ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, January 23, 2014
ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
9:23 AM |
Posted by
တိုးတိုး |
Edit Post
"နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့
ပြောဆိုကြသောသူများမှာ ယုတ်မာညစ်ထေးသော
နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီး
ကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုတ်ထွေးစေ၍
အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာ
ဖြစ်ပေ၏။

အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့
အကောက်ဉာဏ်ကို သုံး၍ မိမိတို့
ကြီးပွားရေး တနပ်စား နိုင်ငံရေးပင်ဖြစ်ပေ၏။ ကိုးကွယ်သည့်ဘာသာရေးမှာ လူအသီးသီး
တို့၏ သက်ဝင်ယုံကြည်မှုဖြစ်၏။ နိုင်ငံရေးမှာကား၊ လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု
သိပ္ပံအတတ်သာလျှင်ဖြစ်၏။ သိပ္ပံအတတ်အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏
အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။ အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာ
ကိုးကွယ်နိုင်မှုလည်း ပါဝင်လေ၏။ ဤအခွင့်အရေး ပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့်
ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာန စပ်ကြားတွင် စည်းတားရပေလိမ့်မည်။ အဘယ်ကြောင့်
ဆိုသော် နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူ တမူကွဲပြား တခြားစီ ဖြစ်သော
ကြောင့်တည်း။

ဘာသာရေးနှင့်သဘောရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာ
ရောက်ပေ၏။ အကြောင်းမူကား၊ ဘာသာရေးသည် နောင်တမလွန် ဘဝများကို (ဝါ)
လောကုတ္တရာကို ရှေ့ရှုသည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာ မသက်ဆိုင်ချေ။
နိုင်ငံရေးမှာမူကား လောကီရေးရာသာဖြစ်ပေ၏"
အထက်ပါစကားမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီ
၂၀.တွင် ဖဆပလဥက္ကဋ္ဌအဖြစ် ရွှေတိဂုံဘုရားအလယ်ပစ္စယံ၌ ပြောကြားခဲ့သည့် မိန့်ခွန်း ထဲမှ ကောက်နှုတ်ထားခြင်းဖြစ်သည်။

ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သော အဆိုပါ မိန့်ခွန်းကို
ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို ဘာသာရေးနှင့်
နိုင်ငံရေး ရောယှက်ခြင်း မပြုသော Secular State အဖြစ် တည်ထောင်ရန် ဆန္ဒရှိခဲ့
ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိသည်။
ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို ဘာသာရေးနှင့်
နိုင်ငံရေး ရောယှက်ခြင်း မပြုသော Secular State အဖြစ် တည်ထောင်ရန် ဆန္ဒရှိခဲ့
ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိသည်။
သို့သာ် မြန်မာ့နိုင်ငံရေးတွင် ရဟန်းသံဃာတော်များ၏
အခန်းကဏ္ဍသည် သမိုင်းတလျှောက်
လုံး အရေးပါသည့် နေရာတွင်ရှိခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်မှ လွတ်မြောက်
ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ဆရာတော်ဦးဥတ္တမ၊ ဦဝိစာရ အစရှိသည့် သံဃာတော်
များမှ အစ၊ ရှစ်လေးလုံး အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတို့တွင် ပါဝင်ခဲ့သော သံဃာတော်များအလယ်၊ လက်ပံတောင်းတောင်အဆုံး နည်းမျိုးစုံဖြင့် စွန့်လွှတ်အနစ်နာခံကာ တိုင်းပြည်အကျိုးအတွက် မတရားမှုများကို တွန်းလှန်ခဲ့ကြသည်။
ဗိုလ်ချုပ်၏ သဘောထား
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအတွင်းရေးမှူး ဦးကျော်ငြိမ်းတို့သည် ၁၉၄၆ ခုနှစ်၊ ဧပြီ
၎.ရက်နေ့၌ သံဃာတော်အရှင်သူမြတ်များနှင့် သွားရောက်တွေ့ဆုံရာ၌ ဗိုလ်ချုပ်က
အောက်ပါအတိုင်း လျှောက်ထားခဲ့သည်။
"ဆရာတော်ဘုရားကြီးများဟာ ပရိယတ် ပဋိပတ်တရားနှင့် သာသနာတော်ကြီး ကြီးပွားရန်
သာ တာဝန်ထားပြီး ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါတယ်။ တခု သတိထားဖို့ ကတော့ နိုင်ငံရေးသမားများသည် အလွန် ပရိယာယ်များပါသည်ဘုရား။ ကောင်းသော
ပရိယာယ်နှင့် တွေ့ကြုံလျှင် တော်ပါသေးသည်။ မကောင်းသောပရိယာယ်နှင့် တွေ့ကြုံက
ငါးပါးတွင်မက သံဃာစင်ပါ မှောက်တတ်ပါသည်ဘုရား။

ပရိယာယ်ဆိုတာ မြတ်စွာဘုရားတောင်ပင်
ပရိယာယ်သုံးသင့်သောနေရာ သုံးပါသည်။
ကောင်းသော ပရိယာယ်ကို ဆိုလိုပါသည်။ ဘယ်လို ပရိယာယ်လဲဆိုလျှင်
ညီတော် မင်းနန်
ချွတ်ခန်းတွင် ဆရာတော်များသိတော်မူသည့်အတိုင်း ညီတော်မင်းနန္ဒအား ပထမ မျောက်အိုမ
ကြီးကို ၄င်း၏ မိဖုရားနှင့် ယှဉ်ပြောပြီးနောက် နတ်သမီးကို ပြပြီးလျှင် ဤနတ်သမီးကို-
အသင် အလိုရှိပါသလောဟုမေးရာ အလိုရှိကြောင်း လျှောက်၏။

သင်အလိုရှိက
နတ်သမီးကို ရစေသော ဂါထာကောင်း ငါဘုရားပေးမည်။ အသင်
ဤဂါထာတော်ကို လေ့ကျက်ပါလေဟု မြတ်စွာဘုရားသည် သူကျွတ်ထိုက်သော
တရားကို ပေးရာ ထိုတရားနှင့်ပင် အရဟတ္တမဂ်အရဟတ္တဖိုလ် ရောက်သွားပါသည်။
ဤဂါထာတော်ကို လေ့ကျက်ပါလေဟု မြတ်စွာဘုရားသည် သူကျွတ်ထိုက်သော
တရားကို ပေးရာ ထိုတရားနှင့်ပင် အရဟတ္တမဂ်အရဟတ္တဖိုလ် ရောက်သွားပါသည်။
ဤပရိယာယ်ကား ကောင်းသောပရိယာယ်ပါဘုရား၊
မကောင်းသော ပရိယာယ်ကား
နိုင်ငံရေးသမားတွေက ဆရာတော်ကြီးများအား အမျိုးမျိုး
လှည့်ပတ်ပြီး သူတို့၏ တက်လမ်း
နိုင်ငံရေးငြမ်းဆင်ပြီး သွားမှာကို စိုးရိမ်သောကြောင့်
လျှောက်ထားရခြင်းဖြစ်ပါသည်ဘုရား"ဟု
လျှောက်ထားခဲ့ဖူးသည်။
ထို့ကြောင့် ဆရာတော် အရှင်သူမြတ်များအနေဖြင့် မသမာသော နိုင်ငံရေးသမားများ၏
ထို့ကြောင့် ဆရာတော် အရှင်သူမြတ်များအနေဖြင့် မသမာသော နိုင်ငံရေးသမားများ၏
ပရိယာယ်သို့ သက်ဆင်းမိခြင်း မရှိကြစေရန် သတိမူကြစေလိုကြောင်း လျှောက်ထား
တင်ပြအပ်ပါသည်။
Zin Thaw Naing.၏ ဆောင်းပါးတွင် ဗိုလ်ချုပ်၏ အမြင်များကို သိမ်းဆည်းလိုပါသဖြင့်
အချို့သော စကားရပ်များကို ချန်လှပ်၍ ထားခဲ့သည်ကို ဝန်ခံရင်း ခွင့်တောင်းလိုပါသည်။
အပြည့်အစုံကိုတော့ အောက်ပါလင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
(Zin Thaw Naing)
မြန်မာပို့စ်ဂျာနယ် အတွဲ(၆) အမှတ်(၄)တွင် ဖော်ပြခဲ့သော ဆောင်းပါး။
http://www.dawnmanhon.com/
Labels:
အဆုံးအမများ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment