ဝစေရန်
- Fb တွင် ကာလာဖြင့် Status ရေးနည်း
- Facebook Lock မကျအောင်ကာကွယ်နည်း
- Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
- မိမိ facebook ကို Virus ကင်းကင်းရှင်းရှင်း သုံးနို...
- ချစ်စရာ ရှုခင်း
- လွမ်းဘွယ် မြိုင်ယံ
- သင်း သေဟဲ့ ဆိုသလို
- ပဋိညာဉ်ခံဘွဲ့ တေးထပ်
- ခွင့်မသာ
- တွယ်ရာမဲ့
- မြန်မာ့ကြွေးကြော်သံ
- သံဝေဂ (၈၀)ပေါ် တေးထပ်
- သနပ်ခါးပင်ဘွဲ့ တေးထပ်
- သံဝေဂ တေးထပ်
- အဝိဇ္ဇာ နိဗ္ဗိန္ဒ တေးထပ်
- အနှစ်မပါတဲ့ နိဗ္ဗိန္ဒာ တေးထပ်
- အပုတ်ကောင် နိဗ္ဗိန္ဒ တေးထပ်
- အို တက်လူတို့
- မင်း အိမ်
- မိန်းမမြတ်
- တပည့်များ ရိုသေလေးစားတဲ့ ဆရာ
- လွတ်လပ်စွာ ရွေးချယ်၍ ယုံကြည် ကိုးကွယ်နိုင်ဖို့ရန်
- အရိမေတ္တေယျ ဘုရားရှင်နှင့် ကြုံနိုင်ဖို့
- လူနဲ့ နွား
- ကိ,ညှော် အငွေ့ကို သတိမြော်၍ ရှောင်
- နှစ်ကိုယ်တွေ့မှ ရွာပါ
- "မိန်းကလေးတို့ ဣနြေ္ဒ"
- အဖိုး သခင်ကိုယ်တော်မှိုင်းသို့
-
▼
August
(78)
0 comments:
Post a Comment