သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, March 23, 2013

PostHeaderIcon ကျောက်ကပ်ဝေဒနာသည်များအတွက်

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်


ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှုများပြား
 သော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံရ 
သော ရောဂါပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ 
အချိန်အခိုက်အတန့် တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ 
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် 
ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်
ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူများသက်သာပြီး ကျောက်
ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင်ရွက်ခဲ့သ 
ဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝ 
အထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နာမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE 
ကုသနည်းပါ။
အနောက်နိုင်ငံများတွင်ပင် ဘေးထွက် ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေး
များကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူသော
ဆေးများ ကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်
သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်း
မှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ ရောဂါ
မရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)


၂။ တရုပ်နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေး

သောက်သလို သောက်ပါ။ အဖတ် ၀ါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှ
သောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။
ည ခုနစ်နာရီ ဆိုလျှင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင် ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ တဖြေးဖြေး သက်သာ

လာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပတ်တစ်ကြိမ် ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလ အနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ

လျော့လာသည်ကို တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအား ဖြန့်ဝေပါ ။ 
မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး
တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာတွေ့ရသဖြင့် အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်

credit to Sandar Laynyuntmg
ဗဟုသုတ

အေးချမ်းမွန်မှ April Maung Maungတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်း

မျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

PostHeaderIcon တရုတ်နံနံ



တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြထားခဲ့
တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ တရုတ်နံနံ
ရဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအား
စနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

၎)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိ
အားကို ထိန်းညှိ ပေးနိုင်ပါတယ်။

၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ
 သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။

၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာကာကွယ်ရေးမှာ အစွမ်း

ထက်ပါတယ်။

၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။

၈) တရုတ်နံနံမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက 
အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

၉) တရုတ် နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ ဆီးသွားစေတဲ့ 
အစွမ်းထက် အာနိသင် ရှိပါတယ်။

၁ဝ)တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်းတွေ
များစွာ ပါဝင်တာကြောင့် ဆီးအိတ် ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တွေ ရှိတာကြောင့် အဆစ်ရောင်နာ

တွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

၁၂) တရုတ်နံနံမှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ ဒါကြောင့် ကိုယ် အလေးချိန် လျော့ကျရေးမှာ အရေးပါပါတယ်။

၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုး နံတာကို သက်သာစေပါတယ်။
 
Credit To
 Aye Chan Mon Facebook
 ကြယ်စင်
ACM Re-post Time: 2013 Feb 11 10:23
News from: မြ၀တီ (ကျန်းမာရေး)
http://yinfamily24.blogspot.com/2013/02/blog-post_2718.html

PostHeaderIcon နံနံပင်


 
နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ 
 ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ 
အဆိပ်အတောက် အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံး
သမျှ၊ အစားအစာ၊ သောက်ရေက အစ အစားမှာ ပါဝင်သမျှသော မလိုအပ်တဲ့ ဓာတ်များ
ကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ 
အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
...
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှု
တို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ
 ပေါ်လာပါတယ်။

ခွဲစိတ်ကုသ စရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် 
ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း 
လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်ထက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကို ပဲ နုတ်နုတ်စင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ်ခွက်စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်
လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်
တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများ
အနေနဲ့ နေ့စဉ် သောက်သုံးသင့်ပြီး ကာကွယ်လိုသူများအတွက် တစ်ပတ် တစ်ကြိမ် သို့မဟုတ် 
၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေမယ်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာ နဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။
 
Wednesday, March 20, 2013

PostHeaderIcon စံပြခေါင်းဆောင်




တိုင်းသားပြည်သူ လူသားအားလုံး

ရယ်ပြုံးရွှင်ကြည် ညီညီညွတ်ညွတ်

တိုင်းလုံးဆွတ်၍ တွေ့ကြုံသမျှ

မှုကိစ္စ္ပ္ပ္ပနှိုက် အမြင်မှန်မှန်

စေတနာသန်နှင့် ကျင့်ကြံကြိုးစား

စိတ်ဓာတ်ထားအောင်

အများအကျိုး သယ်ပိုးစိတ်ဓာတ်

ကိန်းဝပ်လာအောင်

အာဏာရှိ/မဲ့ မငဲ့မကြောက်

ခြင်္သေ့ဟောက်သို့ ကွေ့ကောက်မရှိ

ပကတိဖြင့် ထိထိမိမိ

တိကျပြတ်သား ညွှန်ကြားပြသ

ဆိုဆုံးမသည်

စံပြခေါင်းဆောင်ပေတကား ။ ။
( မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ 
အသက် (၈၀) မွေးနေ့ဂုဏ်ပြု )

PostHeaderIcon မြေပြင် မိသားစုကြီး

မင်းတို့နိုင်ငံက ရှင်းရှင်းပြောမယ်
လူကြီးရော လူငယ်ရော အူခြောင်ခြောင်တွေများတယ်၊
တယောက်ပါတီထောင်တယ်ဆိုရင်
အဟုတ်မှတ်ပြီး ပါတီထောင်၊ အဲသလို ကိုက များနေတယ်၊   အဲဒါ မှတ်ထား...
ဥဒါရစရိတာနံ တု ဝသုဓေဝ ကုဋုမ္ဗကံ ...
ဥဒါရစရိတာနံ - မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေကတော့-
ဝသုဓာ - မြေတပြင်လုံးမှာ ရှိ
တဲ့ လူသား အားလုံးသည်။ကုဋုမ္ဗကံ ကုဋုမ္ဗကံဧဝ။ ငါတို့ရဲ့မိသားစုကြီး တခုတည်းသာတည်း။ 
(ဝါ) ငါတို့ရဲ့ အိမ်ထောင်စုကြီး တခုသာတည်း လို့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်တွေက 
အဲသလို စိတ်ထားရှိတယ်တဲ့။

သူ့ပါတီ ငါ့ပါတီလို့ မခွဲခြားဘူး၊ အဲသလို မခွဲခြားတဲ့ နိုင်ငံတွေ
ကမ္ဘာမှာ ကြည့် မင်းတို့ တိုး
တက်တာပဲ။ မင်းတို့က ပြောမှာပေါ့ကွ။ ဟာ ဆရာတော်နှယ် အမေရိကန်လဲ Republicam,
Democratic တို့ ရှိတာပဲ၊ အင်္ဂလန်လဲ Labour (labor),Conservative ဆိုတာ ရှိတာပဲ။ 
ဟုတ်တယ်။သူတို့က ပါတီနှစ်ခု သုံးခု အများဆုံးရှိ အဲသလောက်ပဲ။ 

သူတို့ ပါတီချင်း ရန်မဖြစ်ဖူးလားဆိုတော့ လွှတ်တော်ထဲမှာ ရန်ဖြစ်ပါတယ်။ လက်သီး
လက်မောင်း တန်းပြီး ငြင်းတာတွေ ခုန်တာတွေ လုပ်တာပဲ။ ဒါပေမဲ့ တိုင်းပြည် အကျိုးရှိ
မယ့် လုပ်ငန်း မှန်သမျှတွေကို သူတို့က အမြဲတမ်းလက်တွဲပြီးတော့ လုပ်လေ့ရှိတယ်ဗျ။ 
အဲသလို လက်တွဲလုပ်တဲ့အတွက် အဲဒီနိုင်ငံတွေ မင်းတို့ တိုးတက်တယ်။

ဟိုတုန်းက ပြင်သစ်မှာ ဒုတိယကမ္ဘာစစ်ပြီးတော့ အစိုးရမတည်ငြိမ်ဘူး၊
(၇)ရက်နဲ့ အစိုးရ
ပြုတ်ကျ၊ (၁၅)ရက်နဲ့ ပြုတ်ကျ၊ တလနဲ့ ပြုတ်ကျ၊ အစိုးရ အပြောင်းအလဲ ခဏခဏဖြစ်
တယ် ပြင်သစ်မှာ။ နာက် ဒီဂေါ တက်လာတယ်။ ဒီဂေါ တက်လာတော့ ပြင်သစ်နိုင်ငံ 
ဒီလို သူတလူ ငါတမင်း လုပ်ရင် ဘယ်တော့မှ ကြီးမြတ်တဲ့နိုင်ငံ မဖြစ်ဘူး။ နိုင်ငံကြီးစာ
ရင်းမှာ မဝင်နိုင်ဘူး၊ ဒီတော့ ညီညီညွတ်ညွတ် လုပ်ကြမှ ဖြစ်မယ်ဆိုတဲ့ ယူဆချက်နဲ့ 
သူက ညီညီညွတ်နဲ့ လုပ်တဲ့အတွက် ဒီဂေါတို့ လက်ထက်ကျမှ ပြင်သစ်က တိုးတက် 
လာတာ၊ အဲဒါ မှတ်ထား။

ဒို့ဗမာနိုင်ငံမှာလဲ ခုနက ဥဒါရစရိတာနံ တု ဝသုဓေဝ ကုဋုမ္ဗကံ ဆိုတဲ့အတိုင်းပဲ ဝသုဓာ မြေတ

ပြင် လုံးမှာရှိတဲ့ မြန်မာပြည် တပြည်လုံးမှာ ရှိတဲ့ လူသားအားလုံးသည်။ကုဋုမ္ဗကံ ကုဋုမ္ဗကံ
ဧဝ၊ ငါတို့ရဲ့ မိသားစုကြီးတခုတည်းသာတည်း၊ ငါတို့ရဲ့ အိမ်ထောင်စုကြီး တခုတည်းသာ
တည်း-လို့ စိတ်ထားပြီးတော့ ငြိမ်းချမ်းရေး တရားဟောကြဖို့ တိုက်တွန်းရင်း ငါ့ရဲ့ သြ၀ါဒ
ကထာကို နိဂုံးချုပ်ပါတယ်၊

(၁၃၇၀-ခုနှစ် အာစရိယပူဇော်ပွဲ သြ၀ါဒခံယူပွဲ )

မစိုးရိမ်တိုက်သစ်ကြီးများ၏  ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

PostHeaderIcon ဖြူရာက မည်းချင် မည်းမှာပဲ



ကျေးဇူးရှင် အဂ္ဂါဘိဓဇ မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ-၏
မှတ်သားလိုက်နာစရာ စကားတခွန်း
-------------------------------------------

သံဂါယနာတင်စဉ်က ညောင်ရမ်းဆရာတော် ပျံလွန်တော်မူပြီးနောက် သံဃဥက္ကဌ အသစ်
တင်မြှောက်ရန် ကိစ္စပေါ်ပေါက်လာသည်။ သံဃဥက္ကဌအသစ် တင်မြှောက်ရန်ပြုလုပ်သည့် အစည်းအဝေးတွင် ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် အစိုးရပိုင်း အရာရှိများ
က ဆရာတော်အား ဥက္ကဌသစ် အဖြစ် တင်မြှောက်ရန် အားလုံးလောက် နီးနီး အဆိုပြု
ကြသည်။
 

မန္တလေးမှ ထင်ရှားသည့် ဆရာတော်တပါးက မစိုးရိမ်ဆရာတော်သည် ယနေ့ ဖြူသည်ဟု ကိစ္စတရပ်ကို နောက်နေ့ မည်းသည်ဟု ပြောတတ်၏၊ စိတ်အပြောင်းအလွဲ မြန်သည်။ စိတ်
အပြောင်းအလွဲ မြန်သောသူသည် ဥက္ကဌရာထူးနှင့် မထိုက်တန်။ ဥက္ကဌဟူသည် စိတ်ထား
တသမတ်တည်း ရှိုဖို့ လိုအပ်သည်။ မိမိက ဖြူသည်ဟု ပြောထားသည့် ကိစ္စတရပ်ကို မည်သူ
က လာပြောပြော မည်းသည်ဟု ပြောင်းလဲ မပြောဆိုသင့်။ စသည်ဖြင့် ကန့်ကွက်လေရာ 
ထိုစကားကို ဆရာတော်ကြီးက ဤသို့ ဖြေရှင်းလိုက်လေသည်။
 

ဥက္ကဌ တင်လိုကတင် မတင်လိုကနေ၊ ယနေ့ ဖြူသည်ထင်၍ ဖြူသည် ဟု ပြောခဲ့သည့် ကိစ္စ တ ရပ်ကို ပြန်လည်ဆင်ခြင်သုံးသပ်သည့်အခါ အမည်းဖြစ်နေသည်ကို တွေ့လျှင် အမည်း ဟု ပြင် ဆင် ပြောဆိုရမည်သာ ဖြစ်သည်။

အမည်းမှန်းသိလျှက် မိမိက အဖြူဟု ပြောဆိုခဲ့ဖူး၍ မိမိစကား မပျက်စေလိုသဖြင့် အဖြူဟု

ဇွတ်မှိတ်မငြင်းလို၊ .... ထွက်ပြီးတဲ့ ဆင်စွယ်- ဝင်တယ်မရှိ. ဟူသော စကားရပ်များကို တရား
သေ ကျင့်သုံး လိုက်နာခဲ့သဖြင့် အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ရကြောင်း ရာဇ၀င်များတွင် အထင်အရှား တွေ့နိုင်သည်..ဟု ဖြေရှင်းဟောပြ သြဝါဒပေးတော်မူလိုက်သည်

PostHeaderIcon ဗဟုသုတနည်းသူ နွားနဲ့တူ

ဒို့ဘုရားရှင်က
အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဓေါဝ ဇီဝတိ။
အယံပုရိသော၊ ဤယောက်ျားသည်၊ အပ္ပဿုတော၊ ဗဟုသုတနဲတယ်၊ 

ဗဟုသုတနဲတာ့ မြတ်စွာဘုရားက ကဲ့ရဲ့တော်မူတယ်။ ဘယ်လောက်ကဲ့ရဲ့
သလဲဆိုရင်.. ဗလိဗဒ္ဓေါဝ ဇီဝတိ-နွားလားကြီးလိုပဲ အသက်ရှင်နေတယ် တဲ့။
 နွားတွေ မြက်စားပြီးတော့ ဝတာပဲ ရှိတယ်၊ ဘာဗဟုသုတမှ မရှိဘူး။ 

အဲသလိုကို မြတ်စွာဘုရားက ဗဟုသုတမရှိတဲ့သူတွေကို ဗလိဗဒ္ဓေါဝ ဇီဝတိ- အဲဒါ 
ကဲ့ရဲ့တော်မူတာ၊ အသားတွေသာ တိုးနေတာ၊ ဘာပညာမှ မတိုးဘူး။ လောကီပညာ
လဲ မတိုးဘူး၊ လောကုတ္တရာပညာလဲ မတိုးဘူး၊ အဲသလို ကဲ့ရဲ့တော်မူတယ်။

မင်းတို့ လောကီဗဟုသုတ လောကုတ္တရာဗဟုသုတ စွယ်စုံပြည့်စုံနေအောင်လို့
ရှာဖွေ
ရတယ်၊ အဲ လောကုတ္တရာဗဟုသုတ မင်းတို့ အခု စာတွေ သင်နေတာ နောင်ကျရင်
အဋ္ဌကထာ ဋီကာတွေထဲမှာ အင်မတန် ဗဟုသုတ ရဘွယ်ရာတွေ အများကြီးပါတယ်၊
အဲဒါတွေ သိလာမယ်။
 

လောကီဗဟုသုတ ထွက်နေတဲ့ စာအုပ်တွေ သတင်းစာတို့ ဂျာနယ်တို့ မဂ္ဂဇင်းတို့ 
စသည် အားလပ်တဲ့ အချိန်တွေမှာ ကိုယ့်ဘဝကို အထောက်ကူပြုမယ့် စာပေမျိုးတွေကို
ရွေးချယ်ပြီးတော့ ဖတ်ရတယ်၊ စာဖတ်တယ်ဆိုတာ အချိန်ကတော့ကုန်မှာဘဲ၊ မိမိ အား
လပ်ချိန်မှာ စာဖတ်တော့ အသိညာဏ်တိုးတာပေါ့၊ 
အချိန်ကုန်တာချင်းတူတူ ကိုယ့်ဘဝကို အကျိုးပြုမယ့် စာပေမျိုးကို ရွေးပြီးတော့ ဖတ်ရ
တယ်၊ ငါက စာဖတ်တာကို မင်းတို့ အပြစ်မတင်ပါဘူး။ ငါကိုယ်တိုင်လဲ ခုထိ ဖတ်နေ
တုန်းပဲ။
မင်းတို့ သိပ္ပံမောင်ဝက အောက်စဖို့ တက္ကသိုလ်မှတ်တမ်းဆိုပြီးတော့ ရေး
သွားတယ်၊
သူ့စာအုပ်ထုတ်တာ ဘယ်လောက်ကြာပြီလဲဆိုရင် ငါ့အသက်နဲ့ အညီအမျှ(၁၂၉၅)ခုနှစ်
က ထုတ်တာ၊ ငါကလဲ ၁၂၉၅ ခုနှစ်က မွေးတာ၊ အဲဒီစာအုပ် အဲဒါ သိပ္ပံမောင်ဝ က 
အောက်စဖို့တက္ကသိုလ်ကို သွားပြီးတော့ ပညာသင်တာ။ သူက မှတ်တမ်းစာအုပ် တအုပ်
ရေးသွားတယ်၊ ဒိုင်ယာရီ သဘောမျိုး ရေးသွားတယ်။ အဲဒီ အောက်စဖို့တက္ကသိုလ်မှတ်
တမ်းထဲမှာ... 

အောက်စဖို့တက္ကသိုလ်ဆိုတာ မန္တလေးမြို့က မစိုးရိမ်တိုက်ကြီးလိုပါပဲတဲ့။ ဒို့ မစိုးရိမ်တိုက်
တည်တာ အဲဒီတော့ သိပ်မကြာသေးဘူးကွ၊သူသွားတဲ့ အချိန်မှ မစိုးရိမ်တိုက်ကြီး တည်ပြီး
ာ။ အလွန်ဆုံးရှိမှ(၁၅)နှစ် ဒီလောက်ပဲ ရှိဦးမယ်၊ အဲဒီ (၁၅)နှစ်အတွင်းမှာ မစိုးရိမ်တိုက် ဟာ တော်တော်လေး မြန်မာပြည်မှာ နာမည်ကြီးနေပြီဆိုတာ ထင်ရှားတယ်။ ဘာဖြစ်လို့
တုန်းဆိုတော့ သူက မစိုးရိမ်တိုက်ကြီးနဲ့ ဥပမာပေးပြီး ရေးကတည်းကိုက ဒါမစိုးရိမ်တိုက်
တည်ထောင် ပြီးစ (၁၅)နှစ်၊ အနှစ်(၂၀)တွင်းမှာဘဲ နာမည် တဟုန်ထိုးတက်လာတဲ့ သ
ဘောရှိတယ်၊ အောက်စဖို့ တက္ကသိုလ်ဆိုတာ မန္တလေးက မစိုးရိမ်တိုက်ကြီးလိုပါဘဲ၊ 
သူက မစိုးရိမ်တိုက်ကြီးနဲ့ နှိုင်းယှဉ်ပြီးတော့ ရေးသွားတာ၊ အဲဒီအောက်စဖို့ဒ်တက္ကသိုလ်မှာ သူတို့ နေတဲ့အချိန်တုန်းက ကျောင်းသားပေါင်း လေးငါးထောင်၊ တခါတလေ စာပေ 
ဟောပြောပွဲတို့ စကားရည်လုပွဲတို့ စသည်လုပ်တယ်၊ အဲသလိုလုပ်လို့ရှိရင် ကျောင်းသား
တွေက လာပြီတော့ နားထောင်ကြတယ်၊ ဟောခန်းကြီးတဲ ရောက်သည်နဲ့ တပြိုင်နက်ထဲ
အသံကို တိတ်လို့ အပ်ကျတာတောင် ကြားရတယ်တဲ့။ 

အဲဒီလောက်ထိအောင် တခန်းလုံး တိတ်ဆိတ်ပြီးတော့ နေတယ်၊ သိပ် အတုယူစရာ
ကောင်းတယ်ပေါ့၊ သူက အဲဒါလဲ ထည့်ရေးသွားတယ်၊ ဒို့ ဗမာပြည်နဲ့ တခြားစီပေါ့၊ ဒို့
ဗမာပြည်ကတော့ ဟောခန်းထဲ ရောက်တယ်ဆိုရင် ကြွက်စီကြွက်စီနဲ့ စကားပြောတာ
ဆူညံလို့၊ ဟိုမှာက အဲဒီလို မဟုတ်ဘူးတဲ့။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အင်မတန်ကို စည်း
ကမ်းရှိတယ်ပေါ့။ 
အဲဒါ တိုင်းပြည် အမျိုးမျိုးက လာပြီးတော့ ပညာသင်ကြတဲ့ ကျောင်းသားတွေ အဲဒီအ
ချိန်တုန်းက ကျောင်းသူတွေ လက်မခံဘူး၊ ကျောင်းသားပဲ လက်ခံတယ်။ အဲဒါလဲပဲ 
သူက မစိုးရိမ်တိုက်ကြီးနဲ့ တူတဲ့အကြောင်း၊ မစိုးရိမ်တိုက်ကြီးကို သွားလျှောက်ပါ တဲ့၊
ဒကာမတွေ စာလိုက်ပါရစေလို့ လျှောက်ရင် ဘယ်နည်းနဲ့မှ ဆရာတော်တွေက လက်ခံ
မှာမဟုတ်ဘူးတဲ့၊ အဲသလိုပဲပေါ့ အောက်စဖို့ဒ် တက္ကသိုလ်ကြီးမှာလဲ ကျောင်းသူတွေ 
လက်မခံသေးဘူးပေါ့၊ အဲ သူတို့နေတဲ့ ခေတ်တုန်းက ကျောင်းသူတောင် လက်မခံသေး
ဘူး၊ အဲဒီကျောင်းသားတွေဟာ သိပ်ကို စည်းကမ်းရှိတယ်၊ ဆိုပြီးတော့ အင်မတန်လဲ 
အတု ယူစရာကောင်းတယ်လို့ သူ့အောက်စဖို့ဒ်တက္ကသိုလ် မှတ်တမ်းထဲမှာ ရေးသွား
တယ်။
အဲဒီလို စာအုပ်မျိုးတွေကို ဖတ်၊ အဲဒါမှ ဗဟုသုတဆိုတာ တိုးတယ်၊ သူတို့ အဲဒီလို စည်း

ကမ်းရှိတော့ အဲဒီနိုင်ငံတွေ တိုးတက်တာပေါ့၊ ဒို့ဆီက စည်းကမ်းမရှိတော့ မတိုးတက်ဘူး။ 
သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် ရှက်စရာ ကောင်းလောက်အောင်ကို ဖွံ့ဖြိုးတိုးတက်မှု နှေး
ကွေးတယ်၊ မင်းတို့ လူထုအနေနဲ့ သံဃာထုအနေနဲ့ ဗဟုသုတကလဲ အင်မတန်ကို နဲပါ
တယ်။ အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။
 

ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ် ရန်တိုက်ပေး
ရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်
ကွ။

အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိဉာဏ်
က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။
 

နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊
ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာ
ပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊

မစိုးရိမ်ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ၏....၁၃၆၇ခုနှစ်၊ သြ၀ါဒ

PostHeaderIcon ဗဟုသုတ ရှိဖို့လို

မင်းတို့ လူထုအနေနဲ့ရော သံဃာထုအနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို
နဲပါတယ်။ အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင်
တကယ် ရန်
တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် . . . မင်းတို့ ရှူးတိုက်တိုင်း ကိုက်
တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ၊ အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်
တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိညာဏ်က အဲဒီ  သုနခ (ခွေး)လောက်ပဲ ရှိတာ။
အဲဒါ မှတ်ထား။

နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင်
လုပ်တိုင်း မဆူပူ
ရဘူး၊ ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီ
လို သိတာပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့
ဆည်းပူးရတယ်၊

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

PostHeaderIcon သဒ္ဓါတရား ခိုင်မာဖို့လို

မင်းတို့ ခုခေတ် ဒကာ ဒကာမတွေဆိုတာ ဒို့ မစိုးရိမ်ကျောင်းတိုက်ဒကာကြီးလို သဒ္ဓါတရား
က ခိုင်မာတာ မဟုတ်ဘူး။ ဒို့မစိုးရိမ်ကျောင်းဒကာကြီး ဦးကျော် ဆိုတာ သဒ္ဓါတရားက
သိပ်ခိုင်မာတာ။ ဦးကျော်ရဲ့ သူငယ်ချင်းတွေ မစိုးရိမ်တိုက်ထဲ လာ။ မစိုးရိမ်တိုက်ထဲ
လာတော့ ရာဟုထောင့် ကုဋီရှိတဲ့ နေရာတွေပေါ့၊ အဲဒီရာဟုထောင့်မှာ ဦးဇင်းလေး
ငါးပါး ခြင်းခတ်နေတယ်။ အဲဒါ တွေ့တယ်၊ တွေ့တော့ကို သူတို့က ဦးကျော်ကို သွားပြော
တယ်။ ခင်များ မစိုးရိမ်တိုက်က ဦးဇင်းတွေ ခြင်းခတ်နေတယ်၊ ခင်များတို့ ဘယ်သူပြော
လို့လဲ ?
ကျွန်တော်ကိုယ်တိုင် မြင်တာပါ။
ဟုတ်လား... ဒါဖြင့် နောက်(၂)ရက်ကျတော့ ကျွန်တော်လဲ လိုက်ခဲ့ပါမယ်၊ 

အဲ သူတို့ ခြင်းခတ်တဲ့ဆီ ကျွန်တော့ လာခေါ်ပါ။
အဲသလို ပြောတော့ ခုနက ဒကာတွေက သူတို့ကိုယ်တိုင် ဦးကျော်ကို
သွားခေါ်၊ သွား
ခေါ်ပြီးတော့ ခြင်းဝိုင်းကလဲ ထုံးစံအတိုင်း ရှိနေတယ်ပေါ့၊ အဲဒီနေရာလဲ ပြလိုက်တယ်။
လေးငါးခြောက်ပါး ခြင်းခတ်နေတယ်၊ ဦးကျော်က အဲဒီအချိန် စာချတဲ့ အချိန်ဆိုတာလဲ
သိတယ်၊ သိတော့ကို ပါဠိကျောင်း ဒို့ဆရာတော်ကြီး ဦးသူရိယက စာချနေတယ်၊ အဲဒီ
မှာ စာလိုက်သံဃာတွေ တရာ/တရာကျော်လောက် ရှိတယ်၊ ဖိနပ်တွေလဲ အများကြီးပဲ
အဲဒါတွေကို ဦးကျော်က ခုနက ခြင်းခတ်တယ်လို့ ပြောတဲ့ ဒကာတွေကို ပြလိုက်တယ်၊
ဘယ်နဲ့လဲ ခင်များတို့ ခြင်းခတ်နေတဲ့ သံဃာနဲ့ အခုစာလိုက်နေတဲ့သံဃာ 

ဘယ်ဟာက ပိုများသလဲ လို့မေးတော့
ဟာ စာလိုက်သံဃာတွေက အများကြီးပဲ ရာကျော်ရှိတာ၊ ဟိုမှာက
လေးငါးပါး
လောက် ရှိတာ အဲဒီလို ပြောတယ်တဲ့။
ဒီတော့ `` ခင်များတို့က ခြင်းခတ်တဲ့ဘုန်းကြီးတွေ သွားကြည့်တော့
ခြင်းခတ်တဲ့
ဘုန်းကြီး တွေ့မှာပေါ့၊ စာလိုက်တဲ့နေရာ သွားကြည့်ရင် စာလိုက်တဲ့ သံဃာ တွေ့မှာ
ပဲတဲ့။ အဲဒီလို စာလိုက်တဲ့နေရာလဲ ကြည့်ဖို့ လိုပါသေးတယ် လို့ ဦးကျော်က အဲဒီ
ဒကာတွေကို ဆုံးမလိုက်တယ်။ 
အဲဒီ ကျောင်းဒကာ ဦးကျော်လို သဒ္ဓါတရား ခိုင်မာတဲ့ပုဂ္ဂိုလ်ဆိုတာ အင်မတန် ရှား
တယ်။ များသောအားဖြင့် သံဃာတွေအပေါ် အပြစ်မြင်တဲ့ ဒကာဒကာမက များနေ
တယ်။
သဒ္ဓါတရားခိုင်မာတဲ့ ပုဂ္ဂိုလ်က အတော်နဲနေတယ်။
မခိုင်မာတဲ့ ပုဂ္ဂိုလ်တွေ များတဲ့
အတွက် မင်းတို့ကို မဟုတ်တဲ့အလုပ်တွေ မလုပ်နဲ့လို့ တားမြစ်နေရတယ်။ 
(၁၃၆၈-ခု)

မစိုးရိမ်တိုက်သစ်ကြီးများ၏  အဓိပတိမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

PostHeaderIcon အမြင်ကျယ်ရမယ်

ဒို့ဘုရားရှင်က- ဒက္ခံ ဂဟပတီ သာဓု၊
ဂဟပတီ ဂဟပတီနံ- လောကီလူသားများအဖို့(၀ါ) လောကမှာ
နေထိုင်တဲ့ ပုဂ္ဂိုလ်များအဖို့၊
ဒက္ခံ-ပညာရေး စီးပွားရေး ကုသိုလ်ရေး နိုင်ငံရေး အစရှိသည့် အဖက်ဖက်မှာ အမြင်ကျယ်
ခြင်းဟာ၊ သာဓု- ကောင်းတယ်တဲ့။

အဲဒါ မင်းတို့ လောကီလူသားများ လောကမှာ နေထိုင်တဲ့ပုဂ္ဂိုလ်များအဖို
ပညာရေးလဲ
အမြင်ကျယ်ရမယ်၊ ကုသိုလ်ရေးလဲ အမြင်ကျယ်ရမယ်၊ နိုင်ငံရေးလဲ အမြင်ကျယ်ရမယ်၊
လူမှုရေးလဲပဲ အမြင်ကျယ်ရမယ် လို့ ဘုရားရှင်က ဟောကြားထားတယ်။

ကုသိုလ်ရေးအမြင်ကျယ်တယ်ဆိုတာ တခြားပြောတာ မဟုတ်ဘူး၊ မင်းတို့
ဆွမ်းလောင်းတယ်၊ သင်္ကန်းလှူတယ် ကျောင်းဆောက်တယ်၊ ဘယ်ကုသိုလ်ပဲ လုပ်လုပ် ပိုက်ဆံကတော့ ကုန်မှာ
ဘဲ၊ ဆွမ်းလောင်းတော့လဲ ပိုက်ဆံကုန်မှာဘဲ၊ သင်္ကန်းလှူတော့လဲ ပိုက်ဆံ ကုန်မှာဘဲ၊
ကျောင်းဆောက်ရင်လဲ ငွေကြေးကတော့ ကုန်မှာဘဲ၊ ဒီတော့ ငွေကြေးကုန်တာချင်းအတူတူ
ပိုပြီးတော့ အကျိုးများတဲ့ ကုသိုလ်မျိုးကို လုပ်ရမယ်၊ အဲဒါ ကုသိုလ်ရေးမှာ အမြင်ကျယ်တယ်
လို့ ခေါ်တယ်။

မင်းတို့ ဒကာဒကာမတွေ ကုသိုလ်ရေးအမြင် အင်မတန်ကျဉ်းတယ်၊
ဘာဖြစ်လို့ ကျဉ်းတယ် လို့ ပြောရသလဲဆိုရင် တချို့ကျောင်းတွေ နေထိုင်မယ့် ဘုန်းကြီးမရှိဘူး၊ သွားပြီးတော့
ကျောင်းဆောက်တယ်၊ တနှစ်ပတ်လုံး တရက်မှလဲပဲ ဘုန်းကြီးက တက်ပြီးတော့ မကျိန်း
စက်ဘူး၊ ဒီအတိုင်း တံခါးကြီးပိတ်ထားတယ်၊ အဲဒါ ဘာမှ မင်းတို့ အကျိုး မများဘူး၊ ကျောင်း
ဆောက်တဲ့အတွက် ကုသိုလ်ကတော့ ရမှာပေါ့။

ဒါပေမဲ့ ကျောင်းဆောက်ထားပြီးတော့ တနှစ်ပတ်လုံး အဲဒီကျောင်းပေါ်
ဘုန်းကြီး တညမှ
မကျိန်းဘူး၊ တရက်မှ မနေဘူးဆိုရင် ဒီကျောင်းအတွက် ဘာများ အဓိပ္ပါယ်ရှိမှာလဲ?လက်တွေ့ အကျိုးမများဘူး၊  အဲသလို အကျိုးမများတဲ့ ကုသိုလ်မျိုးမလုပ်ပါနဲ့။ မင်းတို့ ဒကာ ဒကာမတွေ
လဲ အမြင်ကျယ်ဘို့လိုတယ်။ ။

မစိုးရိမ်တိုက်သစ်ကြီးများ၏  အဓိပတိမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

PostHeaderIcon မစိုးရိမ်ကျောင်းဒကာ

ဘုန်းကြီးတွေကလဲ အမြင်ကျယ်ဘို့ လိုတယ်၊ ဘုန်းကြီးတွေ အနေနဲ့ ကိုယ့်ဆီမှာ ပြည့်စုံနေပြီ ဆိုရင် ကျောင်းလာဆောက်လဲ အဲဒါ လက်မခံဘဲနဲ ဒီပြင်နေရာ လိုအပ်တဲ့နေရာ သွားပြီး 
ကျောင်းဆောက်ပါ ကုသိုလ်ပြုကြပါလို့ အဲသလို ညွှန်ကြားရင် ကောင်းတယ်၊
ရှေးဆရာတော်တွေက  အဲသလို ညွှန်ကြားတာ။

ဒို့ မစိုးရိမ်ကျောင်းတိုက်ကြီးဆိုရင် ကျောင်းဒကာကြီး ဦးသက်ရှည်က
မြစ်ငယ်နားမှာရှိ
တဲ့ ဥယျာဉ်တော်ရွာသား၊ သူ့ရဲ့ဆရာက မြို့ပြင်ကြီး ဆရာတော်၊ အဲဒီမြို့ပြင်ကြီး ဆရာ
တော်က တောရွာမှာ သီးတင်းသုံးတယ်၊ မြို့ပြင်ကြီးမှာ သီးတင်းသုံးတယ်ပေါ့၊ ဦးသက်
ရှည်က စီးပွားရေး တိုးတက်လာတော့ မြို့ပြင်ကြီးဆရာတော်ကို လျှောက်တယ်၊ တပည့်
တော် ကျောင်းဆောက်မယ်ဘုရား၊ ကျောင်းအကြီးကြီး ဆောက်မယ်။

အဲသလိုလျှောက်တော့ မြို့ပြင်ကြီးဆရာတော်က သက်ရှည် မင်းက ကျောင်းအကြီးကြီး

 ဆောက်နိုင်တယ် ထား၊ ငါကလဲ စာချနိုင်တယ် ထား၊ စာသင်သား ဦးဇင်းတွေကလဲ ဒို့ဆီ
မှာ လာပြီ ထား၊ ဒါပေမဲ့ မင်း စဉ်းစားကြည့် မြို့ပြင်ကြီးဆိုတာက ရွာငယ်လေး၊ အဲဒီရွာငယ်
ကလေးက သံဃာတရာကို နေ့စဉ် ဆွမ်းကျွေးနိုင်ဘို့ မလွယ်ဘူးကွ၊ ဒီတော့ တတ်နိုင်ရင် ငါ့
ဆီကို မင်း ကျောင်းမဆောက်ပါနဲ့၊ မန္တလေးမြို့မှာ စာသင်တိုက်ကြီးတွေ ရှိတယ်၊ အဲဒီ စာ
သင်တိုက်ကြီးတွေ ဆီ သွားပြီးတော့ ကျောင်းဆောက်ပါ။ မြို့ပြင်ကြီးဆရာတော်က
အဲသလို ညွှန်ကြားတာ။
 

ငါ့ဆီမှာ ကျောင်းသေးသေးပဲ ဆောက်၊ တပါးနေ ကျောင်းလေးပဲ ဆောက်၊ အဲဒီ မန္တလေးမြို့
မှာ သွားပြီးတော့ ကျောင်းကြီးကြီးဆောက်ပါ အဲသလို ညွှန်ကြားတဲ့အတွက် မင်းတို့ မစိုးရိမ်
ကျောင်းဒကာကြီး ဦးသက်ရှည်က ပထမ ဘုရားကြီးတိုက်ထဲမှာ အလယ်ကျောင်းကြီး
ဆိုတာ ဆောက်တယ်။

အဲဒီလို ဆောက်ပြီးတော့ စီးပွားက ပိုပြီးတော့ တိုးတက်လာတယ်၊
တိုးတက်လာတော့
ငါ သူများတိုက်ထဲမှာ ကျောင်းတဆောင် ဆောက်ရရုံနှင့် မကျေနပ်ဘူး၊ ဒို့ကိုယ်တိုင်
ကိုယ်ပိုင်စာသင်တိုက် တည်ထောင်မယ်ဆိုပြီးတော့ မြို့တော်ဝန် ဦးပေစိ ပိုင်ဆိုင်တဲ့
ဥယျာဉ်ကို ၀ယ်၊ ၀ယ်ပြီးတော့ အဲဒီနေရာမှာ မစိုးရိမ်တိုက်ဆိုပြီး ဆောက်တာ။

အဲဒီထဲမှာ ကျောင်းပေါင်း(၁၆)ကျောင်း ရှိတယ်၊ (၁၆)ကျောင်းမှာ (၁၅)ကျောင်းက ဦးသက်

ရှည်နဲ့ ဦးကျော် ဆောက်တာ၊ တကျောင်းကတော့ ဦးသက်ရှည်ရဲ့သမီး ဒေါ်ဝိ ဆောက်တာ၊
အကုန်လုံး သူတို့မိသားစုက ဆောက်ထားတဲ့ ကျောင်းချည်းပဲ။
အေး ဦးသက်ရှည်တို့ မြို့ပြင်ကြီးဆရာတော်တို့ ကုသိုလ်ရေး ဘယ်လောက်အမြင်
ကျယ်သလဲ
ကြည့်၊ မင်းတို့ အဲဒီ မစိုးရိမ်တိုက်ကြီး နောက်(၂)နှစ်ဆိုရင် နှစ်တရာ ပြည့်ပြီ၊ အဲဒီ နှစ်တရာ အ
တွင်း သံဃာတော်တွေ စည်စည်ကားကားနဲ့ အနည်းဆုံး  ငါးရာခြောက်ရာ တနှစ်တနှစ် သီးတင်း သုံးပြီးတော့ နေထိုင်ကြတယ်၊

ဒီတော့ မင်းတို့ လူငယ်တွေ ကုသိုလ်ရေး ပညာရေး နိုင်ငံရေး အစစအရာရာ
အဘက်ဘက်က အမြင်ကျယ်အောင် ကြိုးစားကြ။ ။

မစိုးရိမ်တိုက်သစ်ကြီးများ၏   အဓိပတိမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)

PostHeaderIcon မစိုးရိမ်ကျောင်းဒကာ သားအဖ



=== လေးချိုး===

၁။ အကျိုးမပေးခင် အနေစုတ်သော်လည်း၊
တန်ခိုးမသေးလျင် အခြေမယုတ်နိုင်ဘူး၊
(အိုကွယ်) ရွှေထုတ်ပါတဲ့ မြပုဝါ . . .။

၂။ ကုန်းရုန်း လှမ်းခဲ့ပါတဲ့၊
ပခုံးထမ်း ဦးသက်ရှည်တို့၊
ရာသီပေါ် သီးနှံများရယ်နဲ့၊
(အရွာရွာဝင် ခြေလျင်သွားကာပ)
မုန့်ပျားသလက် တစ်ခုသာပ၊
ဝေစားကာ သားအဖလွေးလို့ရယ်၊
ဈေးရောင်းရရှာ . . ။

၃။ ကြိုးစားကာ ဇွဲကုန်ထုတ်ပါလို့၊
ရိုးသားစွာ ပွဲရုံလုပ်လေတော့၊
မလွဲကုန် တမုဟုတ် ကံထလာ၊
မြန်လှပါတဲ့ ကံအကျိုး . . .။

၎။ မြေမဟီ
ရွှေစေတီ အကြိမ်ကြိမ်ပေါက်ပါတဲ့၊
ထွန်းတောက်မည့် အောင်မြေနေရာ၊
ရွှေကျောင်းဖြာဖြာ သားအဖ ဆောက်ရာက၊
တန်ခိုးထိန်ထိန် မစိုးရိမ် ပေါ်ပေါက်ခဲ့တယ်ကွယ်၊
အံ့လောက်ကျော်ဟိုး . . .။

အရှင်သဒ္ဓမ္မသီရိ (ဓမ္မိကာရုံ၊ စိန်ပန်း)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...