သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, February 24, 2014

PostHeaderIcon မြသန်းတင့် အလွမ်း



မြသန်းတင့် အလွမ်း
*************
မင်းတို့ ယုံချင်မှ ယုံမယ်။ နားလည်ချင်မှ နားလည်နိုင်မယ်။ မြသန်းတင့် နဲ့ ငါတို့

ပြောသမျှတွေမှာ"မျိုးဆက်သစ်တွေအတွက် ဘာလုပ်ကြမလဲ" ဆိုတာတွေချည်းပါပဲ။
သူက ဘာပြောတယ် ထင်သလဲ။
" ဒီမယ် ကိုအောင်သင်း ကျုပ်တို့ ဦးနှောက်ထက် ကောင်းတဲ့ ဦးနှောက်တွေကို ယူပြီး
ကလေးတွေအတွက် ပေးရမယ်၊ ကလေးတွေ ဦးနှောက်ကောင်းဖို့ ကျုပ်တို့ အစွမ်းကုန်
လုပ်ပေးရမယ်။
We are making history.(ကျုပ်တို့ဟာ သမိုင်းကို ဖန်တီးနေတာ) ကလေးတွေကို
‘ ကဲ…အကောင်းစားတွေဖြစ်အောင် ’ လုပ်ပေးတာသာလျှင် သမိုင်းကို ဖန်တီးရာ
ရောက်မှာပေါ့။ ခင်ဗျားတို့ ကျုပ်တို့က အတော်ကြာရင် သေကြတော့မှာ။
ကျုပ်တို့အဖို့ ဘာများ မျှော်လင့်နေစရာရှိလို့လဲ" တဲ့။

အဲဒါ ကိုမြသန်း မကြာခဏ ပြောလေ့ ရှိတဲ့စကားပဲ။ သူပြောသလိုပါပဲ။ 
အခု ၁၈ -၂- ၉၈ မှာ ငါ့သူငယ်ချင်းကြီး ကွယ်လွန်သွားပြီ။ ကလေးတွေအတွက် တကယ်ကို
လုပ်နေတဲ့၊ ကိုယ့်အတွက် မဟုတ်ပဲ ကလေးတွေအတွက် တကယ်လုပ်နေတဲ့ လူကြီး
တယောက်ကို ငါတို့ ဆုံးရှုံးလိုက်ရပြီ။
(တချို့လူကြီးတွေက ကလေးတွေအတွက် အယောင်ဆောင်ပြီး သူတို့အတွက်
လုပ်တတ်ကြတာတွေကို တွေ့ခဲ့ဖူး ကြုံခဲ့ဖူးလို့ အလေးအနက် ပြောလိုက်ရတာပါ)
သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် သူ့မိသားစု ဘယ်လို ခံစားရမယ်ဆိုတာကို

ပြောနေဖို့ မလိုပါဘူး။
ငါက သူ့ကို လွမ်းတာထက် နှမြောတာက ပိုပါတယ်။

(အောင်သင်း... မျိုးဆက်သစ် တိုးတက်ရစ်ဖို့)

(စကားချပ်။ ။ ဆရာမြသန်းတင့် သည် စာပေလောကတွင် အရိုးသားဆုံးသော၊
အတော်ဆုံးသော စာရေးဆရာတဦးဟု ဆရာကြီးအောင်သင်းက မှတ်ချက်ချထား၏။)
Sunday, February 23, 2014

PostHeaderIcon ဆုံးမစာ

အလုပ်မရှိ
ငေါင်တိတိနဲ့
နုံးချိမဲ့ယောင်
အူကြောင်ကြောင်ကို
ခုလည်း မလို
နောင်လည်း ပို၏။

(စစ်ကိုင်း ရွှေဟင်္သာဆရာတော်ကြီး)

PostHeaderIcon မှန်ကန်၍ သတိထားသင့်သော အီတလီ ဘုန်းတော်ကြီး စကား


အီတလီ ဘုန်းတော်ကြီး ဦးလောကနာထမှ
သာသနာရေးအရာရှိ ဦးဟန်ဋ္ဌေးကို ပြောကြားခဲ့သော စကား
***************************
"ဒကာကြီး ဦးဟန်ဋ္ဌေး... မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ

ဘုရင့်သားကနေ ဘုရင်ဖြစ်လာတာနဲ့ တူတယ်။
နိုင်ငံခြားသား ဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာတဲ့သူတွေကတော့
ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့ တူတယ်။

ဘုရင့်သားတော်ကနေ ဘုရင်ဖြစ်လာတဲ့အခါ လွယ်ကူလွန်းတော့ ဘုရင်အဖြစ်ကို
သိပ်တန်ဖိုး မထားသလို
 မြန်မာပြည်သားများဟာလည်း ဗုဒ္ဓဘာသာအဖြစ်ကို လွယ်လွယ်ကူကူ ရတော့
ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုးမထားကြဘူး။

ဒါကြောင့်လည်း ဝမ်းရေး တခုလောက်အတွက်နဲ့ ဘာသာပြောင်းကြတာပေါ့။

ဆင်းရဲသားအဖြစ်က ကျားကုတ်ကျားခဲ ကြိုးစားပြီး ဘုရင်ဖြစ်လာရတဲ့ သူက
ဘုရင်အဖြစ်ကို အလွန်တန်ဖိုးထားသလို 
ကျုပ်တို့လို ဘာသာခြားဘဝကနေ
အခက်အခဲများစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့
ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထားတယ်။
ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင်
ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက် တန်ဖိုးထားတယ်"

( အီတလီဘုန်းတော်ကြီး ဦးလောကနာထ)

PostHeaderIcon အသိပေး ဆုံးမစကား


 ဆုံးမစကား
*******
လောကမှာ လူရယ်လို့ဖြစ်လာရင်
ကိုယ့်ဘဝနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့
လူမျိုးဖြစ်ရမယ်။
ကိုယ့်အကျိုးအတွက်လဲ ဆောင်ရွက်နိုင်စွမ်း မရှိ
လောကအကျိုးအတွက်လဲ ဆောင်ရွင်နိုင်စွမ်း မရှိပဲ
ဘဝတခု အဆုံးသတ်သွားတဲ့ လူတွေ အများကြီးပဲ။
(ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ)

PostHeaderIcon ချစ်သူအတွက် နောက်ဆုံးမှာတမ်း

ချစ်သူအတွက် နောက်ဆုံးမှာတမ်း
********************
ကိုယ် သေဆုံးသွားခဲ့ပေါ့ အချစ်ရယ်၊
ကိုယ့်အတွက်
ကြေကွဲသီချင်းတွေ မဆိုပါနဲ့
နှင်းဆီသစ်ပင်တွေ
အရိပ်ကောင်းကောင်း ထင်းရှူးပင်တွေကိုလည်း မစိုက်ပါနဲ့။
မြက်ခင်း စိမ်းစိမ်းကသာ
ကိုယ့်အပေါ်မှာ နှင်းမှုန် မိုဃ်းစက်တွေနဲ့ စိုယိမ်းနေပါစေ။

မင်း– ကိုယ့်ကို သတိရရင်လည်း ရပါ
ဒါမှမဟုတ် မေ့ရင်လည်း မေ့လိုက်ပါ။

ကိုယ်ကတော့ အရိပ်တွေကိုလည်း မမြင်နိုင်တော့ဘူး။
မိုဃ်းရဲ့ရသကိုလည်း မရတော့ဘူး။

နိုင်တင်ဂေးရဲ့ ပရိဒေဝ တေးသွားတွေကိုတောင်
သူ–ဆိုလည်း ကိုယ်မကြားနိုင်တော့ဘူး။

နေဝင်ခြင်းလည်း မရှိ၊ နေထွက်ခြင်းလည်း မရှိ၊
အဲဒီလို ဆည်းဆာမှာ မက်တဲ့ အိပ်မက်တခုပေါ့။
ကိုယ် သတိရရင်လည်း ရနေဦးမယ်။
ပြီးတော့-မေ့ရင်လည်း မေ့သွားလိမ့်မယ်ကွယ်။
( တာရာမင်းဝေ)

PostHeaderIcon “နိုဘယ်လ်ဆုရှင် Mo Yan ပြောတဲ့ စကားများ”



 နိုဘယ်လ်ဆုရှင် Mo Yan ပြောတဲ့ စကားများ
*******
လူနှစ်မျိုးကို ကျွန်တော်လေးစားတယ်…
ငယ်ရွယ်ချိန်တုန်းက ယောက်ျားကို အဖော်ပြုပြီး ဘဝကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း
ဖြတ်ကျော်တဲ့ မိန်းမနဲ့…ချမ်းသာ ကြွယ်ဝလာချိန်မှာ မိန်းမကို အဖော်ပြုပြီး နေ့ရက်
ကောင်းတွေကို ဖြတ်ကျော်တဲ့ ယောက်ျားဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော်ဝေးဝေးရှောင်တယ်...
အခွင့်ကောင်းပြီဆို လက်ဝင်ပါတတ်တဲ့လူနဲ့
အခက်အခဲနဲ့ ကြုံပြီဆို ရှောင်ပုန်းတတ်တဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော် သတိရတယ်...
အခက်အခဲကြုံချိန် အချင်းချင်း ရိုင်းပင်းကူညီတဲ့ ချစ်သူနဲ့

အချင်းချင်းအပေါ် သစ္စာရှိ ရိုးသားတဲ့ သူငယ်ချင်း ဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော် ငြင်းဆန်တယ်...
အလုပ်နဲ့ပတ်သက်ပြီး ကိုယ်ကျင့်တရား ပျက်ပြားတဲ့လူနဲ့… အလုပ်လုပ်တဲ့အခါ
အမှန်တရား မရှိတဲ့လူ ဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော် တာဝန်ယူတယ်...
ကျွန်တော့်ကို မွေးတဲ့လူနဲ့ကျွန်တော်က မွေးတဲ့လူဖြစ်တယ်။

လူနှစ်မျိုးကို ကျွန်တော် တန်ဖိုးထားတယ်...
စိတ်ထဲကနေ ကျွန်တော့်ကို သတိရတဲ့လူနဲ့
ကျွန်တော့်ကို တကယ် သတိတရ ရှိတဲ့လူ ဖြစ်တယ်။

( Mo Yan )၂ဝ၁၂ခုနှစ် စာပေ နိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ
(နိုင်းနိုင်းစနေ )

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...