သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, June 28, 2011

PostHeaderIcon ရင့်ကျက်တယ်ဆိုတာ...

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ
ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်း မခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့
အရိပ်အကဲကို မကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊
လေသင့်ရာ ပဲ့ထိုးတာ မဟုတ်ဘူး။ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ် ယုံကြည်မှု
မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို
သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ
စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း
မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။ ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့
စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။
လူအများနဲ့နေလည်း ကိုယ့်အား ကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊
အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ
တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်ပါ လုပ်တာတွေ၊
မောက်မာ ထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။
အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။ အောင်မြင်
ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝ ပြီးပြည့်စုံတာ မဟုတ်ဘူး။
ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့
ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။
ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်တဲ့ လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/20080222/2860.html

နိုင်းနိုင်းစနေ (နားလည်သလို) ဘာသာပြန်သည်။

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...