ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Monday, September 23, 2013
ကလေးတို့၏ အမူအကျင့်များ
2:34 PM |
Posted by
တိုးတိုး |
Edit Post
ဤစာတန်းသည် မိဘများပူပန်တတ်သော
အများဖြစ်တတ်သည့် အလေ့အကျင့်များ
ရှိကြောင်းနှင့် ပတ်သက်ပါသည်။ မိဘတွေ အများဆုံး အကြံဉာဏ်တောင်းတတ်ကြသော
လေ့အကျင့်များ အကြောင်းလည်းဖြစ်ပါသည်။
လက်မစုတ်ခြင်း
သာမန်ကလေးတိုင်လိုလို တခါမဟုတ်တခါတော့ လက်မစုတ်တတ်မည်။ တစ်ချို့က ခဏပဲ
စုတ်သည်။ တချို့ကတော့ အကြာကြီးစုတ်သည်။ ဤသို့လက်မစုတ်၍ ဘာမျှမထိခိုက်နိုင်ပါ။
အခြေအနေကို မှားယွင်းစွာ ကိုင်တွယ်၍သာ ပြဿနာပေါ်နိုင်ပါမည်။ မိခင်ရင်နို့ကို စို့ရသော
ကလေးသည် စုတ်ရသည့် အရသာကို သိသွားသည်။ နို့စို့ရသော အချိန်နည်း၍ဖြစ်စေ၊ နို့ဗူး
နို့သီးခေါင်းပေါက်ဝ သိပ်ကျယ်နေ၍ဖြစ်စေ၊ ကလေးသည် စုတ်ရသည့်အလုပ်ကို မဝရေစာ
လုပ်ရတတ်၏။ ထို့အတွက် အစားထိုးစရာမှာ သူ့လက်မကို သူစုတ်ခြင်းပင်။ နို့ဖြတ်ချိန်တွင်
မိခင်နို့ မစို့ရ။ နို့ဗူးမသောက်ရသည့်အခါ သူက ကိုယ့် လက်မကို ပြန်စုတ်တတ်ကြ၏။ ကလေး
သည် ပင်ပန်းလာသောအခါ၊ ညီးငွေ့လာသောအခါ၊ အိပ်ချင်လာသောအခါ လက်မစုတ်သည့် အကျင့်ရှိလာသည်။ လက်မကို အတင်းဖယ်ပစ်လျှင် သူက ဇိမ်ပျက်တတ်၏။ ထိုအခါ ဒေါသ
ထွက်လာမည်။ စိတ်ကယောက်ကယက် ဖြစ်လာမည်။ ကလေးကို လက်မ အတင်း ဆွဲဖယ်
တာတို့၊ လက်အိတ် စွပ်ပေးတာတို့သည် နှိပ်စက်ခြင်း ပုံစံတမျိုးဟုပင် ဆိုရမည်။ မိဘကတော့
စီးကရက်ကို မီးမပြတ်စေပဲ ဆက်တိုက် သောက်တတ်ပြီး ကလေးကိုတော့ လက်မလေး စုတ်
တာပင် ခွင့်မပြု ကြသည်မှာ အတော်မတရားသော အမှုပင်ဖြစ်သည်။
နို့စောစောဖြတ်သော ကလေးအများစုသည် ဤလက်မစုတ်သည့် အလေ့အကျင့် စွဲတတ်
သည်ဟုထင်ကြသည်။ သို့သော် (၉)လ၊ (၁ဝ)လ လောက် မိခင်နို့ စို့ရသူများသည်လည်း
လက်မ စုတ်တတ်သည်ကို တွေ့ရပြန်သည်။ အချို့ကပြောသည်။ လက်မ စုတ်သည့် ကလေး၏
သွားပေါက်နှုန်းမှာမူ မမှန်ပါတဲ့။ သက်သေ အတိအကျတော့ မပြနိုင်ကြပါ။ ဤအချက်သာမှန်
လျှင် လူကြီး တော်တော်များများတို့၏ သွားနှင့် မေးရိုးဖွဲ့စည်းပုံတွေ ပုံစံပျက်နေမည်သာ
ဖြစ်၏။ လက်မ စုတ်တာများ၍ လက်မလေးနည်းနည်း ပိုသိမ်သွားတာ တို့၊ နည်းနည်း ပိုရှည်
လာတာ တို့တော့ ရှိကောင်းရှိမည်။ ဒါကလည်း ပြဿနာမဟုတ်ပါ။
အဓိက ပြဿနာမှာ လက်မစုတ်သော ကလေး မဟုတ်။ ဒါကို ကြောင့်ကြ ပူပင်နေသော
ကလေးမိခင်။ မိခင်လုပ်သူက ကလေး လက်မကို မကြာခဏ ဆွဲဖယ်ပစ်နေသောအခါ
ကလေးမှာ စိတ်ဒုက္ခရောက်ရ၏။ ကလေးမှာ ပိုပြီး စိတ်ကယောက်ကယက်ဖြစ်၊ ပိုပြီး
စိတ်ဆင်းရဲ၊ ပို၍ အူလည်လည်ဖြစ်ရသည်သာ အဖတ်တင်၏။ ဤပြဿနာကို အဖြေရှာရန်မှာ တခုထဲရှိသည်။သူ့ဖာသာသူ လက်မ စုတ်နေပါစေ။ မသိချင်ယောင်သာ ဆောင်နေပါ။
လက်မစုတ်သလိုပင် အချို့ကလေးများသည် စောင်မှ ချည်စတွေ ဆွဲထုတ်ပြီး ပါးတွေ၊ မျက်
လုံးတွေမှာ လျှောက်ပွတ်တာတို့၊ ငှက်မွေးနှင့် မျက်နှာကို ပြန်သပ်တာတို့ လုပ်တတ်၏ ဒါတွေ
လည်း လက်မစုတ်တာ ရပ်သွားချိန်တွင် သူ့အလိုလို ပျောက်သွားသော အကျင့်များဖြစ်၏။ အကျင့်မှာ နှစ်အတော်ကြာ စွဲနေလျှင်ကား ကလေးသည် အထီးကျန်နိုင်ပြီး အဖော်လိုခြင်း သင်္ကေတဟု ပြောရမည်။ ကလေးထိန်းကျောင်း ရောက်လျှင် ဒါမျိုးအကျင့် ပျောက်သွားတတ်
၏။ တခါတရံလည်း သူ့ကို စိတ်ဝင်စားစရာ ကစားစရာတွေ ဝယ်ပေးပြီး ကစားခိုင်းပါ။ တခါ
တရံကျတော့ သက်တူရွယ်တူ သူငယ်ချင်းတွေ ခေါ်ပြီး အိမ်မှာ ကစားပါစေ။
ခေါင်းတိုက်ခြင်း၊ လူးလှိမ့်ခြင်း
အချို့ကလေးများသည် အိပ်ခါနီးတွင် ကုတင်နှင့် ခေါင်းကို ဆောင့်တတ်၏။ သို့မဟုတ် ခေါင်း
ကို ရှေ့တိုးနောက်ငင် လှိမ့်တတ်၏။ အချို့ကလည်း ကုတင်ပေါ်တွင် ခန္ဓာကိုယ်ကို ဆောင့်
ပြီး မြောက်ကြွ လုပ်တတ်သည်။ ဘာကြောင့် ကလေးတွေ ဤသို့ လုပ်သည်ကို မသိရ။
အချို့ကတော့ မိခင်၏ ပိုက်ထွေး ယုယမှု နည်းပါး၍ ထိုသို့ကလေးတွေ စိတ် မူမမှန်ဖြစ်ရသည်
ဟု ဆို၏။ မည်သို့ပင်ဆိုစေ မိဘများ အနေနှင့် အရမ်းကာရော စိတ်မပူသင့်ပါ။ မိခင်၏မေတ္တာ ကို ပြသနိုင်လျှင် ကလေးတွင် ထိုအလေ့အကျင့်များ ပျောက်သွားမည်သာဖြစ်၏။ ထိုသို့ဖြစ်ရ
ခြင်းမှာ ကလေးတွင် အသိဉာဏ် နိမ့်ကျ၍မဟုတ်။ ကုတင်နှင့်ခေါင်းကို ဆောင့်တတ်သော
ကလေးကို မထိခိုက်စေရန် ကုတင်ခေါင်းရင်းတွင် အဝတ်တွေ ခုပေးပါ။ မိခင်လုပ်သူက နေ့
အခါနှင့် ညအိပ်ယာဝင်ခါနီးတွင် ကလေးကို ယုယပိုက်ထွေး ချော့မြှူပေးပါ။ ကလေးကို ဒါမျိုး
မလုပ်နဲ့ဟု မဆူပါနှင့်။ မမာန်မဲပါနှင့်။ ဆူပူကြိမ်းမောင်းလျှင် ထိုအကျင့် မပျောက်သည့် အပြင် တာရှည်တတ်သည်ကို သတိပြုပါ။
လက်သည်း ကိုက်ခြင်း
လူကြီးတယောက် လက်သည်းတွေ ကိုက်နေတာ မြင်လျှင် မည်သူမျှ မနှစ်မြို့ပါ။ မိမိ၏ က
လေး လက်သည်း ကိုက်တာ တွေ့ရသော မိဘတွေကလည်း လူကြီးတွေနှင့် တသဘောထဲ
ထားကာ မကြိုက်လှပါ။ တကယ်တော့ ကလေးတွေ လက်သဲကိုက်တာ စိတ်မပူပါနှင့်။ ကြာ
လျှင် ထိုအလေ့အကျင့် သူ့ဖာသာသူ ပျောက်သွားပါမည်။"ကလေး ဘာကြောင့် လက်သည်း
ကိုက်သလဲ" စိတ်လှုပ်ရှားမှု လက္ခဏာဟု ကျွန်တော် မယူဆပါ။ စိတ်လှုပ်ရှားမှု တစုံတရာ
တော့ ရှိကောင်းရှိပါမည်။ ကလေး ပေါက်စလေးအဖို့ ပိုင်ဆိုင်မည့် လက်နက်ဆိုလို့ သူ့သွားနှင့်
သူ့ လက်သည်းများသာ ရှိသည်။ သူ့သွားဖြင့် သူ့လက်သည်းကို ကိုက်ရာ လက်နက် တခုနှင့်
တခု သုံးခြင်း သဘောသာဖြစ်သည်။ တနည်းဆိုရလျှင် သူ၏ ရန်လိုစိတ် သဘာဝကို
ပြေရာပြေကြောင်း ထိမ်းသိမ်းသည့် သဘောဖြစ်၏။ သူ့ရှေ့တွင် မိဘနှစ်ပါး ရန်ဖြစ်နေလျှင်
သူသည် ဘဝလုံခြုံမှု မရှိသည်ကို ခံစားရရုံမက မိဘနှစ်ပါးအနက် တယောက်ယောက်ကို
ဒေါသထွက်လိမ့်မည်။ (အများအားဖြင့် အဖေကို ဒေါသထွက်တတ်သည်) သို့သော် တချိန်
တည်းမှာပင် သူ၏အဖေကိုလည်း စစ်မှန်စွာ ချစ်မည်။ သို့ဖြင့် ပဋိပက္ခနှစ်ခုကြားတွင် သူ ဗျာများရ၏။ ဒေါသနှင့်မေတ္တာ။ လူတယောက်ထဲကို ချစ်လဲချစ်၊ဒေါသလဲထွက်၊ သူ့ဒေါသ
ကို အပြင်မထွက်ရန် ထိန်းမရ၍ ဖြေဆည်သည့် အနေနှင့် လက်သည်းတွေကို ကိုက်ခြင်း
ဖြစ်၏။
အချို့ကလေးများကျတော့ တခါတရံမှာသာ လက်သည်းကိုက်သည်။ ကြောက်စရာကောင်း
သော ရုပ်ရှင်များ ကြည့်သည့်အခါ စင်ပေါ်သို့ ကိုယ့်အလှည့် မရောက်ခင် စောင့်နေရသော
အခါ သို့မဟုတ် စိတ်လှုပ်ရှားမှု တခုခု ဖြစ်ပေါ်နေသောအခါ လက်သည်းကိုက်သည်။ အများ
အားဖြင့်မူ လက်သည်း ကိုက်တာသည် အဓိကရောဂါ လက္ခဏာမဟုတ်ပါ။ ပူပန်စရာလည်း
မလိုပါ။ ထို့အတူ ၎င်းအကျင့်ကို အတင်းအကြပ်လည်း ဖယ်ရှား၍ မရနိုင်ပါ။ ဖယ်ရှားလျှင်
လည်း ခဏသာ ရမည်။ ကလေးသည် မသိစိတ်နှင့် ထိုအပြုအမူကို လုပ်နေခြင်းဖြစ်သည်။
ထို့ကြောင့် မိဘများက ဘယ်လိုထားထား သူသည် လုပ်ချိန်တန်လျှင် လုပ်နေမှာသာဖြစ်၏။
ရိုက်မယ်နှက်မယ် ခြိမ်းချောက်စေကာမူ သူက အလေ့အကျင့်ကို ဖျောက်ရမှာထက် အပြစ်
ဒဏ်ခံဖို့ အသင့်ဖြစ်ချင်ဖြစ်မည်။ သို့သော် ဖျောင်းဖျခြင်းဖြင့်သာ ပြုပြင်သင့်သည်။
ထစ်အ,မှု
သုံးနှစ်သားလောက်တွင် ကလေးသည် စကားပြောသော်လည်း ထစ်ထစ်ငေါ့ငေါ့ ဖြစ်တတ်
မည်။ သူ့အတွေးတွေက မြန်ဆန်ပြီး နှုတ်ခမ်းက အမီ မလိုက်နိုင်၍ ထစ်အခြင်းဖြစ်သည်။
ဘယ်သန် ကလေးကို ညာသန် ကလေးဖြစ်အောင် အတင်းပြောင်းပစ်ရာတွင်လည်း စကား
ထစ်တတ်သည်။ စကားပြောမှုကို ထိန်းသော ဦးနှောက်၏ ဗဟိုချက်မနေရာနှင့် လက်လှုပ်
ရှားမှု ထိန်းကွပ်သော နေရာတို့သည် နီးကပ်စွာ ဆက်နွယ်နေကြ၍ဖြစ်၏။
ထိုအချိန်တွင် လက်အနေအထားကို အတင်း ပြောင်းပစ်က စကားပြော ထစ်အ,လာမည်မှာ
သေချာ၏။ မည်သည့် လက်ကို ပို၍ အသုံးပြုမှာလဲ ဆိုတာကို ကလေးအား ဆုံးဖြတ်ရန် အချိန်
ပေးသင့်သည်။ ဘယ်သန်ဖြစ်သည်က ပြဿနာမဟုတ်။ ဘယ်သန်ကို ညာသန်ဖြစ်အောင် အတင်း
ပြောင်းပြစ်သည်က ပြဿနာ။နာ၊ ကလေးတွေ စကားထစ်ခြင်း၏ နောက် အကြောင်းအရင်း
တခုမှာ စိတ်မတည်ငြိမ်မှုကြောင့် ဖြစ်သည်။ အချို့စကားထစ်ခြင်းမှာ ယာယီသာ ဖြစ်၏။ မိခင် ဆေးရုံတက်သည့်အခါ သို့မဟုတ် နောက်တိုးကလေး မွေးသည့် အခါများတွင် ဖြစ်တတ် ၏။ ဒေါသအရမ်းထွက်သည့်အခါ သိပ်ကြောက်သည့် အခါတွင်လည်း ထစ်ငေါ့တတ်သည်။
အချို့ယာယီ စကားထစ်ခြင်းမှာ ကိစ္စမရှိသော်လည်း အချိန်အတော်ကြာ ထစ်ငေါ့လျှင်မူ စိတ်
ရောဂါကု ဆရာဝန်ထံ ပြသသင့်သည်။ စကားပြောလေ့ကျင့်သည့် သင်တန်းများလည်း အသုံး
ဝင်ပါသည်။ စကားထစ်သည့် ကလေးကို စိတ်ရှည်လက်ရှည် ပြုပြင်ပါ။ စကားထစ်လို့ မိဘတွေ
က မချစ်တော့ဟု ကလေး မခံစားစေရ။ မိဘ ငေါက်ငန်း၍ ထိုအကျင့် မပျောက်နိုင်။ စိတ်ရှည်
သည်းခံစွာ နားလည်မှု ရှိရှိနှင့် စကားထစ်တာကို ပြုပြင်ပေးကြပါ။ မိဘက စိတ်မရှည်ပါက
ကလေးကို ပြုပြင်ရာတွင် ပိုမိုခက်ခဲနိုင်ပါသည်။
(ကလေး၏ ပထမငါးနှစ်)
ပညာရေးဝန်ကြီးဌာနက ပြုစုသည်

Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
September
(67)
- “ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”
- ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားစရာ စကားများ
- တန်ဖိုးရှိသော စကားလုံးလေးများ
- ကြောင်ဝံ့တဲ့ သူ
- “အကျွတ်ဘယ်မှာ ဝေးတော့မည်”
- Sky Net တဲ့
- မာန မဲ့စွာ
- လက်ဘက်ရည်ကြမ်း
- အပြန်လမ်း
- ချစ်သူ သစ်ပင်
- စိတ်ခွန်အား စကားစုများ
- “သမဏ(ရဟန်း-သာမဏေ)အလုပ်”
- * အာဖရိကသို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ *
- ခင်ပွန်းကောင်းဆိုတာ
- ကလေးတို့၏ အမူအကျင့်များ
- အာမခံချက် မရှိကြဘူး
- ရှက်စရာကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေ...
- ပညာဆိုတာ
- စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ
- အဖော်မပါပေမဲ့ ပျော်စရာပါ
- ငြိမ်းချမ်းရေး ကြေငြာစာတမ်း
- “ညီနောင်အမှု ပြည်ထောင်စု”
- "နေရာတကျ ထားပါ"
- လှေသဘင် နွှဲပျော် တော်သလင်း ပွဲတော်
- ဆက်ဆံရေး အသိ သတိ လိမ်မာပါးနပ်မှုနဲ့ အရှိန်အဝါ
- ကျေးဇူး သိတတ်သူ
- လှိုင်းရိုက် လှေလူး
- လွမ်း
- ဝေး
- သောကခြေရာ
- မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး၏ လျှောက်ထားလွှာ
- ဒို့သာသနာ ဒို့ဘာသာ
- ချစ်သူ
- လွမ်းရဲတယ်
- "အရွယ်က စကားပြောတယ်"
- ရခိုင်သမိုင်း အကျဉ်းချုပ်
- ကရင်လူမျိုး၏ မူလဇာစ်မြစ်
- မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
- “ ခရီးရောက်တဲ့ သြဝါဒချည်းပဲ”
- ဆုတောင်းတိုင်း ပြည့်နိုင်ကြဖို့ရန်
- အသည်းခြောက် ရောဂါ
- ဝမ်းချုပ်လို့ စိတ်မညစ်နဲ့
- ကျီးပေါင်းအတွက် သင်္ဘောရွက်
- ကျောက်ကပ် ပျက်စီးစေနိုင်သောအချက် (၁၀)ချက်
- “အလွမ်း”
- ရှေးခတ် ပုဂံပြည်
- အတူတူတွဲ မအိပ်သင့်တဲ့အရာ- (၅)မျိုး
- လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ
- စာတတ်နဲ့ ပညာတတ်
- ဘိုးသူတော် ဦးနု စကားပုံများ
- တခါတုန်းက မင်္ဂလာဦး
- ဆန္ဒနဲ့ အဓိဋ္ဌာန်
- “အချော့တော်”
- ခေါင်းဆောင်ကောင်း၏ အရည်အချင်း (၉) မျိုး
- “ချစ် ခရီးလမ်း”
- မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
- အောင်နိမိတ် အောင်စိတ်
- အတုယူစရာ ဂျပန်မှာ
- လူငယ်တွေအတွက် မရှိမဖြစ်အရာ နှစ်မျိုး
- " သူလည်း တချိန်က "
- တန်ဖိုးသိပြီး တန်ဖိုးရှိသူ ဖြစ်စေချင်
- မိဘဂုဏ်- ၁၂ -ပါး
- "အိမ် ရိုက်သံ"
- သံဝေဂ တေးထပ်
- ဆီးက ပြောပြသော သင့် ကျန်းမာရေး အကြောင်း
- အင်းဝခေတ် စာဆိုရှင် နှစ်ပါး
- ရွှေလရောင်
-
▼
September
(67)
0 comments:
Post a Comment