သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, November 4, 2011

PostHeaderIcon ဆရာတော်ကြီးများ၏ အဆုံးအမများ

မေတ္တာပန်းခိုင်
တဦးမေတ္တာ၊ တဦးမှာ၊ ရှည်ကြာ ရွံမမုန်း။
မွှေးကြိုင်ကြိုင်နှံ့၊ မေတ္တာနံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
တရားပျောက်ကွယ်၊ မေတ္တာပျယ်၊ ကြီးငယ်အများမုန်း။
 (သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး)
"မိတ်ကောင်း ဆွေကောင်း"
ရောဂါနှိပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါးသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
မင်းအိမ်တံခါး (တရားရုံး)၌ အမှုဆိုင်ရသောအခါ
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စ ကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်း ဆွေကောင်း မည်၏။
( လောကနီတိ ) 


“စိတ်ကိုပြုပြင် အလှဆင်”
နေထွက်နေ၀င် ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်၊
အနန္တငါး ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်၊
မျက်နှာသစ်လျှင် ရေကိုမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း ပျက်ယိုယွင်း၊ ရုပ်ဆင်း သတိထားပါ့မယ်၊
တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်၊
ပြိုင်မယ့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်တယ်၊
ယိုင်မဲ့အစား မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်၊
သဗ္ဗေသတ္တာ သူသူငါ၊ ကံသာမူလ ရှိကြတယ်၊
သံသရာနယ် ချာချာလည်၊ အတ္တပယ်မှ ငြိမ်းလိမ့်မယ်၊
စိတ်ကိုလဲပြင် ရုပ်လဲပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မယ်၊
ရုပ်ကိုသာပြင်၊ နာမ်မပြင်၊ ရုပ်သွင်မလှ၊ နာမ်မလှ၊
နာမ်ကိုသာပြင်၊ ရုပ်မပြင်၊ နာမ်စဉ်လဲလှ၊ ရုပ်လဲလှ၊
နာမ်ဓာတ်ပေါ်တွင်၊ ဉာဏ်ဓာတ်တင်၊ လိုလျှင်ခဏ၊နိဗ္ဗာန်ရ။
(မစိုးရိမ်ဆရာတော်ဘုရားကြီး)


စည်းစိမ်ဥစ္စာတွေ၊ အခြွေအရံတွေဆိုတာ ကံရဲ့ အကျိုးပေးတွေဗျ။ ကံတွေ မဟုတ်ဘူး။ ကံဆိုတာ ကိုယ်အားထုတ်တဲ့ ဒါန၊သီလ၊ ဘာဝနာတွေကို ခေါ်တာ။
(နတ်မောက်မြို့နယ်၊ ဥယျဉ်တောင်ကျောင်းဆရာတော်)
"တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့်၊ ပြောမပြချင်။ 
ကိုယ့်ကျောင်းနှင့် ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။ 
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ 
စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။ 
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော် သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊ 
သူတကာ ချမ်းသာလို့ ထင်မြင်ကြ။ 
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့၊ 
ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။"
(မင်းကွန်းဆရာတော် ဘုရားကြီး) 
“ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ကိုယ်လုပ်တာ ကိုယ်ရလိမ့်မယ်။ 
ထိမှု၊ သိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု။ မရှိတာထက် မသိတာ ခက်တယ်၊ 
မသိတာထက် မသိချင်တာ ပိုခက်တယ်၊ မသိလျှင် သိအောင်လုပ်ပါ။ 
မသိဘဲနဲ့ လက်ဆော့လျှင် ဆင်းရဲတတ်သည်၊ မသိဘဲနဲ့ ပါးစပ်ဆော့လျှင် ဆင်းရဲတတ်သည်၊ 
မသိဘဲနဲ့ စိတ်ဆော့လျှင် ဆင်းရဲတတ်သည်၊ မဆင်းရဲချင်လျှင် ငြိမ်ငြိမ်နေပြီး သိအောင်ကြိုးစား။ အရိယာတွေဖြစ်ဖို့ အများကြီး ကျန်သေးတယ်။”
(စွန်းလွန်း ဆရာတော်ဘုရားကြီး) 

"ငါတို့ ဖြစ်ရ၊ ဤလောက၀ယ်၊ ဘ၀သမိုင်း၊ မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ 
ဒို့ စွမ်းရာဖြင့်၊ ဒို့ သာသနာ၊ ဒို့ ပြည်ရွာကို၊ သာယာစေမှု၊ လုလ္လပြုအံ့။"
(သီတဂူဆရာတော် ဘုရားကြီး) 
"လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။ 
ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့် လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင့် လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။"
(ဖားအောက်တောရ ဆရာတော် ဘုရားကြီး) 

PostHeaderIcon ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ တရားတော်များမှ ကောက်နုတ်ချက်ဆောင်ပုဒ်များ

                                               တပိုင်းကြောင် ကျက်စာရရုံနဲ့..
ခက်ပါလှ သဘောဥာဏ်
တက်မာန အပြောသန်တယ်
ဒေါသမာန် ထူပွား။

စောဒက တုဖက်လာလျှင်
သူ့ထက်ငါ ငြင်းတဲ့ လူစား။

ဘုရားဟော မြတ်ဓမ္မခန်ကို
တတ်လေဟန် ယောင်ဝါး။

ပရမတ်ပြန် အကြောင်သမားတွေတို့
ထောင်လွှားကြ လူ့ဘောင်။

စောဒနာ ဉာဏ်အကောက်တွေနှင့်
ကန်အကြောက် အတင်းမရှောင်
ငြင်းကြ လူ့ဘောင်။

ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင် ဆင်းရလိမ့် လေး...။ 

“ဗိုလ်ကုန်းဆရာတော်ရေ .. တပည့်တော်နဲ့ တကွ သတ္တဝါတွေဟာ ကိုယ့်အသိလေးကို တယ်ပြီး ထင်တတ်ကြတယ်။ ကိုယ့်အမှား သိတဲ့နေ့ဟာ တိုးတက်ကြီးပွားဖို့ စတဲ့နေ့ပဲ”

“စာချဘုန်းကြီး ဘဝတုန်းက အနက်အဓိပ္ပာယ် သိနေတဲ့ နမောတဿ ဟာ သစ်ပင်အောက် ရောက်တဲ့အခါမှာ ရယ်စရာဖြစ်နေတယ်။ ဟိုတုန်းက အနက်ထင်ကြတာက အလုပ်ဖြစ်အောင် ထင်တာမဟုတ်ဘူး၊ ဟောပြောပို့ချလို့ ရရုံလေးပဲ၊ ဆားဟာ ငန်တဲ့အရာလို့ ပြောလို့ ရရုံပဲ။ ပူငန်၊
အေးငန်၊ ချိုငန်၊ ခါးငန်၊ ပေါ့ငန်၊ လေးငန် ဆိုတာတွေ ဘာမှ မသိဘူး”(လယ်တီဆရာတော်)


   သာသနာ နောက်ဖျား
ပေါက်ဖွားကြ ဆူဆူ
ယောက်ျားပ ငါလိုလူ..
ဇမ္ဗူမှာ ရှာစမ်း.။

အားလုံ့လ အလံထူ
စံမတူ ထိုးတော့ ဥဒါန်း။

လောကီမှု ပဒေသာ
ထွေတလာ ဉာဏ်ဆန်း။

ကေသရာ ဥာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို အပြီးတိုင်။

ဝသီဘော် အစုံငါး..
အကုန်သား.. စိုးရပိုင်နိုင်။

ဗြဟ္မာ့အောက်ထက် မိုးခရိုင်မှာ
တန်ခိုးမြိုင်မြိုင် အောင်လံစိုက်လို့
စံလိုက်မယ့်ပ အကျော်
ငြီးဘူး ပျော်ပျော်.။

မိတေးသခင့် အောင်ပွဲတော်မှာ
နောင်ရဲအမော် လုပ်စမ်းမယ်ပ.. လေး။
(လယ်တီးဆရာတော်)

PostHeaderIcon ပညာရှိဆရာတော်ကြီးများ၏ အဆုံးအမများ...




သာသနာပြုလျှင်
ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားစေချင်ရင်
သူ့ဝါဒ သူ့ဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး


ဝေဖန်ရေး
ဝေဖန်ရေးဆိုတာ အမှားကို ထောက်ပြတတ်ရုံနဲ့ မပြီးဘူး။
အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တာ။
ဗုဒ္ဓ၀ါဒ ဒီနေ့အထိ အသက်ရှင်နေတာဟာ ဒီလို အသက်ဝင်နေလို့ပေါ့။
                                             (ကမ္ဘာ့သာသနာပြု  အဘိဓဇမဟာရဋ္ဌဂုရု
                                             အရှင်သေဋ္ဌိလ)

အပြောနဲ့အလုပ်
အပြောဆိုတာ အလုပ်နဲ့ ညီညွတ်ပြီး အသိနဲ့ ကွဲရတယ်။
အလုပ်ကျတော့ အပြောနဲ့ကော၊ အသိနဲ့ကော ကိုက်ညီရတယ်။
  
                                                    (တောရဆရာတော်ကြီး)


ပညတ်နဲ့ ပရမတ်
ပရမတ်အစစ် မပေါက်ပဲ၊ ပညတ်ကို ဖျောက်ရင်
ခွေးရူးထက် ကြောက်စရာကောင်းတယ်။

                                      (နတ်မှီတောရဆရာတော်)

ရွှေဥမင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏ သြဝါဒ

မီးလွတ်စားတယ် ဆိုသည်မှာ
လောဘမီး ဒေါသမီး မောဟမီး ဆိုတဲ့ မီးတွေလွတ်အောင်
စားနိုင်မှ မီးလွတ်ပါတယ်..။
သစ်သီးသစ်ဖုတွေ စားရုံနဲ့ မီးမလွတ်ဘူးနော်..။

အရူး မီးဝိုင်း
လောဘမီး ၊ဒေါသမီး၊ သောက ပရိဒေဝမီး
ဆိုတဲ့ မီး ၁၁ပါး ဝိုင်းအလောင် ခံနေရတာ။(လူတိုင်း)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...