သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, January 19, 2013

PostHeaderIcon တွေးမိတိုင်း အရိုးနာ

မြန်မာတွေ စည်းကမ်းဖောက်လို့၊
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မှီတယ်၊ 
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ဖရှောင်သွေသည်၊ 
ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ 
ဓားပြသွင် လူဆိုး၊
ကုလားမြင် 
သူ့အမေရိုးတော့မလို့၊
ခုမြေလျှိုး ပုန်းအောင်းရှောင်၊ 
မိုးမနော် ပြုမဟေးရယ်လို့၊
သူ့ပထွေး ခွေးသို့ မဟောင် 
 ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်၊
  ဆာသင်(တပ်ကြပ်ကြီး၊ ရဲကြပ်ကြီး)တောင် ဦးချလို့၊
ပလူးရ ပြေးကြို့ခါခါ၊

ခွးသို့ပမာ။
တွေးမိတိုင်း အရိုးနာသည်၊ 
အမျိုးပါ ဆဲချင်ပေါ့လေး..။

အချုပ်တန်း ဆရာဖေ
 

PostHeaderIcon ဗေဒါလမ်း


ညိုပြာပာ၊ လတာပင် ခေရင်း၊
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲ မသက်သာ၊
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး၊
အုန်လက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ၊
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပန်ပါ။ 
မုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ၊
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပန်ရ။

ပေါ်ပန်လဲ မသက်သာ၊
ချောင်းအဆွယ် မောင်းငယ်ထဲက၊ ဘဲ ထွက်လို့ လာ။
ဘဲ အုပ်က တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ။
အယကအကန် ခံလို့၊
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျှက်ပဲ...။

( ဆရာဇော်ဂျီ )

PostHeaderIcon အာဇာနည်ဗိမာန်

သြော် ..  အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်
အခေါင်မမန်းခင်က  အောင်စာတန်းချို့စေဖို ၊ အောင်ပန်းညိ့ရရှာတဲ့
တောင်တမန်း တိုဗမာမှာ အဟောင်းသံသရာ အငုတ်တွေနဲ့
အောင်ဆန်းတို့  မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်
သောင်းမန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံပုဝါ အုပ်ပါလို့ ကျုပ်ဖင့်သဂြိုဟ်ချင်။

☺ သြော် ... တပည့်ရင်းတွေမို
က၀ိမတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လိုမရနိုင်ဘ
သောက ဗလောင်ဆူတော့
တောင်ဇမမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖစ်မကွဲ့ မနှေးသနော်
တသောင်း ဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့ မးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဒမတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ 
ဘးအပေါင်းကီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ယ်သားတွေ ဗိုလ်မင်းခံလိုမို့
ပာိုအယင်ယမန် နန်းတော်စီးစဉ်က
အပျက်ကီးပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့
တထုံးနောင်တ နဲမှာတော့
မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့
ပည်မင်း ဂုဏ်ခံလို့ 
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်
မွန်တိုင်းနယ် ရွှေပည်တခွင်မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချူပ်ကိုဖင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့ 
သြော်.....ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက်အခါ တူလို့ မို့ 
ဆရာတမူ မကြာမကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မန်မာဇမ္ဗူ အညာမန်းတွင်ဖင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့ 
သာခန်း ပလ္လင်ညန်းပြီး
မင်ကွန်းပိုင် သူပုန်ထစဉ်က ကုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့  အတိတ်ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့ တွေနဲ့ 
မှိုင်းရဲ့ စိတ်ထင်။

☺မင်းစိတ်မင်းမာန် အကံအဖန် တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ 
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမန်မာ တခွင်မှာဖင့် အထက်ယခင်သဘော
(အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။

☺နန်းမြို့ တည်ရန်
မှန်းလို့  ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူခပဲကို မကြည်ညိုတဲ့
သီအလို တဖေးဖေး ရူးမဟဲ့လို့ 
တနွေးနွေးမူးမူးပြီး ခွေဘီလူးလို အကောင်မိုက်တွေက
သြော်.....အမှောင်စရိုက်ကယ်နှင့်
ပာင်ပောင်ပဲ မိုက်မပေါ့လို့ 
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့  ဇာတာမှိန်လို့ မို့ 
ဂနာမငြိမ် တာတိံယွန်းကြပေါ့
ဖမကြည် နေရီတော့ လွမ်းစေဘို့ 
မန်မာပည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့ 
အစွမ်းကုန် သည်တခါဖင့်
ပည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿာန် တံခွန်စောင်း ရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖင့်
ပါရမီ အဓိဌာန် တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ
မန်မာမတော့ ပူစရာဘို့ 
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့ 
သောင်ကမ်းမို့ မို့ ဆီက
ဖောင်နန်းကူးတို့ နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့
သြော်.....တောင်နန်းမောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့ 
အခေါင်မမန်းရခင်က အောင်ပန်းညှိုရရှာတဲ့
အောင်ဆန်းတို့  သေပုံနှမော။
   
 ( ဆရာကီးသခင်ကိုယ်တော်မှိုင်း - ၁၉၄၇)

PostHeaderIcon အပ္ပမာဒ သံဝေဂလင်္ကာ

ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်က ဤပုံ၊
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ၊ သူတနဲဖြင့်၊
ဖောက်လွဲတက်စွာ၊ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍၊
ယခုပင်လျှင်၊  မအိုခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့၊
ယခုပင်လျှင်၊ မနာခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့၊
ယခုပင်လျှင်၊ မသေခင်က၊
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တဝါခပင်း၊  ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊  ချိန်းအချက်လျှင်
တစက်ကမှ၊  မရှိကြဘူး၊
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား၊  လိုက်နာပွားသည်၊
တရား လက်မလွတ်ကြစေနှင့်။
(တိပိဋက မင်းကွန်းဆရာတော်)

PostHeaderIcon သံဝေဂ ရှုမြင်ရန်

*  နုနယ် ရုပ်ဆင်း၊ ပျိုမျစ်ခြင်း ကား ၊ အိုမင်းနောက်ဆုံး ရှိချေ၏ ။
*  ဥစ္စာဆင်မြင်း ၊ ပေါများခြင်းကား ၊ ယိုယွင်း နောက်ဆုံးရှိချေ၏ ။
*  ဝိညာဉ် ထင်လင်း ၊ အသက်ရှင်ခြင်းကား ၊ သေခြင်းနောက်ဆုံး ရှိချေ၏ ။
*  ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
*  တက်ကြွားကြွကြွ ၊ မြင်သမျှကား ၊ လျှောကျနောက်ဆုံး ရှိချေ၏။
*  ခုံမင်ခယ ၊ ချစ်သမျှကား ၊ သောက နောက်ဆုံး ရှိချေ၏ ။
*  ပွဲလယ်ပြင်ပ ၊ ချီးမွှမ်းသမျှ ၊ ရှုတ်ချ နောက်ဆုံး ရှိချေ၏ ။
*  ကြည်သာ ရွှင်ပျ ၊ ချမ်းသာလှလည်း ၊ ဒုက္ခ နောက်ဆုံး ရှိချေ၏။


*  မနေရလို့၊  သေကြသောအခါ၊
*  ကိုယ့်နောက်ကိုကား၊ ဘာများပါမှာ၊
*  ပစ္စည်းစုစု ၊ တခု မပါ၊
*  ကိုယ့်ပြုငြား ၊ ကံများ ကိုယ့်နောက်ပါ။
( သုကတံ ဒုက္ကတံ ကမ္မံ ဆာယာဝ အနုပါယိနီ)

အတ္တနာကုရုတေ လက္ခိံ၊ အလက္ခိံကုရုတေတ္တနာ၊
န ဟိ လက္ခိံ အလက္ခိံစ ၊ အညောအညဿ ကာရကော။
Monday, January 14, 2013

PostHeaderIcon တော်လှန်ရေးဆိုတာ လုပ်သင့်သလား ?



      သူငယ်ချင်း...  ဒို့တတွေ ဘဝတခုကို ပိုင်ဆိုင် ရရှိထားသည့်အလျှောက် ရထားတဲ့
ဘဝတွေကို အကျိုးရှိအောင် တန်ဘိုးရှိအောင် အဓိပ္ပါယ်ရှိအောင် လုပ်နိုင်ဖို့တော့ လိုလိမ့်
မယ်လို့ ဒို့ထင်တယ်လေ။ လူ့ဘဝက ရခဲတယ်လို့ ဆိုထားကြတယ်မဟုတ်လား၊ ရခဲတဲ့ 
လူ့ဘဝကို ရနေတဲ့အချိန်လေးမှာ ဒီလို တန်ဘိုးရှိရှိ အဓိပ္ပါယ်ရှိရှိ လုပ်ကိုင်ဖန်တီးပြီး နေ
နိုင်မှ လူဖြစ်ရကျိုး နပ်ကြမယ်လေ။
အဲသလို လုပ်နိုင်အောင်လဲ လုပ်ပိုင်ခွင့်ဆိုတာကတော့ လူတိုင်းမှာ ရှိကြရမှာပေါ့ကွာ။
ဒါကို လူ့အခွင့်ရေးလို့ ပြောရင် ပြောလို့ရပါတယ်။ လူတိုင်း ကိုယ့်ဘဝကို လွတ်လပ်စွာ
ဖန်တီးနိုင်တဲ့ အခွင့်အရေးပေါ့...။

    အဲဒီလို လုပ်နိုင်ခွင့်တွေက ဒို့တတွေရဲ့ လက်တွေ့ဘဝမှာ ရှိကြရဲ့လားဆိုတာကိုလဲ
ဆန်းစစ်ကြည့်ဖို့တော့ လိုလိမ့်မယ်လေ။ ကိုယ့်ဘဝရဲ့ တိုးတက်မှုအတွက် စီးပွားရေး
ရယ်၊ တတ်သိပညာရယ်၊ ပတ်ဝန်းကျင်ကို မထိပါးစေတဲ့ စိတ်ချမ်းသာမှုစတဲ့ တခုခုကို
ရှာဖွေကြတဲ့အခါမှာ အဟန့်အတား အနှောက်အယှက် အကန့်အသတ် အတားအဆီး
အပိတ်အပင် အစစ်အဆေးတွေ လူတိုင်းမှာ မရှိကြဘူး၊ လွယ်ကူ လွတ်လပ်စွာ ရှာဖွေ
နိုင်ကြတယ် ဆိုရင်တော့ ဒါ လုပ်ပိုင်ခွင့် လူ့အခွင့်ရေး ရှိတယ်လို့ ပြောရမှာပေါ့ကွာ။

မင်းတို့မှာ အဲဒီလို အခွင့်ရေးမျိုး ရနေပြီလားလို့ မင်းကိုယ်မင်းရော မင်းနဲ့ နီးစပ်ရာ   
အသိုင်းဝိုင်းကိုပါ စူးစမ်းကြည့်လေ။ မရကြသေးဘူးဆိုရင်တော့ မင်းတို့ကြားမှာ လူ့ရဲ့
အခွင့်ရေး မရှိသေးဘူးလို့ ယူဆရမှာပေါ့ကွာ။

          ကဲ …မင်းဘယ်လို သဘောရသလဲ?

    လူတိုင်းလူတိုင်းမှာ အချိန်ဆိုတာ ကိုယ်စီရှိကြတယ်လေကွာ၊“အချိန်နှင့် ဒီရေသည်
လူကို မစောင့်” တဲ့၊ ကိုယ်ဘာမှ မလုပ်နိုင်တော့တဲ့ အချိန်ကျမှ လုပ်ပိုင်ခွင့်တွေက တန်း
စီပြီး ရလာနေလို့လည်း ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘူးပေါ့ကွာ။  လုပ်ကိုင်နိုင်တဲ့
လက်ရှိအချိန်မှာ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေဆိုတာ ရှိနေရမယ်လေ။ အဲ.....
ပေးလာတဲ့  အခွင့်အလမ်းတွေကိုလည်း လက်မလွှတ်သင့်ကြဘူးကွ။ တန်ဖိုးရှိစွာနဲ့ 
အသုံးချသင့်ကြတယ်လေ...။

    မင်းတို့ ငါတို့တွေရဲ့ အနာဂတ်ဘဝတွေ ဒို့ ညီအကို မောင်နှမ သားစဉ်မြေးဆက်တွေ
ရဲ့ အနာဂတ် ဘဝတွေကို ပြုပြင် ဖန်တီးကြဖို့ တည်ဆောက်ကြဖို့အတွက် တန်ဖိုးရှိရှိ အ
ဓိပ္ပါယ်ရှိရှိ အသုံးချနိုင်ဖို့ အချိန်တွေ လိုအပ်တယ်လေကွာ။ အခုတော့ မင်းတို့ ငါတို့တတွေ
ရဲ့အချိန်တွေကို ရည်ရွယ်ချက်မဲ့ အဓိပ္ပါယ်မဲ့ ကုန်ခန်းလာတာ နှစ်ပေါင်းဘယ်လောက်ရှိ
နေပြီလဲ?  ဘာတွေတိုးတက် လာသလဲ?။
ဒီဘဝခရီးအတွက် ဘယ်လောက်အဆင်သင့် ဖြစ်နေပြီလဲ?  နောင် အနာဂတ်ဘဝတွေ
အတွက်ကော ဘာတွေ ပြင်ဆင်ထားပြီးနေပြီလဲ?။ ဒါ လုံးဝ စဉ်းစားရမယ့် အချက်ပဲလေ။
တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ နေချင်တဲ့ လူတိုင်းဟာ တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ စဉ်းစားကြံစည် 
ထားကြရမှာပဲလေကွာ...။
     မင်း စဉ်းစားမိအောင် အခြေခံ အနေအထားလေး တခုကို  ဒို့ပြောကြည့်မယ်ကွာ၊ 
တောရွာတွေရော မြို့တွေမှာပါ နေလာခဲ့ကြတဲ့ မင်းတို့ ငါတို့တတွေရဲ့ အဘိုး အဖွား 
အဖေ အမေ ဦးကြီး ဦးလေးတွေ ဒေါ်ကြီးဒေါ်လေးတွေရယ်၊ အကိုကြီး အမကြီးများ
ရယ်၊ နောက်ပြီး ကိုယ့်ဝန်းကျင်နဲ့ ကိုယ်သွားဖူးတဲ့ ဒေသတွေက သူတွေကိုပါ လေ့လာ
ကြည့်လိုက်ရင် တချို့များ လူ့ဘဝကို စွန့်ခွါပြီး သေတာသွားကြတယ် ငယ်ငယ်ထဲက
လုပ်လာကြတဲ့ ဒီလက်ငုတ် လုပ်ငန်းလေးတွေနဲ့ပဲ လုံးလည် လိုက်ပြီး အဖက်ဖက်က
တိုးတက်မှုမရှိဘူး ဖြစ်နေကြတယ်။ တချို့ဆိုရင်ကွာ ကျင့်ကြံဖို့ အသာထားဦး ကျင့်ကြံ
လိုက်နာကျင့်သုံးဖို့အတွက် ဘာသာရေးအကြောင်းလေးတောင် ဘာမှမသိကြဘူး။ လူ
ဖြစ်ရှုံးနေကြတာတွေကို ရင်နင့်ဖွယ်ရာ တွေ့မြင်နေရတယ်။
လူ့ဘဝ သက်တမ်း တဝက်သာ ကျိုးနေကြတယ်။ ဘာသာရေး အသိ၊ ကျန်းမာရေး စီး
ပွားရေးအသိ၊ နေနည်း သေနည်းအသိတွေနဲ့ လူ့ဘ၀ဟာ ဘယ်လောက်တန်ဖိုးရှိတယ်
ဆိုတာတွေလည်း ဘာမှ မသိကြဘူး ဖြစ်နေကြတယ်။ တနေ့တနေ့ လုပ်ငန်းခွင်နဲ့ပဲ
လုံးလည်လိုက်ပြီး အချိန်ကုန်နေကြရတယ်။ ဟောပြောသင်ပြပေးမယ့်သူကလည်း
ဟုတ်တိပတ်တိ မရှိကြဘူးကွ။ ဒီလိုနဲ့ လူ့ဘ၀ကို အဆုံးသတ်သွားနေကြရတာက
မနည်းကြတော့ဘူး။ လုပ်ငန်းတွေကလဲ အဆင်မပြေ၊ ပြေပြန်တော့လည်း အလုပ်နဲ့
ပဲ အချိန်ကုန်နေကြတော့ကွာ ကုသိုလ်ရေးလဲ လုပ်ချင်တိုင်း လုပ်ခွင့်မရှိကြဘူးလေ။
ဘယ်ရှိကြမလဲ…..

   ကိုယ်လုပ်ကိုင်ထားတဲ့ ပစ္စည်းဥစ္စာထဲက တောင်သူလယ်သမားဆိုလဲ စပါးတောင်းသူ
လာရင် ပေးလိုက်ရ၊ ပဲ နှမ်း ဂျုံ ပြောင်းတွေ လာတောင်းရင်လည်း ပေးလိုက်ရ၊ တော်
ကြာ ဟိုကြေး ဒီကြေး ဘာကြေး ညာကြေးတွေနဲ့ တောင်းစားသူတွေ လာတောင်းတိုင်း
ပေးနေကြရတာလေ။ မြို့တွေမှာလဲ ဒီအတိုင်းပဲ ပေးနေရတာပါပဲကွာ။ ကိုယ့်လုပ်စာကို
မစုနိုင်ကြတော့ဘူးပေါ့။ ဒီတော့ သူတို့တွေ ဘယ်မှာလာပြီး ကြီးပွားတိုးတက်နိုင်ကြမလဲ
ကွာ။ ကုသိုလ်ရေးလည်း ဆုတ်နစ်ကုန်ပြီး နစ်ပြီးရင်း နစ်နေကြတာပေါ့။ အသိဉာဏ်နဲ့
ဗဟုသုတကလည်း နည်းကြတော့ ပိုဆိုးကုန်တာပေါ့လေ။

   အဲဒီတော့ ကိုယ်လုပ်ထားတဲ့ ပစ္စည်းကို ဘယ်မှာ ကိုယ် အကုန်စားရလို့လဲ
စဉ်းစားကြည့်ပါဦှး။

အဲဒါ ဂုတ်သွေးစုတ်တယ်လို့ ခေါ်တယ်ကွ။ တချို့ နယ်ကလူတွေက ပြောကြတယ်။
“အမလေး သူ့နိုင်ငံ သူ့အုပ်ချုပ်မှုအောက်မှာ နေတာ သူတို့ကို ပေးရမှာပေါ့”တဲ့… ဒို့
ကတော့ အဲဒီလိုပြောကြတဲ့ လူအတော်များများကို “ ခင်များတို့ အဲဒါ  ကျွန်စိတ်ပဲ 
ကျွန်စိတ် မပျောက်ကြသေးလို့ ပြောကြတာပဲ”လို့ နာနာလေးပြောခဲ့တယ်ကွာ။

   ဟုတ်တယ်လေ.. ခင်များ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားနိုင်ရင် ခင်များက
အုပ်ချုပ်သူပဲ၊ ကျုပ် ကြိုးးစားနိုင်ရင် ကျုပ်က အုပ်ချုပ်သူပဲ၊ မင်းလဲ အုပ်ချုပ်သူ
ဖြစ်နိုင်တာပဲ။ ဘယ်သူမဆို  ခေါင်းဆောင်နိုင်အောင် ကြိုးစားရင် တိုင်းပြည်ရဲ့အုပ်
ချုပ်သူဖြစ်လို့ ရတာပဲလေကွာ။ ဒို့က အဲဒီလိုပြောတော့ သူတို့က "လက်ခံပါတယ်။
ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ´တဲ့။ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ ကိုယ့်ရဲ့လုပ်ရပ်နဲ့
ကြိုးစားမှုအပေါ်မှာ မူတည်တာပဲလေ။ ဒါဟာ လူတိုင်းရဲ့ အခွင့်ရေးပေါ့ကွာ။

  ဒီလို တရားမျှတစွာ နည်းလမ်းမှန်စွာနဲ့ ထိပ်ကိုရောက်ချင်တဲ့ စိတ်ဓာတ်မျိုးတွေ
ရအောင် သိအောင်လုပ်တာဟာလဲ ကိုယ့်ရဲ့ အညံ့ခံချင်တဲ့ ကျွန်စိတ်ကို တော်လှန်
လိုက်တာပဲ လို့ ဒို့တော့ ယူဆတယ်ကွာ။ အခိုင်းခံချင်တာ ခိုင်းမှ လုပ်တယ်ဆိုတာ
က ကျွန်ပဲ မဟုတ်လားကွာ...။ နဂိုထဲက ဒို့ တောင်သူလယ်သမား ကျေးတောသား 
ဆိုတာတွေက တိုင်းပြည်ရဲ့ကျွန်လို ဖြစ်နေကြရတာလေ...။ ကိုယ်လုပ်သမျှမှ မခံ
စားကြရပဲ တိုင်းပြည်ရဲ့ကျေးဇူးမှန်း မသိကြပဲ ငွေကြေးရှင် ခရိုနီတွေကပါ အဲဒီလို 
သဘောထားနေကြတာကွာ.။

   ပြောလက်စနဲ့ ဆက်ပြောမယ်ကွာ။  ကဲ  ဆင်းရဲနွမ်းပါးတဲ့ မိသားစု၊ ဒီဂရီ ဘွဲ့တွေရ
အတန်း  ပညာတတ်တွေ မဟုတ်တဲ့ မိသားစုက.. ဆင်းသက် မွေးဖွားလာကြတဲ့ သား
သမီးတိုင်းဟာ....(ဒီနေရာမှာ ဘွဲ့ရတိုင်းလည်း  ပညာတတ်တော့ မဟုတ်ဘူးနော်၊ )
ကဲ မချမ်းသာရတော့ဘူးတဲ့လား?...၊
ပညာတတ်တွေ မဖြစ်ရတော့ဘူးတဲ့လား?  စဉ်းစားကြည့်လေကွာ။
 
အဲဒီလိုပဲ နွမ်းပါးတဲ့ ပတ်ဝန်းကျင်က မွေးဖွားလာတဲ့ သားသမီးတွေဟာလည်း
မချမ်းသာရတော့ဘူးတဲ့လား?...။ 
     မိဘ အသိုင်းဝိုင်းလို မဖြစ်ရအောင် ငါတို့ ချမ်းသာအောင် အလုပ်ကို ကြိုးစားလုပ်
မယ်၊ ပညာတွေတတ်အောင် ကြိုးစားကြမယ်ဆိုပြီး ကြိုးစားလုပ်ကြလို့ ချမ်းသာလာ
တယ်။ အောင်မြင် သူတွေဖြစ်လာကြတယ်။ ပညာတတ်တွေ ဖြစ်လာကြတယ်။ အသိ
တွေရှိလာပြီး တွေးခေါ် တတ်လာကြတယ်။ 
ဒါဟာ ဘာလဲဆိုတော့ ဆင်းရဲ နွမ်းပါးတယ်ဆိုတဲ့ မကောင်းခဲ့တဲ့ အစဉ်အလာတွေကို
တော်လှန်ပစ်လိုက်တာပေါ့ကွာ။မဟုတ်ဘူးလား။ ဒီလိုလူတွေ ဒို့ တိုင်းပြည်ထဲမှာ အများ
ကြီးရှိပါတယ်။

  ဒါက တော်လှန်ရေး ဆိုတာကို လူတိုင်း နာလည်အောင်ပြောတာပါကွာ။ ဒို့ ပြည်သူ
တွေ အများစုက တော်လှန်ရေးဆိုတာနဲ့  လက်နက်ကိုင်ပြီး ပုန်ကန် တိုက်ခိုက်ကြတာ
မျိုး၊ နိုင်ငံရေးလုပ်ကြတာမျိုးကိုပဲ တော်လှန်ရေးလို့ ထင်နေကြတာ အတော်ခက်တယ်
ကွာ။ ဒို့ကလည်း အဲဒါမျိုးတွေကို ဝါသနာ မပါဘူးကွ။  ကိုယ် ကိုယ်တိုင် တော်လှန်ရေး
လုပ်နေမှန်း ကိုယ့်ဖာသာ မသိကြဘူး ဖြစ်နေကြတာကွ။ ဒီလို တော်လှန်ရေးစိတ်ဓာတ်
ဆိုတာက လူတိုင်းမှာ ရှိသင့်ကြသလို လူတိုင်းလည်း လုပ်ဆောင်သင့်တဲ့ လုပ်ရပ်မျိုးပါ
ကွာ။ ဒါမျိုးကမှ တော်လှန်ရေးစစ်စစ်ပါ...။

ဥပမာတခုကွာ... ယဉ်ကျေးလှပါတယ်။ ရိုင်းပင်းကူညီစိတ်ရှိတယ်လို့ ရှေးထဲက ထင်
ပေါ်ကျော်ကြားခဲ့တဲ့ ဒို့ မြန်မာလူမျိုးတွေရဲ့  စိတ်ဓာတ်တွေကလေ...။ သင်္ဘောတို့ ကား
တို့ မီးရထားတို့က ဆိုဖာခုံတွေ, တံခါးတွေ ခုံတွေကို ဖောက်ပစ်တာ ဖျက်ဆီးပစ်နေခဲ့
တာတွေ.။ မီးဘေးသင့်တဲ့အခါမျိုးမှာလည်း ကူညီသလိုလိုနဲ့ ပစ္စည်းခိုးယူတာမျိုးတွေ၊
သင်္ဘောများ နစ်တဲ့အခါမှာလည်း လုယက်ဓားပြတိုက်တာတို့၊ ကိုယ့်ထက်သာ မနာလို
ဖြစ်ကြပြီး ခြေထိုးချင်တာ ရှုတ်ချချင်တာတို့၊ ကိုယ့်အောက်ကလူက ကျော်တက်သွားရင်
လည်း ဖျက်လိုဖျက်ဆီး လုပ်တာတို့ စတာတွေပေါ့ကွာ..။ အဲဒီလို ကိုယ်နဲ့ ကိုယ့်လူမျိုး
ဂုဏ်သိက္ခာကျစေမယ့် လုပ်ရပ်များကိုလည်း တော်လှန် ဖယ်ရှားပစ်ကြဖို့ လိုနေကြပြီကွ။
`သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏´သူ့ကို ဖျက်က၊ ကိုယ် ပျက်တတ်စွာ၊ ဓမ္မတာတည်း" 
လို့ ရှေးဆရာတော်ကြီးများကလည်း ဒါတွေကို သိနေလို့  ဘုရားအဆုံးအမတွေကို
jမန်မာလို သိကြလိုက်နာကြရအောင် ပြန်လည်ဆုံးမခဲ့တာပဲလေကွာ။ ဒါပေမယ့်ကွာ..။
ဒို့လူမျိုးတွေကလည်း ကျွဲပါးစောင်းတီးတွေက များတယ်ကွ၊တရားနာ တရားထိုင်တာ
လုပ်နေကြတာ တကယ်တမ်း လိုက်နာကျင့်သုံးတယ်ဆိုတာ အတော်ရှားသားလားကွာ။
အခုဆိုလည်း ကြည့်လေ... အဖွဲ့တွေက ပေါများလာတော့ တဖွဲ့နဲ့တဖွဲ့ကလည်း သိပ်ပြီး
နာလိုကြတာ မဟုတ်ကြဘူးလေကွာ။ ဘယ်လောက်အော်ပြောနေသော်လည်း စည်းလုံး
ညီညွတ်ဖို့က အင်မတန် လိုနေသေးတယ်ကွ၊
အေး အဲဒီ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲပစ် တော်လှန်ပစ်နိုင်မှ အားလုံးဖြစ်ချင်
ကြ၊ လိုချင်ကြတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြလိမ့်မယ်လို့ ငါတော့ ထင်တယ်ကွာ...။
တချို့ကကွာ အင်မတန် ရယ်စရာကောင်းတယ်။ တော်လှန်ရေးသမားလို့သာ အော်နေ
ကြတာ ကိုယ့်ကိုယ်ကိုတောင် မတော်လှန်နိုင်ကြသေးပဲ သူများတွေကို တော်လှန်ကြဖို့ 
အော်နေကြသတဲ့ ပျက်လုံးတွေပါကွာ..။ ကိုယ့်စိတ်လေးကိုပဲ အရင်ဆုံး ကောင်းမွန်
အောင် မှန်မှန်ကန်ကန် လုပ်တတ်အောင် ညီညီညွတ်ညွတ်နေတတ်အောင် အရင်ဆုံး
တော်လှန်ကြပါဦးလို့ ငါတော့ ပြောခဲ့တယ်ကွာ။

   အဓိက ကတော့ကွာ၊ ကောင်းလဲ မကောင်း၊ မှန်လဲ မမှန်၊ နည်းလမ်းလဲ မကျ၊
ကြီးပွား တိုးတက်နိုင်မယ့် လမ်းစလည်း မရှိ၊ လွတ်လွတ်လပ်လပ် သွားလာ လုပ်ကိုင်
လို့လည်းမရ၊ လူအများနစ်နာ ဆုံးရှုံးပြီး ဘယ်လိုမှ အောင်မြင်ဖြစ်ထွန်းမှုလည်း မရ
ရှိနိုင်တဲ့ လမ်းစဉ်တွေကို စွန့်ပစ်ဖယ်ရှား တိုက်ဖျက်ပြီး-ကောင်းမွန် မှန်ကန် နည်းလမ်း
ကျစွာနဲ့ လွတ်လပ် တိုးတက်နိုင်တဲ့ လမ်းစဉ်များကို ရွေးချယ်ကာ ဖွံ့ဖြိုးတိုးတက်မှုရ
အောင် လုပ်ယူတာဟာ တော်လှန်ရေး လုပ်တာပဲလို့ ဒို့တော့ ယူဆတယ်။ ကျန်းမာရေး
စတဲ့ ကျန်တဲ့ကိစ္စရပ်တွေမှာလည်း အတူတူပဲပေါ့ကွာ။
 
 ရှင်းရှင်းပြောရရင်ကွာ  ဒို့ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း တော်လှန်ရေးသမားပဲကွ။ ဟုတ်
တယ်...။ သူသာ တော်လှန်ရေး မလုပ်နိုင်ရင် ဘယ်မှာလာပြီး ဘုရားဖြစ်မလဲ။ စဉ်းစား
ကြည့်လေကွာ။…
 
သိဒ္ဓတ္ထမင်းသားဟာ သံသရာဝဋ်ဒုက္ခ အပေါင်းကနေ လွတ်မြောက်ချင်တဲ့အတွက် နန်း
တွင်းကနေ စွန့်လွှတ်မှု များစွာနဲ့ ထွက်လာပြီး လွတ်လပ်ရေး လမ်းစဉ်ကို ရှာဖွေရာမှာ
သူ့ရဲ့ ပထမဦးဆုံးဖြစ်တဲ့ ဆရာတွေရဲ့ လမ်းစဉ်ဟာ သူလိုချင်တဲ့နေရာကို ရောက်နိုင်
အောင် ပို့ပေးမယ့် လမ်းစဉ်မဟုတ်တဲ့အတွက် လက်ရှိဆရာတွေရဲ့ လမ်းစဉ်ကို စွန့်
ပယ် တော်လှန်ခဲ့ပြီး ကိုယ်တိုင် ကြိုးစားရှာဖွေ လုပ်တော့မှ သူလိုချင်တဲ့ လမ်းကြောင်း
မှန်ပေါ်ကို ရောက်ခဲ့ရတာပဲလေ။ ဒါဟာ ဆရာသမားတွေရဲ့မှားနေတဲ့ လမ်းစဉ်ကို
တော်လှန်ရေး လုပ်ပစ်လိုက်လို့ပဲလေ။
 
 နောက် ဘုရားဖြစ်မယ့် အချိန်ထဲကို ဝင်ဆဲကာလနဲ့ ဘုရားဖြစ်ခါစ လေးမှာလဲ ဝင်
ရောက် တိုက်ခိုက်လာတဲ့၊ သူသွားမယ့် လမ်းကြောင်းကို နှောက်ယှက်ဟန့်တား ဖျက်
ဆီးလာတဲ့ ရန်သူတွေ (မာရ်နတ်အပါဝင် အောင်ခြင်း.၈.ပါး)  ကို (ပါရမီလက်နက်နဲ့)
တိုက်ခိုက် တော်လှန်ခဲ့လို့လည်း သူလိုရာ ခရီးလမ်းကို  ရောက်ခဲ့ရတာပဲ မဟုတ်လား?.
နောက်ဆုံး ပြောရရင် ဖခင်ဖြစ်သူရဲ့ စကားကိုပါ မလိုက်နာခဲ့ပဲ တော်လှန်ပစ်လိုက်တာ
လေ...။  ဒီလို တော်လှန်ရေးတွေ လုပ်ခဲ့လို့သာ သူဟာ ဘုရားဖြစ်ခဲ့တာပဲပေါ့ကွ။ သူ့
တပည့် သာဝကကြီးများဆိုလည်း သူ့လိုပဲ တော်လှန်ပစ်ခဲ့ကြတာပဲလေ။
 
 ဒါကြောင့် ဒို့ကတော့ တော်လှန်ရေးဆိုတာ လုပ်သင့်တယ်လို့ ထင်တာပေါ့ကွာ။

   ကဲ ..မင်း ဘယ်လို မြင်လဲ?  နိမ့်ပါးနေတဲ့ ဘဝတွေ၊ ဖိနှိပ်ခံရတဲ့ ဘဝတွေကို
တကယ်လို့ မင်း ရင်ဆိုင် နေရမယ်ဆိုရင်... မင်းဘဝမှာ ပူပင်မှု သောကတွေ ပရိ
ဒေဝ မီးတွေနဲ့ လောင်ကျွမ်းနေမယ်ဆိုရင်... နောက် မင်းလျှောက်နေတဲ့ လမ်းက
မှားနေလို့ ဘယ်လိုမှ ရှေ့ကို မရောက်နိုင်ဘူး ဖြစ်နေမယ်ဆိုရင် ဘယ်လို
ဆုံးဖြတ်မလဲ ?

  ပြုပြင်ပြောင်းလဲလိုပြီး ဖွံ့ဖြိုးကြီးပွား တိုးတက်ချင်တဲ့ စိတ်ဓာတ်နဲ့  တော်လှန်ရေး
စိတ်ဓာတ်ဟာ အတူတူပဲလို့ ဒို့တော့ထင်တယ်။ လူဆိုတာ အဲဒီလို ပြုပြင် ပြောင်းလဲ
လိုပြီး တော်လှန်ရေးလုပ်လိုတဲ့ စိတ်ဓာတ်မျိုးရှိမှ ကြီးပွားတိုးတက်လိမ့်မယ်လို့လဲ
ဒို့ ယုံကြည် လက်ခံထားတယ်။ဒါမှ မိဘတွေ ဆင်းရဲတိုင်း ဘွဲ့မရကြ၊ ပညာမတတ်ကြ
တိုင်း သားသမီးတွေ ဆင်းရဲကြ ဘွဲ့မရကြ၊ ပညာမတတ် ဖြစ်ရမယ့် အရေးကို တော်
လှန်ပစ်နိုင်မယ်လေကွာ။ ဒါမှလဲ တိုးတက်မှုဆိုတာ ဖြစ်လာမယ်လေ...။  ဒါကတော့
လူငယ့် အမြင်ပေါ့ကွာ။

  ဒီလို အနာဂတ်ဘဝတွေအတွက် ဖန်တီးတည်ဆောက်ရာမှာ လုပ်ပိုင်ခွင့်ဆိုတဲ့ 
အခွင့်ရေးတွေနဲ့အတူ အဓိပ္ပါယ်ရှိ တန်ဘိုးရှိအောင် နေထိုင်နိုင်ကြဖို့အတွက် ကိုယ့်
ဘဝကို ပြုပြင် ဖန်တီး နိုင်စွမ်းမယ့် အသိဥာဏ် ပညာ ဆိုတာတော့ လုံလုံလောက်
လောက် ရှိရလိမ့်မယ်လို့ ထင်တယ်ကွာ။
ဒါကြောင့် ဘွဲ့ရတိုင်း ပညာတတ် မဟုတ်ဘူးလို့ အထက်မှာ ပြောခဲ့တာလေကွာ။ ဒါမှ
ကိုယ်လိုချင်တဲ့ ဘဝကို စိတ်တိုင်းကျ ပြုပြင်ဖန်တီးနိုင်မယ်၊ အကောင်းအဆိုး အမှား
အမှန် သဘာဝကျ မကျ တိုးတက်မှု ရှိမရှိ ဆိုတာတွေကို ခွဲခြားသုံးသပ်နိုင်မယ်
မဟုတ်လားကွာ။

တဆက်တည်းကွာ ပညာရေးဆိုတာကို မင်းတို့အနေနဲ့ ကိုယ့်ရဲ့မျိုးဆက်တွေကို
အမွေအဖြစ် ပေးသင့်ကြတယ်ကွ။ "ပညာရေးဟာ အလွှာချင်း မတူညီတဲ့ ဘ၀တွေ
ကို တန်းညီအောင် ညှိပေးနိုင်တယ်"လို့ အဆိုရှိတယ်လေကွာ။ အဲဒီတော့ ပညာရေး
ကို အထင်မသေးရဘူးကွ။ ဒို့ တောနယ်က လူအများစုက ပညာသင် ကြားတာကိုပဲ
အချိန်ကုန်တယ်။ ငွေကုန် လူပမ်းဖြစ်တယ် စတဲ့ အားမပေးချင်တဲ့ ရှေးရိုးစွဲတွေက
ရှိနေတုန်းမို့ ဒီလို ယူဆချက်တွေကိုလည်း ပြောင်းလဲ တွန်းလှန်သင့်နေကြပြီကွ။
အချို့  နေရာများမှာတော့  ပြောင်းလဲ လာနေတာကို မြင်တွေ့နေရပါပြီ။
  မင်းမှာ ပစ္စည်းဥစ္စာ မချမ်းသာပေမယ့် ကိုယ့်သားသမီးက ပညာတတ်လို့ အင်ဂျင်နီ
ယာဖြစ်နေမယ်။ ဆရာဝန်ဖြစ် နေမယ်ဆိုရင် မင်းရဲ့သားသမီးတွေဟာ လူကုန်ထံအသိုင်း
အ၀ိုင်း ကြားထဲမှာ ၀င်ဆံ့လို့ရတယ်။ မျက်နှာပွင့်လန်းစွာနဲ့ ၀င်ထွက် သွားလာလို့ ရတယ်
လေ။ ချမ်းသာတဲ့ လူတွေနဲ့ တန်းတူ ရပ်တည်နိုင်တယ်လေ။   
အဲဒါဟာ ပညာဆိုတဲ့ အရာက လူချင်း အလွှာချင်းကို တန်းတူဖြစ်အောင် တန်းညီ
အောင် ညှိပေးတာပဲ။ လုပ်ပေးတာပဲပေါ့ကွာ။ အခုခေတ်က အလုပ် စခေါ်ပြီဆိုထဲက
ဆယ်တန်း အောင်တို့ ဘွဲ့တခုခုရတို့မှ အလုပ်ပေါတာကွ၊ နောက်ပိုင်းဆို ပိုပြီး အသုံးကျ
ဦးမယ်လေကွာ။ တိုင်းပြည်တိုးတက်လာသလို ပညာကလည်း ပိုပြီး အရေးပါလာမယ်
ကွ။ ဒါတွေကိုလည်း နားလည်ထားသင့်တယ်လေ။ ပညာဆိုတာ ဒီဘ၀အတွက်ရော
နောင်ဘ၀ဆိုတဲ့ သံသရာအတွက်ပါ သုံးတတ်ရင် လွန်စွာမှ အသုံးတည့်ပါတယ်။ တန်
ဖိုးရှိပါတယ် သူငယ်ချင်းရာ။

  ဒို့ဆရာတွေက ပြောဘူးတယ် " လောကမှာတဲ့ အသက်သိက္ခာတွေ ကြီးတိုင်း ဂုဏ်
ထူး ဘွဲ့ထူး ရာထူးတွေ  အများကြီးရှိတိုင်း လူကြီးလို့ မခေါ်ဘူးတဲ့..အကြောင်းအကျိုး
အကောင်း အဆိုး အမှား  အမှန် သဘာဝကျ မကျ အကျိုးရှိမရှိ ဆိုတာတွေကို နည်း
လမ်း  မှန်မှန်နဲ့ စဉ်းစား ဝေဖန် သုံးသပ် ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ် ပညာကြီးတဲ့သူ
ကိုမှ လူကြီးလို့ခေါ်တယ်"လို့ ပြောဖူးတယ်ကွ၊  အဲဒီလို ပုဂ္ဂိုလ်မျိုးကိုမှ လေးစား ပူ
ဇော်ထိုက်တယ်၊ သူတို့ရဲ့စကားတွေ လုပ်ဆောင်ချက်တွေကိုလဲ လိုက်နာပြီး အတု
ယူသင့်တယ်တဲ့... အသိဥာဏ်ရှိတဲ့ လူများဟာလည်း စာနာတွေစိတ်တွေ စွန့်လွှတ်
စိတ်တွေ များများလာတော့ ဘာမှ လိုချင် မက်မောစိတ်လဲ သိပ်မရှိတော့ဘူးတဲ့ကွ၊
အဲဒါ လိုချင်မှု မက်မောမှု ရှိနေတယ်.. များနေတယ်ဆိုရင်... အသိဥာဏ်မရှိသေးလို့
(တရားမရှိသေးလို့) ပဲလို့လည်း ပြောဘူးတယ်ကွ။

    ဥပမာကွာ…ငါက နိုင်ငံရေး စိတ်မဝင်စားပေမယ့်လေ..ဒို့ ဗမာပြည်ရဲ့လွတ်လပ်ရေး
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့လိုပေါ့ကွာ။ သူဟာ အသက်(၂၀)ကျော်
(၃၀)ဝန်းကျင်မှာပဲ သူရေးခဲ့တဲ့ စာတွေနဲ့ ပြောခဲ့ လုပ်ခဲ့တာတွေကို ကြည့်ရင် 
အားပါးပါး...သူ့ရဲ့ အတွေးအခေါ်အယူအဆတွေဟာ အရမ်းကို မြင့်မားတာကွ၊ စွန့်လွှတ်မှုဆိုတာကတော့ ပြောမနေနဲ့..လိုချင်မှုဆိုတာကရော ဘာမှကို မရှိဘူး။
သူကတောင် မရှိတဲ့လူကို  ပြန်ပေးနေသေးတယ်လေ...။ သူ့မှာကရော...

အဝတ်အစားတောင် သုံးထည်ပဲရှိတယ်တဲ့လေ.အေး အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကို အတု
ယူရမှာပေါ့ကွာ။ သဘာဝမကျတာဆိုရင်တော့လည်း ကိုယ့်အသိဉာဏ်နဲ့ ဆုံးဖြတ်ပြီး 
ယူသင့်တာ ယူရမှာပေါ့ကွာ။ လူဆိုရင် အမှားတော့ မကင်းတတ် ဆိုတာလည်း
ရှိနေသေးတော့လေ။

    အဲဒီမှာ ဒို့ တခု စဉ်းစားမိတယ်ကွ..ဒို့ ဗမာပြည်က လူကြီးမိဘတွေ
သုံးနှုံးပြောဆိုကြတဲ့  “လူ့တိရစ္ဆာန်လေးတို့ လူ့တိရစ္ဆာန်တွေလို့ ”ဆိုတဲ့ စကားကို
လေ၊ အဲဒါ တကယ်ရှိနိုင်တယ်ကွ ၊ ဒါဟာ ကိုယ်ပိုင် အသိဉာဏ်မရှိတဲ့ လူစားမျိုးတွေကို
ခေါ်လို့ရတာပဲကွ၊။

  ဥပမာကွာ…ဒို့ ဒီနိုင်ငံမှာ ဖြစ်ပျက် ကြားရဖူးခဲ့တာတွေထဲက ပြောရရင်ကွာ။ ကိုယ်
 ကိုးကွယ်နေတဲ့ ဘုရားစေတီကျောင်းကန်တွေကို ဖျက်ဆီးကြတယ်၊ ဘုရားဌာပနာ
စိန်ဖူးတွေကို ခိုးတယ်၊ ဘုရားရွှေအစစ်နဲ့ အတုလဲတယ်ကွာ၊ရဟန်းသံဃာတွေကို
ရိုက်တယ်၊ သတ်တယ်၊ ခြေထောက်နဲ့ကန်တယ်၊ သာသနာ့အသုံးဆောင်တွေ သာသ
နာ့အလံတွေကို ခြေထောက်မှာပတ် နင်းခြေ ဖျက်ဆီးတယ်ကွာ၊ နောက် အများပြည်
သူတွေ လွတ်မြောက်ချမ်းသာဖို့ အကျိုးရှိမယ့် အလုပ်တွေကို ပိတ်ပင်တယ်။ ဘုရား
သွား ကျောင်းတက် လုပ်တာတွေကို ရိုက်တယ် သတ်တယ် ပိတ်ဆို့ ထောင်ထဲပို့ကြ
တယ်။ အင်မတန်အပြစ်ကြီးတဲ့ သံဃာ့ဒါနဆွမ်းလောင်းတာတွေကို တားဆီးပိတ်ပစ်
တယ်။ မှန်တာလုပ်တဲ့ လူတွေကို ဖျက်လိုဖျက်ဆီးလုပ်နေကြတယ် ဆိုတာတွေကို
စဉ်းစားကြည့်လေကွာ။ ခိုင်းတဲ့လူတွေက အသိဉာဏ် မရှိလို့ ခိုင်းတယ်ပဲ ထားဦးကွာ။
လုပ်တဲ့သူတွေက  အသိ ဉာဏ်ရှိရင် မလုပ်ပဲ နေလို့ရတာပဲကွ၊ ကိုယ်ပိုင်  အသိဉာဏ်
နဲ့ လုပ်သင့် မလုပ်သင့်  အမှား အမှန်ကို ဆုံးဖြတ်လို့ ရတာပဲကွ၊ အဲဒါ အသိဉာဏ်က
မရှိကြတော့ သခင်ခိုင်းတိုင်း  လုပ်ကြရတဲ့ တိရစ္ဆာန်တွေလိုပဲလို့ ဒို့ စဉ်းစားမိတယ်
ဒါကြောင့်   လူ့ တိရစ္ဆာန် ဆိုတာ ရှိနိုင်တယ် ရှိနေတယ် လို့ပြောတာပေါ့ကွာ.။
ထားပါတော့လေ။

  ဒါကတော့ကွာ လူဆိုတာ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ် အကြောင်းနဲ့
အကျိုး အမှားနဲ့ အမှန် သဘာဝကျမကျ ဆိုတာတွေကို ခွဲခြားသိတတ်တဲ့ဉာဏ်ရှိမှ၊
သတ္တဝါတွေ လူသားတွေရဲ့အပေါ်မှာ လှည့်ပတ်ကောက်ကျစ် ညှင်းပမ်း နှိပ်စက်
အနိုင်ကျင့်တတ်တဲ့စိတ်မျိုး၊ လူတွေကို အသုံးချပြီး ကိုယ့်ကျိုးပဲ ကြည့်တတ်တဲ့စိတ်၊
လူအများနစ်နာပြီးမှ ကိုယ်ဖြစ်ထွန်းရမယ်ဆိုတဲ့ ဗြဟ္မစိုရ်ကင်းတဲ့ စိတ်မျိုး မရှိပဲ 
သနားညှာတာ ထောက်ထားစာနာတတ်တဲ့ မြင့်မြတ်တဲ့ စိတ်မျိုးရှိမှ လူလို့
 ခေါ်တယ် လို့  ဒို့မှတ်သား ဖူးတယ်ကွ။

ဘယ်လိုပဲ အရင်ကဆိုးခဲ့ပေမယ့် အသိတရားရှိလာတဲ့အခါ မှန်တာ ကောင်းတာကို
လုပ်နေရင်လည်း ဒါ လက်ခံတတ်ရမှာပဲကွ။ ဒါမှ သူတော်ကောင်းစိတ်ဓာတ်ဖြစ်မှာ
လေကွာ။ တချို့ကျတော့လည်း အတော်လေး ခက်တယ်ကွ။ အရင်တုန်းက မကောင်း
တာလေး လုပ်မိတာနဲ့ပဲ အဲဒီလူဟာ ဘယ်လောက်ပဲ ကောင်းအောင် လုပ်နေနေ၊ အ
ကောင်းကို မမြင်တော့ပဲ တသက်လုံးပဲ မကောင်းတဲ့လူပဲ ဖြစ်နေရတော့မလိုလို၊ မ
ကောင်းပဲမြင်နေကြတဲ့ လူတွေကလည်း လောကမှာ အများကြီးရယ်။
 ဒီလို လူမျိုးတွေကိုတော့ ခုနပြော သလို သူတော်ကောင်းစိတ် မမွေးနိုင်ကြလို့ပဲလို့
မှတ်ရမှာပဲကွ။ မကောင်းမြင် ၀ါဒသမားပေါ့ကွာ။ ဟုတ်တယ်လေ။ ဒို့ဘုရားရှင်တောင်
လူမိုက်ကြီး အင်္ဂုလိမာလလို အာဠာဝကဘီလူးလို တခြားကြမ်းကြုတ် တဲ့ သူပုန်တွေ
သူခိုးဓားပြတွေ အများကြီးပါပဲ၊ သူတို့ကို သူတော်ကောင်းစိတ်နဲ့ လက်ခံ ဆုံးမပေးခဲ့
လို့ သာသနာမှာ ထင်ရှားတဲ့ တရားထူးအရှင်တွေ ဖြစ်သွားခဲ့တာ မနည်းဘူး မဟုတ်
လား။ ဒီလို အသိအမှတ်ပြု လက်ခံတတ်မှ ဒို့ ဘုရားရှင်ဝါဒ လေကွာ။ ခန္တီဝါဒ မေတ္တာ
ကရုဏာဝါဒလေ။ ဒီတော့ မကောင်းတဲ့ လမ်းစဉ်တွေ နည်းလမ်းတွေကို တော်လှန်
ပစ်ပြီး ကောင်းမွန်မှန်ကန်တဲ့ လမ်းစဉ်ကို ဖော်ထုတ် လုပ်ကိုင်ရသလို မကောင်းတဲ့
လမ်းစဉ်ကို ထားခဲ့ပြီး ကောင်းတာများကို လုပ်ဆောင်နေတဲ့သူများကိုလည်း
လက်ခံနိုင်တဲ့ သူတော်စင်စိတ်လေးပါ လူတိုင်းမွေးသင့်ကြတာပေါ့ကွာ။

လက်စနဲ့ ပြောရဦးမယ်ကွာ...။ တချို့ကျပြန်တော့လည်းကွာ...စိတ်ပျက်စရာ အတော်
ကောင်းပါတယ်..။ ကိုယ်စွဲကိုင်ထားတဲ့ လမ်းစဉ်ကို မစွန့်နိုင်ကြပြန်ဘူးကွ။ အဲဒါ 
အတ္တဒိဋ္ဌိ- သက္ကာယဒိဋ္ဌိလို့ ဆရာ့ဆရာများ ပြောသံကြားဖူးတယ်။ သူတို့ စွဲကိုင်ထား
တဲ့ လမ်းစဉ်က နှစ်ပေါင်းမနည်းတော့ဘူး။ ဘာမှလည်း ဖြစ်မလာပဲ သေဆုံးကုန်
တာလည်း မနည်းတော့ဘူးကွ။ ဒါလည်းပဲ အဲဒီ ထူးမခြားနား လမ်းစဉ်ကို မျိုးဆက်
တွေက အခုထိ မစွန့်နိုင်ကြဘူး ဖြစ်နေကြတယ်ကွ။ ပြောရရင် တလမ်းသွားတွေပေါ့
ကွာ။ သူတို့ရှေ့က လူတွေလည်း ဒီလိုပဲ လမ်းစဉ်တခုပဲ သုံးပြီး မီးစာကုန် ဆီခမ်း
ဖြစ်ကုန်ကြတာကို သိဖူး ကြားဖူးနေကြတာပဲ။ အဲဒါကိုပဲ အောင်မြင် တိုးတက်မှုမရှိပဲ
နဲ့ လမ်းမှားကြီးကို နောက်လူတွေကပါ ဆက်သုံးနေကြတာ အံ့သြဖို့ အတော်ကောင်း
တယ်ကွ။ အေး အဲဒီ လူမျိုးတွေက လူတကာကိုသာ ပြောနေတာ သူတို့ ကိုယ်တိုင်
က ဘာသင်္ခန်းစာမှ မယူတတ်တဲ့ လူတွေဖြစ်နေတာလေ။ အများအတွက်
လုပ်နေကြသူများကို လည်း ဖျက်ဆီးချင်နေကြတယ်။ အများက လုပ်နေကြတာကို
လည်း မပူးပေါင်းနိုင်။ သူတို့ လမ်းဟောင်းကိုလည်း မစွန့်နိုင်ဖြစ်နေကြတဲ့ သူတို့ကို
ကြည့်ပြီး ဒို့ စဉ်းစားမိတယ်သိလား။ 
 ဒီလူတွေဟာ ကုန်လွန်သွားတဲ့ တန်ဖိုးမဲ့ အချိန်တွေကို မနှမြောတတ်ကြတာလား?
ကိုယ့်ရဲ့တလမ်းသွား လုပ်ရပ်ကြောင့် ဘ၀တွေကို အချိန်အကုန်ခံ အဆင်းရဲခံပြီး ပေး
ဆပ်နေကြရတဲ့ မိသားစုတွေ၊ သူတို့ ၀န်းကျင်တွေရဲ့ ရလာဒ်တွေကို ထည့်မတွက်ကြ
တော့ဘူးလား? မစာနာတတ်ကြဘူးလား?လို့ စဉ်းစားမိတယ်ကွာ။ တကယ်လို့ သူ
ငယ်ချင်း  မင်းဆိုရင်ရော အဲဒီလို တိုးတက်မှု မရှိ၊ အောင်မြင်မှုမရှိနိုင်တဲ့ လမ်းစဉ်မျိုး
ကို စွဲကိုင် ဆုတ်ကိုင် ထားမှာလား? ။ တွေးစေချင်တာပါ။ အခုထိ ရှိနေတဲ့ အိန္ဒိယက
ဂျိန်းလို့ခေါ်တဲ့ ဒိဋ္ဌိဆရာကြီးများ အနွယ်ထဲ ပါမှာစိုးလို့ပါ...။

ဒို့တွေရဲ့  လူ့ဘ၀ဆိုတာကိုက သက်တမ်းတွေ အချိန်တွေနဲ့ ပိုင်းခြား ကန့်သတ်ထား
ပြီးသား ဖြစ်နေတယ်လေကွာ။ ဒီလို အဓိပ္ပာယ်မဲ့ တန်ဖိုးမဲ့တော့ အချိန်တွေကို ကုန်ဆုံး
မခံသင့်တာ အမှန်ပဲ သူငယ်ချင်း။ သဘာဝအတိုင်း စိုက်လိုက်တဲ့ သစ်ပင် ပန်းမာလ်များ
တောင် အချိန်တန်လို့ မသီးမပွင့်ကြရင် မြေသြဇာကျွေးရ၊ သီးပွင့်ဆေးကျွေးရ လုပ်ပြီး
ပြောင်းလဲ ပစ်ရသေးတာပဲလေကွာ။ ဖြစ်ချင်တာထက် ဖြစ်နေတဲ့ အပေါ်မှာ ဖြစ်သင့် တာကို ဖြစ်ချင်သလိုဖြစ်လာအောင် ရွေးကြရမှာပဲ မဟုတ်လား။

လက်ရှိ ဒို့တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာတော့မှာပါကွာ။ အဲဒီမှာ တတ်သိပညာ
တခုခုက လူသား တိုင်းကို အကျိုးဖြစ်စေတယ်ဆိုတာကို မင်း လက်တွေ့မြင်ရတော့
မှာပါ သူငယ်ချင်း။ အခုဆိုရင် ဒို့နိုင်ငံက သမ္မတကြီးနဲ့ အဖွဲ့ဆိုလည်း အထက်က ပြော
ခဲ့သလိုပဲလေ။ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ လမ်းစဉ်က မတိုးတက် မအောင်မြင်ခဲ့လို့
နည်းလမ်းသစ်ကို ရွေးချယ်ပြီး တိုင်းပြည်နဲ့ လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆိုပြီး
နည်းလမ်းဟောင်းကို တော်လှန်ပစ်ခဲ့ပြီး နည်းသစ် စနစ်သစ်နဲ့ တိုင်းပြည်ကို တိုး
တက်အောင် လုပ်ဆောင်နေတဲ့ တော်လှန်ရေးသမားပဲမို့  ဘယ်သူဖြစ်ဖြစ် ကန့်လန့်
လုပ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများရဲ့ အမှိုက်မဖြစ်ဖို့တော့ လိုကြတာပေါ့ကွာ။ စွမ်းနိုင်တဲ့
ဘက်ကနေ ၀န်းရံဖို့ကတော့ လူတိုင်းမှာ တာဝန်ရှိကြတယ်လေ။
မကောင်းတာကို လုပ်နေလို့ ကန့်ကွက်တာကို မပြောလိုပေမယ့် ကောင်းတာကို
လုပ်နေတာကို ကန့်လန့်လုပ်ရင်တော့ လူမပီသလိုဖြစ်မှာပါ။

ဒို့မြန်မာလူမျိုးတွေရဲ့ စိတ်ပျက်စရာ အကျင့်ကလည်း  တိုးတက်နေသူကို တွန်းချ၊
အောက်က တက်လာသူကို ကန်ချချင်တဲ့ စိတ်ဓာတ်မျိုးက ရှိနေပြီးသား ဆို
တော့ လောကီဘက်မှာရော လောကုတ်ဘက်မှာပါ အဲဒီစိတ်ဓာတ်ဆိုး အကျင့်ဆိုး
တွေကိုပါ တော်လှန်ပစ်နိုင်ပြီး စည်းလုံးညီညီညွတ်ညွတ်နဲ့ နေတတ်ကြဖို့ကလည်း
အလွန်အရေးကြီးနေသေးတယ် သူငယ်ချင်း။

  ဒီတော့ သူငယ်ချင်း ...လူတိုင်းဟာ လူပီသအောင် လူစင်မီအောင် နေနိုင်
စားနိုင်ပြီး ဘဝတွေကို စိတ်တိုင်းကျ ပြု ပြင် ဖန်တီးနိုင်အောင် လက်ရှိအချိန်
တွေကို အဓိပ္ဂါယ်ရှိရှိ တန်ဘိုးရှိရှိ အသုံးချနိုင်ကြဖို့အတွက် မတရားတဲ့ အပိတ်
အပင် အတားအဆီး ကန့်သတ်မှု၊ သဘာဝမကျမှု၊ လူသားချင်း နိုင်ထက် စီးနင်း
ပြုလုပ်မှု မှန်သမျှကို တော်လှန်ဖယ်ရှား ပစ်သင့်တယ်လို့ ယုံကြည်ခဲ့ရင်…
လူအများ နစ်နာစေပြီးမှ မိမိရဲ့ ရည်ရွယ်ချက် အောင်မြင်ရမယ်ဆိုတဲ့ မကောင်း
တဲ့ အကျင့်ဆိုး စရိုက်ဆိုးတွေကို ဖယ်ရှားပစ်ပြီး စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်း
စွာ အတူနေကြပြီး တက်ညီလက်ညီလုပ်နိုင်မှ တိုးတက်မှုဆိုတာ ဖြစ်လာမယ်
ဆိုတာကို ယုံကြည်ခဲ့ရင်... 
ဆိုခဲ့တဲ့  တော်လှန်ရေးမျိုးတွေကို လုပ်မှ လူတိုင်း တိုးတက်ကြီးပွား အောင်မြင်
ပြီး အဆင့်အတန်းရှိရှိ နေနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ရင်… ဘဝအတွက် တော်
လှန်ရေးဆိုတာ လုပ်သင့်တယ်လို့ ခံယူမိရင်… ဒို့တွေနဲ့ ဒို့တွေရဲ့ မျိုးဆက်သစ်
လေးတို့ရဲ့ အနာဂတ်ဘဝများဆိုတဲ့ တိုက်ပွဲအတွက် တော်လှန်ရေးလုပ်ငန်း
တွေကို အတူတကွ စတင် လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 
မင်း မှန်မှန်ကန်ကန် စဉ်းစားနိုင်ပါစေ။။
 နွေနှင်းမိုး  ( သူငယ်ချင်းထံ ပေးစာ)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...