ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Thursday, January 2, 2014
ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
11:55 PM |
Posted by
တိုးတိုး |
Edit Post
(ဖူး၍မဝ၊ သဒ္ဓါရွှင်မြူး၊ ကြည်နူး မကုန်၊ မြတ်ရွှေတိဂုံ၊
ဘုရားလေးဆူ၊ ဓာတ်တော်စုံ၊)
**********
ရွှေတိဂုံစေတီတော် အောက်က လျို့ဝှက်ချက်၂-ခုကို အာမေးနီးယန်းလူမျိုး တယောက်က
သိခဲ့သည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီ
တော်ကြီးရဲ့အောက်မှာ ပင်လယ်ရေ အတက်အကျ အလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်စေတဲ့
(၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီ ရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး
ရတနာများ စီချယ်ထားတဲ့ ရွှေလှေတစီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာ
နိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေက ပြောကြားခဲ့တယ်လို့ (၁၃. ၃. ၆၈)နေ့
ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုး တင်ဝင်း(ပေါင်းတည်)ရဲ့ ပြန်လည်
ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာ အပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ ၁၉၀၄.ခု၊ သူ့ရဲ့အသက်
(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။
ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို
ရောက်တဲ့အခါမှာ ရသေ့ကြီးတပါးနဲ့ တွေ့လို့ ချဉ်းကပ် တောင်းပန်ပြီး ဌာပနာတိုက်ထဲကို
ဆင်းခဲ့တယ်လို့ဆိုပါတယ်။ ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့
လမ်းတလျှောက်လုံးမှာ ယောဂီဝတ်နဲ့ နီဝါရောင်ဝတ် ပုဂ္ဂိုလ်(၇) ဦးကို (၈) ပေ၊ (၉) ပေစီ
ခြားပြီး တွေ့ရတယ်လို့ ဆိုပါတယ်။

ဌာပနာတိုက်ရဲ့ပတ်ပတ်လည်ကို အုတ်များနဲ့ အခန်း(၃၆)ခန်း တည်ဆောက်ထားတယ်။
အလယ်တိုင် မရှိဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေ ပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ
တယ်။ ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့
ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေ ခွဲခန့် ရှိပြီး ကျောက်မျက် ရတနာများနဲ့ စီချယ်
ထားတဲ့ ရွှေကရဝိတ် လှေတစင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ
အနိမ့်အမြင့် လှုပ်ရှားနေတယ်။

ကရဝိတ် ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။
ဒါပေမဲ့ ပုဝါ လွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဌာပနာတိုက်ရဲ့ထူးခြားချက်မှာ တခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တခုတည်းသော
အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အမြဲတမ်း ထိုးစိုက် ကျရောက်နေ
တယ်။ ထုထည် ကြီးမားလှတဲ့ စေတီ အဆောက်အအုံကြီးကို ပင်မ အလယ်တိုင် မပါ၊
သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာ တည်ဆောက်ခဲ့တယ်။

ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့ အလင်းရောင်
ယူထားပုံက ရှေးဗိသုကာတွေရဲ့
လက်ရာဖြစ်တယ်။ ခမ်းနား ဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာ
ဖြစ်လို့ နှောင်းလူတွေ သုတေသန ပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့
တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာ အပရမေ.ကို တွေ့ဆုံ မေးမြန်းပြီး
ဌာပနာတိုက် တည်နေရာကို လိုက်လံ ပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံ
ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း
နေရာမှာ ရှိတယ် ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံ
ပြင်ဆင်ထားမှုကြောင့် အတိအကျ ပြသနိုင်ခြင်း မရှိပဲ ဆုတောင်းပြည့်စေတီရဲ့လှိုဏ်ဂူ
အောက်မှာသာ ရှိတယ်လို့ ခန့်မှန်း ညွှန်ပြသွားနိုင်တယ်လို့ သိရပါတယ်။

မစ္စတာ အပရမေ.ကို လွစ္စလမ်း (ယခု ဆိပ်ကမ်းသာလမ်း ) အမှတ် (၂၅)မှာ ၁၈၉၅.ခုနှစ်က
ဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာ အက်စ်အပရမေနဲ့ မစ္စက် ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅.ယောက် ထွန်းကားခဲ့ကာ
သားသမီး မြေးများနဲ့အတူ ဘောက်ထော်မှာ နေထိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
မစ္စတာ အပရမေ ကို ယနေ့ကြေးမုံက တွေ့ဆုံ မြေးမြန်းပြီး (၁၃. ၃. ၆၈)နေ့မှာ ဖော်ပြခဲ့
ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာ အပရမေဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြ
ထားပါတယ်။
ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာ အပရမေဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြ
ထားပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အပေါင်း ယုံကြည်ကိုးကွယ် ဆည်းကပ်ပူဇော်ကြတဲ့
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အောက် ပေ(၆၀)ခန့် အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း
ဌာပနာတိုက်ကြီး အကြောင်းကို နှောင်းလူများ သိရှိစေရန် ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အောက် ပေ(၆၀)ခန့် အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း
ဌာပနာတိုက်ကြီး အကြောင်းကို နှောင်းလူများ သိရှိစေရန် ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။
(တိုးတိုး)
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment