ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, January 17, 2014
ကြက်ဥလေးတွေအကြောင်း
8:52 AM |
Posted by
တိုးတိုး |
Edit Post
ကြက်ဥလေးတွေအကြောင်း (မကြာမကြာ စားနေရလို့)
*******************
ကြက်ဥရဲ့အရောင်… ကြက်ဥရဲ့အခွံဟာ အဖြူရောင်၊အညိုရောင် စသည်ဖြင့် အမျိုးမျိုးရှိ
တတ်ပါတယ်။ အခွံရဲ့အရောင်မတူညီမှုက ဥရဲ့အနံ့အရသာ၊ အာဟာရ ပါဝင်မှုတွေနဲ့(လုံးဝ)
မသက်ဆိုင်ပါဘူး။ ကြက်ဥရဲ့အမျိုးအစားနဲ့သာ ဆိုင်ပါတယ်။ ဥအရောင်ဟာ ကြက်တွေ စား
ရတဲ့ အစာပေါ်မှာမူတည်ပါတယ်။ ဂျုံကို အခြေခံတဲ့ အစာတွေစားရသော ကြက်တွေရဲ့ဥဟာ
အဝါရောင်ဖျော့ပြီး၊ ပြောင်းဆန်ကို အခြေခံသော အစားအစာတွေစားရတဲ့ ကြက်တွေရဲ့
ဥဟာ အဝါရောင်ရင့်ပါတယ်။ ဥရဲ့အနှစ်အရောင်ကလည်း အဝါနုနုကနေ၊ လိမ္မော်ရောင်အထိ
ရှိတတ်ပါတယ်။ ဥရဲ့အနှစ်အရောင် မတူပေမယ့် အနံ့ အရသာနှင့် အာဟာရတွေ ကြွယ်ဝမှု
များကတော့ ကွာခြားမှု မရှိကြပါဘူး။
ကြက်ဥတွေဝယ်တဲ့အခါ ဒါကတော့ ကြက်ဥတမျိုးတည်းသာ မဟုတ်ပါဘူး ဘဲဥ ငုံးဥတွေနဲ့
လည်း သက်ဆိုင်ပါတယ်။ ဥတွေကို ဝယ်ကတည်းက အကွဲအအက်မပါတဲ့ ဥနှင့် ဥအခွံပေါ်
မှာ ရွှံ့တွေ ချေးတွေ ညစ်ပေမနေတဲ့ ဥမျိုးကိုသာ ရွေးဝယ်သင့်ပါတယ်။ ဥအခွံဟာ မာနေတဲ့
အတွက် အထဲက အဖြူရည်ကြည်အကာတွေနဲ့ အနှစ်တွေကို လုံခြုံအောင် အကာအကွယ်
ပေးနေတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ ဥအခွံပေါ်မှာ သာမန်မျက်စိ
နဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေ ရှိနေပါတယ်။ အဲဒီအပေါက်လေးတွေကနေ
ပြီး အထဲကို ရေ-ရေငွေ့-လေ ဘက်တီးရီးယားပိုးတွေ စိမ့်ဝင်နိုင်ပါတယ်။ ဥကို မစားသေးပဲ
ကြာကြာထားလေ အခွံထဲက အပေါက်ကလေးတွေ ကျယ်လာလေဖြစ်ပါတယ်။ ဥတွေကို
ရေခဲသေတ္တာထဲမှာထားရင်တော့ ဘက်တီးရီးယားတွေ လွယ်လွယ်နဲ့ မပေါက်ပွားနိုင်
တော့ပါဘူး။
ဥတွေကို ဝယ်လာပြီး မစားသေးပဲ ဒီအတိုင်းထားရင် ရက်ကြာလာတာနဲ့အမျှ ပျက်စီးသွား
ပါလိမ့်မယ်။ အကာအရည်ကြည်တွေ လျော့ပါးလာပြီး အနှစ်ရဲ့ပတ်ပတ်လည်က အမြှေး
ကလေးကလည်း ပျက်စီးလွယ်လာပါပြီ။ ဒါကို ဈေးသည်တွေ အခေါ်အဝေါ်အရ အဆံ
ချောင်တယ်လို့ ပြောလေ့ရှိပါတယ်။ ဥပမာအားဖြင့် ပုံမှန်အခန်း အပူချိန်ထဲမှာ တရက်သာ
ခံမယ့် ဥဟာ ရေခဲသေတ္တာထဲမှာ ၇-ရက်လောက် ခံပါတယ်။ ဒါကြောင့် ဥတွေကို ဝယ်တဲ့
အခါ City Mart တို့လို ရေခဲသေတ္တာထဲ ထည့်ပြီးရောင်းတဲ့ ဆိုင်မျိုးတွေကပဲ ဝယ်သင့်ပါ
တယ်။ အိမ်ရောက်တဲ့အခါမှာလည်း ဥတွေကို ဝယ်လာတဲ့ ဗူး(ကြက်ဥခွက်ဗူး)နှင့်အတူ
ရေခဲသေတ္တာထဲမှာ သိမ်းပေးပါ။ အဲဒီလို ကြက်ဥထည့် ဗူးတွေထဲ သိမ်းထားတော့ ကြက်ဥ
ထဲကို အနံ့ဆိုး မဝင်စေတော့ပါဘူး။ ရေခဲသေတ္တာရဲ့တံခါးမှာ မထားပဲ အတွင်းပိုင်းမှာပဲ
ထားသင့်ပါတယ်။
ဥတွေကို ချက် ပြုတ် ကြော်ပြီးတော့ ပူပူနွေးနွေးစားခြင်းက အန္တရာယ်ကင်းဝေးစေ
နိုင်ပါတယ်။ ဥတွေကို အနံ့ဆိုးတဲ့ ကြက်သွန်လို အစားအစာတွေနဲ့ တွဲမထားသင့်ပါဘူး။
ကြက်ဥမှ ရနိုင်တဲ့ရောဂါ ဒါကတော့ ကြက်ဥတွေသာ မကပါဘူး ဘဲဥ ငုံးဥတွေနဲ့လည်း
သက်ဆိုင်ပါတယ်။ ဥတွေမှာ Salmonella ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။
Salmonella ဆိုတာ အစာကတဆင့် ကူးစက်ရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယား
တမျိုးဖြစ်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနှင့် ကိုယ်ခံအားနည်းသူတွေမှာ
ရောဂါပိုဖြစ်လွယ်ပါတယ်။ Salmonella ဘက်တီးရီးယားကူး စက်ပိုးဝင်တဲ့ လက္ခဏာ
များမှာ ဥတွေစားပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယားယံခြင်း၊ အင်ပျဉ်အဖု
အပိမ့်များထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတို့ဖြစ်ကြပါတယ်။
ကြက်ဥ(အခွံ)ရဲ့ထူးခြားချက်- ကြက်ဥခွံတွေမှာ တခါတရံ သွေးကွက်ကလေးတွေ တွေ့မြင်ဖူး
ကြပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ဘေးဥပါဒ်(လုံးဝ)မဖြစ်စေလို့ ကြောက်ဖို့
မလိုအပ်ပါဘူး။ အကောင်ပေါက်မည့် လက္ခဏာမျိုးလည်းမဟုတ်ပါဘူး။ ကြက်ဥဖြစ်ပေါ်
နေစဉ် သွေးကြောငယ်လေးတခု ပေါက်သွားခြင်းကြောင့်သာ သွေးစက်လေးပေါ်နေတာ
ဖြစ်ပါတယ်။
ကြက်ဥပြုတ်(အနှစ်)ရဲ့ထူးခြားချက်- ကြက်ဥပြုတ်ရဲ့အနှစ်မှာ မီးခိုးရောင်(ရံဖန်ရံခါ အစိမ်း
ရောင်)သမ်းနေတာကို တွေ့ဖူးကြမှာပါ။ ဒါကတော့ ဥမှာပါတဲ့ သံဓာတ်နှင့် ဆာလဖါ(ကန့်)တို့
ဓာတ်ပြုကြတာကြောင့် အဲဒီလိုအရောင်မျိုး ဖြစ်ပေါ်လာပါတယ်။ ကြက်ဥပြုတ်စဉ် အသုံး
ပြုတဲ့ ရေထဲမှာ သံဓာတ်များနေရင်လည်း ခုလိုအရောင်ဖြစ်တတ်ပါတယ်။ သို့သော် ကြက်ဥ
အနှစ်ရဲ့ အနံ့အရသာ မပြောင်းလဲသလို ကျန်းမာရေးအတွက် အာဟာရတန်ဖိုးတွေလဲ မထိ
ခိုက်စေတာမို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။
ကြက်ဥရဲ့အာဟာရတန်ဘိုး- ဥပမာ ၅၀ ဂရမ်အလေးချိန်ရှိတဲ့ ကြက်ဥတလုံးမှာ ပရိုတင်း
၆-ဂရမ်ကျော် ပါဝင်နေပြီး၊ အဲဒီပရိုတင်းပမာဏ ထက်ဝက်ကျော်က အကာထဲမှာ ပါရှိနေပြီး၊
ကျန်ထက်ဝက်ခန့်က အနှစ်ထဲမှာ ရှိပါတယ်။ ခွန်အားဓာတ် ၇၀- ကယ်လိုရီပါဝင်နေပြီး ထို
ကယ်လိုရီရဲ့ ၄-ပုံ ၃-ပုံက အနှစ်ထဲမှာ ပါရှိနေပါတယ်။ အဆီ၊ မီးစုန်း(phosphorous၊ သံ
ဓာတ်၊ B1၊ B6၊ B12၊ ဖောလစ်အက်ဆစ်၊ ပင်တိုသင်းနစ် အက်ဆစ်၊ ခိုလင်းစတဲ့ ဗီတာမင်
ဘီအုပ်စုတို့အပြင်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ စတဲ့ အာဟာရဓာတ်များလဲ ကြက်ဥအနှစ်ထဲမှာ
ပါရှိနေပါတယ်။ ဒါကြောင့် ကြက်ဥစားတဲ့အခါ အကာရော အနှစ်တွေကိုပါ အားလုံးစားပေးရ
ပါမယ်။ ကြက်ဥရဲ့အာဟာရတန်ဖိုးတွေက ကလေးများ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထူးလို
အပ်သလို၊ သက်ကြီးရွယ်အိုများ ခန္ဓာကိုယ် တစ်ရှုးတွေ ပြန်လည်ပြုပြင် တည်ဆောက်ရေး
အတွက် အရေးပါတာကြောင့် အရွယ်၃-ပါးမရွေး ကြက်ဥစားသုံးသင့်ပါကြောင်းနှင့် မိသားစု
ကျန်းမာရေးအတွက် မချက်ပြုတ်ခင် ကြက်ဥတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စံနစ်
တကျ သိမ်းဆည်းထားသင့်ပါကြောင်း။
ဆောင်းပါးရှင်....ပေါက်ပေါက်

Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment