ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
!-my>
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Wednesday, September 11, 2013
စာတတ်နဲ့ ပညာတတ်
11:14 AM |
Posted by
တိုးတိုး |
Edit Post
စာတတ်နဲ့ ပညာတတ်
*****************
သမိုင်းဦး ဘုံမြေခေတ်၊ ကျောက်ခေတ်၊ ကြေးခေတ်၊
သံခေတ်၊ ယမ်းမှုန့်ခေတ်၊ ဘာခေတ်
ညာခေတ်တွေ တခေတ်ပြီးတခေတ် ဖြတ်သန်းလာလိုက်တာ လောလောဆယ် ဦးဟန်ကြည်
တို့ ရပ်တည် ရှင်သန်နေတဲ့ ခေတ်ကြီးကိုတော့ ပညာခေတ် (Knowledge age)လို့ ပညာရှင်
တွေက သတ်မှတ်ထားကြပါသတဲ့။ ကျောက်ခေတ်တုန်းကတော့ ကျောက်လက်နက်ကောင်း
တွေ ပိုင်ဆိုင်တဲ့ လူစု၊ အားခွန်ဗလ ကောင်းတဲ့ လူစုလက်မှာ ပါဝါရှိခဲ့ပေမယ့် ပညာခေတ်မှာ
ပညာရှင်တွေ လက်ထဲကို ပါဝါရွှေ့ပြောင်း လာတယ်ဆိုတာ ပို့စ်တခုမှာ ဦးဟန်ကြည် ရေးဖြစ် ခဲ့ပါသေးတယ်။

ပညာခေတ်ကြီးမှာ ရွှေပြည်သားတွေ အားလုံးလိုလို
ပညာနောက်ကို ကောက်ကောက်ပါ
အောင် လိုက်ချက်ကတော့ ပြောမယုံ၊ ကြုံဖူးမှပဲ သိကြတော့မှာပါပဲ။ ဘယ်ဂျာနယ်ကို
ကောက်လှန်လှန် ပညာရေးဝန်ဆောင်မှုကြော်ငြာတွေမှ မမြင်ချင့်အဆုံး။
ဆယ်တန်းအောင်ရင် ဆေးကျောင်းတက်မယ်၊ စက်မှုတက္ကသိုလ် တက်မယ်လောက်ပဲ
စိတ်ကူးခဲ့ပြီး ဆရာဝန်လုပ်ဖို့၊ အင်ဂျင်နီယာလုပ်ဖို့လောက်ပဲ ရည်မှန်းနိုင်ခဲ့တဲ့ ဦးဟန်ကြည်တို့
ခေတ်နဲ့လည်း အကွာကြီးကွာခဲ့ပြီပေါ့လေ။ ကလေးပေါက်စအရွယ်ကတည်းက ILBC တို့
ELA တို့မှာ နိုင်ငံတကာအဆင့် ပညာတွေ အပြိုင်အဆိုင် သင်ယူကြပြီး GCE – O Level ပြီးတာနဲ့ နိုင်ငံခြားမှာ ပညာသင်ယူဖို့ဆိုတာ ဒီဘက်ခေတ်ကလေးတွေရဲ့ပါးစပ်ဖျားမှာ
ရေပန်းစားလာတဲ့ ဝေါဟာရသစ်တခု ဖြစ်နေပါရောလား။
ထို့နည်းတူပဲ မိဘတွေရဲ့ ပါးစပ်ဖျားမှာလည်း တို့သားကို ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်မှာ ထားတယ်ဆိုတာ မော်ဒန်ကြွားလုံး တခုဖြစ်လာပြန်ပါပေါ့။ ကိုယ့်တိုင်းပြည်က လူငယ်တွေ
နိုင်ငံတကာ ပညာတွေ အပြိုင်အဆိုင် သင်ယူကြ၊ အားတက်သရော ကြိုးစားကြတာတွေ မြင်
ရတော့ ဦးဟန်ကြည်ခမျာ ဝမ်းသာ ဝမ်းနည်းကို ဖြစ်လို့။

အနှီလိုပြောပြန်တော့ ဆရာ့နှယ် ကလေးတွေ နိုင်ငံတကာ ပညာကောင်းတွေ
သင်ယူကြ
တာ ဝမ်းသာတယ်ဆို ဟုတ်သေးရဲ့ ဘယ့်နှာဖြစ်လို့ ဝမ်းနည်းတာကြီးက ပါလာရပြန်တာ
လဲလို့ မေးပြန်ရင်လည်း မေးစရာပါ့လေ။ သြော်...ကိုယ့်တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ တကယ့်ပညာကောင်းတွေ သင်ယူခွင့်ရကြတာ ဘယ် ဝမ်းမသာပဲ နေလိမ့်တုန်းဗျာ။ ဖြစ်နိုင်
ရင် ကိုယ်တိုင်တောင် နိုင်ငံတကာပညာရေးကို မြည်းစမ်းခွင့်၊ နိုင်ငံတကာကလူတွေနဲ့ ရင်
ဘောင်တမ်းပြီး ကြိုးစားပြခွင့် တပွဲတလမ်းလောက်တော့ ရချင်သေးတာပဲ။ ဝမ်းနည်းရခြင်း
ကတော့ ကိုယ့်တိုင်းပြည်မှာ အဆင့်မီပညာရေးမျိုး မပေးနိုင်သေးတာကြောင့် ကိုယ့်ပြည်က
ကလေးတွေ၊ လူကြီးတွေ ပြည်ပမှာ ငွေကြေးပေါင်းများစွာ သောက်သောက်လဲ အကုန်ခံပြီး ပညာသင်ယူနေကြတာ တွေးမိလို့ပါ။ အနှီလို သွားသင်နေကြရတော့ ကိုယ့်တိုင်းပြည်က
ရသင့် ရထိုက်တဲ့ ပညာရေး ဝန်ဆောင်ခ တွေကို ပြည်ပ နိုင်ငံတွေက ရကုန်ကြတာတွေ လည်း တွေးမိပြီး နှမြောမိတာကြောင့်လည်း ၀မ်းသာစိတ်ထဲမှာ ၀မ်းနည်းစိတ်ကလေး
စွက်သွားရတယ် ဆိုကြပါစို့။

ဒီနေ့ခေတ်စားနေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကလည်း
ရောင်းလို့ရတာ အကုန်ရောင်းဆိုတဲ့
မူပေါ်မှာ အခြေခံပြန်တာကြောင့် ပညာရေးဆိုတာလည်း အရင်ခေတ်ကလို လူမှုရေးမဟုတ်
တော့ပဲ လူမှုစီးပွားရေးပုံစံ ဖြစ်လာပါလေရဲ့။ ၀ယ်သူရှိရာ ရောင်းသူလာဆိုတဲ့ ခေတ်သစ်ပုံစံ
အတိုင်း အင်တိုက်အားတိုက် ရောင်းလိုက်ကြတာ အခုဆိုရင် ရန်ကုန်တို့ မန္တလေးတို့မှာ နိုင်ငံ
ခြား တက္ကသိုလ်တွေက ကျောင်းခွဲတွေတောင် အပြိုင်းအရိုင်း ဖွင့်ကုန်ကြပါရောလား။ ပြောရ
ရင်တော့ ကိုယ့်ဆီက ငွေတွေကို လာလာ ကြုံးသွားကြပေါ့ဗျာ။ ဒါတွေကို ကြည့်ရင်း ကိုယ့်က
လေးတွေ ပညာကောင်းတွေ သင်ကြရတာကို မုဒိတာပွားရင်း၊ နိုင်ငံတကာ တန်းဝင် ပညာ
ရေး ၀န်ဆောင်မှုတွေ ကိုယ့်ပြည်တွင်းမှာ ပြည်တွင်းကပညာရှင်တွေနဲ့ အကောင်အထည်
ဖော်ပြီး နိုင်ငံခြားသားတွေ ကိုယ့်ဆီမှာ ပညာလာသင်ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ
ဆိုတဲ့ ကြိတ်မနိုင်ခဲမရ အတွေးကြီးတွေနဲ့ ပျော်မောကြီး မောရပေါင်းလည်း မနည်းပေါင်။ လွန်ခဲ့တဲ့ ခေတ်တွေတုန်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြားသားတွေတောင် လာပြီး
ပညာသင်ယူခဲ့ကြတဲ့ သာဓကတွေကလည်း ဦးဟန်ကြည်ကို မီးထိုးပေးပြန်သကိုး။

အနှီလို ပညာမှ ပညာ၊ ပညာသည်ငွေ ဆိုတဲ့ ရည်မှန်းချက်ကြီးတွေနဲ့
ပညာခေတ်မှာ ကြိုးစား
ပမ်းစား ပညာတွေသင်ယူလိုက်ကြတာ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်မှာ ပညာတတ်ဆိုတဲ့
လူတွေမှ ဒုနဲ့ဒေးဖြစ်လာပါရောလား။ ခက်တာက ကိုယ့်ဆီမှာက စာတတ်နဲ့ ပညာတတ်က
ကွဲမှ မကွဲကြပဲကိုး။ လူတယောက် ဘွဲ့ရတယ်၊ အတန်းပညာရှိတယ် ဆိုရင်ပဲ ပညာတတ် စာရင်း ကောက်သွင်းလိုက်ကြတာချည်းပါ။ ဦးဟန်ကြည်ကတော့ စာနဲ့ပညာကို တကဏ္ဍစီ
ခွဲထားချင်တဲ့ လူမို့ ပတ်ဝန်းကျင်မှာ ပညာတတ်တွေ ဒုနဲ့ဒေးလို့ မပြောပဲ ပညာတတ်ဆိုတဲ့
လူတွေလို့ပဲ ခပ်ဖုံးဖုံးလေး ပြောလိုက်တာပါဗျာ။ အနှီလို ပြောလိုက်တော့ ဦးဟန်ကြည်
တယောက် ဘွဲ့ရတွေကို တွယ်လှချေလားလို့လည်း မထင်လိုက်နဲ့ဦး။ မြင်နေ၊ တွေ့နေရ
တာတွေက ပြောစရာ ဖြစ်နေပြန်တော့လည်း မပြောပဲ ဘယ် နေနိုင်လိမ့်တုန်း။

လွန်ခဲ့တဲ့ လပိုင်းက မိတ်ဆွေတယောက်နဲ့
စကားစပ်မိလို့ မကြားဝံ့မနာသာ တခု ကြားခဲ့
ရသဗျား။ အမေ့ဆီမှာ ရစရာရှိတဲ့ အကြွေးကို သမီးဖြစ်သူက သူ့ယောက်ျားကို လွှတ်ပြီး အတောင်းခိုင်းပါသတဲ့။ အကြွေး မပေးနိုင်ရင် အဘွားကြီးကို ရိုက်ပစ်ခဲ့လို့လည်း သမီး
ဖြစ်သူက ယောက်ျားကို မှာလွှတ်လိုက်ပါသေးသတဲ့။ သားမက်လုပ်တဲ့ လူရမ်းကားကလည်း
ယောက္ခမကို ရိုက်ရုံ နှက်ရုံတင် အားမရပဲ( နားနဲ့မနာ ဖဝါးနဲ့ နာကြပေရော့) မုဒိန်းပါ ကျင့်ခဲ့
ပါလေရော။ အသက် ၅၀ ကျော် အမေဖြစ်သူခမျာ သားမက်ရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာကို
အသိပေးပြီး တိုင်ချင်ပေမယ့် သားမက် ထောင်ကျသွားရင် သမီးဒုက္ခရောက်မှာ စိုးရှာလွန်း
လို့ မတိုင်ရက်ပြန်ဘူး။ သားမက်ရဲ့လုပ်ရပ်ကို သမီးသိအောင် ပြောပြန်ရင်လည်း ပြဿနာတွေ
ကြီးလာမှာ စိုးတာကြောင့် ပြောမထွက်ရှာပဲ သူ အင်မတန်မှ ယုံကြည်ရတဲ့ မိတ်ဆွေဆီမှာ
သူ့ ဒဏ်ရာတွေ ပြပြီး ငိုရှာတာကိုး။ မိတ်ဆွေဖြစ်သူကလည်း သမီးလုပ်တဲ့ လူရဲ့ ယုတ်ညံ့တဲ့
လုပ်ရပ်ကို မခံမရပ်နိုင် ဖြစ်လွန်းလို့ ဦးဟန်ကြည်ကို ဖောက်သည် ချရင်းက“ ဆရာရယ်
သူ့ သမီးက ရှေ့နေမ ဆရာရဲ့... ကိုယ်တိုင် ပညာတတ်ဖြစ်နေပြီး ဒီလောက် ယုတ်မာတာ စဉ်းစားလို့တောင် မရဘူး ” ဆိုတဲ့ စကား ထွက်လာပါလေရော။

အနှီမှာတင်
စာတတ်နဲ့ ပညာတတ်ကိစ္စ ခေါင်းထဲမှာ အမြစ်တွယ်အောင် စဉ်းစားခန်း
ဝင်နေမိခဲ့တဲ့ ဦးဟန်ကြည်က “ ဟ... ရှေ့နေဖြစ်တာကို ပညာတတ်လို့ ယူဆရင် မှားတော့
မပေါ့... သူ ရှေ့နေဖြစ်တယ်ဆိုတာ စာကျက်နိုင်လို့ ဖြစ်တာပဲ...ပညာဆိုတာ အမှားအမှန်ကို ပိုင်းခြား ဝေဖန်နိုင်တဲ့ စွမ်းရည်ကို ခေါ်သဗျ... အမှန်ကို သိပြီး မှန်တဲ့အတိုင်း ကျင့်နိုင်ကြံနိုင်မှ ပညာတတ်လို့ ခေါ်ရမှာပေါ့... ဆရာဝန်ဖြစ်တိုင်း၊ ရှေ့နေဖြစ်တိုင်း ပညာတတ်ဖြစ်ပြီလို့ချည်း
ဇွတ်ဆွဲပြီး သတ်မှတ်လို့ ဘယ်ရမလဲ ”လို့ ခပ်စပ်စပ်ကလေး ပြောထည့်လိုက်မိပါရော။
အိမ်ပြန်ရောက်လို့ မဒမ်ကြည်ကို ဒီဖြစ်စဉ်အကြောင်း ဖောက်သည် ချမိပြန်တော့လည်း
“ ပညာတတ်ဖြစ်ပြီးတော့”ဆိုတဲ့ စကားကို မဒမ်ကြည်ဆီမှာ ကြားရပြန်ပါရောဗျို့။ ကိုင်း... ဦးဟန်ကြည်တို့ဆီမှာ ပညာတတ်ဖြစ်ဖို့များ ဘယ်လောက် လွယ်လိုက်သလဲလို့။ စာအုပ်
ကလေးရှေ့ချပြီး စာပုံမှန်ကျက်၊ တက္ကသိုလ်လေး မဖြစ် ညစ်ကျယ်တက်၊ အချိန်တန်ရင်ဘွဲ့ရ၊
ကိုင်း... ပညာတတ် ဖြစ်ပြီတဲ့ဗျာ။ ဘယ်လောက်နိပ်သလဲ။

ဦးဟန်ကြည် ဖတ်ဖူးတဲ့
မြန်မာအဘိဓာန်ထဲမှာတော့ ပညာဆိုတာ ပါဠိသက် စကားလုံးဖြစ်
ပြီးတော့ “ ခွဲခြား သိမြင်နိုင်သော အသိဉာဏ် ”ကို ခေါ်ပါသတဲ့။ ခွဲခြားသိမြင်နိုင်သော အသိ
တရားနဲ့ ယှဉ်တဲ့ အတတ်ပညာကိုလည်း ဆိုပါသတဲ့။
အမျိုးသားပညာဝန် ဦးဖိုးကျား ရေးထားခဲ့တဲ့ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာရဲ့ စကားချီးမှာ
“ ပညာဆိုသည်မှာ လိုအပ်သည့်အတိုင်း ယူရသော် (က) လက်ရုံးရည် (ခ) ပညာရည်
(ဂ) နှလုံးရည် ဤသုံးပါးပြည့်စုံခြင်းကို ဆိုရပေသည် ”လို့ ဆိုထားပါရောလား။ အနှီတော့
ဆိုခဲ့တဲ့ အချက်သုံးပါးလုံးနဲ့ ပြည့်စုံကုံလုံတဲ့ လူကိုမှ ပညာတတ်လို့ ခေါင်းစဉ် တပ်ပေးရရင် မသင့်တော်ပေဘူးလားဗျာ။ အနှီ အထဲမှာပဲ “ နှလုံးရည်ဆိုသည်မှာ အကျင့်စာရိတ္တ၊ စိတ်နေ စိတ်ထား ကောင်းမွန် မြင့်မြတ်ခြင်းကို ဆိုလိုသည်။ မတရားမှု၊ မကောင်းမှု မှန်သမျှကို
မလိုလား ရွံရှာခြင်း၊ ကောင်းမှု မှန်သမျှကို လိုလားနှစ်သက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ၀တ္တရားကျေပွန်ခြင်း၊ မိမိနှင့်တကွ သူတပါး အကျိုးကျေးဇူး ယုတ်မှုကို မပြုလိုမူ၍ အကျိုး
ကျေးဇူကိုသာ ပြုလိုခြင်း၊ နှလုံးသား ယဉ်ကျေး၍ မေတ္တာစိတ်များနှင့် ပြည့်စုံခြင်း၊ ရဲရင့်စိတ်၊
စွန့်စားစိတ်၊ ဇွဲကောင်းသော စိတ်များ ပြည့်စုံခြင်းတို့ကို ဆိုလိုသည် ” လို့လည်း အကျယ် ဖွင့်ထားပါသေးသဗျား။ ကိုင်း... အနှီတော့ အမေကို ဒုက္ခပေးတဲ့ အထက်မ ရှေ့နေမ ဆိုတာ
ကို ဦးဟန်ကြည်တို့ ပညာတတ်စာရင်း သွင်းသင့် မသွင်းသင့် စဉ်းစားစရာတောင်
မလိုတော့ဘူးထင်ရဲ့။

ဖတ်မိသမျှ
စာပေအထောက်အထားတွေ အတိုင်းဆိုရင် ပညာတတ်လို့ဆိုရင် စာပေရော၊ စာရိတ္တပါ ပြည့်စုံရမယ်လို့
ဆိုထားတာကိုး။ ဒါကြောင့် ပညာတတ်တွေ များတဲ့ တိုင်းပြည်ဟာ ကြီးပွားချမ်းသာတယ် ဆိုပေမယ့်
တနှစ်တနှစ်ကို ဘွဲ့ရ၊ဘွဲ့လွန် ပုဂ္ဂိုလ်ထူးပေါင်း သောင်းသိန်း ချီပြီး မွေးထုတ်ပေးနေတဲ့
ဦးဟန်ကြည်တို့ ရွှေပြည်ကြီး ဘာကြောင့်များ ဖွတ်ကြော ပြာစု
ဖြစ်နေရတယ်ဆိုတာလည်း စဉ်းစားလို့ ရနိုင်ကောင်းပါရဲ့။
ကိုင်းဗျာ ပို့မယ့်ပို့လည်း ကူးတို့အထိ ပို့ကြစို့ရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အရာရှိ၊
အရာခံ၊ ၀န်ထမ်းတွေ အားလုံးနီးပါး ဆိုတာ ဘွဲ့တခုခုတော့ ရပြီးသားတွေချည်းပါ့။ လယ်သမားတွေကို ပေးရမယ့် ဓာတ်မြေသြဇာကို ကိုယ်ကျိုးအတွက် ရောင်းစားတဲ့ စိုက်ပျိုး
ရေးဦးစီးမှူး၊ ယူနီဆက်ဖ်က လှူတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ရေး ဆေးခြင်ထောင်ကို
ရောင်းစားတဲ့ မြို့နယ်ဆရာဝန်ကြီး၊ နိုင်ငံတော်က လမ်းခင်းဖို့ ချပေးလိုက်တဲ့ ဘတ်ဂျက်ကို
သူ့ အိမ်ဆောက်တဲ့ နေရာမှာ သုံးလိုက်တဲ့ စည်ပင်ဦးစီးမှူး၊ ခရီးသည်တိုင်းကို မှတ်ပုံတင်
မပါရင် ၁၀၀၀၊ ပါရင် ၅၀၀ တောင်း၊ တဖက်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ သူများ သားပျိုသမီးပျိုလေးတွေကို စစ်ဆေးဖို့ အကြောင်းပြချက်နဲ့ ဆွဲထားပြီး မတရားကျင့်လွှတ်တဲ့
လ၀က၊ ဟိုတနေ့က ဘလော့ဂ်တခုမှာ ဖတ်လိုက်ရတဲ့ ကျောင်းသားကို အခြောက်ဇာတ်
သွင်းတဲ့ ကျူရှင်ဆရာတွေဆိုတာ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ ဘယ်လောက်များနေလဲ
စဉ်းစားကြပါဦး။ ဒါတွေကို ပညာတတ် စာရင်းထဲ သွင်းပြီး ကျုပ်တို့ တိုင်းပြည်မှာ ပညာတတ်
တွေ များပါလျှက်နဲ့ ဘာဖြစ်လိုများ မွဲလို့ ကောင်းနေပါလိမ့် ဆိုတာ စေ့စေ့တွေးရင်း ရေးရေး
တော့ ပေါ်နိုင်ကောင်းပါရဲ့။ ဒီလိုလူစားတွေကို ပညာတတ် စာရင်းထဲ ထည့်ချင်ကြရင်
တော့လည်း ထည့်လိုက်ကြပေရော့။ အနှီလိုသာဖြင့် ဦးဟန်ကြည်ကတော့ ပညာတတ်
မဖြစ်ဖို့ပဲ ကြိုးစားရပေချိမ့်။

ရှေးပညာရှိတွေကတော့
ဆိုထားပါသဗျား။“ ပညာတန်ဆောင်၊ ဉာဏ်အရောင်ကား၊
မိုက်မှောင်ဖျောက်ပယ်၊ ချမ်းသာကြွယ်၏ ”တဲ့။ အနှီတော့ ပြည်တွင်းဘွဲ့၊ ပြည်ပဘွဲ့တွေ
တသီတတန်းကြီး ရကြတဲ့ အမည်ခံ ပညာတတ် ပုဂ္ဂိုလ်ကြီးတွေ ပေါချင်တိုင်း ပေါပြီး
မှောင်ချင်တိုင်း မှောင်၊ မွဲချင်တိုင်း မွဲနေတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်ကြီး ဆင်းရဲတွင်း
နက်နေရတာဟာ စာတတ်တွေ များပြီး၊ ပညာတတ် စစ်စစ်တွေ နည်းနေသေးလို့-လို့ ပဲ ကောက်ချက်ချမိပါရဲ့။ ဒီပို့စ်ရေးဖို့ ကိုးကားစရာတွေ ဖတ်နေရင်းက ပညာတတ်တွေ
များနိုင်သမျှ များအောင် မွေးထုတ်ပေးဖို့လည်း အားသန် လိုက်မိပါသေး သဗျား။ ဒါပေမယ့် ပြောမယ့်သာ ပြောရတယ်။ ဦးဟန်ကြည် ကိုယ်တိုင်တောင် ပညာတတ်ဖြစ်ဖို့
အရေး အကြိတ်အနယ် ကြိုးစားနေရတာကလား။

Labels:
ပညာရေး
Subscribe to:
Post Comments (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)
Blog Archive
-
▼
2013
(671)
-
▼
September
(67)
- “ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ”
- ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်သားစရာ စကားများ
- တန်ဖိုးရှိသော စကားလုံးလေးများ
- ကြောင်ဝံ့တဲ့ သူ
- “အကျွတ်ဘယ်မှာ ဝေးတော့မည်”
- Sky Net တဲ့
- မာန မဲ့စွာ
- လက်ဘက်ရည်ကြမ်း
- အပြန်လမ်း
- ချစ်သူ သစ်ပင်
- စိတ်ခွန်အား စကားစုများ
- “သမဏ(ရဟန်း-သာမဏေ)အလုပ်”
- * အာဖရိကသို့ ဗုဒ္ဓသာသနာ ပြန့်ပွားပြီ *
- ခင်ပွန်းကောင်းဆိုတာ
- ကလေးတို့၏ အမူအကျင့်များ
- အာမခံချက် မရှိကြဘူး
- ရှက်စရာကောင်းလောက်အောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေ...
- ပညာဆိုတာ
- စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ
- အဖော်မပါပေမဲ့ ပျော်စရာပါ
- ငြိမ်းချမ်းရေး ကြေငြာစာတမ်း
- “ညီနောင်အမှု ပြည်ထောင်စု”
- "နေရာတကျ ထားပါ"
- လှေသဘင် နွှဲပျော် တော်သလင်း ပွဲတော်
- ဆက်ဆံရေး အသိ သတိ လိမ်မာပါးနပ်မှုနဲ့ အရှိန်အဝါ
- ကျေးဇူး သိတတ်သူ
- လှိုင်းရိုက် လှေလူး
- လွမ်း
- ဝေး
- သောကခြေရာ
- မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး၏ လျှောက်ထားလွှာ
- ဒို့သာသနာ ဒို့ဘာသာ
- ချစ်သူ
- လွမ်းရဲတယ်
- "အရွယ်က စကားပြောတယ်"
- ရခိုင်သမိုင်း အကျဉ်းချုပ်
- ကရင်လူမျိုး၏ မူလဇာစ်မြစ်
- မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
- “ ခရီးရောက်တဲ့ သြဝါဒချည်းပဲ”
- ဆုတောင်းတိုင်း ပြည့်နိုင်ကြဖို့ရန်
- အသည်းခြောက် ရောဂါ
- ဝမ်းချုပ်လို့ စိတ်မညစ်နဲ့
- ကျီးပေါင်းအတွက် သင်္ဘောရွက်
- ကျောက်ကပ် ပျက်စီးစေနိုင်သောအချက် (၁၀)ချက်
- “အလွမ်း”
- ရှေးခတ် ပုဂံပြည်
- အတူတူတွဲ မအိပ်သင့်တဲ့အရာ- (၅)မျိုး
- လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ
- စာတတ်နဲ့ ပညာတတ်
- ဘိုးသူတော် ဦးနု စကားပုံများ
- တခါတုန်းက မင်္ဂလာဦး
- ဆန္ဒနဲ့ အဓိဋ္ဌာန်
- “အချော့တော်”
- ခေါင်းဆောင်ကောင်း၏ အရည်အချင်း (၉) မျိုး
- “ချစ် ခရီးလမ်း”
- မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
- အောင်နိမိတ် အောင်စိတ်
- အတုယူစရာ ဂျပန်မှာ
- လူငယ်တွေအတွက် မရှိမဖြစ်အရာ နှစ်မျိုး
- " သူလည်း တချိန်က "
- တန်ဖိုးသိပြီး တန်ဖိုးရှိသူ ဖြစ်စေချင်
- မိဘဂုဏ်- ၁၂ -ပါး
- "အိမ် ရိုက်သံ"
- သံဝေဂ တေးထပ်
- ဆီးက ပြောပြသော သင့် ကျန်းမာရေး အကြောင်း
- အင်းဝခေတ် စာဆိုရှင် နှစ်ပါး
- ရွှေလရောင်
-
▼
September
(67)
0 comments:
Post a Comment