ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Sunday, January 12, 2014
အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
9:33 AM |
Posted by
တိုးတိုး |
Edit Post
အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
•••••••••••••••••••••••
လွန်ခဲ့တဲ့ တချိန်တုန်းက တို့ရဲ့ဘုရားအလောင်းဟာ ချမ်းသာတဲ့ သူဌေးမျိုးမှာ ဖြစ်ခဲ့ပါတယ်။ ဘုရားအလောင်းမှာ ညီတယောက်လည်း ရှိတယ်။ မိဘတွေ ကွယ်လွန်သွားတဲ့အခါ ညီအစ်ကို
နှစ်ယောက် စီးပွားရေးကို အတူတူ လုပ်ကြပါတယ်။ တနေ့မှာ ညီအစ်ကိုနှစ်ယောက် ကုန်
အရောင်းအဝယ် လုပ်ဖို့အတွက် ရေလမ်းကြောင်းနဲ့ ခရီးထွက်ခဲ့ကြပြီး ရောင်းဝယ်လို့ အပြီး
မှာတော့ ငွေတထောင် အမြတ်ရခဲ့ပါတယ်။ မြစ်ဆိပ်တခုကို ရောက်တဲ့အခါမှာ လှေကို
ခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။
ဘုရားအလောင်းက ထမင်းစားပြီး စားကြွင်းစားကျန်တွေကို ရေထဲမှာရှိတဲ့ ငါးတွေ လိပ်တွေ ကို ကျွေးပြီး"ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ်အား အမျှပေးဝေပါ၏။ အမျှအမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်ပါတယ်
မြစ်စောင့်နတ်ကလည်း သာဓုခေါ်ဆိုလိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်းပဲ သူ့မှာ စည်း
စိမ်တွေ တဆင့် တိုးပွားသွားပါတယ်။
ဒီလို ကုသိုလ်ကို သာဓုခေါ်လိုက်ရခြင်းကြောင့် သူ့ရဲ့စည်းစိမ်တွေ တိုးလာရတယ် ဆိုတာ လည်း မြစ်စောင့်နတ်က သိလိုက်တယ်။ ဘုရားအလောင်းကတော့ အမျှဝေပြီး သဲသောင်

ပြင်မှာ ပုဆိုးခင်းကာ အိပ်နေလိုက်တယ်။ ညီဖြစ်သူကတော့ မအိပ်နိုင်သေးပါဘူး။ သူက အကြံထုတ်နေတာကိုး။
ဒီငွေအသပြာ တထောင်ကို အကို့ကို ခွဲမပေးရပဲ တယောက်ထဲ
ဘယ်လို မောင်ပိုင် စီးရမလဲဆိုတာကို ကြံနေတာ။ ဒီလိုနဲ့ ကောက်ကျစ်တဲ့ အကြံကို ရသွားပြီး အသပြာထုပ်နဲ့ ပုံစံတူ ကျောက်ခဲထုပ် တထုပ်ကို ထုပ်ထားလိုက်တယ်။ ညီအစ်ကို နှစ်ယောက် ခရီးဆက်ကြရင်း မြစ်လယ်ကိုရောက်တော့ ညီလုပ်သူက လှေနံတဖက် အစောင်းမှာ အသပြာ ထုပ်က ရေထဲကို မတော်တဆ ကျသွားတဲ့ ပုံစံနဲ့ ကျောက်ခဲထုပ်ကို ရေထဲ ပစ်ချလိုက်ပါတယ်။
ဒါပေမယ့် တကယ်တမ်း သူ ချလိုက်မိတာက ကျောက်ခဲထုပ် မဟုတ်ပဲ အသပြာထုပ် ဖြစ်နေ
တယ်။ ဒါကို ညီက မသိခဲ့ဘူး။ ချပြီးတော့ အလန့်တကြား ပုံစံနဲ့''ဟာ…အသပြာထုပ်တော့
ရေထဲ ကျသွားပြီ'' လို့ အစ်ကိုဖြစ်သူကို လှမ်းပြောလိုက်ပါတယ်။ သဘောထားကြီးတဲ့
အစ်ကိုက''ဘယ်တတ်နိုင်မလဲ ညီလေးရာ''ဆိုပြီး ညီကို ဖြေသိမ့်ပေးပါတယ်။
အဲဒီအချိန်မှာ ငါးကြီးတကောင်က အသပြာထုပ်ကို (အစာအမှတ်နဲ့) မျိုမိသွားခဲ့တယ်။

ညီလုပ်သူကတော့ အိမ်ပြန်ရောက်တဲ့အခါမှာ
အားရဝမ်းသာ ပိုင်ပြီအထင်နဲ့ ငွေထုပ်ကို
ဖြည်လိုက်တာ
အသပြာတွေ မဟုတ်ပဲ ကျောက်ခဲတွေကို မြင်တွေ့လိုက်ရတော့ နှလုံးသွေး
ချောက်ခြားပြီး စိတ်ပျက်လက်ပျက်နဲ့ ခုတင်ပေါ်မှာ
ခွေခွေလေး အိပ်နေပါတော့တယ်။
တချိန်တည်းမှာပဲ တံငါသည်တွေ ငါးဖမ်းလေ့ရှိကြတဲ့အတိုင်း ကွန်များပစ်ကြတဲ့အခါမှာတော့ တံငါတဦးရဲ့ပိုက်ထဲမှာ အသပြာထုပ်ကို မျိုထားမိတဲ့ အဲဒီငါးကြီးကို ဖမ်းမိပါတယ်။ ဒီအခါမှာ
မြစ်စောင့်နတ်က''အစ်ကိုလုပ်သူ အမျှဝေလို့ ငါ့မှာ စည်းစိမ်တွေ တိုးရတယ်။ ငါ သူ့ကို ပြန်ပြီး
စောင့်ရှောက်မှပဲ''ဆိုပြီး ငါးရောင်းတဲ့ တံငါသည်ကို ဘုရားအလောင်းရဲ့အိမ်ရှေ့ မရောက်
ရောက်အောင် နတ်တို့တန်ခိုးနဲ့ ပို့ပေးပါတယ်။ ဘုရားအလောင်းက ငါးကို ဝယ်ပြီး မယား
ဖြစ်သူကို ပေးတယ်။ ချက်ပြုတ်ဖို့ ငါးဗိုက်ကို ခွဲလိုက်တဲ့အခါမှာ အသပြာထုပ်ကို တွေ့လိုက်
ရပါတော့တယ်။
ဒီအချိန်မှာပဲ မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှား ပြပြီး''သင် အမျှဝေလို့ ငါ့မှာ ချမ်းသာ
တွေကို ရခဲ့တယ်။ ဒါကြောင့် ငါက သင့်ကို ပြန်ပြီး စောင့်ရှောက်တာပါ။ သင်ပဲယူပါ။ သင့်ရဲ့
ညီကို မပေးပါနဲ့''လို့ လာပြောပါတယ်။ ဒါပေမယ့် ဘုရားအလောင်းကတော့ တထောင်ထဲက
ငါးရာကို ခွဲပြီး ညီငယ်ဆီကို ပေးခိုင်းလိုက်ပါတယ်တဲ့။
(ငါးရာငါးဆယ်နိပါတ်၊ မစ္ဆုဒ္ဒါနဇာတ်)
ဒီဇာတ်လမ်းလေးကို အားလုံး ကြားဖူးကြမှာပါပဲ။ ဒီအကြောင်းကိုလည်း ကြုံတဲ့အခါတိုင်း
ပြောပြဖြစ်ပါတယ်။ ကုသိုလ်ဆိုတာ ယူတတ်ရင်ရတယ်။ နည်းနည်းလေးလုပ်ပြီး များများ
ပြန်ယူတတ်ရတယ်လို့လေ။ ညောင့်စေ့လောက် မဖြစ်စလောက်လေး စွန့်လွှတ်ရပြီး
ညောင်ပင်ကြီးလောက် ပြန်ရနိုင်အောင်ဆိုတာ အဲဒါမျိုးပေါ့။
ဘုရားအလောင်းက စားကြွင်းစားကျန်တွေကို ဒီအတိုင်း စွန့်မပစ်ပဲ ငါးလိပ်တွေကို ကျွေးပြီး
မြစ်စောင့်နတ်ကို အမျှဝေလိုက်ပုံလေးက အတုယူစရာလေးပါ။ ဘုရားအလောင်းက
ငါးလိပ်တွေကို ကျွေးတဲ့ ဒါနကုသိုလ်ရော၊ မြစ်စောင့်နတ်ကို အမျှဝေတဲ့ ပတ္တိဒါနကုသိုလ်
ကိုပါ ကုသိုလ်နှစ်ခုကို သက်တောင့်သက်တာ ပေါ့ပေါ့ပါးပါးနဲ့ ရယူသွားခဲ့တာပါ။
သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း လက်ရှိစည်းစိမ်ထက် တဆင့်တိုးပွားသွားတာက
လည်း မှတ်သားစရာပါပဲ။ သူတပါးက အမျှအတန်း ပေးဝေတာကို သာဓုခေါ်ဆိုရတဲ့
ကုသိုလ်က အဲဒီလို ကြီးမားပါတယ်။ ကိုယ်က မမြင်နိုင်လို့ပါ။
ဘုရားအလောင်းရဲ့နတ်များကို အမျှဝေပုံကို အတုယူရမှာပါ။ ဒါဟာ သူတော်ကောင်းတို့ရဲ့
လမ်းစဉ်ကို လိုက်နာ ကျင့်သုံးတယ်လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ကုသိုလ်ကို အမျှပေးဝေမှု
ကြောင့် နတ်တွေမှာ စည်းစိမ်တွေ တိုးတိုးနေတာပါ။ စည်းစိမ်တွေ တိုးတိုးနေတဲ့ နတ်
တွေကလည်း သူတို့မှာ စည်းစိမ်တိုးရတဲ့အကြောင်းတွေကို သေချာမှတ်ထားတာပါ။
အခွင့်အခါသင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့နေရာကနေပြီး ကူညီပေးသွားတာပါ။
ဒါကိုပဲ နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်တယ်လို့ ခေါ်ပါတယ်။
တခါတလေ ဘဝမှာ မထင်မှတ်တဲ့ ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်က သိပ်ပြီး
မျှော်လင့်မထားပဲ လုပ်လိုက်တဲ့အရာတွေက ချက်ချင်း အောင်မြင်တာတွေ လုပ်ချင်တိုင်း
ဖြစ်သွားတာမျိုးတွေနဲ့ ကြုံကြရမှာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ့်ကိုယ်ကိုလည်း''အော် ငါဟာ
ကံကောင်းလိုက်တာ''လို့ တွေးမိချင် တွေးမိကြမှာပါ။ ကိုယ်လုပ်ဖူးတဲ့ ကုသိုလ်များကို
အမျှပေးဝေဖူးထားလို့ အမျှရထားတဲ့ နတ်တွေက ကိုယ့်ကို ကူညီလိုက်တာတွေလည်း
ဖြစ်နိုင်ပါတယ်။

တခါတရံ မထင်မှတ်တဲ့
ဘေးရန်တွေကို တားဆီးပေးလိုက်တာတွေ၊ အောင်မြင်
ကျော်ကြားအောင် ကူညီလိုက်တာတွေ၊ ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီလိုက်
တာတွေ စသည်ဖြင့် အများကြီးရှိမှာပါ။ ကိုယ်က မသိနိုင်လို့ပါ။
ရှေးရှေးသူတော်ကောင်းတွေရဲ့အလေ့အကျင့်တွေ၊ လက်ရှိ မျက်မှောက်မှာ ကျင့်နေကြတဲ့ သူတော်ကောင်းတွေရဲ့အလေ့အကျင့်တွေကို လေ့လာပြီး အတုယူ ကျင့်ရမှာပါ။ အင်မတန်
ခက်ခဲတဲ့ သမထဝိပဿနာ ကျင့်စဉ်တွေ၊ ကမ္မဌာန်းပွားများတဲ့ ကျင့်စဉ်တွေကို ခက်ခဲနေလို့
နည်းလမ်း မသိသေးလို့ မကျင့်နိုင် အတုမယူနိုင်ခဲ့သေးရင်တောင်မှ သာမာန် သူလိုကိုယ်လို
လူတိုင်း လိုက်နာကျင့်သုံးပြီး မိမိနဲ့ မိမိမိသားစု အသိုင်းအဝိုင်းများကို တိုးတက်စေမယ့် အန္တရာယ်ကင်းစေမယ့် အရာတွေကိုတော့ များစွာပဲ လုပ်ယူလို့ ရနိုင်ပါတယ်။
အမျှပေးဝေနတဲ့ လုပ်ငန်းမျိုးကတော့ လူတိုင်းကိုယ်စီ လုပ်နိုင်တဲ့ကျင့်စဉ်ပါ။ ဗုဒ္ဓဘာသာ
မှန်ရင် လူတိုင်း အိမ်မှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ထားတဲ့ ဥဒ္ဒိဿစေတီမှာပဲဖြစ်ဖြစ်၊ သွား
လာရင်း ကြုံတဲ့နေရာက ဘုရားစေတီများမှာ ပန်းဆီးမီး ရေးချမ်းလေး ကပ်လှူမိတာကိုပဲ
ဖြစ်စေ။ ကျေးငှက် တိရစ္ဆာန်လေးတွေကို ပေးကျွေးလိုက်ရာမှာ၊ နောက်ဆုံး လမ်းဘေးမှာ
တွေ့တဲ့ တောင်းရမ်းသူများကို ပေးကမ်းလိုက်ရာမှာ ကိုယ်တတ်နိုင်သမျှ အကြွင်းအကျန်ပဲ
ဖြစ်နေပါစေ လှူဒါန်းပေးကမ်းပြီးတာနဲ့ ကိုယ့်ရဲ့ကိုယ်စောင့်နတ်တွေ ကိုယ်သွားမယ့်
လမ်းစောင့်နတ်တွေ မြို့စောင့်နတ်တွေ စတဲ့ မမြင်ရတဲ့ သတ္တဝါတွေ အားလုံးကို မိမိလုပ်
လိုက်တဲ့ ကုသိုလ်လေးကို အမျှဝေလိုက်ရင် နတ်တွေလည်း ရကြ၊ မမြင်ရတဲ့ သတ္တဝါတွေ
လည်း အခွင့်ကြုံလို့ သူတို့ကျွတ်ချိန်တန်ရင် ရကြပြီး မိမိကို လိုက်လံ စောင့်ရှောက်ပေး
ကြမှာပဲဖြစ်သည်။
-

ဒါတွေကို အထူးတလည်
မဟုတ်ပဲ တပတ်လောက် လေ့ကျင့် လုပ်ယူလိုက်တာနဲ့ နောက်ဆိုရင်
မလုပ်ပဲကို မနေနိုင်တော့ပါဘူး။ မလုပ်ဖြစ်ရင်ပဲ တခုခုလုပ်ဖို့ လိုနေသလို စိတ်ထဲမှာ ခံစားလာ
ရတယ်။ အဲဒါဟာ ပါရမီအလေ့အကျင့်ပါပဲ။ ဒါလိုလုပ်ရတာ ဘာမှ အကုန်အကျ မများသလို တကူးတကလည်း လုပ်စရာမလိုပါဘူး။ ပုံမှန်လုပ်နေကြ လုပ်ငန်းလေးကို တန်ဖိုးရှိအောင် လုပ်ယူလိုက်တာပါ။ ငွေကုန်ကြေးကျ ခံပြီး အလှူကြီးပေးမှရယ်လို့ မဟုတ်ပါဘူး။

ဘုရားအလောင်း လုပ်ယူသွားတဲ့ ကုသိုလ်ဆိုလည်း အပမ်းတကြီး ဘာမှ မပါပါဘူး။
ခရီးသွားရင်း ကြုံလာတဲ့ အခိုက်အတန့်မှာ ကြုံသလို လုပ်ယူလိုက်တာပါ။ ဆင်းရဲချမ်သာ
မရွေး လူတိုင်း အလွယ်တကူ ပြုနိုင်တဲ့ ကုသိုလ်မျိုးပါ။ ဘယ်နေရာမျိုးကိုပင် ဖြစ်စေ ခရီး
သွားလာရင်းလည်း ပြုလုပ်ယူလို့ ရနိုင်တဲ့ ကုသိုလ်မျိုးပါ။
ကုသိုလ်ပြုပြီး အမျှဝေမယ် စိတ်ကူးတာနဲ့ ထိုက်လျက်ပဲဖြစ်ဖြစ် မတ်တပ်ရပ်ပဲဖြစ်ဖြစ်
လက်အုပ်ချီပြီး ''ဤ ပြုလုပ်ရသော ကုသိုလ်ကောင်းမှုကို ကိုယ်စောင့်နတ်ကစပြီး
မြို့,ရွာ,တော,တောင်,သစ်ပင်,လမ်း,မြေ,ကား,ရထား,လေယဉ်, နိုင်ငံ, သာသနာ
စောင့်နတ်များ အားလုံး၊မြင်ရ မမြင်ရတဲ့ သတ္တဝါအားလုံးကို အမျှပေးဝေပါ၏။
အမျှ အမျှ အမျှ ယူကြပါ။ အမျှရကြပြီး ချမ်းသာကြပါစေ'' လို့ သေသေချာချာ ပေးဝေနိုင်
ရင်တော့ ပိုကောင်းပါတယ်။
လက်အုပ်ချီတာက နတ်တွေကို ချီတာ မဟုတ်ပါဘူး။ မိမိပြုတဲ့ ကုသိုလ်ကို လေးစားလို့
လက်အုပ်ချီရတာပါ။
အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့
ဒေသရဲ့အခြေနေကို ကြည့်ပြီး အဆင်ပြေသလို အမျှဝေရမှာပါပဲ။ တောတောင်ထဲရောက်နေရင် တောစောင့်နတ်၊ တောင်စောင့်နတ်၊ သစ်ပင်အောက်ရောက်နေရင် သစ်ပင်စောင့်နတ်၊ ခရီးသွားနေရင် လမ်းစောင့်နတ် စသည်
ပေါ့။ ပတ်ဝန်းကျင်အခြေအနေအရ လက်အုပ်မချီနိုင်ရင်လည်း မိမိအမျှဝေမည့် နေရာကို
စိတ်ကို ပို့လွှတ်ထားပြီး (စိတ်က အာရုံပြု၍ ရောက်နေတာကို ဆိုလိုတာပါ) အဲဒီလို
အာရုံပြုပြီး အမျှဝေရင်လည်း ထိရောက်ပါတယ်။ ဒါကို ကိုယ်တိုင် လုပ်ပါတယ်။
ထိရောက်လှပါတယ်။

ဒီလို မိမိတို့ မမြင်နိုင်တဲ့
ပုဂ္ဂိုလ်တွေကို အမျှဝေလိုက်လို့ သူတို့ ရရှိခံစားရသလိုပါပဲ။ လက်ရှိ
မြင်တွေ့နေရတဲ့ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ ညီအကိုမောင်နှမ စတာတွေကိုလည်း အလှူအတန်း များမှာ ရေစက်ချ အမျှဝေသလိုမျိုး ငါကတော့ ဘယ်လို ကုသိုလ်မျိုးပြုလုပ်ခဲ့တယ် စသဖြင့်
ပေးဝေ ပြောပြတာကို ပြုလုပ်လိုက်ရင်လည်း ကြားရတဲ့သူက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား
ရင် သူလဲ ပတ္တိဒါနကုသိုလ်ရသွားတယ်။ ကိုယ်လည်းပဲ ပတ္တာနုမောဒန ကုသိုလ်ထပ်ဖြစ်
တာပါပဲ။

ဒါကလည်း ဝမ်းမြောက်စွာနဲ့
သာဓုခေါ်နိုင်မှသာ ရတာပါ။ လင်မယားချင်းပင် ဖြစ်နေပါစေ။ တဘက်လူ ပြုလုပ်လာတဲ့ ကုသိုလ်ကို
ပြောပြတဲ့အခါ ဝမ်းမြောက်တတ်မှ ကုသိုလ်က ကူးစက်
သွားတာပါ။ အဲသလိုမှမဟုတ်ပဲ မနာလိုတာ ဝန်တိုတာတွေဖြစ်ပြီး အမလေးဟယ် ဒါလေး
များ ဘာညာစတာတွေ ပြောပြီး ဣဿာ မစ္ဆရိယတွေ ဝင်လာခဲ့ရင်တော့ ကုသိုလ်မဖြစ်ပဲ
အကုသိုလ်ဖြစ်သွားတတ်တယ်။ အဲဒါကိုလည်း သတိထားရမယ်။
တချို့ကြပြန်တော့ ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုကို ကြွားလိုတဲ့စိတ် လူသိစေချင်တဲ့ စိတ်တွေနဲ့ ပြောတာမျိုးဆိုရင် ကြားရသူမှာ အကုသိုလ်ဖြစ်စရာ အမြင်တွေလည်း ဖြစ်စေ
တတ်ပါတယ်။ အဲဒီလို ဖြစ်လာရင် မကောင်းတော့ပါဘူး။ ဒါဟာ ထင်ပေါ်ချင် ကြွားဝါချင်တဲ့
လောဘစိတ်က ဦးစီးပြဌာန်းထားတာဖြစ်လို့ ကုသိုလ်ရဲ့အကျိုးကိုလည်း ရသင့်သလောက် မရဘူး ဖြစ်သွားတတ်ပါတယ်။

စေတနာမှန်နဲ့ လုပ်တဲ့ကုသိုလ်မျိုးပဲ
ဖြစ်သင့်ပါတယ်။ လူမြင်ကောင်းအောင် လုပ်တဲ့
ကုသိုလ်မျိုး ဘယ်တော့မှ မဖြစ်စေသင့်ပါဘူး။ ငွေကုန် လူပန်း အကျိုးရတာ နည်း ဖြစ်မှာ
စိုးလို့ပါ။ ဒီလိုလုပ်တဲ့ ကုသိုလ်မျိုးကို ကြားရသူတိုင်းထဲမှာ သာဓုခေါ်ရင် ဘယ်လို အကျိုး
ထူးရတယ်ဆိုတာ သိထားသူ မှန်သမျှက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြမှာပဲဖြစ်ပါ
တယ်။ အဲဒီအခါမှာ မိမိရော သူတပါးပါ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေပါတယ်။
''နာ ကိုး၊ တောင်း ရှစ်၊ သာဓု တစ်၊ ဟော လစ် အသင်္ချေ''ဆိုတဲ့ အတိုင်းပါပဲ။
သူတပါးလှူတဲ့ ကုသိုလ်ကို ဝမ်းမြောက်စွာ စေတနာသန့်သန့်နဲ့ သာဓုခေါ်ပြီး ယူတတ်လို့ရှိရင် တကမ္ဘာပတ်လုံး အပါယ်ကို မလားဘူး လို့ မိန့်ဆိုခဲ့သည် မဟုတ်လား။

ပုထုဇဉ်လူသားများ အနေနဲ့ကတော့
ဘာပဲလုပ်လုပ် လူသိခံချင်တာ လူအထင်ကြီးစေချင်တာ
ကြွားဝါစိတ် ထင်ပေါ်ချင်စိတ်aတွနဲ့ လုပ်ကြတာဖြစ်တော့ အဲဒီစိတ်တွေ မကင်းနိုင်ကြပါဘူး။
ဒါပေမဲ့ ဒါaတွ မဖြစ်အောင် အသိစိတ် သတိစိတ်လေးများနဲ့ ထိန်းသွားရင် ကုသိုလ်စစ်တွေ
စေတနာမှန်တဲ့ အလုပ်တွေ ဖြစ်လာစေမှာပါ။''သတိယာ အဝိပ္ပဝါသော”လို့ ဆုံးမခဲ့တာပဲ
မဟုတ်လား။ ဘာပဲလုပ်လုပ် သတိနဲ့အသိဉာဏ်နဲ့ ဆင်ခြင်လုပ်ဖြစ်သွားရင် စေတနာပါ
သန့်ရှင်းသွားမှာပါ။
စေတနာသန့်ရှင်းသွားရင် အကျိုးပေးကလည်း ပိုအားကောင်းတာပေါ့။

နည်းများမဆို ကုသိုလ်တခုခု
လုပ်ပြီးတိုင်း အမျှဝေတဲ့ အလေ့အကျင့်ဟာ အမှန်တကယ်ပဲ ထိရောက်လှပါတယ်။ ကျုပ်ဆိုရင် အဲဒါကို
ငယ်စဉ်ထဲက လေ့ကျင့်ထားတာ ဘယ်နေရာကိုပဲ
ရောက်ရောက်ပဲ မမေ့တော့ပါဘူး။ နေရာအတော်များများ ကြမ်းတမ်းတယ်ဆိုတဲ့
ဒေသတွေကို ရောက်ဖူးတယ်။ သူများတွေ နေရမှာ လန့်တယ်ဆိုတဲ့နေရာကိုလည်း နေဖူး
တယ်။ အဲဒီလို အမျှဝေတဲ့အလုပ် မေတ္တာပို့တဲ့ အလုပ်ကို စွဲမြဲစွာနဲ့ လုပ်နေတဲ့အတွက်
ကြမ်းတမ်းခြင်းရဲ့ဒဏ်ကို မခံစားခဲ့ရဖူးပါဘူး။

တချို့အိမ်တွေမှာလည်း အဲဒီလို လုပ်ခိုင်းတာ အောင်မြင်တာချည်းပါပဲ။ လက်တွေ့သာ
လုပ်ကြည့်ပါ။ ဒါတွေကို အသေးစိပ်ပြောရင် ကြာသွားမှာစိုးလို့ ကိုယ်တိုင် လုပ်ကြည့်ရင်
သိသာပါလိမ့်မယ်။ အရင်ဆုံး သိရှိ ခံစားရမှာက မိမိကိုယ်တိုင်ပဲဖြစ်တယ်။ မိမိရဲ့စိတ်က
ကြည်လင် ပေါ့ပါးလာတာကို ခံစားရမှာပါ။ ဒီလိုပဲ တခြား မမြင်နိုင်တဲ့ ကြမ်းတမ်းပါတယ်
ဆိုတဲ့ သတ္တဝါတွေလည်း နူးညံ့သွားစေတာ အမှန်ပါပဲ။
အဒန္တ ဒမနံ ဒါနံ၊ ဒါနေန ပိယဝါစာယ ဥန္နမန္တိ နမန္တိစ.. ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို အမြဲပဲ
လက်ကိုင်ထားပြီး တကယ်လုပ်ခဲ့တာ တကယ်ထူးခြားလှပါတယ်။
တကယ် ယဉ်ကျေးသိမ်မွေ့သွားကြတာပါ။
အချိန်ပေးနိုင်တဲ့အခါမျိုးမှာ
ဆိုရင်တော့ ကုသိုလ်တခုခု မလုပ်ခင်မှာ သီလကို အရင်ဆောက်
တည်နိုင်ရင်တော့ ဆေး မဆိုးခင် ပိတ်စကို ဖြူစင်အောင် ရေသန့်စင်လိုက်သလိုပဲ စိတ်ရော
လူရော သန့်စင်သွားလို့ ပိုပြီး ထိရောက်တော့တာပေါ့။
"သီလေ ပတိဋ္ဌာယ ဒါနံ ဒါတဗ္ဗံ” လို့ ဗုဒ္ဓက မိန့်ခဲ့တယ်လေ။ အကောင်းပေါ်မှာ အကောင်း
ဆင့်ပေးလိုက်တာပါပဲ။

ငါလုပ်လိုက်တဲ့ ကုသိုလ်က နည်းနည်းလေးပဲဆိုပြီး အထင်မသေးပါနဲ့။ ပြောဖူးပါတယ်။
စေတနာက အဓိကပါ။ စေတနာမှန်ရင် အကျိုးပေးသန်ပါတယ်။ စေတနာမှန်နဲ့ ရေတော်
တခွက်၊ ပန်းတပွင့်ပဲ လှူဒါန်းပြီး အသံတိုးတိုးနဲ့ အမျှဝေလိုက်တဲ့ ကိုယ့်ရဲ့အသံဟာ စင်္ကြာဝဠာ တိုက်တသောင်းအထိ ပျံ့နှံ့သွားပါတယ်။
တခြားနတ်များကို မဆိုထားနဲ့ သိကြားမင်းကိုယ်တိုင်ပင် စောင့်ကြည့်၍ သာဓုခေါ်ပြီး
စောင့်ရှောက်ပေးတယ်ဆိုတာကို'' ယေ ဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တာ ဥပါသကာ''
စသဖြင့် ပြောဖူးပါတယ်။ လူ့ပြည်က သီလစောင့်တဲ့သူတွေ၊ ကုသိုလ်လုပ်တဲ့ လူတွေ
ဆီကနေ အမျှဝေသံကို သူက စောင့်ယူနေတာ၊ ကုသိုလ်ကို ပွားယူနေတာပါတဲ့။
ပြီးတော့ သူကလည်း ပြန်လည် စောင့်ရှောက်တယ်လေ။
နောက်ပြီး 'ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ' သီလနဲ့ကုသိုလ်နဲ့ သာ ပြည့်စုံနေမယ်ဆိုရင် မိမိတို့ တောင်းတတိုင်းပင် ပြည့်စေနိုင်တယ်လို့ မြတ်ဗုဒ္ဓက မိန့်မှာ
ခဲ့ပါတယ်။ အမှန်တကယ်သာ လိုက်နာကြည့်ပါ။ အန္တရာယ်ကင်းဝေးပြီး တောင်းတိုင်းရ၊
တတိုင်းပြည့် ဆိုသလို လုပ်တိုင်း အောင်မြင်လာမှာပါ။ အဲဒီလိုသာ နေ့စဉ်ကျင့်သုံးသွားရင် အကုသိုလ်များကိုလည်း ပယ်သတ်သွားသလို ဖြစ်တဲ့အတွက် အကုသိုလ်ဝင်ဖို့ မကောင်း
ကျို ပေးနိုင်ဖို့ အခွင့်အလမ်းများပါ မရှိတော့ပဲဖြစ်သွားမှာပါ။
ဒါကြောင့် ဘုရားမှာ ပန်း ဆီးမီး ရေချမ်း ကပ်လှူတာပဲဖြစ်ဖြစ်၊ ငှက်ကလေးတွေနဲ့ ငါးလေး
တွေကို အစာကျွေးတာပဲဖြစ်ဖြစ် ဘယ်လို ကုသိုလ်မျိုးကိုမဆို လုပ်ပြီးရင် အမျှပေးဝေပါ။
မေတ္တာပို့ပါ။ အဲဒီအခါမှာ မိမိရဲ့ကိုယ်စောင့်နတ်တွေ အိမ်စောင့် နတ်တွေကအစ သတ္တဝါ
အားလုံးက မိမိကို အစစအောင်မြင်အောင်၊ ဘေးအန္တရာယ်ကင်းအောင် လိုက်လံစောင့်
ရှောက်ပေးလိမ့်မယ်ဆိုတာ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။တကယ် သိမြင်ခံစားလာရမှာပါ။
+

ဒီတော့ ဘုရားအလောင်းတော်မြတ်ရဲ့ထုံးကို နှလုံးပိုက် လိုက်နာ ကျင့်သုံးပြီး
ကြုံတဲ့အခါ
မှာ ကြုံသလို လုပ်မိတဲ့ ကုသိုလ်မှန်သမျှကို ကြုံသလိုသာ အမျှဝေငှ ပေးကြည့်လိုက်ပါ။
ထူးခြားတဲ့ အကျိုးအာနိသင်များကို လက်တွေ့ခံစားရလိမ့်မယ်ဆိုတာ တိုက်တွန်းရင်း။

သူတော်ကောင်းတရား၊ နည်းမှန်များ၊ တိုးပွားနိုင်ပါစေ။
တရားနည်းမှန်၊ လူတိုင်းထံ၊ အမှန် ကိန်းပါစေ။
(ဂမိက ဝနဝါသီ အရှင်)
Labels:
ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု,
ဘာသာရေး
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment