သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, June 29, 2010

PostHeaderIcon စာစုလေးများ

ပုံနှိပ်စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်...။

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင် ဘယ်လောက်သာယာ လိုက်မလဲလို့ ...။

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို
လွယ်လွယ် မသုံးမိအောင် သတိထားပါ ...။

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောကလုံးကို အလှဆင်တယ် ...
(သုဗောဓာလင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ ...သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...
ဝမ်းသာရတာ ခံစားရတာ ပင်ပန်းလှပါပြီ… ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ…
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ… ဘာမှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဉာဏ်တိုးပြီးး လူဖြစ်ကျိုးနပ်တယ်ဆိုလို့ တော်သေးတာပေါ့...။

ကြာလည်းမမေ့ …ရှာလည်းမတွေ့... ငါလည်းတစ်နေ့...။

စွန့်လွှတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ…။

သူ့နှလုံးသားရဲ့ စကားပြန်ကတော့ သူ့ အမူအရာပါပဲ ...။

မပြိုကွဲနိုင်တဲ့ အရာကို ဆောင့်မတိုးလိုက်နဲ့ သူမကွဲရင် ကိုယ်ကွဲမယ်…။

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်...
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင် …
ဘယ်လောက် သာယာလိုက်မလဲလို့...။
အမှိုက်လှဲ ပြီးမှ ရှင်းတာထက်၊
မရှုပ်ဘဲ ရှင်းနေတာက ပိုကောင်းမယ်...။

အရွယ်ချင်း မတူရင်... နေရာချင်း မတူရင်...
အဖြစ်ချင်း မတူရင်...အသိချင်း မတူနိုင်ပါဘူး...
ဒါလေးတော့ နားလည်သင့်တာပေါ့...။

ငယ်တုန်းက ထမင်းကို ၀ါးပြီး ခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့အခါ အန်ဖတ်တွေ ထင်တတ်တယ်...။

ကျေနပ်စရာကြောင့်ဖြစ်စေ .. မကျေနပ်စရာကြောင့်ဖြစ်စေ ..
လောကဓံကြောင့် တုန်လှုပ်နေသူ မှန်သမျှ လောကကို အရှုံးပေးနေရသူချည်းပါပဲ...။
(ဆရာတော်တစ်ပါး)

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာ ရှာပြီး ထောက်ပြတတ်တယ်၊
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး အမှားကို ပြုပြင်ပေးတယ်..။
အဋ္ဌကထာ(သီဟိုဠ်)

ပုထုဇဉ်ဆိုတာ အပြစ်နဲ့ မကင်းဘူးဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့ မဖြစ်စေသင့်ဘူး...။

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင် ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင် ချန်ထားရစ်ခဲ့ရမယ် …။
ည၀ါအကျော်(တောင်မြို့)

ကိုယ့်ကို စောင့်ရှောက်တာ ကိုယ့်မှာရှိတဲ့ တရားပဲ..
ကိုယ့်ကို ဖျက်ဆီးတာ ကိုယ့်မှာရှိတဲ့ မတရားပဲ...။

ကိုယ်က မှန်အောင်နေပြီး သူများ မှားနေရင်လည်း နားလည်နိုင်ရမယ်...။

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက် အကျိုးကောင်းတွေ များပါတယ်...။

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ .. လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်...။

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ ဘာလုပ်ဖို့လဲဆိုတာ အထိတော့ ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
(ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်တောင်မှ သင့်တော်တဲ့ အကျင့်တွေ မဖျောက်ပစ်ပါနဲ့...။

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား? ပညာပြချင်တာလား? နည်းနည်းတော့ သတိထားပါအုံး...

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ .. အကောင်းချည်း ဖြစ်လာရင် အကောင်းဆုံးပေါ့…။

အသိပေးဆုံးမ ပေးမည့်သူကို ရှာသင့်ပေမယ့်…
ကိုယ်စကားနားထောင်မည့် သူကိုပဲ ရှာနေကြတယ်…။

သောကမီးတွေ ညီးညီးပြောင်ပြောင် အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင် ၀မ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက် ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ…။
(ဓမ္မပဒ-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်…
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့ ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်…
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်…။

ကျေးဇူးဆိုတာ သိတတ်သူအတွက် အကျိုး အကန့်အသတ်မရှိ ခံစားနိုင်သလို…
ကျေးဇူးကန်းသူအတွက် အကန့်အသတ်မရှိ ပေးဆပ်ရတတ်တာမျိုး...။

အမြဲတမ်း သူ့ကိစ္စနဲ့သူ ရှုပ်နေတာပါလို့ နားလည်ရင်…
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့…။

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ၊ ကိုယ်နဲ့ သိပ်မဆိုင်ရင် ပြဿနာက သေးတယ်၊
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ လုံးဝ မဆိုင်တော့ရင်တော့ ပြဿနာမရှိတော့ပါဘူး။

ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း မစရသေးတာပဲရှိတယ်။

ရေအိုးစင်က ရေသောက်ရတဲ့အခါ သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား? အခက်အရွက်လား? ပင်စည်လား?

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ၊ လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ၊
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့ လိမ္မာပါ။
အဆင်ပြေတာ မပြေတာထက် နေသာဖို့က အရေးကြီးပါတယ်။ နေတတ်ရင် နေသာပါတယ်။

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍ သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ။

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ ၊ ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ၊ ရတနာသုံးပါးကို ယုံကြည်လို့ ပုံအပ်ပြီးပြီလား..?

"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင် အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး ဣနြေ္ဒမပျက် နေပြလိုက်တော့ သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး။
(ပရဟိတ ဆရာတော်ကြီး)

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ လေရှိမှန်း မသိကြသလို...
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ ရေရှိမှန်း မသိကြသလို...
ဓမ္မ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုး ဖြစ်နေတဲ့ သတ္တ၀ါတွေဟာလည်း
ဓမ္မ အဓမ္မကို ရှိမှန်း မသိကြပါဘူး...။
ပေးနိုင်သူထံက တောင်း၊ လက်ခံမယ့် သူကို ပေး၊ ဒါမှ အဆင်ပြေမယ်..။

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ၊ မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...

လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်…။

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်၊ ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ အစွမ်းမပြနိုင်ကြတာပါ…။

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက် ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်။

တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ်ရသေးတယ် ၊
စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်၊
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့…။


စေတနာသည် လူတိုင်းနဲ့ မတန်သည် မဟုတ်…
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ်...။

စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ…၊
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲ လိုက်ပါ...။

လေးစားထိုက်သူရဲ့ စကားကိုမှ နားထောင်ကြတာ။
ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင်နေပေါ့...။

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ…၊
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်...။

ဘေးကိုကြည့်လွန်း အားကြီးရင် ဘေးတွေ့တတ်တယ်။ ။

ကိုယ်က ကြိုက်လို့ကောင်းတာထက်…ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...။

လူမှုရေးဆိုတဲ့ ကြိုးနဲ့ လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်။ လူကိုမမှုရင် လူ့ဘောင်ရဲ့ဘေးရောက်မယ်.။
လူကိုမှုနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး...။

သူတစ်ဖက်သား၊ မျက်မာန်ပွားသော်၊ တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊
မေတ္တာနှလုံး၊ ကိုယ်ကသုံးလျှင်၊ အရှုံးဘယ်မှာ ရှိချိမ့်နည်း။
(မင်းကွန်းဆရာတော်)

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ်…။

မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး ၊ မေတ္တာဓာတ်တွေ ရှိနေဖို့က အရင်လိုအပ်တယ်…။

မုန်းလောက်အောင် ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက မုန်းချင်သလောက် မုန်းစမ်းပါစေ…။

ရက်ရက်စက်စက် ရိုးသားလိုက်စမ်းပါ…။
ဒီရက်စက်မှုမျိုးကို သူတော်ကောင်းတွေက မြတ်နိုးပါတယ်…။

မင်းမရှိလည်း ဖြစ်တယ်၊ သူမရှိလည်း ဖြစ်တယ်၊ ငါမရှိလည်း ဖြစ်တယ်၊ ဘာမျှ မရှိလည်းဖြစ်တယ်။

မိုက်မဲတယ်ဆိုတာ မိုက်လွန်လွန်း အားကြီးလို့ ကြုံတာလေး တစ်ခုတည်းကို မဲနေတာ...။

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး၊
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး၊
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး။

ကိုယ်ကျင့်တရား ဖြူစင်ရင် အသိတရား မြင့်မြတ်လာသလို…။
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..။

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ်။ မမှားတာ အကောင်းဆုံးပဲ....

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါဦး…။

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ.. အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန် ကြားတဲ့အတိုင်း မှန် , မမှန် ဆန်းစစ်ရမယ်။

အထွတ်အထိပ်ကို ရောက်သွားသူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
(ဓမ္မဒူတ၊ဓမ္မဘေရီ၊တိပိဋကဆရာတော်များ၏ စကားများ)
တိုးတိုး

PostHeaderIcon စာစုလေးများ

* "ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။"

* "ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားက လည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။"

*"သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင် သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀ က သင့်ကို အလေးပြုတယ်။"

*" အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။"

*" လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။"

*" ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင် တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။"

*" သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။"

* "အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင် သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။"

*" ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။"

*" အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှု ခံစား ရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။"

*" ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရ နိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။"

*" အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေ ပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ် လိုက်ပါလိမ့်မယ်။"

*" မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။"
Thursday, June 17, 2010

PostHeaderIcon “ရုန်းရင်း ကန်ရင်း“

 ရုန်းရင်း ကန်ရင်း
************
လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊
ဘယ်မှာ ပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီး ကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည် ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်၊
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတလှည့် နိုင်တလှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်။
 
ဘ၀ သည်ကား၊ တိုက်ပွဲ များပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပေ၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊
ရုန်းရကန်ရ မည်တကား။ ။

အေးငွေ
(ငွေတာရီ.၁၉၇၀၊ ဧပြီလ) အေးငွေ၏ ပန်းဝင်္ကဘာကဗျာများမှ
Monday, June 14, 2010

PostHeaderIcon လူတယောက်အတွက် အရေးအကြီးဆုံးအရာ

တိဘက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းမား (Dalai Lama) နှင့် ဘရားဇီး သီအိုလိုဂျီ
ပညာရှင် လီယိုနာဒို ဘော့ (Theologian Leonardo Boff) တို့ တွေ့ဆုံခြင်း....
တခုသော ဘာသာရေးနဲ့ လွတ်လပ်ခြင်းဆိုင်ရာ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတခုမှာ ကျနော်
နဲ့ ဒလိုင်းလားမားတို့ သိမ်မွေ့စွာ ကြုံဆုံခဲ့ရပါတယ်။ ကျနော်က စိတ်ဝင်တစားနဲ့ သူ့ကိုမေးခဲ့
ပါတယ်။
“အရှင်မြတ် လောကမှာ အကောင်းဆုံးက ဘာပါလဲ ဘုရား။”
(ကျွန်တော် ကြိုတွေးမိတာက တိဘက်ဗုဒ္ဓဘာသာ ဒါမှမဟုတ် ခရစ်ယာန်ဘာသာထက်
ရှေးကြတဲ့ အရှေ့တိုင်း ဘာသာရေးလို့ ဖြေမယ် ထင်မိတယ်)
ဒလိုင်းလားမားက ကျွန်တော့် မျက်လုံးကို ကြည့်ပြီး ပြုံးပြီး ဖြေတယ်။ အရှင်မြတ်ရဲ့ အဖြေ
ဟာ ကျွန်တော့်ကို အံ့အားသင့် သွားစေခဲ့တယ်။
အရှင်မြတ်က “ အကောင်းဆုံး ဘာသာရေးကတော့ ဘုရားသခင်နဲ့ အနီးကပ်ဆုံး ဖြစ်
အောင် လုပ်နိုင်တဲ့ ဘာသာပဲ ဖြစ်တယ်၊ အဲဒီ ဘာသာရေးက သာလျှင် သင့်ကို လူအဖိုး
တန် ဖြစ်စေလိမ့်မယ်” လို့ ဖြေပါတယ်။

ဒီလို ပညာရှိကြီး တယောက်နဲ့ အရှက်တရား မရအောင် ကျနော် မေးခဲ့ပါတယ်။

ကျနော့်ကို ဘယ် အချက်တွေက လူ့အဖိုးတန် ဖြစ်စေမလဲ။
အရှင်မြတ်က
“ သင်ဟာ ဘာဘဲလုပ်လုပ်
-ကိုယ်ချင်းစာစိတ် ရှိပါစေ။
- အသိတရားစိတ် ကြီးမားပါစေ။
- ခွဲခြား ဆင်ခြင်စိတ် ရှိပါစေ။
- မေတ္တာတရား ကြီးမားပါစေ။
- လူသားချင်း စာနာစိတ်ရှိပါစေ။
- တာဝန်ယူတတ်တဲ့ စိတ် ရှိပါစေ။
- ကိုယ်ကျင့်တရား ကောင်းမွန်ပါစေ”
လို့ ဖြေပါတယ်။
ဒီလို သင့်ကို အကျင့်မြတ်၊ အကျင့်ကောင်း၊ စိတ်ကောင်း၊ စိတ်မြတ်တွေဖြစ်စေ၊ လုပ်စေတဲ့
ဘာသာရေးဟာ သင့်အတွက် အကောင်းဆုံး ဘာသာရေးပါ။”
အရှင်မြတ်ရဲ့ အံ့မခန်း ကြီးမြတ်မှုရဲ့အောက်မှာ ကျနော် ခဏတာ ငြိမ်သက်သွားမိတယ်။ ယနေ့အချိန်ထိလည်း အရှင်မြတ်ရဲ့ ဉာဏ်ပညာနဲ့ မငြင်းနိုင်တဲ့ တုန့်ပြန်ချက်တွေကို တွေးမိ၊ ဆင်ခြင်မိနေတုန်းပါဘဲ။
အရှင်မြတ်က “ မိတ်ဆွေကြီး … သင် ဘယ်ဘာသာဝင်ဖြစ်တယ်၊ ဘာသာတရား မရှိဘူး
ဆိုတာတွေကို ကျွန်ုပ် စိတ်မ၀င်စားဘူး။”
“ကျွန်ုပ်စိတ်ဝင်စားတာက သင့်ရဲ့အပေါင်းအဖော်တွေ၊ မိသားစုတွေ၊ လုပ်ငန်းခွင်၊ အသိုင်း
အ၀ိုင်းနဲ့ ကမ္ဘာရှေ့မှာ ပြုမူကျင့်ကြံနေတဲ့ သင့်ရဲ့ အပြုအမူတွေကသာ အမှန်တကယ်
အရေးကြီးပါတယ်။”

“စကြာဝဠာဆိုတာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်နဲ့ အတွေးအခေါ်တွေရဲ့ ပဲ့တင်သံ(Echo)
ဆိုတာကို သတိရပါ။”
“သက်ရောက်ခြင်းနဲ့ တုန့်ပြန်သက်ရောက်ခြင်းဆိုတဲ့ နိယာမတွေဟာ ရူပဗေဒပညာရပ်အ
တွက် သီးသန့် ဖြစ်နေတာမဟုတ်ပါဘူး။ လူသားချင်း ဆက်ဆံရေးမှာလည်း ဒီနိယာမအတိုင်း
ဘဲ ဖြစ်ပါတယ်။”
“ကျနော်တို့က ကောင်းကောင်းလုပ်ရင်၊ ကောင်းကျိုး ပြန်ရမယ်၊ မကောင်းတာလုပ်ရင်၊ မကောင်းကျိုးခံရမယ်။”
“ကျနော်တို့ တတွေရဲ့ ဘိုးဘေးတွေက ကျနော်တို့ကို စစ်မှန်တဲ့ အမှန်တရားတွေကို ပြောခဲ့
တယ်။ သင်ဟာ တခြားလူတွေ အပေါ်ထားတဲ့ ဆန္ဒအတိုင်း သင်ဖြစ်ရလိမ့်မယ်။”
“ပျော်ရွင်မှုဆိုတာဟာ ကံတရား အရာမဟုတ်ပါဘူး။ အဲ့ဒါဟာ မိမိစိတ်ရဲ့
 ရွေးချယ်မှုဘဲဖြစ်ပါတယ်။”

နောက်ဆုံးအနေနဲ့ အရှင်မြတ်ပြောတာကတော့
“ သင့်ရဲ့ အတွေးအခေါ်တွေကို ဂရုစိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါဘဲ။ ”
“ သင့်ရဲ့ စကားလုံးတွေကို ဂရုစိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါဘဲ။ ”
“ သင့်ရဲ့ လုပ်ဆောင်ချက်ကို ဂရုစိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါဘဲ။
“ သင့်ရဲ့ အလေ့အကျင့်ကို ဂရုစိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါဘဲ။
“ သင့်ရဲ့ ကိုယ်ကျင့်တရား ကို ဂရုစိုက်ပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါဘဲ။
သင့်ရဲ့ ကံကြမ္မာတွေဟာ သင့်ရဲ့ ဘ၀ ဖြစ်လာလိမ့်မယ်။”
သစ္စာတရားထက် မြင့်မြတ်တဲ့ ဘာသာရေးဆိုတာ မရှိဘူး။

“လူအချင်းချင်း လှည့်ပတ်ခြင်း။ အနိုင်ကျင့်ခြင်း ကင်းရှင်းကြပါစေ….”

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...