ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, January 10, 2014
စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
10:36 AM |
Posted by
တိုးတိုး |
Edit Post
စိတ်ညစ်နေတာကို စိတ်နဲ့ပဲ
ဖြေဖျောက်ပစ်လိုက်ပါ
*********************************
မိမိတို့ရဲ့သန္တာန်မှာ
ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အကြံအစည်တွေ၊ မကောင်းတဲ့ အလုပ်တွေ၊ စိတ်ဆိုးတာတွေ ဒေါသဖြစ်တာတွေ
သူတပါး ထိခိုက် နာကျင်အောင် လုပ်ချင်တဲ့ စိတ်တွေ၊
ပြောရရင်ဗျာ သတ်ဖြတ်ချင်တာ၊ ခိုးချင်တာ၊ လွန်ကျူးချင်တာ၊ သောက်စားချင်တာ၊ လိမ်ညာ
စားချင်နေတာ၊ သူတပါး အဆင်ပြေနေတာကို ပျက်စီးအောင် ဖျက်ဆီးချင်တာ၊ အကျိုးမဲ့ဖြစ်
အောင် လုပ်တာ၊ အကျိုးမရှိတာတွေကို လုပ်တာ ပြောတာ၊ မတော်တဲ့ လောဘတက်နေတာ စတာတွေပေါ့ဗျာ…
ပြောရရင်ဗျာ သတ်ဖြတ်ချင်တာ၊ ခိုးချင်တာ၊ လွန်ကျူးချင်တာ၊ သောက်စားချင်တာ၊ လိမ်ညာ
စားချင်နေတာ၊ သူတပါး အဆင်ပြေနေတာကို ပျက်စီးအောင် ဖျက်ဆီးချင်တာ၊ အကျိုးမဲ့ဖြစ်
အောင် လုပ်တာ၊ အကျိုးမရှိတာတွေကို လုပ်တာ ပြောတာ၊ မတော်တဲ့ လောဘတက်နေတာ စတာတွေပေါ့ဗျာ…
အဲဒီ ဒုစရိုက် ဆယ်ပါးအပါအဝင် မကောင်းတာ မှန်သမျှတွေဟာ
ဆိုရင် …
ကဲ ဘယ်သူက မိမိဆီကို ပို့ပေးလိုက်တာလဲ … စဉ်းစားကြည့်ပါဦး..။
ဘယ် တန်ခိုးရှင်
ဖန်ဆင်းရှင်က ထည့်ပေးလိုက်တာလဲ? မိမိတို့ မိဘတွေကရော
ထည့်ပေးထားတာလား? ဘယ်မိဘကမှ ကိုယ့်သားသမီး
ဒီလို ဖြစ်အောင် ထည့်ပေးမယ်
မထင်ပါဘူး။
ကဲ ဘယ်သူက လာထည့်သွားတာလဲ?
မိမိရဲ့မိတ်ဆွေအပေါင်းအသင်းတွေကများလား?
ဒါမှမဟုတ် ပတ်ဝန်းကျင်ကြောင့် လား? စဉ်းစားကြည့်စမ်း …
တကယ်တော့ အဲဒီလို အကုသိုလ်အရာတွေက
တည်ငြိမ် ဖြူစင်နေတဲ့ မိမိတို့ရဲ့စိတ်တွေကို ညစ်ထေးသွားအောင်၊ ညစ်နွမ်းသွားအောင်၊ ညစ်ပတ်သွားအောင် လုပ်ပစ်လိုက်တာ
ပါပဲ။
ပါပဲ။
ဒါတွေကို ဘယ်သူကနေပြီး
ကိုယ့်ရဲ့စိတ်ထဲကို လာထည့်သွားတာလဲ? တကယ်တော့
ဘယ်သူကမှ ထည့်တာ မဟုတ်ပါဘူး။ ဘယ်သူ ဘယ်တန်ခိုးရှင်
ဖန်ဆင်းရှင်မှလည်း
လာထည့်လို့ မရပါဘူး။ မိမိကိုယ်တိုင်ပဲ ထည့်ထားတာဖြစ်တယ်။ ဟုတ်တယ်နော်…။
သေချာ စဉ်းစားကြည့်ပါ။ ကိုယ်တိုင်က စိတ်ထဲမှာ ထည့်မထားရင် လက်ခံ မထားရင်
ဘာ စိတ်ညစ်စရာ
ဒေါသဖြစ်စရာမှ ဖြစ်ပေါ်လာစရာ အကြောင်း မရှိပါဘူး။
ဒါကိုပဲ တို့ ဗုဒ္ဓရှင်တော်မြတ်ကလေ…
ဇလေန ပကတံ ပင်္ကံ ဇလေနေဝ ဝိသုဇ္ဈတိ၊
စိတ္တေန ပကတံ ပင်္ကံ စိတ္တေနေဝ ဝိသုဇ္ဈတိ၊တဲ့- ရေများ ပြည့်လျှံ
တက်လာပြီး ပြန်လည်
ကျဆင်းသွားတဲ့အခါမှာ အိမ်တိုင်တွေ နံရံတွေ တခြား နေရာတွေမှာ ရွှံ့တွေ
နွံဗွက်တွေ
ဖြစ်ကျန်ခဲ့တယ် မဟုတ်လား၊ အဲဒီ ရွှံတွေ နွံဗွက်တွေကို အဝတ်စနဲ့ လိုက်လံပြီး သုတ်နေရုံနဲ့
အားလုံး ပြောင်စင်ဖို့ ခက်ခဲနေမှာဖြစ်လို့ အားလုံး ပြောင်စင်သွားအောင် မလုပ်နိုင်လို့
အဲဒါတွေကို အမြန်ဆုံး ပြောင်စင်သွားအောင် ရေနဲ့ပဲ ဆေးကြော သန့်စင်ပစ်မှ စင်ကြယ်
သွားနိုင်တယ်။ သူက ရေကြောင့် ဖြစ်လာရတာလေ။ ခဲလုံးကြီးက ရေမထိရင် အမာကြီးပဲ
နေမှာပေါ့။ ရေနဲ့ ထိမှ ရွှံတွေ နွံဗွက်ဆိုတာဖြစ်လာတာ၊ အဲဒါကို ရေနဲ့ပဲ ပြန်ပြီး ဆေးကြော
ပစ်မှ ပြောင်စင်သွားရသလိုပဲ
….။
မိမိတို့ စိတ်ကြောင့်
မိမိစိတ်က လက်ခံထားမိလို့ ဖြစ်ပေါ်လာတဲ့ အထက်က ပြောခဲ့တဲ့
စိတ်ညစ်စရာ အားလုံးဟာလည်း
ဒီ မိမိတို့ စိတ်ကြောင့် ဖြစ်လာရတဲ့အတွက် … အဲဒီ
ညစ်နွမ်းနေတဲ့ ညစ်ပတ်သွားတဲ့ မကောင်းတဲ့
မိမိတို့ စိတ်လေးကို ဖြူစင်သွားအောင်
မိမိတို့ စိတ်နဲ့ပဲ ပြန်ဆေးကြောရမယ်။
မိမိတို့
စိတ်ကို ဖြူစင် သန့်ရှင်းသွားအောင် ထားလိုက်ခြင်း၊ မကောင်းတဲ့ စိတ်တွေကို
ဖယ်ထုတ်ပစ်ခြင်းဖြင့်
စင်ကြယ်သွားအောင် ဖြူစင်သွားအောင် လန်းဆန်း တက်ကြွ
သွားအောင် ဆေးကြော သုဓ်သင်ပစ်ရမယ်လို့
…. အဲဒီလို ..ဆုံးမခဲ့တယ်။
အဲဒါပဲ ဆွေတော်မျိုးတော်တို့
… ဒါတွေကို ဘယ်သူကမှ လာထည့်သွားတာ လုပ်သွားတာ
မဟုတ်ပါဘူး။ မိမိတို့ကိုယ်တိုင်ပဲ လုပ်ကြတာ၊
လက်ခံထားကြတာ ဖြစ်တယ်။ ဒါတွေကို
ဖြူစင်အောင် ပပျောက်သွားအောင်လည်း ဘယ်သူကမှ ဘယ်ဖန်ဆင်းရှင်
တန်ခိုးရှင်တွေနဲ့ ဗုဒ္ဓရှင်တော်မြတ်များ ကိုယ်တိုင်ပင် လုပ်ပေးလို့ မရပါဘူး။ ဆုတောင်းနေရုံနဲ့လည်း
မရပါဘူး။
မိမိတို့ ကိုယ်တိုင် ပြင်ဆင် လိုက်နာ ကျင့်သုံးလိုက်မယ်။ ဒီ မကောင်းတဲ့ စိတ်တွေ အကုသိုလ်
မိမိတို့ ကိုယ်တိုင် ပြင်ဆင် လိုက်နာ ကျင့်သုံးလိုက်မယ်။ ဒီ မကောင်းတဲ့ စိတ်တွေ အကုသိုလ်
တွေကို စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်မယ်
ဆိုရင် အားလုံး မကောင်းတာတွေ ကင်းရှင်းပြီး သန့်ရှင်းစင်ကြယ်နေတဲ့ လန်းဆန်း တက်ကြွနေတဲ့
စိတ်တွေ လူတွေ ဖြစ်သွားမှာပဲ
ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ဓမ္မလမ်းညွှန်မှု ဆိုတာ အဲဒါပါပဲ။ မိမိတို့ စိတ်ထဲမှာ ဓမ္မအသိဉာဏ်လေးနဲ့
ရှင်းပစ်လိုက်ပြီး စင်ကြယ်အောင် လုပ်ပစ်လိုက်တာပါပဲ။
ကောင်းမွန်ပြီး ပျော်ရွှင် ကြည်နူးဖွယ်ရာများကိုပဲ စိတ်ထဲမှာ ထားရင် စိတ်က ကောင်းပြီး
ပျော်ရွှင်ဖွယ်ပဲ ဖြစ်နေမှာပေါ့ ဆွေတော်မျိုးတော်တို့။
မြတ်ဗုဒ္ဓရဲ့ဓမ္မလမ်းညွှန်မှု ဆိုတာ အဲဒါပါပဲ။ မိမိတို့ စိတ်ထဲမှာ ဓမ္မအသိဉာဏ်လေးနဲ့
ရှင်းပစ်လိုက်ပြီး စင်ကြယ်အောင် လုပ်ပစ်လိုက်တာပါပဲ။
ကောင်းမွန်ပြီး ပျော်ရွှင် ကြည်နူးဖွယ်ရာများကိုပဲ စိတ်ထဲမှာ ထားရင် စိတ်က ကောင်းပြီး
ပျော်ရွှင်ဖွယ်ပဲ ဖြစ်နေမှာပေါ့ ဆွေတော်မျိုးတော်တို့။
(ဂမိက ဝနဝါသီအရှင်၏ မြတ်ဗုဒ္ဓ
အဆုံးအမများမှ)
(နွေနှင်းမိုး)
Labels:
ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2014
(175)
-
▼
January
(101)
- လွမ်းစရာ့ ကမ်းခြေ
- မိမိကိုယ်ကို မဲဇာပို့ခြင်း
- ကျဆုံးလေပြီးသော ပန်းပွင့်များ
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
- သံသရာ ခရီးသည်
- Warren Buffet ရဲ့ လမ်းညွှန် စကား
- အကျည်းတန် လက်တွဲဖော်
- လိုရင် သုံးကုန် ဆေးနည်းစုံ
- ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ
- ဒဂုံစေတီ ဘွဲ့
- ကျမ်းကျေသူကြီး
- စံရှားတဲ့ ခင်
- ~အသည်းအတွက် သိရင်ဖြေကြည့် အဖြေညှိ~
- ~မိနစ်ဝက် ၃ မျိုး (နာရီဝက် ၃ မျိုး)~
- သုံးယောက်ဖြစ်တော့မယ်
- မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မဆိုးဘူး
- ဆေးလိပ်ကြောင့် သေရတယ်
- ဒီပဲယင်း ဆရာတော်ကြီး၏ ဆုတောင်း(၁၀)ချက်
- ဗိုလ်ချုပ်၏ ဘာသာရေး အမြင်
- စိမ်းသူ
- အလင်္ကာ
- နွေဦးမြိုင်လယ်
- ပျဉ်းမ ငုတ်တို
- ဗြောသံ
- အရိပ်ခြွေ သစ်ပင်
- အမျိုးသားရေးစိတ်ဓာတ်
- ခေမာရောက်မှ အေးလိမ့်မည်
- မိုင်းဖုန်းဆရာတော်၊ အီးတီတို့ရဲ့ ကြိုတင်ဟော ကိန်းန...
- လူကြီး စုန်းပြူး
- လောက ဖတ်စာ
- ဝမ်းနည်းခြင်း အထိမ်းအမှတ်
- သေချာတဲ့ လမ်းကို ရွေးပြီးလျှောက်ပါ
- အောင်ဆန်းစသော မျိုးချစ်သူရဲကောင်းများသို့
- ဗမာ့အောင်ဆန်း
- ဗမာ့အောင်ဆန်း
- ကြိတ်ပိုး ဘွဲ့
- အတိတ်နှင့် ပစ္စုပ္ပန်
- ငါ
- မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမ
- သံဝေဂ တေးထပ်
- ရှက်တတ်ရင် ကိုယ့်ကိုကိုယ် အရေးယူ
- ကြက်ဥလေးတွေအကြောင်း
- သာပေါင်း ညာစား
- ကြီးပွားတိုးတက်ပြီး ဘဝအရောင် ထွန်းပြောင်နိုင်ရန်
- အဖွဲ့အစည်းများနှင့်နိုင်ငံ ကြီးပွားတိုးတက်ရေး လမ်း...
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ဆိုချက်
- မြန်မာစာပေနှင့် မြန်မာ့သမိုင်းကပေးသော အတုယူစရာများ...
- သိုလှောင်ခြင်း
- လွမ်းစံပယ်
- နွယ်
- အခါလွန်မိုး
- သစ္စာသည်သာ အလှတရား
- ထာဝရ ရှင်သန်ခြင်း
- ရင်တွင်းမှ ပိတောက်ပန်း
- ငိုပါတော့ မေ
- ကျန်ရစ်သူ အတွေး
- မိခင်အဖြစ်
- သူရဲကောင်း သုံးယောက်နှင့် ခရီးသည်
- လူကြီးလူကောင်း
- အား
- ခရီးသွား
- သံဝေဂ
- IMPUNITY
- အဆုံးအမ လင်္ကာ
- အမျှဝေရခြင်းရဲ့အကျိုးကျေးဇူး
- စိတ်ညစ်နေတာကို စိတ်နဲ့ပဲ ဖြေဖျောက်ပစ်လိုက်ပါ
- ပတ်ဝန်းကျင်နှင့် ငါ
- ဆုံးရှုံးမှု
- ကရုဏာမဲ့သည့် လှဒေဝီ
- မှာခဲ့မည် မောင်
- လူငယ်များသို့
- အိမ်မက်ထဲက ရွာ
- အချိန် စောင့်လိုက်ပါ
- သူ့မှာတမ်း
- ထိပ်ဆုံးသို့
- ကန်တော့ပါသည် အို... အမိ
- ရိုးစွဲ ချစ်သူ
- ယောက်ျား တေလေတို့ စနက်
- ပဟေဠိ ကဗျာ
- လွမ်းဘွဲ့
- အားလုံး အတူရောက် မြေကြီးအောက်
- သူတပါးနှင့် မနှိုင်းယှဉ်ပါနှင့်
- တန်ဖိုး
- ကျနော့်ကို အကဲဖြတ်ချင်ရင်
- မှတ်သားဖွယ်ရာ စကားလေးများ
- လူဆိုတာ
- ကျော်ကြားခဲ့သူများ၏ အဆိုအမိန့်များ
- သင့်ရဲ့တန်ဖိုးဆိုတာ
- လွတ်လပ်ရေး ကြေငြာစာတမ်း
- လွတ်လပ်ရေး ကြေငြာခြင်း
- ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ...
- သထုံ ရွှေစာရံ အရံစေတီတော် တဆူမှ ရောင်ခြည်များ ကွန့်...
- ဘုရားသာသနာ သိကြားသာသနာဟု ဆိုကြရာဝယ်
- ရွှေတိဂုံစေတီတော်မြတ် အောက်က လျှို့ဝှက်ချက်
- ~မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေရှိ-မရှ...
- အပူကန် လည်ချောင်းနာအတွက် ဆေးတခွက်
- မင်္ဂလာနဲ့ အိမ်ထောင် (တရား)
- သူဘာဖြစ်လို့ ငါ့ထက် သာနေရတာလဲ?
- ဗုဒ္ဓ အဆုံးအမ
- ပထမရွှေကျင်ဆရာတော်ကြီး၏ အဆုံးအမများ
-
▼
January
(101)
0 comments:
Post a Comment