သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, July 7, 2014

PostHeaderIcon ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ

"ဖေဖေ... သား ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။
"သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲ
အသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ် ၂ဝ
သက်တမ်းရှိတဲ့ သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင် ပရိဘောဂလုပ်လို့ရတယ်.."
"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်
တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်
ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး"

"တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူ
လုပ်ကိုင် စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့
ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်
တယ်"
"တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်
တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေ
ကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"
"နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး
ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝ မျက်နှာ
မငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။
သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများ
စားစား အသုံးမဝင်ဘူး။ စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့လူတွေကလည်း အသုံး
ဝင်ပါတယ်။ ဒါပေမယ့် လူထုကိုအကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများ
ကွာသွားတယ်၊

သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင်
 ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု
ကြီးမားတယ်ပေါ့"
ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊
ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။ သူသဘောပေါက် နား
လည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။
အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။


ရေးသားသူ :Nine Nine Sanay @ နိုင်းနိုင်းစနေ
Friday, July 4, 2014

PostHeaderIcon တာဝန်

တာဝန်
***
သူတို့ သဘောင်္
မငေးမောလင့်
ငယ်သော တို့လှေ
ကြိုးဖြုတ်ဖြေ၍
ကမ်းခြေဦးတည်
လှော်တက်ချီလျက်
ညီညီ လှော်ခတ်ကြပါစို့။

(ကဗျာရှင် - ဥသျှောင်)
Thursday, July 3, 2014

PostHeaderIcon မျက်ဖြေ လင်္ကာ

မျက်ဖြေ လင်္ကာ
*********
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊
သူတယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ 
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ 
လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊
မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊
သံသာစက်၌၊ ကြုံလတ်တုံမူ၊
တုံ့မယူလို၊ (စိတ်မြဲသို၍)
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။

(အနန္တသူရိယအမတ်ကြီး)

THE NATURE OF THINGS
(Release from Anger )

Often a man suffers destruction
In order that a nother man
Might enjoy well-being.
Such is the nature of things!

A courtier's satisfaction
In enjoying kingly confidences
In golden palaces
An a King's own good fortune
Are merely bubbles
On the surface of vast ocean
Momentary and evanescent.

If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.

Respectfully I salute His Majesty.
Should I again meet my lord the king
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him.
Impermanent is my body of blood.

Anantasuriya
(Translated by U Phay Mg Tin)
.

PostHeaderIcon ထိပ်ဆုံးသို့

ထိပ်ဆုံးသို့
★ ★ ★ ★
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင် ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။

ခါတလေ တကယ်ပမ်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စ,ခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေအုံး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပေါ့
ချစ်ဖွယ့် လူသား။

(ငွေတာရီ)

PostHeaderIcon အလွမ်း မိုး

အလွမ်းတဲ့ ဗျာနှောင်၊
ဘုံကွန်း ညောင်ဘွေက၊
ဖျော်မပြေ ဖော်ကွာဝေးသူတို့
 ဆွေးရှာတော့အောင်။

ရွှေအမ္ဗုန် စာရနှင့် လောကနက်မှောင်၊
ရွာယောင်ပြ ရွှင်မြူး၊
ဆွေးတဲ့ မေ၊
ဆွတ်သည်းမှာ ကြွေကြွေစေဖို့၊
မာန်မပြေ၊ ဖန်ဗွေရွာလို့
ချုမ်းလာသင့်ဘူး။

( ဦးကြင်ဥ )

PostHeaderIcon ဂူကြီးပျော်များသို့ တမ်းချင်း

ဂူကြီးပျော်များသို့ တမ်းချင်း
*****   ****  *****
အော်… အကြွင်းမထားပဲ
မစဉ်းစားတတ်တဲ့ သတင်းသမားတွေရဲ့
အဖျဉ်းစကား…(ကားထားတဲ့) အကြမ်းစုံကိုလဲ
နင်းပြားများ အရမ်းယုံလို့ မဖြစ်ဘူးကွဲ့…
စနစ်အလူးက မဟန်လေ၍
ကံသေကံမ ဘာမှ မရေရာ စခန်းသစ်ကြီးမှာ
ဖွေရှာ ဆန်းစစ်ပြီး
ငြမ်းစစ်မှ လျှောက်ရစ်ကြကွယ်ရို့…
အကြမ်းစနစ်ကိုလဲ မဖန်ကြလေနဲ့
အကြံကကုန် ဂဠူန် ဆားချက်နေရင်
အကုန် နွားဖျက်သလို ခံစားရလိမ့်မနော်…
အကြံများ သေးသိမ်ပြီး
မှေးမှိန်အောင် လမ်းကြောင်းဖန်ထားတာ
အမှန်းကောင်းဟန်သွားရင် အဖြစ်ရှုံးကွယ်မယ့်
အနှစ် သုံးဆယ်လောက်တဲ့ဗျ…။

အော်… စခန်းတခွင်မှာ
ပန်းဝင်ဖို့ အလီလီ လွှတ်ပြုကြပေမယ့်
ညီညွတ်မှုကလဲ မရသေး
ဘဝအဆွေးတွေ အပါခေါ်သွားနေလို့
ဆရာတော်တပါးကလေ အကြံတောင်ပေးခဲ့
ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွတ်လိုက်ကြပါလို့လေ…။

ခက်တာက
ပြဿနာပဲ အားခဲချင်နေတော့
နွားကွဲရင် ကျားဆွဲမယ် တဲ့…
အများပဲ ဆိုကြတယ်လေ
နဂိုက ပြဲချောင်နေတာကို
ကွဲအောင်ပဲ ဖန်တီးနေပြီး
အကြံကြီးတွေ ကြံဆ ကိန်းခန်းအရနဲ့
မငြိမ်းချမ်းရအောင် အမှားယူနေမှတော့
ကြားလူတွေပဲ ကြီးပွားနေဦးမှာပဲ…။

အော် … သူခိုးကို ဓားရိုးကမ်းခဲ့ကြလို့
အမျိုးမှန်း သူခိုးမှန်းပင် မသိတော့ပဲ
အကျိုးအကန်း အသိ အချာတွေနဲ့
ကဝိ ဗလာ တနပ်စား အရေးကို
မြက်စားပြီး တွေးခဲ့ကြလေသလား…?

အဖျက်သမားတို့ အရေးပေါ်တာတောင်မှ
ငမြက်စားရို့ အတွေးအခေါ်တွေ ခေါင်လို့
ဘေးချော်အောင်ပဲ လူစိတ် ခန်းကုန်တာကတော့
ကမ်းကုန်အောင်ပါပဲလား…။

ဟယ် အကွက်ဖော်လို့ ကစားချင်စိတ်နဲ့
နယ်စပ်ကျော်တို့ တရားဝင်ဖိတ်ပြီး
မတရားပင် လုပ်ဇာတ်ခင်းကာ
မဟုတ်မဟပ် သွင်းပြီးဆို့ထားခဲ့ သူတွေအတွက်
ဒင်းကြီးတို့ အားနဲ့ ပလပ်ပေးထားတော့
လာဘ်လေးက ပါးစပ်ဘေးမှာ မပြတ်သေးလို့လား မသိ
ဇာတ်မှေးကာ  အသာကယ် ဖေးရင်း
အကာအကွယ် ပေးနေလိုက်ကြတာ အမော အမော…။

ဟော…အခု  ဂျိုလေးတွေပေါက်တော့
ကိုယ်မွေးတဲ့ မျောက်လဲ အတိုးအဆုတ် မလုပ်နိုင်
အမျိုးဖြုတ်နိုင်တဲ့ မြွေပွေးကို
မအေးပေတွေ ခါးပိုက်ခဲ့လို့ နားကိုက် ပါးကိုက်နဲ့
အသားလှိုက်ကာ စားဖို့ကြုံကုန်ပြီမို့
နွားတို့အကုန် ဖြစ်တော့မှာပါလား…။

အကောက်ဥာဏ်နဲ့တော့
နောက်ပြန်ဖို့ မဖန်နဲ့
သဘောက်အကြံကို သိပေမယ့်
မရှိလေတဲ့ စည်းလုံးခြင်းကြောင့်
ခရီးဆုံး အပြင်း မနင်းနိုင်ကြသေးတာ…။

အင်း… တန်ခိုးထွားချင်သေးလို့
အချိုးအစား မပြင်သေးပဲ
အမျိုးသားချင်းပင် တအားသတ်ပေမယ့်
အမှားတော့ မဖက်ကြလေနဲ့
အဖွားအဖျက်မရဲ့ကစားကွက်ထဲကို
(…အတွက်) တအား စွပ်ကနဲ ဝင်ရောက်ကပ်သွားရင်
သင်နောက်ထပ် အခွင့်အရေး ရလိမ့်မယ်မဟုတ်ဘူး။

အို…အမောင် အမှားတွေ မလိုက်လေနဲ့
ဟို အချောင်သမားတွေ အကြိုက် ဖြစ်သွားမယ်
ထိုထို ချောင်နား တဝိုက်မှာ ကြဲပြန့်နေတာ
ပွဲလန့်ရင် ဖျာခင်းကြဖို့နော်
ဘာသတင်းမှ ပြန့်လွင့်မလာပေမယ့်
ငံ့လင့်နေတာ အသာဆော်ဖို့
မသာပေါ်ကုန်မယ် ဘာမှတ်သလဲ?...။

အသာနှပ်နေတာ ဥာဏ်ဆင်လာဖို့
အကြံမြင်လာတာနဲ့ တဆင့်အရေးဆိုပြီး
အခွင့်အရေးတွေကို ယူကုန်ကြတော့မှာ…

လူနုံ လူအ, တွေ ဥာဏ်ဆိုးမများကြနဲ့
အကြံဆိုးသမားက သင်တို့ချည်း မဟုတ်ဘူး။
အဖန်ဖန် ထိုးကစားတာတွေလဲ ရပ်နားပြီး
တဖက်သား ပြည်သူအတွက် စဉ်းစားသင့်ပြီ…။
အချင်းများဖို့ချည်း အားသုံး တွက်ချက်နေရင်
အားလုံး တဖက်လပ်ချည်း ဖြစ်နေလိမ့်မည်။

အော်… တ,ပဲ- တ,လိုက်ချင်သေးသည်…
အရှည်အကြာက ကျုပ်မှန်း၍ အဆိုကျော် နှိုင်းမရပါတဲ့
စလေဆရာ အချုပ်တန်းနဲ့ ကိုယ်တော်မှိုင်းတို့နဲ့

အတူခရီးလှော်သွားကြတဲ့ ဂူကြီးပျော် သခင်ကြီးတို့
(ဆရာနိုး)တို့ရေ
အကျိုးမျှော်မှန်းပြီး တန်ခိုးတော်စွမ်းသူများကို
ချီးမြှင့်ပေးကြပါဦးလို့ …
(ဘိုးတော် သရမ်းတွေတော့ မပေါ်လာပါစေနဲ့ ဖျာ့)….။

(နွေနှင်းမိုး)
၃-၇-၂၀၁၄


PostHeaderIcon အစွန်းရောက်သွားမလား

မေ့ပစ်ဖို့ လိုအပ်တဲ့အရာတွေကို မေ့လိုက်ပါ။ တခါတခါ လွှတ်ချလိုက်ရတာက
သယ်ယူထားရတာထက် ပိုသက်သာစေပါတယ်။ 
 
အသည်းကွဲတိုင်း ဘ၀ပျက်သွားတာမဟုတ်ဘူး။ ဘဝသစ်စဖို့ အခွင့်အရေးရသွားတာပါ။

လမ်းခွဲလိုက်တိုင်း ပြီးဆုံးသွားတာ မဟုတ်ဘူး။ လမ်းသစ်တခုအတွက် စတင်လိုက်တာပါ။

“ မထိုက်တန်သူက ကိုယ့်ဘေးက ဝေးဝေးသွားပါလိမ့်မယ်
ထိုက်တန်တဲ့သူက ကိုယ့်ဘေးကို နီးနီးလာလိမ့်မယ် ”

လူတွေအကြောင်းမသိခင်က
စိတ်နှလုံးဖြူစင်စွာနဲ့ ပေးဆပ်ဖို့တွေးတယ်။ အနစ်နာခံလို့ အဆင်ပြေအောင်နေပေးတယ်။
တဖက်သားပြောတဲ့ စကားတိုင်း ယုံကြည်ခဲ့တယ်။

နောက်ဆုံး
ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးလာတာတွေ၊ ကိုယ့်ကို သစ္စာမဲ့လာတွေချည်း 
ကြုံလာရတဲ့အခါ လူတွေကို အယုံအကြည်ကင်းမဲ့လာပြီး
တယောက်တည်း နေရတဲ့ ဘဝကို ပိုနှစ်သက်လာတယ်။

အစွန်းရောက်သွားပြီ ထင်ပါရဲ့။ 
 
(ကောင်းကင်ပြာ)
 

PostHeaderIcon လူသိနည်းသော သိသင့်တာလေးများ




လူသိနည်းသော သိသင့်တာလေးများ
=========================
ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။ ဘယ်သူ စုဆောင်း
ထားတာလဲဆိုတာ သေချာတော့ မသိပါဘူး...။ အားလုံး သိစေဖို့ ပြန်ရှယ်လိုက်ပါတယ်။
မိတ်ဆွေလည်း ဖတ်ကြည့်လို့ကောင်းရင် ပြန်ရှယ်ဖို့ မမေ့ပါနဲ့။

၁) သင့်ရဲ့ ဖိနပ်တွေဟာ လူတွေက သင့်ကို မသိလိုက် မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်... ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကို ဝတ်ဆင်ဖို့
လိုပါတယ်...။

၂) အကယ်လို့ သင်က တနေ့ကို ၁၁ နာရီထက် ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....။

၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်။
သင့်ဘဝ တလျှောက်လုံးမှာ သူတို့ထဲက တယောက်နဲ့ ဆုံစည်းဖို့ ၉% အခွင့်အရေး
ရှိပါတယ်။

၎) ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်
ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်။

၅) လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစား
အစာ... ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်...။

၆) ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်....။

၇) လက်ဘက်ခြောက်ကို အိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာ ထားရင် အဲ့ဒီအနံ့
ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်...။

၈) အိုင်းစတိုင်းရဲ့ အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က
ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြ
လိမ့်မယ်။

၉) ပန်းသီးမျိုးကွဲပေါင်း အများအပြားရှိတယ်... တနေ့ကိုတမျိုး စားမယ်ဆိုရင် အမျိုးအစား
အားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်။

၁၀) အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်။ မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်...။

၁၁) အားပါးတရ ရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက်
     ကျန်းမာရေးပိုကောင်းတယ်...။

၁၂) ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှု မရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်
သောက်လို့ သေဆုံးရသူ အရေအတွက်လောက်ရှိတယ်...။

၁၃) လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့
      အချက်အလက်ရဲ့ ၅ ဆရှိတယ်...

၁၄) ကျွန်တော်တို့ ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့
      စွမ်းအင်နဲ့တူတယ်....

၁၅) ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့ အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲ
      ရှိတဲ့ ရေကို ဆူနိုင်တဲ့အထိ ရှိတယ်...

၁၆) သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ
      အသေးဆုံးဆဲလ်ဖြစ်တယ်...။

၁၇) အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်။

၁၈) ပြုံးပါ... အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါ ကာကွယ်ဆေးဖြစ်တယ်...၁

 
Credit >>> http://thutakabar.blogspot.com/search/label/သုတ

ဖတ်မိလို့ကောင်းတာလေးတွေကို မျှဝေပေးတာလည်း မေတ္တာတမျိုးပါ။

PostHeaderIcon ကွန်ပျူတာ Passwords မေ့လို့ ဖွင့်မရခဲ့လျှင်

 ကွန်ပျူတာ Passwords မေ့လို့ ဖွင့်မရခဲ့လျှင် (အားလုံး သိခွင့်ရအောင် ရှယ်ပေးပါ)
===============================================
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာလေးတွေရှိလို့

Passwords နဲ့ ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့နဲ့ မေ့သွားတတ်ပါ
တယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ။ ထိုအဖြစ်မျိုး ကြုံတွေ့
နေရသူတွေအတွက်ကော၊ Passwords ဖွင့်နည်း သိချင်သူတွေအတွက် နည်းလမ်းလေးများ

ဖြစ်နိုင်သလောက် ဖော်ပြပေးလိုက်ရပါတယ်။

◘◘◘ နည်းလမ်း(၁) ◘◘◘

ကွန်ပျူတာ စသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့

ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီး အကောင့်နှစ်ခုဖြစ်
သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administrator
ဆိုတဲ့ အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့
တယ်။

ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့

တပြိုင်နက် F8 ဆိုတဲ့ Key ကို အဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်း
ခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကို ရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့
စာသားနေရာကို Arrow Key နဲ့ ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။

Username ( MgMg)သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator
အကောင့်ကို ဖွင့်လိုက်ပါ၊ Safe Mode နဲ့ ဝင်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်

ကိုတော့ ၀င်လို့ရမည်မဟုတ်ပါ။
Start> Control Panel မှ User Accounts ( icon )ကို ကလစ်လုပ် ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့

တွေ့ရပါမယ်။ ထိုအခါ MgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ ရနိုင်ပါပြီ။ ထိုအခါ
နောက်ထပ်မြင်ကွင်း တခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change
about account လို့ တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး
password အသစ်တခုပေးပါ။ အရင်စဉ်းစားလို့ မရတဲ့ password ကို ပင်ပန်းခံ
မစဉ်းစားပါနဲ့။

မေ့လိုက်ပါ။ အရင်က ဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove

the password" ကို ရွေးရင် ဘာpassword မှ ထည့်စရာမလိုတော့ဘဲ ကွန်ပျူတာ
ပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။
မထည့်ချင်လဲ ဒီအတိုင်းထားပါ။ Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို
ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့
ပေးပြီး ၀င်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘◘ နည်းလမ်း(၂) ◘◘◘


ကွန်ပျူတာမှာ အခြားသူတဦးဦးက ဝင်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ ဝင်ပါ)။ ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘◘ နည်းလမ်း(၃) ◘◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ ၀င်ပြီး

First Boot ကို CD-ROM သို့ ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ
ပြန်ပွင့်တာနဲ့ Press any Key to boot from CD ဆိုတဲ့ စာသားပေါ်လာတာနှင့် တပြိုင်
နက် ကီးခလုပ်တခုခုကို နှိပ်လိုက်ပါ။ Screen ကို သေသေချာချာကြည့်ပြီး ပေါ်လာတဲ့
ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်ပါ။

ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင်

To set up Windows XP…To repair a Windows XP.လို့ ပေါ်လာရင်(R=Repair)
ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီး ဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ်
reboot တချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကို မနှိပ်

ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။ မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြု
ကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10"
ကီးများကိုနှိပ်လိုက်ပါ။

၎င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။ Command console ပွင့်လာပြီး အဲဒီမှာပြင်

ရပါမယ်။ "NUSRMGR.CPL" လို့ ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။ သင့်ရဲ့ User Account
(box) ကို မြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုက ပြောင်း.. ဖယ်လိုက ဖယ်
ထုတ်နိုင်ပါပြီ။

တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ ရိုက်ထည့်

နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ် command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို
ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

မူရင်း - ကိုဥာဏ်မွန် (နည်းပညာစုစည်းမှု)

http://www.facebook.com/lwinthandarsoe

နေဇော်လင်း
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15

PostHeaderIcon လူ့သွေးကြောအကြောင်း သိစရာအချို့

 လူ့သွေးကြောအကြောင်း သိစရာအချို့
***************************************

ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော စီးဆင်းနေမှုကို ပြသထားခြင်း ဖြစ်ပါတယ်။

၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြောဟာ အကုန် ဆံ့လိုက်ရင် မိုင်ပေါင်း

၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂-ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ရတယ်ဆိုတာ တကယ်
ဖြစ်ပါတယ်။

၂။ အကျဉ်းဆုံး သွေးကြော အချင်းက ၈-ကနေ ၉-မိုင်ခရွန် အထိ ရှိပါတယ်။

၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီးတဆုပ် အရွယ်သာ ရှိပေမယ့် သူ

ညစ်ထုတ် လည်ပတ်နေစေတဲ့ သွေးပမာဏက တရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။
ယင်းဟာ တရက်ကို ၁၀ တန် ပမာဏ အလေးချိန်ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ
ဆွဲတင် ပေးနေတာနဲ့ အား ညီမျှပါတယ်။

၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ်ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြား

လာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းများကတော့ ဆေးလိပ်သောက်ခြင်း၊
စိတ်ဖိစီးမှုများခြင်း၊ သွေးချိုရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှုပုံစံ၊ သွေးပေါင်ချိန်
အတက်များခြင်း၊ ဗိုက်အဆီပို ထွက်ခြင်း၊ အထိုင်များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်
ကူးစက်လာမှုတို့ကြောင့် ဖြစ်ပါတယ်။

Ref: medifacts
အောင်ခမ်း (ရိုးရာလေး)

PostHeaderIcon အိန္ဒိယ ကုလားပြည်မှ ဗုဒ္ဓပွဲတော်


အိန္ဒိယ ကုလားပြည်မှ ဗုဒ္ဓပွဲတော်
***************************************
ဟိန္ဒူဘာသာနဲ့ မူဆလင်ဘာသာတွေ ကြီးစိုးနေတဲ့ ကျယ်ပြန့်လှတဲ့ အိန္ဒိယပြည်ကြီးမှာ ဗုဒ္ဓ ဘာသာပွဲတော်များ ကျင်းပဘို့ဆိုတာ တကယ်တော့မလွယ်ကူလှပါဘူး။ အထူးသဖြင့် ဘုရားပွဲ၊ ပဋ္ဌာန်းပွဲဆိုလျှင် ပိုလို့ပင် ခက်ခဲလှပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ တကယ်ကို အိန္ဒိယမြေ
ပေါ်မှာ ဘုရားပွဲ၊ပဋ္ဌာန်းပူဇော်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

အိန္ဒိယပြည်ကြီး၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသော နာဂပူ (Nagpur) မြို့တော်

ကြီးဟာ ဗုဒ္ဓဘာသာနှင့်ပတ်သက်ရင် သမိုင်းအစဉ်အလာကြီးသော မြို့တော်ကြီးဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က အိန္ဒိယတရားရေးဝန်ကြီး ဒေါက်တာ အမ်ဘေဒကာ
ဟာ ဒီနာဂပူမြို့တော်မှာပဲ နောက်ပါ (၅၀၀၀၀၀)ငါးသိန်းကျော်နှင့်တကွ ဟိန္ဒူဘာသာမှ
ဗုဒ္ဓဘာသာသို့ တရားဝင် ကူးပြောင်းခဲ့သော မြို့ဖြစ်ပါတယ်။

ထိုကမ္ဘာကျော်သမိုင်းဝင် ဘာသာပြောင်းပွဲကြီး ပြီးဆုံးသည့်နောက်ပိုင်းတွင် ၄င်း နာဂပူမြို့

တဝိုက် အထူးသဖြင့် မဟာရဋ္ဌပြည်နယ်တွင် ဗုဒ္ဓသာသနာတော်ဟာ အရှိန်အဟုန်ကြီးစွာ ပြန့်
ပွားလာပါတော့တယ်။ ယခုအချိန်ထိတိုင်အောင် နှစ်စဉ် အခြားဘာသာများမှ ဗုဒ္ဓဘာသာဝင် ကူးပြောင်းလာသူ အနည်းဆုံး တနှစ်လျှင် ပျမ်းမျှ (၂၀၀၀၀၀) နှစ်သိန်း ဝန်းကျင်အထိရှိပြီး။ ၄င်းမဟာရဋ္ဌပြည်နယ် နာဂပူဒေသတွင် ဗုဒ္ဓဘာသာဝင်ဦးရေမှာ ၈၅% အထိရှိကြောင်း
သိရပါတယ်။

အမိပြည်ကြီးမှ ခွဲခွာလာခဲ့ရသည်မှာ (၃)နှစ်ကျော်ကြာညောင်းခဲ့သည့် မိမိအတွက် ၄င်းနာဂပူ

မြို့တော်ဟာ ဒုတိယအမိမြန်မာပင် တင်စားပါက လွန်အံ့မထင်ပေ။ သီရိင်္လာမှ အိန္ဒိယသို့
မပြီးဆုံးသေးသည့် ပညာရေးခရီးလျှောက်လှမ်းလာသည့် (၇)လတာ ကာလအတွင်း ဒေသခံ
အိန္ဒိယ ကုလားများ၏ မလိုလားသည့်သဘော အဓိပ္ပါယ်သက်ရောက်သော အနီရောင်လွှမ်း
သည့် အစိမ်းရောင်ရင့်ရင့်အကြည့်၊ဆက်ဆံမှုများကြောင့် အမြဲတမ်း နောက်ကျောမလုံသလို ခံစားနေခဲ့ရသမျှ နာဂပူမြို့ရောက်တော့ အမိပြည်ကြီးပြန်ရောက်နေသကဲ့သို့ ဘေးကင်း လုံခြုံ
အေးချမ်းစွာခံစားရပါတယ်။

အိန္ဒိယတိုင်းသားအများစုတို့ဟာ ဗုဒ္ဓဘာသာရဟန်းတော်များကို တွေကြည့်သည့်အခါ၊ဆက်

ဆံသည့်အခါများတွင် ရဟန်းတော်တို့အား ရဟန်းတော်လို့ မထင်မမြင်ပဲ၊ ဒေါ်လာငွေ၊
ရူပီးငွေကဲ့သို့ ကြည့်တတ်မြင်တတ်ပြီး အချဉ်ဖမ်းဘို့ အမြဲချောင်းမြောင်းနေတတ်ကြပါ
တယ်။ နာဂပူမြို့သားတို့ကတော့ ဗုဒ္ဓ၏အဆုံးအမအောက်တွင် တည်ရှိနေထိုင်ကြသည့်သူ
များ အားလျှော်စွာ မိမိတို့ ရဟန်းတော်တို့အား ချစ်ကြည်ညိုသော၊ လေးစားသော၊ရိုသေ
သော၊ဖော်ရွေသော မျက်လုံးအစုံတို့နှင့် ကြည့်ရှုလေ့ရှိကြပြီး သံဃာတော်များကို ဖူးမြင်ရ
သည့်အခါတိုင်း "၀န္ဒာမိ ဘန္တေ"ဟု ပါဠိ လို နှုတ်ခွန်းဆက်ကာ ရှိခိုးအရိုအသေပြုလေ့
ရှိပါတယ်။

၎င်းနာဂပူမြို့တော်အတွင်းရှိ သာရိပုတ္တဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အတွင်းရှိ လေးထပ်မြောက်

အမိုးပေါ်တွင် တည်ထားတော်မူသော ရွှေတိဂုံစေတီတော်ပုံတူ (၁၅)တောင်ပြည့်စေတီတော်
ဗုဒ္ဓပူဇနိ ယပူဇော်ပွဲနှင့် အသံမစဲမဟာပဋ္ဌန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို ကျင်းပပူဇော်ပွဲကြီးကို
မိမိအပါအ၀င် မာဂဓတက္ကသိုလ်၊ ဘုံဘေအစောမယတက္ကသိုလ်နှင့် နာဂပူတက္ကသိုလ်တို့
တွင် ဒေါက်တာတန်း တက်ရောက်သင်ယူနေကြသည့် မြန်မာရဟန်းတော်(၇-)ပါးတို့ဟာ
ထိုပူဇော်ပွဲကြီးကို ဦးဆောင်ပူဇော် သာသနာပြုခွင့် ရရှိခဲ့ကြပါတယ်။

နံနက် (၈း၀၀)အချိန်မှစတင်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း သီလပေးတရားဟောခြင်း

များ ပြုလုပ်၍(၉း၀၀)အချိန်မှ ည(၉း၀၀)အထိ ၁၂-နာရီ အသံမစွဲမဟာပဋ္ဌာန်ပူဇော်ပွဲကြီးကို ကျင့်ပပြုလုပ်ခဲ့ပါတယ်။ နံနက်အချိန်မှ ညအချိန်အထိ ၁၂-နာရီလုံးလုံး တရားတော်နာ အိန္ဒိယ
သား ဗုဒ္ဓဘာသာဝင်တို့ဟာ တသောင်းကျော်တက်ရောက်၍ အချိန်ပြည့် တရားတော်နာယူခဲ့
ကြပါတယ်။

ည(၉း၀၀)နာရီပဋ္ဌာန်းအောင်ပွဲ တရားပွဲအပြီးမှာတော့ နာဂပူသား ဒကာ/မတို့ဟာ ၀မ်းနည်း

သော မျက်ဝန်းအစုံတို့နှင့် နှုတ်ဆက် ကန်တော့ကြပြီး နောင်နှစ်များမျာလည်း အခုကဲ့သို့ တရား
ဟော သာသနာပြုခရီး ကြွကြဖို့ ပြုံးသောမျက်နှာ ငိုသောမျက်လုံးများဖြင့် လျှောက်ထားကြပါ
တယ်။

အသားအရောင် မည်မျှပင် ကွဲပြားသော်လည်း အယူသီလ တူမျှသည့်အတွက် ဓလေ့ထုံးစံ၊

ယဉ်ကျေးမှု စိတ်နေသဘောများဟာ အားလုံးနီးပါး အတူတကွပင်ဖြစ်ပါတယ်။ မြန်မာပြည်
ထွက် မိမိလက်ဖြင့် ဗုဒ္ဓသာသနာကို တတ်စွမ်းသမျှ ထမ်းဆောင်ခွင့်ရရှိခဲ့ကိုပင် များစွာ ပီတိ
ဖြစ်နေရပေ၏။ မည်သို့ပင်ဖြစ်စေ မိမိတသက်သာမှာတော့ ကုလားပြည်မှ ထူးထူးခြားခြား ကျင်းပခွင့်ရခဲ့သည့် နာဂပူမြို့တော်(သို့) ဗုဒ္ဓနိုင်ငံတော်လေးကို မည်သည့်အခါမှ မေ့ပျောက်
လို့ ရတော့မည် မဟုတ်ပေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဗုဒ္ဓဘာသာမြို့တော်ဖြစ်သည့် နာဂပူမြို့တော်အကြောင်း အပြည့်အစုံကို ဆောင်းပါး

ရေးသားမည် ဖြစ်သောကြောင့် စောင့်မျှာ်ဖတ်ရှုကြပါကုန်လော။)

(ဓမ္မ၀ီရ အရှင်တေဇနိယ)
Tuesday, July 1, 2014

PostHeaderIcon စိန်ခေါ်မှုကို လက်ခံခြင်း

စိန်ခေါ်မှုကို လက်ခံခြင်း
************************

ကြီးပွားအောင်မြင်ချင်တဲ့သူဟာ “စိန်ခေါ်ခြင်း”ကို လက်ခံနိုင်ရတယ်။ စိန်ခေါ်ခြင်းကို
လက်ခံနိုင်တဲ့ သတ္တိမရှိရင် မကြီးပွားချင်ပါနဲ့။ မအောင်မြင်ချင်ပါနဲ့။ စိန်ခေါ်တဲ့ဥစ္စာကို
လက်ခံနိုင်တဲ့သတ္တိရှိမှ။ ကုန်ကုန်ပြောလိုက်မယ် ဓားသွေးတယ်ဆိုတာ ကျောက်တုန်းပေါ်
သွေးရတာ၊ ကတ္တီပါပေါ် သွေးလို့ ဓားထက်တာ မဟုတ်ဘူး။
စိန်ခေါ်တာကို လက်ခံနိုင်မှ အောင်မြင်တာ၊ အောင်မြင်ချင်တယ် ဆိုလို့ရှိရင်
တိုက်ပွဲရှိရတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့“ ငါအောင်မြင်တယ် ”ဆိုရင်
အရူးဖြစ်နေမယ်။

(အောင်သင်း) ရည်မှန်းချက် - သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄


ရင်ဆိုင်ပါ
***********
တညည်းညည်း တညူညူနဲ့“ ငါတော့ ကံဆိုးတာပဲ ”လို့ အောက်မေ့နေရင် အဲဒီလူ

တကယ် ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့။ လောကကြီးမှာ ရှုံးလို့ ထွက်ပြေးရင် တစ်သက်လုံး ပြေးပေတော့။ အောင်မြင်မှု ဘယ်တော့မှ မရဘူး။ ထွက်ပြေးတဲ့ကောင်
ဘယ်တော့မှ နိုင်ရိုး မရှိဘူး။ ရင်ဆိုင်နိုင်တဲ့ ကောင်မှ နိုင်တာ။

(အောင်သင်း) စာပေထဲက လူငယ်သမိုင်း
(မန္တလေး၊ ဓမ္မသာလာဟောပြောပွဲ)

PostHeaderIcon လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်
***********************************
ပညာတတ်ချင်တတ်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမဝင်ဘူး။
ပတ်ဝန်းကျင်အတွက် မင်းဟာအမြဲတမ်း အသုံးဝင်နေအောင် လုပ်ပါ။
တချို့ ဆိုရင် ပညာမတတ်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ

အသုံးဝင်အောင် လုပ်တယ်။
အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသုံးဝင်အောင်လုပ်တာ။
ဘာမှ အသုံးမဝင်ရင် အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့။

(အောင်သင်း) _ စာပေထဲက လူငယ့်သမိုင်း

မန်း-ဓမ္မသာလာဟောပြောပွဲ

ကြောက်တတ်တဲ့ ဦးနှောက်
***************************
ဘဝကို အမှတ်မဲ့ ကုန်ဆုံးသွားစေတဲ့ လူငယ်တွေဟာ များသောအားဖြင့် ပျော်စရာကောင်းတဲ့ စာမျိုးတွေကိုသာ ဖတ်ချင်ကြတယ်။ စဉ်းစားစရာကောင်းတဲ့ စာမျိုးတွေကို သိပ်မဖတ်ချင်ကြ

ဘူး။ သူတို့ရဲ့ ဦးနှောက်က “စိန်ခေါ်ခြင်း”ကို လက်မခံနိုင်ကြဘူး။ သူတို့ဟာ ဖျော်ဖြေမှုကိုသာ
အစဉ် မွတ်သိပ်တောင့်တ နေတတ်ကြတယ်။

(အောင်သင်း) အတွေးစကား- မျိုးဆက်သစ်တိုးတက်ရစ်ဖို့

PostHeaderIcon လူငယ်တွေ ခိုင်ခိုင်မာမာ သိထားဖို့

လူငယ်တွေ ခိုင်ခိုင်မာမာ သိထားဖို့
******************************** 

ယနေ့ လူငယ်တို့သည် မိမိတို့ဘဝ၊ မိမိတို့ခေတ်၊ မိမိတို့နိုင်ငံတော်အတွက်
ကဏ္ဍသစ်ဖွင့်ရမည်။ သမိုင်းတစ်လျှောက်မှာ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်အခြေ
အနေကိုပဲ ရောက်နေနေ ငါတို့ခေတ်ကို ငါတို့ဖန်တီးမည်။ ဖန်တီးနိုင်အောင်လည်း
ကြိုးစားမည်ဟူသော စိတ်မျိုး လူငယ်များ၏ နှလုံးသားတွင် ကိန်းဝပ်နေစေချင်သည်။

ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ ဘယ်စနစ်ကြီးကြောင့် စသည်ဖြင့် ဟိုဟာလွှဲချ၊
ဒီဟာလွှဲချနှင့် ဆင်ခြေကန်ပြီး ယောင်ပေပေ လုပ်နေသည့်အဖြစ်မျိုးမှ လွတ်မြောက်စေ
ချင်သည်။
အရေးကြီးသိထားဖို့ (အမှတ်ထင်ထင်၊ ခိုင်ခိုင်မာမာကြီး သိထားဖို့) လိုအပ်သည်က
လူကြီးဆိုသည်မှာ သေဖို့နီးလာသောသူများကို ခေါ်ကြောင်း(မှတ်မိနေကြဖို့)
 
ပင်ဖြစ်သည်။

(အောင်သင်း) အမေ့သား သရဖူ၊ ဇူလိုင်၊ ၉၅

PostHeaderIcon ရှက်စရာကို ရှက်တတ်ရမှာပဲ

 
ရှက်စရာကို ရှက်တတ်ရမှာပဲ
*********************** 

သမိုင်းကို ပြန်ပြီး လေ့လာလို့ ရှက်စရာတွေ့ရင်၊
ကိုယ့်လူမျိုး ညံ့ခဲ့တာတွေ ပြန်တွေ့ရင် ရှက်ကို ရှက်ရမှာပဲ။
ရှက်စရာကို ရှက်ရမှန်းကို မသိတာက ပိုပြီးရှက်စရာ ကောင်းတယ်၊
အဲဒီလို ညံ့တဲ့အဖြစ်မျိုးကို နောက်ထပ်မရောက်ရအောင် တစ်မျိုးသားလုံး

တက်ညီလက်ညီကြိုးစားကြရမှာပဲ မဟုတ်လား။
 

(အောင်သင်း) စဉ်းစားမိသမျှ -ရွှေ၊ အောက်တိုဘာ၊ ၉၃

အားပြိုင်မှု
********* 

ဘဝတစ်ခုလုံးဟာ ကိုယ်လိုချင်တာ ရဖို့နဲ့၊
ကိုယ်မလိုချင်တာ မရဖို့ အမြဲ အားပြိုင်နေရတာပဲ။
ဒါဟာ သဘာဝပဲ။

(အောင်သင်း)
လူငယ်နှင့်ရသစာပေ

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...