သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Wednesday, July 31, 2013

PostHeaderIcon မင်းကွန်းဆရာတော်ကြီး၏ ခန္ဓာငါး တရားရှုမှတ်ပွားပုံ

 မင်းကွန်းဆရာတော်ကြီး၏ ခန္ဓာငါးပါး ရှုမှတ်ပွားပုံ
************
ဤကိုယ်ကာယ၊ တလံမျှ၌၊
နှစ်ဝ နာမ်ရုပ်၊ ဖြစ်၍ ချုပ်၏။
နာမ် ရုပ်တရား၊ အလွတ်ထား၍၊
ဤကား လိပ်ပြာ၊ ဤကား ငါတည်း၊
ဤမှာ ဇီဝ၊ ဤအတ္တဟု၊
ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊
ခန္ဓာ နာမ်ရုပ်မျှသာတည်း။

နာမ် ရုပ်တရား၊ ဤနှစ်ပါးလည်း၊
ရှည်လျားကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၍၊
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး၊
သဘာဝအား၊ ဤသုံးပါးကြောင့်၊
ဖြစ်ပွားသမျှ၊ အနိစ္စသည်၊
ဒုက္ခ အနတ္တချည်းပါတကား။

တပါးချင်း ပွားပုံ
(၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊
ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊
ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတခုမျှ၊ မဟုတ်ကြသည်၊
ဓမ္မသက်သက်ပါတကား။

(၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊
ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊
ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတခုမျှ၊ မဟုတ်ကြသည်၊
ဓမ္မသက်သက်ပါတကား။

(၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊
ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊
ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတခုမျှ၊ မဟုတ်ကြသည်၊
ဓမ္မသက်သက်ပါတကား။

(၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊
ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊
ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတခုမျှ၊ မဟုတ်ကြသည်၊
ဓမ္မသက်သက်ပါတကား။

(၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊
ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊
ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊
ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊
ဓမ္မသက်သက်ပါတကား။ 

ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး။

PostHeaderIcon လူယုတ်ဘဝ မဖြစ်ကြစေနဲ့

 လူယုတ်ဘဝ မဖြစ်ကြစေနဲ့
*******
ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်း ထွန်းခိုက်၊
အမြိုက်တရား ဟောကြားမည့်သူ၊ လူလည်း မရှား၊
သို့ပါလျက်သားနှင့်မူ...
တရားမကြိုက်၊ အမှား လိုက်ကြလျှင်
အမိုက်တကာ့ ဗိုလ်မင်း၊ 
အဖျင်းတကာ့ ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊
ပလုံစီ မြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။
(စလေ ဦးပုည)
(ယုန်မင်းဝတ္ထု)


Monday, July 29, 2013

PostHeaderIcon သပြေသီးကောက်စို့

 သပြေသီးကောက်
******* 
ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်၊
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်၊
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်၊
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်၊
သွားမယ် သွားမယ်။
(ဆရာကြီး မင်းသုဝဏ်)

PostHeaderIcon ဥပုသ်စောင့်

 ဥပုသ်စောင့်
*****
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းတက်မယ်၊
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်၊
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့ရင်
ဘုန်းကြီးအော့်လို့ ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်
လိုက်မယ် လိုက်မယ်။
(ဆရာကြီး မင်းသုဝဏ်)
Saturday, July 27, 2013

PostHeaderIcon ပုံရိပ်သံ


ပုံရိပ်သံ
သခင်
သတိရပေမဲ့
အသိက လက်မခံလေတော့
မချိလှစွာနဲ့ ပြန်ရုတ်သိမ်းလိုက်မိတယ်။

သက်လျာတပါးကို
မျက်နှာများတယ်လို့ မဆိုချင်ပါဘူး
တသက်တာအလား ငြိုငြင်သွားတဲ့ နှလုံးသားက
အပြုံးများ ကင်းဆိတ်လို့
မင်းအရိပ်လေး ထင်လာရင်တောင်
တမင်တကာ အသံတိတ်နဲ့
ပြန်ပိတ်လိုက်တဲ့ တံခါးချပ်အသံဟာ
နားထက်ညံသွားသလားလို့ ထင်မိချင်။

လမ်းတဝက်က လှမ်းထွက်ခဲ့ပေမယ့်
လွမ်းချက်က မပြေခဲ့ပါဘူး။
အနေခက်မှာ စိုးလို့ပါ။
မပြီးပြတ်ပဲ ခရီးတဝက်ကနေ
အပြီးထွက်ခဲ့ရသည်မို့
နှလုံးစည်းချက်က ယမ်းကုန်ပဲ
လွမ်းဘုံကို လှမ်းခုန်ဝင်မိသလို
သခင်မသိခဲ့တဲ့ နှလုံးလမ်းတလျှောက်မှာ
အပြုံး ခမ်းခြောက်ခဲ့ရပြီလေ။

ကသုတ်ကယက်နဲ့ နှုတ်မဆက်ပဲ ခွဲခွာလေတော့
ရုတ်တရက် အသဲနာမိသလို ဖြစ်ချင်ပေမယ့်
အပြစ်မမြင်တတ်တဲ့ နှလုံးအရိုင်းက
မုန်းခိုင်းတိုင်း မုန်းခွင့်မပေးခဲ့ဘူး သခင်။

ဒါပေမယ့်လေ….
လမ်းအတူလျှောက် ပန်းအတူကောက်သလို
စကားလက်ဆုံကျစဉ် သနားတတ်ပုံနဲ့ စာနာမှုစစ်တွေက
ကဗျာတခုအဖြစ် ကူးသွားပြီး
နှစ်ဦးသား ဖူးစာ ပုံရိပ်လုံးများဟာ
(အခုခါ) ကုန်ဆိတ်သုဉ်းသွားတယ်လို့ပဲ မြင်လိုက်ပါတော့မယ်။
လူ့ဘဝ တသက်တာမှာ
သမုဒယ တမျက်နှာကြောင့်
ပြုသမျှ မသက်သာခဲ့ချေတကား။
( နွေနှင်းမိုး ) 
27.7.2013


Friday, July 26, 2013

PostHeaderIcon တို့အမျိုးသား တိုင်းပြည်

 “တို့ အမျိုးသား တိုင်းပြည်”

အတီတေ၊ ပဝေသဏီ
ဗုဒ္ဓဘာဂီ သာကီမျိုး
ဓါးမတို ခါးကြားထိုး
မြေနဲ့ မိုး ကောင်းကင်အောက်
ထန်းရွက်ခြောက် ခမောက်ဆောင်း
ခြေထောက်တွေ ရွှံ့မြေနင်း
စပါးခင်းနဲ့  တံငါလှေ
ဓနိပင်ပျိုတွေနဲ့ 
စေတီအို ငုတ်တိုကြား
ထွန်တုံးနဲ့  နွားကိုဆွဲ
နေ၀င်ဆဲ မိုးလည်းချုပ်
တဲစုစု ဇနပုဒ်
မီးခွက်ကလေး မှိတ်တုတ်လင်း
ငါးပိနဲ့ ထမင်းစား
ဧရာဝတီမြစ်ဘေးနား
မြန်မာများတည်ခဲ့သည်
ရာဇဋ္ဌာနီ တို့ တိုင်းပြည်

နိုင်မြန်မာ
ပန်းချီ maungthiha

( တို့ဌာနီ ဒီမြေလေးကိုဖြင့်
အေပေးတွေ ဝင်လာနှောက်မို့
မပျောက်အောင် ရိုးရာအမွေကိုတော့
သေပါစေ ဘိုးမွေအရှိကိုလ
ထိလာရင် ကြည့်မနေတတ်ပါဘု
အမိမြေ ဒီမဟီနန်းကို
ညီစမ်းအတူ ကိုယ်စီကိန်းစို့ရယ်
ထိမ်းစို့ တို့များ...။)
ToeToe

PostHeaderIcon နဂါးမောက်သီး



 နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)
လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင်အမေရိကတိုက်နဲ့မက္ကစီကို

ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊
ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့
မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ဆို ရပါမယ်။
ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ
အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့
မြေပဒေသာကျွန်းထဲမှာ အပင်တချို့ တွေ့ခဲ့ရပါတယ်။

အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက်
ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်။ အရည်ရွှမ်းပြီး အနည်းငယ်
ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါဝင်ပြီး နဂါး
မောက်သီးအမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင်လည်း
ရှိတတ်ပါတယ်။ အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်းရှိသောကြောင့်
သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့အသီးဖြစ်ပါတယ်။ ကင်ဆာ ဖြစ်စေနိုင်
သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာ
စားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်
ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်း
စေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေး
နိုင်တဲ့အသီးဖြစ်ပါတယ်။ နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး
ဖြစ်ပါတယ်။

လမင်းမောင်(မြ၀တီ)

(ကျနော် သိပ်ကြိုက်တဲ့အသီးမို့)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...