သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Friday, May 31, 2013

PostHeaderIcon သူတပါး မထိခိုက်စေနဲ့


Thursday, May 30, 2013

PostHeaderIcon သြဝါဒ


PostHeaderIcon “ကြောက်၍ပင် တောထဲ၌ နေပါသည်“

ရွှေဥမင်နှင့် တောင်ဖီလာ ပုဂ္ဂိုလ်ကျော်   
အင်းဝခေတ်စာမျက်နှာတွေကို လှန်လိုက်ရင် လုံးဝချန်လှပ်လို့မရတဲ့ ရွှေစကားနှစ်ခွန်းရှိပါ
တယ်။ အဲဒါတွေကတော့ တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင် ဆရာတော်တို့ရဲ့ စကားနှစ်
ခွန်းပါ။ ဒီစကားနှစ်ခွန်းရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်တော့....။
တောင်ဖီလာဆရာတော်နဲ့ ရွှေဥမင်ဆရာတော်ဆိုတာ အင်းဝခေတ် သာလွန်မင်းတရား လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်တွေပါ။ အဲဒီခေတ်ကာလက ပစ္စုပ္ပန်အနေအထား အရ တောင်ဖီလာဆရာတော်က မြို့မှာ သီတင်းသုံးတဲ့ဆရာတေ်။ မင်းကိုးကွယ်တဲ့ ဆရာ
တော်၊ ရွှေဥမင်ဆရာတော်က တောထဲမှာ ကပ္ပိသူတော်တယောက် ကိုသာ အဖော်ပြုပြီး 
သတင်းသုံးနေတဲ့ ဆရာတော်။ ဒါပေမယ့် ဆရာတော်နှစ်ပါးလုံး ပါရမီဗီဇ အခံတွေ တူနေကြ
တော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းနှစ်စုံဟာ တခုတည်းသော ပန်းတိုင်ဆီကိုသာ ဦးတည်
နေပါတယ်။ ဦးတည်ချက် ပန်းတိုင်မှန်ရင် လုပ်ဆောင်ချက်လဲ မှန်ကြတာ လောကဓမ္မတာပါ။

တနေ့မှာ (သက္ကရာဇ်အားဖြင့် တထောင်ပြည့်နှစ်တွင်) သာလွန်မင်းတရားဆီကို နှစ်ပေါင်း
များစွာ ပျောက်ကွယ်နေတဲ့ မန်းစက်တော်ရာ နှစ်ဆူကို ရှာဖွေပေးဖို့ စာသွင်းလျှောက်ထား
ကြပါတယ်။ မင်းကြီးလဲ သဘောကျတာနဲ့ ကြည်ညိုရင်းစွဲရှိတဲ့ တောင်ဖီလာဆရာတော်အပါ
အ၀င် အနန္တဓဇဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊ တိလောကာလင်္ကာရ ဆရာတော်
လေးပါးနှင့်အတူ မန်းစက်တော်ရာ နှစ်ဆူရှာဖို့ အင်းဝနေပြည်တော်ကနေ မင်းဘူးကိုကြွခဲ့ကြ
ပါတယ်။ ဒီလိုနဲ့ တတောဝင် တတောင်ထွက် ရှာလိုက်ကြတာ တတောဝင် တတောင်ထွက် 
သက်တုံ တက်တုံနဲ့ ရက်တွေလဲ ကုန်လွန်နေပါပြီ။ ဘာသဲလွန်စမှ မရဘူးဖြစ်နေပါတယ်။ ရှာ
လိုက်နားလိုက် စက်တော်ရာအနီး မရှက်ရွာရောက်တော့ အနားယူရင်းက တညတာ နားနေ
ကျိန်းစက်ဖို့ စီစဉ်ကြပါတယ်။

အဲဒီညမှာပဲ တောင်ဖီလာဆရာတော် အိပ်မက် မြင်မက်တော်မူပါတယ်။ အိပ်မက်ထဲမှာ
လူတယောက်က ခွေးနက်ကြီးတကောင်နဲ့ ဆရာတော်ထံကို လာပြီး “ဘုန်းကြီးတို့ လာကြ
သည်မှာ အန္တရာယ်ကြီးလှပါသည်။ တောလည်းနက် သားရဲတိရစ္ဆာန်လဲ ထူပြောလှပါတယ်။
အဘယ်ကြောင့် ကြွလာရသနည်း “ လို့မေးပါတယ်။ ဆရာတော်ကလဲ “ရှေးမင်းတို့ သွား
ရောက် ပူဇော်လေ့ရှိတဲ့ စက်တော်ရာ နှစ်ဆူရှိကြောင်း၊ စာပေမှာ ရာဇ၀င်ကြောင်းရှိ၍ ရှာ
ဖွေရန် ကြွလာကြကြောင်း” ပြန်အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ခွေးနက်ကြီးနဲ့လူက “ဤသို့ ဆိုလျှင် ခွေးနက်ကြီးဝင်ရာ တောသို့ နောက်ကလိုက်လျှင် တွေ့ပါလိမ့်မည်”လို့ ပြန်လျှောက်
ပါတယ်။ စကားဆုံးတော့ ဆရာတော်လည်း တခါတည်း နိုးသွားပါတယ်။ အဖော်သုံးပါးကို
လည်း အိပ်မက်အကြောင်းပြောပြရာ ဗာရာဏသီပြည် သာသနာညှိုးနွမ်းချိန်တွင် ဝိသကြုံ
နတ်သားက ခွေးနက်ယောင်ဆောင်၍ ဆင်ခြင်တောမူလျှက် နောက်တနေ့ မနက်မိုးလင်း
တော့ အိမ်မက်အတိုင်းလိုက်ရှာကြပါတယ်။
ခွေးနက်ကြီးတကောင်က ဆရာတော်တို့ရဲ့ရှေ့က သွားနေတာကို မြင်တာနဲ့ ခွေးနက်ကြီး
နောက်လိုက်ခဲ့ကြရာ စက်တော်ရာနေရာရောက်တော့ ပျောက်သွားပါတယ်။ မန်းချောင်း
နဖူးအရောက်မှာ နတ်ဘီလူးတယောက်က ကိုယ်ထင်ရှားပြပြီး မေးမြန်းပြောဆိုပြီး၍ စက်
တော်ရာနှစ်ဆူကို လိုက်လံ ညွှန်ပြပါတယ်။

တောင်ဖီလာဆရာတော်တို့လည်း စက်တော်ရာနှစ်ဆူတွေ့ပြီဆိုတော့ တောင်ပေါ်မှာပဲ
ကျိန်းစက်ကြပါတယ်။ တောင်ဖီလာဆရာတော်ကတော့ ပဋ္ဌာန်းဒေသနာနဲ့ ရွတ်ဖတ်ပြီး 
ပူဇော်ရာ နတ်များ တရားနာ လာကြသည်။ အနီးရှိ နတ်ကြီးအား "အသင် မည်သူနည်း'
''သောတာပန် နတ်ကြီးပါ" ဟု လျှောက်၏။ ''ဘုရားရှင်ကို မီသလား"မေးရာ "မီပါသည်"
ဟု ဆို၍ "ငါရွတ်သော ပဌာန်းသည် ဘုရားဟောနှင့် ညီညွတ်၏လော'' ဟု မေးတော်မူ
သည်။ " ပုပ်လှသော ငါးပိကို ဖက်နှင့် အထပ်ထပ် ထုတ်လျှင် အပေါ်ဆုံး ဖက်နံ့နှင့် တူပေ
၏''ဟု လျှောက်၍ " သင့်ကိုသင် သောတာပန် ဆိုပြီးတကား သင့်နှုတ်ထွက် ယုတ်ညံ့လှ၏၊
ငါရွတ်သော ပဌာန်းသည် ဘုရားဟောနှင့် ညီ၏။ ငါ့စကား မမှန်လျှင် ငါ့ဦးခေါင်းထက် မိုးကြိုး
စက်သွား ရောက်စေသတည်း'' အဓိဋ္ဌာန်တော်မူ၏။ ထိုအခါ နတ်က..
"ကျွန်ုပ်လည်း သောတာပန်နတ် ဟုတ်ပါသည်၊ ဘုန်းကြီးရဲ့ပဌာန်းဒေသနာလည်း ဘုရား
ဟောနဲ့ ညီပါသည်။ မဆုတ်မနစ် အားထုတ်စေလိုသော ဆန္ဒဖြင့် လျှောက်မိသည်ကို ခွင့်
လွှတ်ပါဘိ'' ဟု လျှောက်၍ ပျောက်ကွယ်သွားလေသည်။

ထို့နောက် ဆရာတော်က စက်တော်ရာကို ပံ့သကူသင်္ကန်းနဲ့ လွှမ်းအုပ်ပြီး “ငါသည် ဘုရားဖြစ်
မည် ဧကန်မှန်လျှင် ဤသင်္ကန်း၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏများ ထင်စေသတည်း” ဆိုပြီး အဓိဋ္ဌာန်လိုက်၏။ သင်္ကန်းတော်ဟာ ကြိုးကြာရုပ်ကဲ့သို့ ကုန်းကွထလာသည်ကို မြင်ရ၏။ ကြိုး
လည်းကြိုးစား ကြာလည်းကြာဦးမယ်ဆိုတဲ့ အမှန်နိမိတ်ဖတ်တော်မူ၏။ စက်တော်ရာ နှစ်ဆူကို
ချည်မျှင်ဖြင့် တိုက်တာ၍ ယူလာပြီးလျှင် ဘုရင်အား ကိုးကွယ်စေသည်။

(ဒါကတော့ စက်တော်ရာနဲ့ တောင်ဖီလာဆရာတော်ရဲ့ ကျေးဇူးရယ်၊ မြန်မာပြည်သား ဘုရား
ဆုပန် ဆရာတော်တပါးရဲ့ ပုံရိပ်တစိတ်တဒေသရယ်ကို ကြည်ညိုစေချင်သိစေချင်လို့ပါ။)

တောင်ဖီလာဆရာတော်ဟာ စက်တော်ရာကအပြန် ရွှေဥမင်ဆရာတော်ထံ ဝင်ရောက်ဖူး
တွေ့ပုံမှာ ရာဇဝင်တွင်မယ့် စကားနှစ်ခွန်း ကျန်ရစ်စေခဲ့ပါသည်။

ရွှေဥမင်ဆရာတော်သည်  ပခန်းကြီးမြို့၌ လူသူတော် ကပ္ပိယတဦးနှင့်သာ နေတော်မူလေ့
ရှိသည်။ ရွှေဥမင်ကား မြို့မြောက်ဘက်၌ ရှိသည်။ သာလွန်မင်းတရား လက်ထက် ပခန်းသာ
ဂရ ဝါကျဥမင်ဝယ် သီတင်းသုံးနေသော ဇမ္ဗုဓဇအမည်တော်ရှိသော ဝိနည်းငါးကျမ်း ပါဠိအ
ဋ္ဌကတာ နိဿယ စီရင်သော ရွှေဥမင် ဆရာတော်ဘုရားထံ သာလွန်မင်းတရားဆရာတော်
တောင်ဖီလာကျော်ဘုရားသည် ရွှေဥမင်ဆရာတော်ကို ဖူးရုံသက်သက်မဟုတ်ပဲ အခြား
ရည်ရွယ်ချက်တခုလည်းရှိသည်။ အဲဒါကတော့ မိမိရေးသားပြုစုထားတဲ့ ၀ိနည်းငါးကျမ်း
ပါဠိအဋ္ဌကထာ နိဿယနဲ့၊ ရွှေဥမင်ဆရာတော် စီရင်ပြုစုရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဌကထာနိဿယတို့ကို တိုက်ဆိုင်ကြည့်ချင်လို့ပဲဖြစ်သည်။

မင်းဆရာတော် ကြွလာတယ်ဆိုတော့ သိတဲ့အတိုင်းပါပဲ။ နောက်ကခြွေရံပရိသတ်တွေ လှူဖွယ်ပစ္စည်းဝတ္တုတွေ အပြည့်ပါပဲ။ ရွှေဥမင်ဆရာတော်က အလုပ်အကျွေး ကပ္ပိယ လူ သူတော်တယောက်ပဲရှိပါတယ်။ ဘာအသုံးအဆောင် ပစ္စည်းဝတ္တုမှလည်း မရှိပါဘူး။
ပစ္စည်းဝတ္တု ဘယ်လောက်ခေါင်းပါးသလဲဆိုရင် မင်းဆရာနဲ့ ပရိသတ်အတွက် နေရာ
ထိုင်ခင်း ပေးစရာမရှိလို့ သားရေနွယ် (စမ္ပခဏ်)အခင်လေးကို ဖုန်ခါပြီးနေရာထိုင်ခင်းပေး
ရတာပါ။ အဲဒီလောက်အထိ ပစ္စည်းဝတ္တုတွေ ခေါင်းပါးတာပါ။

ပညာရှိနှစ်ပါး ချစ်ခင်ရင်းနှီးစွာ (သာရဏီယ) အောက်မေ့ဖွယ် နှုတ်ဆက်စကားများ ပြော
ဆိုကြပြီး  ရွှေဥမင်ဆရာတော်ရဲ့ လက်ရှိအနေအထားအရ တောထဲမှာ ပရိသတ်မရှိတဲ့
အတွက် ပစ္စည်းဝတ္တု ခေါင်းပါးပုံကို ကြည့်ပြီး တောင်ဖီလာဆရာတော်က...
 “အရှင်ဘုရား တောထဲ၌ ပရိသတ်အခြွေအရံနည်းသည်၊ ကြောက်တော်မမူလော့” လို့
မေးလျှောက်လာသည်ကို ...
ရွှေဥမင်ဆရာတော်က “ကြောက်၍ပင် တောထဲ၌ ပရိသတ်အနည်းနှင့် နေပါသည်” လို့ 
ပြန်မိန့်လျှောက်ပါတယ်။
မထင်မှတ်တဲ့စကားကို ကြားလိုက်ရတော့ တောင်ဖီလာဆရာတော်က တော်တော်လေးကို တုန်လှုပ်သွားပါတယ်။ ပါရမီအခြေခံရှိပြီးသားဆိုတော့ ဒီစကားနဲ့ တန်ပြန်အတွေးတခု ၀င်
လာပါတယ်။ အဲဒါကတော့ “သြော် ငါကတော့ မကြောက်တတ်သူ ဖြစ်ခဲ့ပြီ” ဆိုတဲ့ တန်ပြန် အတွေးက နှလုံးသားထဲ သိလာခဲ့သည်။
ယင်းနောက် တောင်ဖီလာဆရာတော်က သူ့မှာပါလာတဲ့ လက်ဆောင်ပစ္စည်းတွေထဲက နှစ်
ထပ်သင်္ကန်းကြီးကို ကိုယ်တိုင် ကိုင်ပြီး “သင်္ကန်းပါဘုရား.. အရှင်မဟာကဿပကို ဘုရားရှင်
ကပ်လှူသော (ဒုကုဋ်) နှစ်ထပ်သင်္ကန်းကြီးကဲ့သို့ မွန်မြတ်သော မင်းဧကရာဇ်လှူ၍ ရသော 
ပစ္စည်းပါဘုရား။ သံသရာကို ချီးမြှောက်သဖြင့် သုံးဆောင်တော်မူပါလို့” ပြောဆိုပြီး လှူဒါန်း သည်ကို  ရွှေဥမင်ဆရာတော်ကလည်း ကိုယ်တိုင်လက်နှစ်ဖက်နဲ့ ခံယူပြီး သင်္ကန်းကို အောက်
မချသေးပဲ သင်္ကန်းကို အပေါ်မြှောက်လိုက်ပြီး “သာဓု၊ သာဓု၊ ဤသင်္ကန်းကို ရွှေစည်းခုံဘုရား
အား လှူပါ၏” လို့ဆိုပြီး အောက်ချထားလိုက်သည်။ နောက်တောင်ဖီလာ ဆရာတော်က ပါ
လာတဲ့ ပစ္စည်းများကို တခုချင်း လှူပါတယ်။ ပစ္စည်းတခု လှူတိုင်း ရွှေဥမင်ဆရာတော်က “ဤပစ္စည်းကို ရွှေစည်းခုံဘုရားအား လှူဒါန်းပါ၏” လို့ပဲ ဆိုပြီး ဘေးကို ချထားလိုက်ပါတယ်။
“ရွှေဥမင်ဆရာတော်ရဲ့ အပြုအမူကိုကြည့်ပြီး တောင်ဖီလာဆရာတော်က ဒီလိုတွေးပါတယ်။
’သြော် .. ငါ့ကား မင်းဆရာဖြစ်၍ ငါ့ပစ္စည်းဝတ္တုတို့၌ ရွံရှာသဖြင့် (ဝိနည်းသံသယရှိ၍) ဤသို့
ပြုချေသည်”ဟု နှလုံး ပိုက်တော်မူသည်။ စိတ်ခုခြင်းတော့ မရှိပေ။

 ရွှေဥမင် ဆရာတော်၏ တုန့်ပြန် ပူဇော်မှု
“ရွှေဥမင်ဆရာတော်ရဲ့ သဘောကတော့ ထိုသို့မဟုတ်ပေ။ ရွှေဥမင်ဆရာတော်ရဲ့သဘော
က “ဤအရှင်မြတ်သည် မင်းဧကရာဇ် ဆရာတော်ဖြစ်လျှက် ကိုယ်တိုင် ငါ့ထံသို့ လာရောက်၍ ပူဇော်သက္ကာရများနှင့် ငါ့အားပူဇော်ပေသည်။ ငါကား သူကဲ့သိုပူဇော်ရန် ပစ္စည်းဝတ္တုမရှိသော
ကြောင့် သူ့အားပူဇော်မရ။ ထိုအရှင်မြတ်အား ပစ္စည်းပရိသတ်ခြွေရံတို့ကို စွန့်၍ တော၌နေစေ
တော်မူခြင်း အကျိုးငှာ (အနုသာသနီ) မြတ်သော ဆုံးမစကားဖြင့် ပူဇော်အံ့။ နောက်တခုက အလွန်ရခဲ့လှစွာသော ရဟန်းအဖြစ်ကို ရပါလျှက် မင်းဆရာတော်အခေါ်ခံ၍ နေခြင်းသည် အ
ကျိုးမရှိ၊ အကျိုးရှိရာကို ရှာစေအံ့” အဲဒီလို နှလုံးသွင်းနဲ့ ပြုမူပြောဆိုခဲ့ခြင်းဖြစ်သည်။
(မြင့်မြတ်သော တုန့်ပြန်မှုပင်တည်း။)
 ထို့နောက်တော့ တောင်ဖီလာဆရာတော်က မိမိရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဋ္ဌ
ကထာနိဿယနဲ့ ရွှေဥမင်ဆရာတော် ရေးသားထားတဲ့ ၀ိနည်းငါးကျမ်း ပါဠိအဋ္ဌကထာနိဿ
ယကို တိုက်ဆိုင်ကြည်လိုကြောင်း လျှောက်ထားပါတယ်။ ရွှေဥမင်ဆရာတော်ကလည်း မိမိ
ရေးသားထားတဲ့ ပါဠိအဋ္ဌကထာနိဿယကို ချက်ချင်းပဲ ထုတ်ပြပါတယ်။ တောင်ဖီလာ ဆရာ
တော်က ရွှေဥမင်ဆရာတော်ရဲ့ နိဿယကို စိတ်ကျေနပ်သည်အထိ ကြည့်ရှုပြီးတော့ ....
“ငါရေးသားသည့် နိဿယသည် ကျယ်လွန်းသည်၊ ရွှေဥမင်ဆရာတော် နိဿယသည် ကျဉ်း သည်၊ ရွှေဥမင်ဆရာတော်နိဿယသည်ပင် နောင်စာသင်သားတို့အတွက် အားကိုးရာဖြစ်
လောက်ပြီ၊ နှစ်နည်းရှိသဖြင့် လောက၀ယ် ဘုရားနှစ်ဆူ ပွင့်သော် သတ္တ၀ါတို့၌ သူ့ဘုရား
သာသည် ငါ့ဘုရားသာသည် အငြင်းခုံသာဖြစ်၍ အကျိုးမရှိသကဲ့သို့ ရှိပေတော့မည်” အဲဒီ
လို နှလုံးပိုက်ပြီး မိမိကိုယ်တိုင်ရေသားထားတဲ့ နိဿယတွေကို ရွှေစည်းခုံစေတီရင်ပြင်
မှာ မီးပူဇော်လိုက်ပါတယ်။ ပြီးမှ ပြန်ကြွသွားပါတယ်။

ရှေးရှေးဆရာတော်ကြီးတွေဟာ ဘာစာမူခ ဘာလာဘသက္ကာရမှ မျှော်လင့်ချက်မထားဘဲ ကျမ်းပေါင်းများစွာကို တကယ့်သဒ္ဓါနှလုံးသားစစ်စစ်နဲ့ ရေးသွားတာပါ။ အဲဒီခေတ်ကာလက
 ဘောလ်ပင်တွေ၊ စာရွက်တွေ၊ လျှပ်စစ်မီးတွေမပေါ်သေးတော့ ပေရွက်မှာ ကညစ်တံနဲ့
မီးခွက်ထွန်းပြီး ခဲရာခဲဆစ်ရေးခဲ့ကြရတာပါ။ ဒါတင်မကသေးဘဲ ကျမ်းချင်းတူလို့ ကိုယ်ရဲ့
ကျမ်းစာက အားနည်းချက်ရှိနေရင်လည်း မီးပူဇော်ပစ်ဖို့ ၀န်မလေးကြပါဘူး။ ဒါတွေကတော့
စာရေးတဲ့ အခါတိုင်း တွေးရမယ့်အတွေးတွေလို့ နားလည်ထားမိပါတယ်။

အလုပ်အကျွေး ကပ္ပိယသူတော်က သူ့ဆရာတော်ရဲ့ အပြုအမူတွေကို အားမလို အားမရဖြစ်
နေဟန်တူပါတယ်။ ဒါကြောင့် တောင်ဖီလာဆရာတော်ပြန်ကြွသွားတော့ ရွှေဥမင်ဆရာတော်
 အနားကပ်ပြီး ဘုန်းကြိးတို့ ၀ိနည်းမှာ သဒ္ဓါ၍ လှူသောပစ္စည်းကို မသုံးဆောင်ဘဲ သူတပါးကို မပေးအပ်၊ ပေးသော်သူ့သဒ္ဓါတရားကို ဖျက်ဆီးသည်မည်ရကား သဒ္ဓါဒေယျဝိနိပါတဒုက္ကဋ်အာ
ပါတ်သင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် မင်းဆရာ ကိုယ်တိုင်လာ၍ လှူသည့်ပစ္စည်း
ကို အားပါးမနာ သူရှေ့တွင် ရွှေစည်းခုံကို လှူဘိသနည်း။ မသင့်လော့၊ မငဲ့ညှာရာ မရောက်သ
လောလို့ အပြစ်တင်ဟန်နဲ့ လျှောက်ပါတယ်။ 
ဒီတော့ ရွှေဥမင်ဆရာတော်က “သူတော် ငါစောင့်၏။ သူတော့် ဆရာတော်ကို ငါဆုံးမလိုက်
သည်။ ဒီက အပြန် စစ်ကိုင်းလေးထပ်ကြီး သူနေသောကျောင်းတော်ကို သူတော့်ဆရာတော် ဝင်ဝံ့ပေလျှင် လောက၀ယ် အာဂယောက်ျားပဲ” လို့ ပြန်အမိန့်ရှိလိုက်ပါတယ်။
မကြာခင်မှာ ရွှေဥမင်ဆရာတော်နဲ့ ကပ္ပိယသူတော်ထံကို သတင်းရောက်လာပါတယ်။ အဲဒါ
ကတော့“တောင်ဖီလာဆရာတော် ရွှေဥမင်ဆရာတော်ဆီကအပြန် မြို့နေ မင်းဆရာအဖြစ်
ကို ရှက်ရွံ့လို့  စစ်ကိုင်းတောင် မင်းဝံတောင်ရိုး အရှေ့ချောက်ကြား တောင်ဖီလာတောရမှာ
အရညကင် တောရဆောက်တည်သွားကြောင်း” ဆိုတာပါပဲ။ 
ရွှေဥမင် ဆရာတော်တို့ ဆရာတပည့်အဖြစ်ကိုဖြင့် ပုံဖော်တွေးလိုက်ရင် ခေါင်းတညိတ်ညိတ်
ဖြစ်နေမလား? ကြည်နူးတဲ့ အပြုံးနဲ့ တဦးနဲ့တဦး ကြည့်နေကြမလား ဆိုတာပါပဲ...။

    ဓမ္မာစရိယ ဦးဌေးလှိုင်၊ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများမှ.... ထုတ်ယူသည်( နွေနှင်းမိုး)
(သက်တော် ၆၀.ပြည့်၊ သက္ကရာဇ် တထောင်ပြည့်၊ တပေါင်းလပြည့်ဖြစ်သည်။)
Wednesday, May 29, 2013

PostHeaderIcon တောင်ဖီလာဆရာတော်၏ သီလဂုဏ်


"တောင်ဖီလာဆရာတော်၏ သီလဂုဏ်"


တောင်ဖီလာတောရ၌ ဆရာတော်သီတင်းသုံးတော်မူစဉ် ကြုံတွေ့ရသော အဖြစ်အပျက်တခု

သည် မယုံကြည်နိုင်လောက်အောင် အံ့ဖွယ်သူရဲဖြစ်ခဲ့၏။ လောက၌ မည်သည့်အလုပ် မဆို
မမျှော်လင့်သော အခက်အခဲများ ပေါ်ပေါက်လာတတ်၏။ ထိုအခက်အခဲများသည် "ညောင်
ရေအိုးမှ မီး ထတောက်''ဟူသကဲ့သို့ မည်သို့မျှ မည်သို့မျှ ဖြစ်လာလိမ့်မည်ဟု မထင် စ
ကောင်းသော ဌာနကလည်း ထွက်လာတတ်ပေ၏။
ဆရာတော် တောရထွက်၍ မကြာမီပင် မမျှော်လင့်သော အခက်အခဲတခုသည် မထင်စ
ကောင်းသော ဌာနမှ ထွက်ပေါ်လာခဲ့သည်ကို ရင်ဆိုင်ရ၏။
စစ်ကိုင်း အင်းဝ ပင်းယ တကြောတွင် ထိုအချိန်က မိုးလွန်စွာ ခေါင်ခဲ့၏။ တတိုင်းတပြည်လုံး
ရိရှား ငတ်မွတ်ကြ၏။ မတရားမှုများ ပွားစီး၏။ အချိန်အခါမဲ့ မသွားဝံ့ကြ။

တခုသော နေဝင်ဖြိုးဖျ အကာလ အချိန်မဲ့တွင်မှ ဆံပင်ဖားလျား အ၀တ်အစား အစုတ်အပြတ်
နှင့် ဒကာမကလေးတယောက် တောင်ဖီလာတောရကျောင်းဆီသို့  အမောတကော ပြေး
လာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အ၀တ်အစားသည် တခြားစီဖြစ်နေ၏။
ဆရာတော်သည် တောင်ကျရေ ခံရန် တူးထားသော ကန်အနီး လမ်းလျှောက်နေရာမှ ဘုရား

ဝတ်ပြုရန် ဟန်ပြင်ခိုက် "ကယ်တော်မူပါ ဆရာတော်ဘုရား" အသံနှင့် ဖက်တော့ မယောင်
 ပြေးဝင်လာ၏။ နေ၀င်သွားသော်လည်း လရောင်ကလေးရှိနေ၍ ဒကာမရုပ်သွင်ကို ပြဲ့ပြဲ့ ထင်ထင် မြင်နေရ၏။ "အင်း...ဒုက္ခပါတကား" ဟု ဆရာတော်ညည်းတွားခိုက် 
"တပည့်တော်မ လမ်းခရီးကြားမှာ ဒုက္ခတွေလာ၍ ဆရာတော်ကျောင်းမှာ နေပါရစေဘုရား"
ဟု ငို၍ လျှောက်၏။ ဆရာတော်မှာ ဒုက္ခသည်အား ညအခါ တောတောင်ကြီး အတွင်း နှင်
လွှတ်ရအခက် လက်ခံရအခက် ဖြစ်နေသည်။

"ဘုန်းကြီးကျောင်းမှာ ဒကာမနေ၍ ဘယ်မှာ ဖြစ်မည်လဲ" ဟု နှုတ်ကပင် ထွက်လိုက်ရ

သော်လည်း လုံးဝရှောင်၍ မရနိုင်သည်ကိုကား သိနေသဖြင့် အကြံရခက်နေလေသည်။
"တညတာပါဘုရား" ဟူသော ဒကာမကလေး၏ အသံမှာ မျက်ရည်နှင့်အတူ အားကိုးလွန်း

သော အမူအရာကို ဆောင်နေပြန်၏။

ဆရာတော်သည် အတန်ကြာ စကားဆိတ်၍ သက်ပြင်းချကာ စဉ်းစားပြီးနေ၏။ အကြံတခု

ရကာ စိတ်သက်သာသွားသော အမူအရာဖြင့် ကျောင်းအပြင်ဘက် စင်္ကြန်၌အိပ်ရန် ခွင့်ပြု
ရလေတော့သည်။ ဆရာတော်ကား နေရာပေး ညွှန်ပြီးနောက် တောင်ဖီလာစေတီရင်ပြင်
တွင် ဘုရားဝတ်ပြု၍ တောင်စောင့်နတ်တို့ အား အမျှဝေ မေတ္တာပို့ နေလေတော့သည်။

ကျောင်းငယ်သို့  မပြန်လည်းခက် ပြန်လည်းခက်ဖြစ်နေ၍ နောက်ဆုံး ကျောင်းကလေးသို့ 

ပြန်ကြွကာ "ဒကာမ အဲဒီမှာ အိပ်လေ" ဟု တုံးတိတိ ပြောဆိုကာ တံခါးမင်းတုပ်ကို ချ၍ 
ကျောင်းကလေး အတွင်း၌ ကမ္မဋ္ဌာန်းဘာဝနာပွားလေ၏။ ဤညတွင် လုံးဝ မအိပ်စက်မိ
စေရန် သတိကို ဆောင်ထားရ၏။
ဝိနည်းတော်က-"တမိုးတရံတည်း၌ ဒကာမနှင့် (လူ သာမဏေနှင့်)အတူ မအိပ်ကောင်း"။

"သင်လာ၍ ငါညလုံးပေါက် တရားရှုရပေသည်"ဟု ဖြေဆည်အားတင်းလျက် အကျိုးကို

သာ ရှုမြင်၍ တညလုံး တရားရှုမှတ်ရန် ပြင်ဆင်ရ၏။ ဆရာတော်တရားရှုမှတ်၍ သမာဓိ
ရစ အချိန်မှာပင် တံခါးကို လက်ဝါးနှင့်ပုတ်သံ ကြားရ၏။
ဒကာမကလေးမှာ ကြောက်လွန်း ချမ်းလွန်း၍ ကျောင်းထဲသို့ အိပ်ခွင့်ပြုရန် ခိုက်ခိုက်တုန်

သောအသံဖြင့် အသနားခံလာ၏။ အမျိုးမျိုးစဉ်းစားသော်လည်း သတ္တ၀ါနှင့် ကရုဏာစိတ်
တို့သည် အလေးချိန် လျှာညီနေ၍ အိပ်ခွင့်ပြုရပြန်လေသည်။
ဆရာတော်ကား ကျောင်းအပြင်ဘက် စင်္ကြန်သို့ ထွက် တရားထိုင်ရလေ၏။

မကြာမီ မအိပ်ဝံ့ဆို၍ အထဲသို့  ပြန်ဝင်လာရပြန်၏။
"နင် အဲဒီမှာနေ .. နောက်ထပ် လျှာမရှည်နှင့်" ဟုလည်း ထောင့်ချိုးတွင် နေရာချရင်း
အသံမာဖြင့် မိန့်တော်မူ၏။ ဒကာမကလေးကား စုပ်ပြဲနေသော အကျီင်္နှင့် ရင်ကွဲထမီ

ကလေးကို ဟိုလှည့်သည်လှည့် ဖုံးဖိရင်း ကျောင်းကလေးထောင့်ကွေး၌ ကုပ်၍နေရ
ရှာ၏။
ဆရာတော်ကား မျက်နှာလွှဲကာ ကျောပေးနေရာယူ၍ ထွက်လေ၀င်လေကိုသာ ပွတ်

ကြိုးဆွဲသကဲ့သို့  ရှုနေရ၏။ တုံးလုံးလှဲခြင်း လမ်းလျှောက်ခြင်း ပြုလိုသော်လည်း မျက်စိ
ကို စုံမှိတ်ကာ ကြိတ်၍ ထိုင်နေတော်မူရ၏။ သတိရသမျှ သံဝေဂဖြစ်ဖွယ်၊ အသုဘဖြစ်
ဖွယ်များကို နှလုံးသွင်း ရှုမှတ်နေ၏။ ဣသိသိင်္ဂရသေ့ကလေး အကြောင်းက ရုတ်တရက်
ဝင်လာသဖြင့်"ငါကား ဘုရားရှင် တပည့်သား၊ ၆၀ ကျော်၊ သေလုပြီ''ဟု အားတင်းရပြန် 
သည်။ တချက်တချက်တွင် ဒကမကလေး၏ ညည်းသံပေါ်လာပြန်သည်။ ဆရာတော်
ကား ဘာမျှမေးတော်မမူ။ ဥပေက္ခာရှု၍သာ နေလိုက်ရ၏။

တောင်ဖီလာစေတီမှ ဆည်းလည်းသံသည် အမြဲတမ်း ဆရာတော်ဘက်က ရှိနေ၏။

တချီတချီ လန့်ဖျပ်၍ ပျံသွားသော လင်းပြာချိုးငှက်တို့၏ အသံက စိုးရိမ်မကင်းသော
ဘဝကို ဖော်ပြနေသည်။ လသာသာတွင် ကြောင့်ကြမဲ့ ပျော်ရွှင်မြူးတူးနေသော ညဥ့် 
ငှက်သံများမှာ ကြည်နူးဖွယ် ရှိလေ၏။
ကျားသစ်ရဲတို့ ဘေးကြောင့် ခွေးအနှင့် သားသမင်တို့ ၏ အော်မြည်ပြေးလွှားသံများကို
လည်း ကြားနေရပြန်သည်။ ကျားကိုက်၍ သေမူ တဘ၀မျှသာတည်း ဟု ဆင်ခြင်နေမိ
၏။  ....  ဝမ်းမီး ကောင်းသူအတွက် စားသမျှ အစာသည် အားဖြစ်၏။
သတိဥာဏ် ရှိသူအတွက် တွေ့သမျှ အာရုံသည် တရားချည်းပင်တည်း။


မိုးလင်းရန် တဖြည်းဖြည်း နီး၍ လာသဖြင့် ဆရာတော်မှာ တအားတက်လာ၏။
ပုညရှင်စေတီမှ ကျောက်စည် ထိုးသံကိုပင် သဲ့သဲ့ကြားနေရသည်။

'အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား၊ တပည့်တော်မ သေရပါလိမ့်မယ်"

အသံကြောင့် ဆရာတော်မှာ -
"ဟဲ့ ဒကာမ ဘာဖြစ်ရပြန်တာလဲ"ဟု ငေါက်ရင်း မီးအိမ်ကိုဖြုတ်ကာ အနီးသို့ သွားရ

ပြန်ရာ နေမကောင်းသော အမူအရာဖြင့် တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ရ၏။
"အလို-ဘုရား ဘုရား" ဟု ရေရွတ်ကာ မျက်နှာလွှဲ၍- ငါ့ မှာ ဘာဆေးမျှ မရှိ၊ မိုးလင်း

တော့မည်၊ သည်းခံပြီး ဘုရားအာရုံပြုလေ" ဟု မိန့်တော်မူ၏။
ဒကာမကလေးမှာလည်း သိမ်းကြုံး ပွေ့ဖက်တော့မည့်ဟန် ပြင်နေသဖြင့် ရုတ်တရက်
ကျောင်းနံရံတွင် ထိုးစိုက်ထားသော ဒန်ပူသတ်သည့် ဓားမောက်ကို သွား၍ ယူလိုက်
၏။ ပြီးလျှင် မိမိခြေသလုံးအား ဓားနှင့် မွှန်းလေတော့သည်။ သွေးစိမ်းရှင်ရှင် ပန်း၍
ထွက်ကျလာ၏။

ဒကာမကလေးမှာ ဓားယူစဉ်ကပင် ကြောက်ရာမှ သွေးများကို မြင်ရလျှင် အံ့အားသင့်

ထိတ်လန့် သွားရှာ၏။ "တပည့်တော်မအား ခွင့်လွှတ်ပါဘုရား၊ တပည့်တော်မ မှားပါပြီ"
ဟု ကန်တော့လေ၏။
မကြာမီ မိုးစင်စင်လင်း၍ ဒကာမကလေးကား ပြန်ထွက်သွား၏။ ပြန်ထွက်သွား၍ မကြာ

မီပင် ခပ်လှမ်းလှမ်းမှ မကြားစဖူး လူသံများလည်း ကြားယောင်နေရ၏။ မကြာမီ အသံ
များ တိတ်သွားသည်။

အဖြစ်အပျက်ကား ဆန်းကြယ်လေ၏။ ကြံကြီး စည်ရာဟု ထင်ဖွယ်ရှိသည်။ အကြောင်း

ကား....
မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့

က သံတော်ဦးတင်ကြသည်။ မင်းကြီးကား မယုံလေ။ထိုအမတ်တို့က နိလိနိကာဇာတ်
တွင် ဣသိသိင်္ဂရသေ့ အကျင့်ပြင်းထန်၍ ကာသိတိုင်း၌ မိုးသုံးနှစ် ခေါင်နေသဖြင့် သိ
ကြားမင်းသည်ပင် ဗာရာဏသီမင်း၏ သမီး နိလိနိကာအား အဖျက်ခိုင်းရဖူးလေသည်
ဟု သာဓက ဆောင်ကြပြန်လေသည်။ နောက်ဆုံးတွင် မင်းကြီးပါ သဘောတူရ၍ အမူ
အရာကောင်း ရုပ်ချော မင်းသမီး တပါးကို သွန်သင်၍ အဖော်များထည့်ကာ စေလွှတ်
ခြင်း ဖြစ်လေသည်။ မဖြစ်သင့်သော နေရာမှ မဖြစ်ထိုက်သောကိစ္စများ ဖြစ်တတ်သည်
မှာ ဓမ္မတာပင်တည်း။

မင်းသမီးလည်း စေခိုင်းသည့်အတိုင်း တောင်ဖီလာဆရာတော်အား သီလအကျင့်ကို ဖြား

ယောင်း ဖျက်ဆီးခဲ့ပါပြီ ဟု အပြစ်မှ လွတ်ရန် သံတော်ဦး တင်ရ၏။ ထိုသတင်းမျိုးသည် 
ကြော်ငြာခ မကုန်သော သတင်းမျိုး ဖြစ်သည့်အတိုင်း တမုဟုတ်ချင်း ပြန့်ကားသွားတော့
သည်။
ယုံသူလည်းယုံ မယုံသူလည်း မယုံကြ။ ထိုအခါ အလှူအတန်း ပြုလိုဟန်ဖြင့် လာသော 

မင်းကြီးနှင့် ပရိသတ်တို့ အား သင်္ကန်းစုတ် ပတ်တီးစည်းထားသော ခြေထောက်ပြရင်း
ဓားမောက်ကို ယူကာ -

"ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။
စင်ကြယ်ပါမူ ရေဝယ် ကူးစေသား"ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍
ပြတော်မူလေသည်။ ဓားမောက်လည်း ရေတွင်ဖြတ်သန်း၍ ငါးကဲ့သို့ တလန်းလန်း

ကူးသော ဟူ၏။ ဆရာတော်ကား ၁၀၁၂ ခုနှစ် သက်တော် ၇၂နှစ်တွင် ပျံလွန်
တော်မူခဲ့သတည်း။

ယခုတိုင် ထိုတောရ၌ ဓားမကူးကန် ဟူ၍ ရှိနေသေးသည်။ ၁၂၂၈ ခုနှစ်တွင် မင်းတုန်းမင်း၏

မြောက် သားတော် စိန်တုံးမိဖုရားက ကန်ဟောင်းကို ထပ်မံ၍ ပြင်ဆင်ကြောင်း ကျောက်စာ ထိုးထားသည်ကို ရေကူးမှတ်သားခဲ့ရပါ၏။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ -ရွှေဥမင်နှင့် တောင်ဖီလာပုဂ္ဂိုလ်အကျော် မှ)

PostHeaderIcon မိမိကိုယ်ကို အနိုင်ယူနည်း


ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း
*********************** 

၁။ မိမိရဲ့ နှမြောတွန့်တိုမှု လောဘများကို လှူဒါန်းစွန့်ကြဲမှု ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို ထိမ်းချုပ်ခြင်း သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို သတိဖြင့် စူးစိုက်ကာ အရှိကို မြင်အောင်ကြည့်ခြင်း ဝိပဿ

    နာ တရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို သနားခြင်း ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလို မရှုစိမ့် ဖြစ်မှုများကို သူကံကောင်းလို့ ချမ်းသာကြီးပွား

    အောင်မြင်နေတာပဲ ဆိုတဲ့ ဝမ်းမြောက်ခြင်း မုဒိတာတရားဖြင့် အနိုင်ယူပါ။

၇။ မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို ကိုယ်နဲ့ မဆိုင်သလို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိရဲ့ နိမ့်ကျနေတဲ့ စိတ်များကို မိမိအခြေအနေကို မြင်အောင်ကြည့်ကာ မြှင့်တင်ခြင်းဖြင့် 

    အနိုင်ယူပါ။

    ( ချမ်းအေးဆရာတော်၊ စစ်ကိုင်း)
Monday, May 27, 2013

PostHeaderIcon “ဘဝ သံသရာ”





ဘဝသံသရာ (တဲ့) ရှည်လျား ထွေပြား မနေ မနား တသွားထဲ သွားကြတာ။

ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက် ထွက်ခွာလာ။

လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊

ပျော်လိုက် ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန်

အကြောင်းကံ ကမ္မဿကာ။

တွေ့ကြုံ ဆုံကွဲ ခရီးခဲ ဝမ်းနည်း ဝမ်းသာ ဝိပ္ပလ္လာ၊

ဖြစ်ချင်တာလဲ မဖြစ်ရပါ။ မဖြစ်ချင်တာလဲ ဖြစ်ရမှာ၊

အော် ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ။

ဟင် .. သုံးဆဲ့တဘုံ ဝဋ်အတွင်း ရောက်တော့ ကရွတ် ကင်း လျှောက်တဲ့ တေဘုမ္မာ

အဲဒါ အဲဒါ အဲဒါ ဘဝ သံသရာ…။

ဘဝသံသရာ… ရှည်လျား ထွေပြား မနေမနား တသွားထဲ သွားကြတာ… ဘဝဆိုတာ သတ္တဝါတဦးရဲ့
ဇာတိက အစ မရဏအထိ အဲဒီ ကာလလေးလို့ သိကြရပါတယ်။ အဲဒီဘဝဟာ တဘဝတည်းနဲ့
ပြီးသွားကြသလား…။ ဘဝပေါင်းများစွာ ရွှေ့လျားနေရတဲ့အတွက် 
သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။ 

အဲသလို ဘဝသံသရာမှာ ဒီဘဝ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘဝ ဟိုခန္ဓာ ဟိုရုပ်၊
ဗြဟ္မာ့ပြည် တဝင်းဝင်း၊ ဝက်စားကျင်း တရှုပ်ရှုပ်၊ ကမ္မဆိုတဲ့ စက် ခလုပ်ကြောင့် 
အရုပ်များ လှမ်းသလို လှမ်းနေကြရတာက…
ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် 
ဆက်လက် ထွက်ခွာလာ….။ 

အဲသလို သံသရာ မဆုံးမချင်း သွားကြရ လာကြရတာ…ဘယ်သူတွေရဲ့ပယောဂပါလဲ….
 စဉ်းစားကြည့်လိုက်တော့ ….
အော် လောဘရယ်… ဒေါသရယ်… မောဟရယ်… အဝိဇ္ဇာပစ္စယာ သင်္ခါရာ…တဲ့… 
အရင်းစစ်လိုက်တော့…  အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း… 
စုံလုံး ကဏ်းတဲ့ အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ…စီမံတာတွေ ခံနေကြရတာပါပဲ…။
ဒါကို ဘဝတိုင်း ဘဝတိုင်း…
ကောင်းတာလေးတွေ့တော့ ပျော်လိုက်ကြ… 
ယူချင်စရာလေးတွေ့တော့ ရွှင်လိုက်ကြ… 
ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ… 
ကိုယ်လိုချင်တာရတော့ ရယ်လိုက်ကြ… 
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး…။
တွေ့တယ်… ကြုံတယ်… ဆုံတယ်… ကွဲတယ်… 
ဝမ်းနည်း ဝမ်းသာ ဝိပ္ပလ္လာသ တရားတွေမို့…
ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်…၊
 မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်ချင်ပဲ ဖြစ်ကြရမယ်…၊ 
အဲသလို တေဘူမက ဝဋ်ဒုက္ခဆိုတဲ့ သုံးဆဲ့ တဘုံက လွတ်ကင်းအောင် …
ဇွတ်အတင်း ထွက်နိုင်ကြဖို့ကလဲ … 
သန်းခေါင် လကွယ် တောအုပ်လယ် လမ်းမှားနေကြရတဲ့ ခရီးသွားများသဖွယ်… 
ကရွတ်ပေါ် ကင်းများ လျှောက်သလို… ဝိုင်းကြီး ပတ်လည် 
ဘဝ မဆုံးပဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ် ပိုက်နေကြရတဲ့အတွက်… 
ဒုက္ခသစ္စာ… သမုဒယသစ္စာ… နိရောဓသစ္စာ… မဂ္ဂသစ္စာတွေ ရင်ဝယ်  ပိုက်နိုင်အောင်…
 ကြိုးစားကြဖို့… 
သုံးဆဲ့ တဘုံ ဝဋ်အတွင်း ရောက်တော့ … ကရွတ် ကင်း လျှောက်တဲ့ တေဘုမ္မာ …. 
အဲဒါ … အဲဒါ… အဲဒါ  … ဘဝ သံသရာ…..။
  ( ဆရာကြီး ဘဘ ဦးသုခ )


 ( နွေနှင်းမိုး.. အသံဖိုင်ဖြည်သည်) 
28,5,2013

PostHeaderIcon အားကိုးစရာ အစစ်





PostHeaderIcon အပျို ...


အပျို၊ အပျိုစစ်နှင့် အပျိုစင်
*******************
အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်
လို့  ရေးလိုက်တာပါ..။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး၊ စီးပွားရေးတွေအပြင် ယဉ်ကျေးမှုတွေပါ တိုက်စားခံလာရပါပြီး...။ နယ်ချဲ့လာတဲ့ အ

နောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီ...။ နယ်ချဲ့တယ်
ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှ နိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့
တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုတို့
လူမျိုးရေးတို့ ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ..။ ဒါကိုတော့ ယဉ်ကျေး
မှု နယ်ချဲ့ခြင်းလို့ ခေါ်မှာပေါ့။ ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်
ရောက် မှန်းမသိ ရောက်နေတာကို သတိမမူမိတာပင်...။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီ။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီ။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီ.။ သိသိရက်နှင့်  မေ့

တတ် ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက
နေထိုင်မှုစနစ်တွေပါ မေ့ပျောက် ပြောင်းလွဲချင်ခဲ့ပြီ...။

ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့ နေ့ထူးနေ့ မြတ်

တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ 
အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေ နှင့်ရော တွေ့မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့နေ့ထူးနေ့ မြတ်
မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။ အယ်...လက်မခံနိုင်တာက ဘာလဲ....။ လက်မခံနိုင်
တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းချင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့
အထိ ဖြစ်ကြတာကိုပင်...။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်း အပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက်

ကြေကွဲခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ 
ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့ အပြင်
ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့...။ ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုး
တွေ ဖြစ်နေတာ..။ ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေတခုကို မေ့တတ်သူ ညီမ
ငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်။

အပျို .......

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။

အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရ

သေးတဲ့ သူဟာ အပျိုပါပဲ.။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ
ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေ အနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်.။ ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်။
ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ ဒါကို အပျိုလို့ ခေါ်ပါတယ်..။ဒီ အပျိုဆိုတဲ့ 
စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်...။

အပျိုစစ်.......

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ 

သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိ
အပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။  ချစ်သူနှုတ်ခမ်း
နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ.။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြား
ခဲ့ဖူးခြင်းမရှိသည့်အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး..။

ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်..။အပျိုစင်
ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောက်ျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်.။
ဒါပေမဲ့ ဘယ်ယောက်ျားများနှင့် ထိတွေ့ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်
ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်.။
ယနေ့လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေး
ကို ရှားပါးခဲ့ပြီ.။

~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~
အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့များ သက်ပြင်း

တွေ ရှိုက်ကုန်ကြပြီလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့တာဝန်ပါ...။ 
တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုယ်တိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝ ကြီး ရေစုန်မျှောပြီပင်.....။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ

အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ

နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်
ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှုတွေနည်းပါး
လာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီ.။
ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ရယ်...။

ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။ အကြွေ ပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်.။ ခရေပန်းလို အကြွေကို

ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့လေးရှိအောင် အရည်အချင်းတွေ
ပြည့်စုံနိုင်မှ ရမှာနော်...။ ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အ
ကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံ သွားရတာနဲ့ အနင်းခံသွား
ရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်.။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်.။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူ မဟုတ်သေးပါဘူး...။ အချိန်မတန်ခင် မကြွေလိုက်ကြပါ နှင့်နော်...။

ကိုယ့် အပျိုစင်ဘဝလေး အငွားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတပွင့်ဖြစ်အောင် “မေ့” 
ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့ 
ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို ပန်းတစ်ပွင့်
ကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ.။
အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်
ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး...။

“မေ့”ညီမတွေ အချစ်နဲ့  ရာဂကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊

အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
တန်ဖိုးထားတတ်ကြပါစေ...။

By..မေသဇင်

PostHeaderIcon ငှက်သိုက်


ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်

မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက်
အားဆေးအဖြစ် သုံးစွဲရသည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။
ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆိုထားပါသည်။

ငှက်သိုက်ကို လူသူ အရောက်အပေါက် နည်းသော ပင်လယ်ကျွန်းများရှိ သဘာဝ အ
လျောက် ဖြစ်ပေါ်နေသည့် ကျောက်တောင် ကြီးများ၏ ကျောက်လိုဏ်ဂူ နံရံများ၊ ကမ်း ပါးယံ ကျောက်စွန်း၊ ကျောက်ခွက်များတွင် ခက်ခက်ခဲခဲ ရှာဖွေဆွတ်ခူး စုသိမ်းရသည်။

ငှက်သိုက်ဖြူနှင့် ငှက်သိုက်မည်း နှစ်မျိုးရှိသည်။ ငှက်သိုက်ဖြူသည် ဖြူဖွေး ဝင်းမွတ်နေပြီး
အညစ်အကြေး သန့်ရှင်းခြင်း၊ အမှိုက်သရိုက် ကင်းစင်ခြင်း၊ ခြောက်သွေ့ လတ်ဆတ်ခြင်း၊
အသိုက်ပုံ သဏ္ဌာန် မပျက်ခြင်း၊ အငန်ဓာတ်၊ အစိုဓာတ် လုံးဝ မရှိခြင်း တို့ကြောင့် တန်ဖိုး
ကြီးမားသည်။ ငှက်သိုက် မည်းတွင် ငှက်မွေးအမျှင် အနည်းငယ် ရှုပ်ထွေးနေပြီး အရောင်
လည်း မည်းနက်သည်။ ငှက်သိုက် အချို့တွင် ပန်းနုရောင် သန်းလျက် ရှိသည်ကိုလည်း
တွေ့ရတတ်သည်။ ဇီဝဇိုးငှက်တို့ အသိုက်လုပ်စဉ် အာခေါင် အတွင်းမှ အချွဲစေး၊ အချွဲမျှင် များ ထွေးအန်ရဖန်များသောအခါ သွေးစ သွေးနများ ပါရှိခြင်းကြောင့်ဟု ဆိုပါသည်။

ငှက်သိုက်၏ အရောင်မှာ အဖြူ ဖြစ်သော်လည်း တစ်နှစ်ခန့် ကြာလျှင် အညိုရောင် သန်း
လာသည်။ ငှက်သိုက်မှာ ဖယောင်းချက်နှင့် တူသည်။ လတ်ဆတ်သော ငှက်သိုက် အနံ့မှာ
ငှက်ကိုယ်နံ့မျှသာ ညှီစို့စို့ရသည်။ ရက်အနည်း ငယ်အတွင်း ထိုအနံ့ ပျောက်ပြယ် သွား
တတ်သည်။ ငှက်သိုက် အစိမ်းစားလျှင် ရေဆာ၊ ထမင်းဆာ ဆာလောင်မှု ဟူသမျှ ပြေ
သည်။ မောပန်းနွမ်းနယ်မှု ဟူသမျှ ချက်ချင်းပျောက်သည်။ အားအင် ကုန်ခန်းမှု အလျင်
အမြန် ပြန်ပြည့်သည်။

ငှက်သိုက်သည် အဖိုးတန် ရှားပါးသော ဆေးဖက်သုံး ပစ္စည်း ဖြစ်သဖြင့် ရွှေနှင့်စက်၍
ဝယ်ယူ ကြသည်ဟု သိရသည်။ အရသာ ကောင်းမွန်ခြင်း၊ အာဟာရ ပြည့်ဝခြင်း တို့
ကြောင့် အင်အားကုန်ခန်း နေသူများနှင့် လူမမာ များအတွက် အားဆေးအဖြစ် အသုံး
ချရန် အထူး သင့်လျော်သည်။ ဟောင်ကောင်၊ စင်ကာပူ၊ ပီနန် တို့တွင် ငှက်သိုက်ကို
''အား''အလို့ငှာ ဟင်းချက်စားသည်။

ငှက်သိုက်တွင် ပရိုတင်းဓာတ် ကြွယ်ဝပြီး ဟော်မုန်းနှင့် အခြား အာဟာရဓာတ် များစွာ
ပါဝင်သဖြင့် နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အား ကုန်ခန်း သူ များကို ကျွေးလေ့ရှိသည်။ နှလုံးတုန်၊ ရင်တုန်အနာ၊ လေသလိပ် အနာ၊ ရင်တွင်း ဆာ
လောင် မွတ်သိပ်အနာကို ပျောက်ကင်း ချမ်းသာစေ၍ အိုမင်းမစွမ်း ခွန်အား ယုတ်
လျော့ သူတို့အတွက် သင့်လျော်သည်။ အထူးသဖြင့် နှလုံး၊ ဦးနှောက်၊ သည်းခြေရောဂါ
ရှိသူများ မှီဝဲသင့်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ကလေးသူငယ်များ
စားလျှင် ကျန်းမာရွှင်လန်းပြီး ရောဂါ အထူးထူးမှ ကင်းဝေးသည်။

သဘာဝ ငှက်သိုက်ကို ခေတ်မီ နည်းစနစ်ဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို
ဆေးဖက်ဝင် အခြားပစ္စည်းများနှင့် ပေါင်းစပ် ဖော်ထားသဖြင့် အဆုတ်ကို အားကောင်း
စေပြီး အအေးမိ ချောင်းဆိုး၊ တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေသည်။

ငှက်သိုက်ကို ရေစိမ်၍ နှစ်နာရီခန့် ကြာလျှင် အမျှင်များ ပွတက်လာသည့်အခါ အမွေးအမြှင် ငယ်ကလေးများနှင့် အမှိုက်များ ကပ်နေပါက ဇာဂနာ ညှပ်ဖြင့် ဖယ်ရှားရသည်။ သကြားခဲ
သင့်ရုံထည့်ပြီး ရေနွေးနွေးဖြင့် ပေါင်းထားသော ငှက်သိုက်ပေါင်းကို စားလျှင် ရင်တွင်းအေး
ကာ အင်အား အလုံးစုံ ချက်ချင်း ပြန်ပြည့်လာသည်။ ငှက်သိုက်ပေါင်းသည် နှလုံးရောဂါ ရှိ
သူများ၊ နှလုံးတုန် ရင်ခုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူ မဝခြင်းတို့ကို လက်နှင့် ယူပစ်သ လို ပျောက်ကင်းစေပါသည်။

ဆီးနီ၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်လျှင် ငှက်သိုက်ကို ရေစိမ်၍ သောက်ရသည်။ နွားနို့စစ်
စစ် ၅ဝ ကျပ်သားတွင် ဇာတိပ္ဖိုလ်သီး တစ်လုံးကို ကုန်အောင်သွေးပြီး မီးတွင်ကျို၊ နွားနို့ခန်း
ခြောက်ခါနီးလျှင် လေးညှင်းမှုန့် တစ်ပဲသား၊ သည်းခြေ ရွှေဆေးရှစ်ပဲသား၊ ဂလူးကို့စ် သကြား
ရှစ်ပဲသားနှင့် ငှက်သိုက်အမှုန့် တစ်ကျပ်သား သမအောင် ရောမွှေပါ။ ထိုဆေးကို လက်ဖက်
ရည် တစ်ဇွန်းခန့် နံနက်ည တစ်ကြိမ်စီ ကျွေးလျှင် ကလေးငယ်များ ပိန်လှီခြင်း၊ မကြာခဏ
ဝမ်းပျက်ခြင်း၊ အားနည်း အဖျားဝင်ခြင်းတို့ ပျောက်ကင်းပြီး ကျန်းမာဝဖြိုး စေနိုင်ပါသည်။

ငှက်သိုက်ကို သံဒယ်အိုးဖြင့် မီးသင်းပြီး အမှုန့်ပြု၍ ပုလင်းတွင် လေလုံလုံ ထားပါ။ ငှက်သိုက်
မှုန့်သည် ဓားရှ၊ လှံရှ၊ ထိခိုက်ပွန်းပဲ့ အနာများကို လျင်မြန်စွာ အနာကျက်စေသည်။ ဖက်ခွက်
နာ၊ ယားနာများတွင် ထည့်လျှင် လျင်မြန်စွာ အနာ ပျောက်သည်။

ငှက်သိုက်ကို သက်ဆိုင်ရာ ဆေးဖက်များဖြင့် ရောနှောစပ်ပြီး တနှစ် တကြိမ်စားပေးခြင်း
အားဖြင့် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာ သန်စွမ်းသည်ဟု တရုတ်လူမျိုး တို့က ယုံကြည်
ကြသည်။ ဇီဝဇိုးငှက်သည် အခြားငှက်တို့နှင့် ရောနှောမနေ သီးသန့် နေထိုင်လေ့ ရှိသော
ကြောင့် ငှက်ရောဂါဘယ ကူးစက်မှု မရှိခြင်း၊ ကောင်းကင်ယံထဲ ပျား ကောင်၊ ပိုးကောင်ကို
သာ ထိုးသုတ် စားသောက်ခြင်း၊ ၎င်း၏အာခေါင်မှ အချွဲစေးမျှင် (အန်ဖတ်)နှင့် အသိုက် ပြု
လုပ်ခြင်း ဓလေ့တို့ကြောင့် ငှက်သိုက်၌ သဘာဝ အစွမ်းထက်မှု ရာနှုန်းမြင့်မားသည်။

သို့ပါ၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်သော သဘာဝ အားဆေး ငှက်သိုက်ကို
လူကြီးလူငယ် မရွေး မှီဝဲပေးသင့်ပါကြောင်း ကျန်းမာသုတအဖြစ် ရေးသားတင်ပြ လိုက်
ရပါသည်။

PostHeaderIcon မျက်နှာ ပေါင်းတင်နည်းများ


 
ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် မျက်နှာပေါင်းတင်နည်းများ

အသားအရေနူးညံ့စိုပြေစေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေ ပြောပြပေးမှာပါ။ ထုံးစံ
အတိုင်း သဘာဝကရတဲ့ အဖိုးတန် အာဟာရတွေနဲ့ပေါ့။ အရမ်းလွယ်တဲ့နည်းလေးတွေပဲ
ရှာထားပေးတာမို့ လုပ်ကြည့်ပါအုံးနော်။

ရှားစောင်းလက်ပတ်နဲ့ သခွားသီး
ပထမဦးဆုံး သခွားသီး(တခြမ်း)ကို အခွံခွာပြီး အစေ့ကလေးတွေကို ဖယ်လိုက်နော်။ ပြီးရင် အစိတ်ကလေးတွေ လှီးလိုက်ပြီး ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့အတူ မွှေစက်ထဲထည့်မွှေ
လိုက်ပါ။ ရလာတဲ့ အနှစ်လေးကို မျက်နှာအနှံ့ညင်သာစွာ လိမ်းပေးပြီးနာရီဝက်ကြာရင် ရေ
အေးအေးလေးနဲ့ ဆေးလိုက်ရုံပါပဲ။ ရှားစောင်းလက်ပတ်ကြောင့်ချောမွေ့ပြီး သခွားသီး
ကြောင့် ရေဓာတ်ပြည့်ဝပြီး စိုပြေလန်းဆန်းနေတဲ့ အသားအရေကို ရရှိပါလိမ့်မယ်။


ပျားရည်နဲ့ နွားနို့
နွားနို့ လက္ဘ်ရည်ဇွန်းတစ်ဇွန်း + ပျားရည်တဇွန်း + ရှားစောင်းလက်ပတ်ဂျယ်လ်တစ်ဇွန်း +
 vit E လေးစက်ခန့်ကို သေချာသမအောင်ရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ၁၅ မိနစ် ပြည့် ရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ အံ့သြလောက်အောင် နူးညံ့သွားတဲ့ အသားအရေ ကို တွေ့ရပါလိမ့်မယ်နော်။


ထောပတ်သီး + သံလွင်ဆီ
ထောပတ်သီး(တ၀က်)ကို အခွံခွာပြီး ကြိတ်ချေလိုက်ပါ။ ပြီးတော့ သံလွင်ဆီ အနည်းငယ်
နဲ့ အရည်ပျစ်ပျစ်လေးရတဲ့အထိ မွှေပေးနော်။ မွှေစက်ထဲ ထည့်မွှေလိုက်ရင် အကောင်း
ဆုံးပေါ့။ ရလာတဲ့အနှစ်ကို မျက်နှာအနှံ့လိမ်းပြီး ရေအေးနဲ့ ဆေးပေးပါ။ နောက်ဆုံးမှာ
moisturizer လိမ်းပေးလိုက်ရင်တော့ သူငယ်ချင်းရဲ့ မျက်နှာအစိုဓာတ်ကို ပိုမိုထိန်းပေး
နိုင်ပါလိမ့်မယ်။

ထောပတ်သီး + ဖရဲသီး + ပျားရည်
ထောပတ်သီး (တ၀က်)နဲ့ ဖရဲသီး အနည်းငယ်ကို သေးသေးလေးတွေဖြစ်အောင် လှီး
နော်။ ပြီးရင် ပျားရည်နဲ့ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ရလာတဲ့အရည်နှစ်ကို မျက်နှာ
ပေါ်မှာ လိမ်းပြီး မိနစ် ၃၀ ထားပါ။ ဒီနည်းလေးက မျက်နှာပေါ်က ဆဲလ်သေတွေကို အထိ
ရောက်ဆုံး ဖယ်ရှားပေးတယ်လေ။

ထောပတ် + သရက်သီး + ကြက်ဥအနှစ်
ထောပတ် နဲ့ သရက်သီးမှာပါတဲ့ vit A က နေလောင်ခံထားရတဲ့ အသားအရေတွေကို အကောင်းဆုံး ပြန်လည်ပြုပြင်ပေးနိုင်တယ်တဲ့ သိလား?
ပြုလုပ်ပုံက - သရက်သီးအမှည့်တစ်ဝက်ကို အခွံနွှာပြီး အစိတ်သေးသေးလေးတွေဖြစ်
အောင် လှီးနော်။ ပြီးရင် ထောပတ်နဲ့ ကြက်ဥအနှစ်ကိုပါ ပေါင်းပြီး မွှေစက်ထဲ ထည့်မွှေ၊ရ
လာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ အချိန်ပြည့်ရင် ရေ
အေးအေးလေး နဲ့ ဆေးချလိုက်နော်။ အသားအရေခြောက်သွေ့နေတာလည်း စိုပြေသွား မယ့်အပြင် နေလောင်ထားတာတွေလည်း သက်သာသွားဦးမှာ။

ကဲ သူငယ်ချင်းတို့ရေ.. အခုပြောပြခဲ့သလောက်ကို အားရကျေနပ်ရဲ့လား? နောက်ထပ်
ပြောပြမယ့် အကြောင်းအရာလေးတွေကိုလည်း အချိန်ပေးပြီး ဖတ်အုံးနော်။
သြော်! မှာရဦးမယ်.. အပေါ်မှာ ပြောပြခဲ့တဲ့ အသီးအနှံတွေကို အဆင့်ဆင့်ပြုလုပ်ပုံက မျက်နှာအသားအရေကို ထိန်းသိမ်းနည်းနော်! သူငယ်ချင်းကို ဖျော်ရည်လုပ်နည်း ပြောပြ
တယ်ထင်မှာစိုးလို့။ စတာနော်။
Myanmar Sky Link  ( စမ်းရသေးဘူး)

PostHeaderIcon နှာခေါင်း သွေးယိုခဲ့လျှင်


Nose Bleed (နှာခေါင်း သွေးယိုလျှင်ဘာလုပ်ရမလဲ)

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇ

ရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယို တာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း
နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေ ယိုတာလဲ
ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး၊ အစာအိမ်ထဲရောက်များရင် အန်ထွက်တာ
မျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာ ဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ် စနစ်

ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲ
လည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ်များတယ်။
နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေ လဲ ဖြစ်နိုင်သေးတယ်။ ရှားရှား ပါးပါးမွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်း

လွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။
 နှာခေါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေကြောင့်နဲ့ နှာခေါင်း ခွဲစိတ်
တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းက မဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊

သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ်သွေးရောဂါ၊
နှလုံးအလုပ် မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊
ဝက်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့
ကေ နည်းရောဂါ၊နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant 
သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊သိပ်ပူတဲ့ အစား စားတာတွေ
ပါဝင်တယ်။ (ကိုကိန်း)လို မူးယစ်ဆေးကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့

 သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့်
 သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်
အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြု နည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပျော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာ
ပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's
area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်
အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်
နဲ့ အသက်ရှူစေပါ။ သွေးယိုတာ မျိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်း
ထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာ

မျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများ
တယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံးနိုင်

ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။
သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, 
Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။

နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or
liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေး
ရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီ နည်းနဲ့ သွေး
မထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်
တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါ
တယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာ
ထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline 

spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့
ချောမွေ့စေအောင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထား
ရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရ တယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်
လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ခပ်

ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည် လုပ်ပြီး၊ နှာ
ခေါင်း တဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal salineခေါ်

တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေ
သန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီဆေး
ရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။ Health
Saturday, May 25, 2013

PostHeaderIcon ဖိုးတောင်သူ ဘွဲ့


" ဖိုးတောင်သူ ဘွဲ့ "
လွမ်းမပြေ 
မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်၊
တဲ တဖက် 
ဆွဲဖျက်ကာ အလျှင်လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ
 နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း..။
( အချုပ်တန်း ဆရာဖေ )

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...