သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Monday, January 27, 2014

PostHeaderIcon လွမ်းစရာ့ ကမ်းခြေ

အပန်းဖြေမလားရယ်လို့
ကမ်းခြေကို သွားခဲ့ပေမယ့်
အပန်းမပြေပဲ အလွမ်းဝေခဲ့ရတယ်။

ကမ်းခြေအရောက်မှာ
အလွမ်းတွေ နှောက်လို့
အပန်းတွေက မပျောက်ရပဲ
နွမ်းကြေတဲ့ ဘဝရောက်ခဲ့ရပါလား သက်ထားရယ်။

ဒီနေရာ ဒီကမ်းစပ်မှာ
အနမ်းမဆက်ခဲ့ရပေမယ့်
အလွမ်းဇာတ်တွေ ဖန်တီးခဲ့ပြီး
အကြံကြီးကြံခဲ့တဲ့ သခင်ရယ်။

နေရာဟောင်းက
မဟောင်းသေးသလို
အရိပ်ထိုးလာတဲ့
အတိတ်ဆိုးကြီးက
တိတ်တခိုးဝင်လာပြန်တော့
ကြင်နာတာတွေဟာ 
နာကျင်စရာ ဖြစ်ကုန်ရပါပေါ့လား…။
အသဲနာလို့ မဲဇာကို
သွားလိုက်ပါဦးမယ်။

ကမ်းခြေအလှမှာ
အပန်းဖြေလို့ ရမယ့်အချိန်
ငါပြန်လာဦးမှာပါ ခရုလေးရယ်။

(တိုးတိုး)
 

PostHeaderIcon မိမိကိုယ်ကို မဲဇာပို့ခြင်း


မိမိကိုယ်ကို မဲဇာပို့ခြင်း
********
တရံရောခါ
ရာဇာသေနင်း
ရွှေစိတ်တော်နှင့်၊ ခန့်မသင့်၍၊
ဘုရင့်အာဏာစက် လက်ဝဲသုန္ဒရ
မင်းခ ကဗျာဆရာ
မဲဇာသို့ ပို့လိုက်သတည်း။

ငါ တမူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှ ခွာ
မဲဇာသို့ သွားနေလိုက်သည်။

ခေတ်သစ် မဲဇာ
ထိုနေရာကား၊ ကတ္တရာလမ်းမှ
ဝေးကွားလှလျက်၊ လယ်ကွင်းတဘက်
တဘက်မှာတော၊ တောင်တကြောနှင့်
အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်
ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်
ရေကန်အတွင်း၊ နေနှစ်စင်းတည်း။

ထွက်စ ပုလဲ၊ ဝင်က ရွှေဝါ
နေစကြာ လစကြာ၊ ရေကန်သာတွင်
ဖန်လွှာ မှန်လွှာ၊ ရေကန်သာတွင်
စကြာမှန်ပြောင်း လှည့်လည်လျက်။

ကြယ် လ၊ နေနှင့်
ရေမြေကောင်းကင်၊ သစ်ပင်တောတောင်
အမှောင် အလင်း၊ နဂိုရင်းဖြင့်
ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ
ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ
အစစ်အမှန်၊ အရိုးခံလျှင်
သဘာဝ၏ ဟန်အတိုင်း။

တနေရာတွင်
ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်
ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ ထွက်
လယ်ကွက် ကန်သင်းကြား၊ ဖြတ်သန်းသွားရာ
ငါးများ ခုန်ထွက်၊ ဂဏန်းတက်ကြ
ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်
လယ်ကန်စွန်းပင်၊ စားချင် ခူးသွား
ဖထီး စကား၊ ကြားရလေပြန်
သူ့ ဆီးခြံ အပေါက်၊ တခေါ်လောက်ဝေး
ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်
အေးချမ်းပေစွ။

မိုးသက်လေဆင်
ရေပြင်လယ်ကွင်း၊ ရွှေရောင် ငွေရောင်
မြရောင် စိန်ရောင်၊ တိမ်တောင် ရိပ်ထင်
စိမ်းမျှင်စန၊ မြတုံးမျှောတင်
နေ့တွင် ဖိတ်လက်၊ ညတွင် မှိုင်းမြ
လမှုန် ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ
ဖြူငုံ လူးလွန့်
ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်
ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။

ကောက်စိုက်ချိန်တွင်
ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား
နေ့စားလုပ်သား၊ ကောက်စိုက်သမများ
လှုပ်လှုပ်ရွရွ၊ ထဘီတို မ
ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ
ကားချပ် ခြယ်သ၊ ဘဝရသ
လှပပေစွ။

နေ့အခါတွင်၊ ဟင်းလင်းပြင်မို့
လေထန်းပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း
နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ
အစာရှာကြ၊ အော်မြည်ကြနှင့်
ဘဲတမလည်း၊ ရေစချောင်းတိမ်
မြည်ကျူးသံယှက်၊ ကြက်သံ ဘဲသံ
ညယမ်တွင်ကား၊ ဖားအော်သံကား
ပိုးမွှား ပုစဉ်းသံ၊ ပရစ်သံတို့
တရံမဆိတ်၊ တောသံခိပ်မှာ
သာယာပေစွ။

ဤမဲဇာကျွန်း
စခန်းသာမော၊ ကျေးလက်တောတွင်
ငါလျှင် မွေ့ပျော်၊ တကိုယ်တော်တည့်
ရေးဖော် မရှိ၊ ဖတ်ဖော် မရှိ
ဝေဖန်သူ မရှိ၊ တိုက်ခိုက်သူ မရှိ
အမိန့် မရှိ၊ လျှောက်လွှာ မရှိ
ငါ့ကို မသိ၊ ငါ့စာ မသိ
အမုန်း မရှိ၊ စစ်ပွဲ မရှိ
ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်
လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။

(ဒဂုံတာရာ)
(မိုးဝေ၊ သြဂုတ်၊ ၁၉၈၆)

PostHeaderIcon ကျဆုံးလေပြီးသော ပန်းပွင့်များ

ကျဆုံးလေပြီးသော ပန်းပွင့်များ
********************
ဤမြေချာ၌
စကားဝါနံ့၊ ယစ်ထုံပျံ့ခဲ့
သွေးနဲ့ ညှီနံ့၊ မေ့ဆေးနံ့နှင့်
ယမ်းနံ့ မြမြ သင်းရဘိ။
ဤမြေချာ၌
ဖြူပြာဆန်းတင့်၊ လှမျက်ပွင့်တို့
စစ်ဘုရင်မိန့်၊ မိုးချုံးသိမ့်က
လူးလှိမ့်လဲကျ တိမ်းရဘိ။

ဤမြေချာ၌
ရာဇဝင်မြောက်၊ မကြောက်ရဲရင့်
သွေးနှင့်အသိ၊ လဲရရှိသည်
သတိပညာပေးခဲ့ဘိ။
ဤမြေချာ၌
စစ်သံခွာတပ်၊ ဖိနပ်ရာထင်
ပလ္လင်ယစ်ကွန်း၊ ကျောက်တိုင်ဝန်း၌
ညှိထွန်းဆီမီး ပူဇော်ဘိ။
ဤမြေချာ၌
ကျလာမျက်ရည်၊ ပြည်သူတို့၏
ကွဲသည့်နှလုံး၊ မျိုသိပ်ဖုံး၍
မာလာဝိညာဉ်၊ အောင်လံတင်ပြီး
စည်းရုံးအားစု၊ လှုပ်ရှားမှုဖြင့်
ပြည်သူ့အာဏာ ဆင်ကြအံ့။

(ဒဂုန်တာရာ)
၁၉၆၂

PostHeaderIcon ဦးအောင်ဆန်း၏ နောက်ဆုံးနေ့



 ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ 
********************
လွှတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။
သက္ကလပ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နုရုံးခန်းကို ကျာ်၍
ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်း
ပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေနှစ်ယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမိင်တွေေ တမျိုးကြီးဖြစ်နေကြသည်ဟု အောက်မေ့
လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နသော ရုံးစေတဦးအား"ဦးသိန်းဟန် ရှိသလား"ဟု မးသည်။ 
'ရှိပါတယ်ခင်ဗျ 'ဟု ခပ်တိုးတိုး သာသာအးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေ
ကြာင်း အသေအချာ သိလိုက်တာ့သည်။ စိတ်ထဲတွင်ကား မရှင်း။

တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မင်ဝံ့သေးဘဲ တံခါးတွင်ရပ်ကာ
ရုံးစေဘက်သို့ တဖန်လှည့်၍ "အထဲမှာ အစည်းအဝေး လုပ်နေသလား"ဟု မး
ရသည်။ ရုံးစေသည် ဘာမှမပြောပဲ အသာအယာစေ့ထားသော တံခါးကို ဖွင့်ပေး
သည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေမှ ထီးကို
ထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။

စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း
ပာပြာဖစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကံပေး
အရာရှိ တ်လုံဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမိင်လျက်ရှိသည်။ ဇော်ဂျီသည် ကျွန်
တော်င်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင် စကားမဟပဲ ထိုင်ရန် ကုလားထိုင်ကို
သာ လက်ဖြင့်ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။ ကျွန်တော်ကား ခါတိုင်း လပ်ရှား ဆူညံ၍နတတ်သော အတွင်းန်များရုံးသည် ဘာကြောင့်
ယခုလို အုံ့မှိုင်းရီေ နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။

အတန်ကြာ ဆိတ်ငြိမ်နေရာမှ"အားလုံးတော့ ဒုက္ခ ဖြစ်ကုန်ပြီ"ဟု ဇော်ဂျီက တိုးတိုးညည်း
လေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍
နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲဖြစ်သွားသည်။
"လက်ဖက်ရည်ဆိုင် သွားရအောင်"
မိုးဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရာက်မှ ကျွန်တော်က မနေနိုင်၍  
"ဘာဖြစ်လို့လဲ ဆရာ" ဟု မေးမိသည်။
"မင်း မကြားသေးဘူးလား" ဟု ဇ်ာဂျီက အံ့သြနေသည်။
"ဟင့်အင်း …ကျွန်တော်အခုပဲ ဘတ်စကားပေါ်က ဆင်းပြီး ရုံးကို တန်းလာတာ"
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖေါင်းကို တ်ဆင်ထား
သော လက်နက်ကိုင် လူ ၄ ယောက်သည် အလယ်ဆင်င်အောက်မှ တက်လာကာ
ဦးအောင်ဆန်း ရုံးခန်းတွင်းသို့ အတင်းတွန်းင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမ
ဆာင်န်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရပဲ ဂျစ်ကား
ဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော် မရောက်မီ ၁.နာရီ ကျော်ကျော်ခန့်က
ဖြစ်သည်။

ကျွန်တော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့်တုန်လပ်၍ သွားသည်။
အသားများ တဆတ်ဆတ် တုန်လာသည်။ အတွင်းန်ရုံး လဘက်ရည်ဆိုင်ထဲတွင်ကား
စာရေးစာချီစသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စား
သောက်နေကြသည်။ တခြားစားပွဲရှိ နိုင်ငံရေးရာအတွင်းန် ကိုကျော်မြင့်ကလေးကို လှမ်း၍ နတ်ဆက်လိုက်သည်။
သူသည် ခပ်အေးအေး ခပ်တွေတွေပင် လဘက်ရည်ကို သောက်နေသည်။
"အင်မတန် နှမြောဘို့ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး
လုပ်ကံမှုပဲ" စသည်ဖြင့် လူတချို့သည် ညည်းတွားလက်ရှိကြသည်။
ဇော်ဂျီက " အမျိုးသား ပျက်စီးခြင်း တရပ်ပဲ" ဟု တသသ ပြောသည်။
"ကျွန်တော် ရုံးင်းထဲ င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွ့တယ်။ ဒါပေမဲ့
ကျွန်တော်င်လာတာ မတားကြပါဘူး ဆင်င်အောက်မှာတောင် အသိစာရေး
ယာက်နဲ့ တွေ့သားပဲ။ သူကလဲ ဘာမှမပြောဘူး"
"လူတွေဟာ မပြောရက်ကြဘူး" ဟု ဇော်ဂျီက ဆိုလေသည်။
    
လဘက်ရည်သောက်နေစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍
"ဘယ့်နဲ့လဲ" ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းကြသည်။
သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူ၏အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
" ဗိုလ်ချုပ်ကော" ဟု တယောက်က တိုးတိုးမေးသည်။
" မျက်နှာကို အတ်ဖြူနဲ့ ဖုံးထားတယ်"
ကျွန်တော်လည်း ကြာကြာမနေနိုင်ပဲ ဂျူဒါအီစကယ်လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်
လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။

လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ အချို့ ထီးမပါဘဲ၊ အချို့ ပလက်ဖါင်းပေါ်တွင်
ရပ်ကာ အတွန်းန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့်တရုတ်လည်းပါသည်။
လူတယောက်က ကျွန်တော်၏ လက်မောင်းကို ဆွဲကိုင်၍ " ဒီမယ်  ခုနက န်ကြီးတွေ
သေနတ်ပစ်ခံရတယ် ကြားတယ် ဟုတ်သလား ခင်ဗျာ"ဟုမေးသည်။
သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
"ဟုတ်ကဲ့" ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူး၍ အသင့်တွေရသော
ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့
ပြေးလျက်ရှိသည်။

ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက"ဖစ်မှ ဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ" ဟု မြည်တမ်းလျက်ရှိသည်။
ဈးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား 
"ဗိုလ်ချုပ် အသက်ရှင်ပါစေတော်"ဟု ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို "မပြောကြနဲ့၊ မပြောကြနဲ့"ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်ကြသည်။
သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ တ်စားထားသော တရုတ်တဦးက " အားကီး ရက်စက်တာပဲ"ဟု ကျွန်တော့်
ဘက်သိုလှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စကားဒရိုင်ဘာ
သည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ရာက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထား
လေပြီ။ သတင်းသည် တမဟုတ်ချင်း ပျံ့နှံ၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား
ခပ်မြန်မြန် သွားလာနေကြသည်။
ကားပေါ်မှဆင်း၍ လမ်းထဲသို့ င်သောအခါ အိမ်တွင် လူတို့သည် မိင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။
မိုးသည် မစဲပဲ ရွာလျက်ပင်။
.
လူတို့သည် " ဖစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ" ဟု တတွတ်တွတ် မြည်တမ်းရင်းပင်
ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ
ကြားရလေပြီ။ မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။
လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ "ကျုပ်တို့တော့ ထမင်းလဲ မချက်တော့
ဘူး စားချင်စိတ်လဲ မရှိတော့ပါဘူးရှင်"ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
.
င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။
အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊
ီးညူသံ၊ တသသံ။

တိတ်ဆိတ်မှောင်မဲနေသဖြင့် စောစော အိပ်ရာင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။
နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍ နေသည်။
ရှဲကနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။
တရေးနိုး ဆုံလျှင် "ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်"ဟု အိပ်ချင်သံနှင့် ဆိုကြသည်။
တရေးနိုးတိုင်း သတိရလျက်ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။
သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့် ထိုညကို လွန်မြောက်ရသည်။

(ဒဂုန်တာရာ)
၁၉၄၇. သြဂုတ်လ

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...