သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, September 18, 2011

PostHeaderIcon ပေါင်းသင်းခြင်း အနုပညာ

လောကကြီးမှာ ယောက်ျားနဲ့မိန်းမဆိုတဲ့ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လိင်မတူတဲ့ ဒီလူနှစ်မျိုး
နှစ်စားက အချင်းချင်းဆွဲငင်တတ်ကြသလို ချစ်ရည်လူးတဲ့ စကားတွေကိုလည်း ပြောဆို
တတ်ကြတယ်။ ယောက်ျားရဲ့အခြားတစ်ခြမ်းက မိန်းမလို့ဆိုရင် မိန်းမရဲ့အခြားတစ်ခြမ်း
ဟာလည်း ယောက်ျားပဲဖြစ်ပါတယ်။ ယောက်ျားမရှိတဲ့မိန်းမ၊ မိန်းမမရှိတဲ့ ယောက်ျားတွေဟာ
အခြမ်း မပြည့်စုံ သူတွေဖြစ်တယ်။ စက်ဝန်းတစ်ခုအဖြစ် အခြမ်းနှစ်ခုပေါင်းစပ်ပြီး ရှေ့ကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှိမ့်နိုင်ဖို့ မောင်နှံနှစ်ဦးရဲ့ ပေါင်းသင်းခြင်းအနုပညာကို သင်ယူ တတ်မြောက်ထားဖို့ လိုပါလိမ့်မယ်။

အပြန်အလှန် တန်ဖိုးထားနှစ်သက်ခြင်း

ဇနီးမောင်နှံအတွက် အမှာစကား၊ မင်္ဂလာစကားတွေ အများကြီးရှိပေမယ့် အဲဒီစကားတွေရဲ့ အခြေခံသဘောတရားက “(၁) တစ်ဘက်လူရဲ့ တန်ဖိုးထားနှစ်သက်ခံရသူဖြစ်အောင် ကြိုး

စားပါ။ (၂) တစ်ဘက်လူကို တန်ဖိုးထားနှစ်သက်တတ်သူဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ 
အချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

အချစ်ရဲ့တကယ့်အနှစ်သာရက အချင်းချင်း နှစ်သက်တာကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်တယ်။ 
တန်ဖိုးထား နှစ်သက်တာကို “ပန်း”လို့တင်စားရင် အချစ်က “အသီး”ပဲဖြစ်မယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း အရှက်အဝံ့မရှိ ထုတ်ဖော်ပြောပါ။ ချီးမွမ်း၊ ချီးကျူးစကား 
ပြောဖို့ ကပ်စီးမနဲပါနဲ့။ သင့်တော်တဲ့နေရာ၊ ဆီလျော်တဲ့အမူအရာနဲ့ ကိုယ်ချစ်တဲ့လူကို 
ပြောတဲ့ “နင့်ကို ငါချစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းဟာ တပ်တစ်တပ်ထက် အင်အားကြီး
ပါတယ်။ တန်ဖိုးထားနှစ်သက်တယ်ဆိုတာက တစ်ဘက်သားကို အသိအမှတ်ပြုခြင်း၊ 
 အတည်ပြုခြင်းနဲ့ အားပေးဖေးမခြင်း စတာတွေကို ခံစားစေသလို ကျေနပ်အားရတဲ့
ခံစားချက်ကိုလည်း ဖြစ်စေပါတယ်။ နားလည်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာအသိအမှတ်ပြုခြင်း၊ 
အတည်ပြုခြင်း၊ ချီးကျူးခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းတွေ ပါပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့
ရင်ထဲမှာ တန်ဖိုးထားနှစ်သက်ခြင်းက လိုကိုလိုအပ်ပါတယ်။ ဒါဟာလည်း ဇနီးမောင်နှံ
နှစ်ဦးရဲ့ ပေါင်းသင်ခြင်းလျှို့ဝှက်ချက်ထဲက တစ်ခုဖြစ်ပါတယ်။

ခံစားမှုကို စုဆောင်းခြင်း

လူတိုင်းရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာမှာ ခံစားမှုတွေကို စုဆောင်းထားတဲ့ ဘဏ်လေး
တစ်ခုရှိပါတယ်။ တကယ်လို့ အဲဒီဘဏ်လေးထဲမှာ အချစ်နဲ့ရယ်မောစရာတွေကို အမြဲစုထား
ရင် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်းစတဲ့အရာတွေက တိုးတိုးလာသလို ပြုံးရယ်ခြင်း၊ နူးညံ့ခြင်း၊ 
အားပေးခြင်း၊ နှစ်သိမ့်ခြင်းစတဲ့ အတိုးအမြတ်တွေကိုလည်း ဖြစ်ထွန်းစေပါတယ်။ တစ်ခါ
တလေမှာ တကိုယ်ကောင်းဆန်မိ၊ မယုယမကြင်နာ ဖြစ်မိပြီး ဘဏ်ထဲဘာမှ မစုဆောင်းမိ
ရင်တောင် ဘဏ်က overdraw မဖြစ် သွားနိုင်ပါဘူး။ ကြည်နူးပျော်ရွှင်ခြင်းတွေ စုဆောင်း
ထားတာ နည်းရင်တော့ ငြင်းခုန်ရန်ဖြစ်တိုင်း ပြင်းထန်မှုတွေ ကြီးကျယ်စေတတ်ပါတယ်။

ယုံကြည်ခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းကို အကြွေးစာရင်းထဲမှာပဲထားပြီး စုဆောင်းထား
တာကိုပဲ အမြဲထုတ်ထုတ်သုံးနေရင်လည်း နောက်ဆုံးမှာ ခံစားချက်ပြိုကွဲခြင်း၊ အိမ်ထောင်
ရေးအက်ကြောင်းထခြင်း စတဲ့ အပျက်အစီးထဲ ရောက်သွားနိုင်ပါတယ်။ လူ့ဘဝက ရှုပ် ထွေးပွေလီလွန်းပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ဟာ အထိန်းအချုပ်မဲ့ပြီး တစ်ဘက်လူ၊ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်အောင် လုပ်မိတတ်ပါတယ်။ ခံစားမှုဘဏ်အကောင့်
လေး overdraw မဖြစ်သွားစေတဲ့ အကောင်းဆုံးနည်းက ဘဏ်ထဲကို နာလိုဖွယ်စကား၊ ချစ်ခင်နှစ်သက်တဲ့ခံစားမှု၊ တန်ဖိုးထားမြတ်နိုးတဲ့ အပြုအမူတွေ အမြဲတမ်း စုဆောင်း
နေဖို့ပဲဖြစ်ပါတယ်။

ကိုယ်ပိုင်လွတ်လပ်မှု

လက်ဘနွန်စာရေးဆရာ (Kahlil Gibran)က “နှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းတဲ့အထဲမှာ နေရာလပ်လေးတစ်ခုတော့ ရှိဖို့လိုတယ်”လို့ ဆိုခဲ့ပါတယ်။ တယောကြိုးတွေဟာ အသံတသံ
ထဲမှာ တုန်ခါနေတယ်ဆိုပေမယ့် ကြိုးတိုင်းမှာ မတူတဲ့ အသံကိုယ်စီနဲ့ ကွဲပြားကြပါတယ်။
ဒါမှလည်း သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေကို တီးခတ်နိုင်မှာဖြစ်တယ်။ အိမ်
ထောင်ရေးဆိုတာ တစ်ဦးချင်းရဲ့လွတ်လပ်မှု၊ တစ်ဦးချင်းရဲ့ ဒီမိုကရေစီဖြစ်တယ်။ “နင်က
ငါ့ဟာပါ”လို့ သံသယ မလွန်ကဲပါနဲ့။ ဒါဟာ အချစ်အိမ်လေးကို လှောင်အိမ်အချုပ်ဖြစ်အောင် ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ အချစ်ကို အဓွန့်ရှည်တည်တံစေချင်ရင် ဂရုတစိုက်နဲ့ ပြုစု ပျိုးထောင်ပေးရပါတယ်။ 
ဒါဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ပြောနေတာမဟုတ်သလို တခြားသူကို ပြောင်းလဲနိုင်ဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့အခြေအနေတခု၊ နေရာတခုဖြစ်အောင် အချင်းချင်းထိန်းညှိဖို့၊ အတူတကွဆိုပေမယ့်လည်း ကိုယ်ပိုင်နေရာလေးရှိဖို့တော့ လိုအပ်
ပါတယ်။ အိမ်ထောင်ရေးဆိုတဲ့ မြေကြီးထဲမှာ ကိုယ်ပိုင်အပင်လေးနှစ်ပင် လွတ်လွတ်လပ်
လပ် ရှင်သန် ကြီးထွားစေခြင်းအားဖြင့် ပျော်ရွှင်တဲ့အသီးအပွင့်တွေကို ဝေဝေဆာဆာ
ဖူးပွင့်စေနိုင်ပါတယ်။

အပြန်အလှန် လေးစားခြင်း

“သင့်ကို လူတွေ ဘယ်လို ဆက်ဆံစေချင်ရင် လူတွေကို သင်လည်းဘယ်လိုဆက်ဆံပါ”
ဆိုတဲ့ စကားအတိုင်း အိမ်ထောင်ရေးတည်မြဲဖို့ အဓိကအရေးပါတဲ့အချက်က အချင်းချင်း
လေးစား တတ်ဖို့ပဲဖြစ်ပါတယ်။ တစ်ဘက်သားကို လေးစားတတ်မှ တစ်ဘက်သားရဲ့
လေးစားမှုကို ရမှာဖြစ်တယ်။ တစ်ဘက်သားကို လေးစားတတ်ရုံတင်မက သူ့မိဘ၊ သူ့ညီ
အစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကိုပါ လေးစားတတ်ရပါမယ်။ တကယ်လို့ တစ် ဘက်သားရဲ့မိသားစုကို မလေးစား၊ မထီမဲ့မြင်ပြုတယ်။ တချို့က တဘက်ရဲ့မိသားစုကို 
ကိုယ့်ပြိုင်ဖက်လို သဘောထားတယ်။ ဒါဟာ အင်မတန် ရုပ်ဆိုးအကြည်တန်တဲ့ တုံးအမှုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထီးကျန်ကမ္ဘာထဲ တွန်းပို့နေသလို သင့်ရဲ့
အိမ်ထောင်ရေးကိုလည်း ပြိုကျပျက်ဆီးစေနိုင်ပါတယ်။

ငွေကြေးနဲ့အချစ်
မိသားစုရဲ့အခြေခံမှာ ငွေကြေးနဲ့အချစ် တစ်ခုခုလစ်ဟနေလို့မဖြစ်ပါဘူး။ ပြောနေကျ စကား
အတိုင်း ပြောရရင် အချစ်ဆိုတာလိုအပ်သလို ပေါင်မုန့်ဆိုတာလည်း လိုအပ်ပါတယ်။ငွေ
ကြေးမရှိရင် အချစ်ကို သက်ရောက်တတ်တာကိုတော့ ဘယ်သူမှငြင်းဆန်လို့မရနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ငွေကြေးက ကောင်းကျိုးကိုလည်းဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။
မိသားစုဘဝမှာ ငွေကြေးကို အရမ်းအလေးထားလို့ မဖြစ်ပါဘူး။ “စီးပွားရေး စီမံကိန်း”ဆိုပြီး တစ်ဘက်သားကို ထိန်းချုပ်ခြယ်လှယ်တာမျိုး၊ တစ်ဘက်သားကို ငွေကြေးနဲ့ပတ်သက်တဲ့
လုပ်ပိုင်ခွင့် မပေးတာမျိုး ဖြစ်စေတတ်လို့ပါ။ သင့်ရဲ့ဒီလိုစီမံကိန်းကို မခံမရပ်နိုင်တဲ့တစ်နေ့
မှာ မိသားစုအိမ်ငယ်လေးထဲကနေ သူထွက်ပြေးသွားတတ်ပါတယ်။ ဒီလိုအချိန်ရောက်မှ
ငွေကြေးဆိုတာ ဒြပ်မဲ့၊ လူကမှ သက်ရှိ၊ လူသာလျှင် ချစ်ခြင်း အဆောက်အဦးကြီးရဲ့
ထုပ်တန်း ဆိုတာကို သင်သိလာမှာဖြစ်တယ်။

ဖူးစာကံကို တန်ဖိုးထားပါ

“ရှေးဘဝရဲ့အတိတ်ကံကြောင့် ဒီဘဝမှာလာတွေ့ကြတယ်”ဆိုတဲ့အတိုင်း အပြောကျယ်
တဲ့ လောကကြီးမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အခြားတခြမ်းနဲ့ လာဆုံခဲ့ကြတယ်။ အတိတ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ! ဒါကြောင့် ဒီကံကို ကျွန်မတို့တန်ဖိုးထားသင့်ပါတယ်။ ဖူးစာကံ
ကြောင့် လာဆုံကြတဲ့ ဒီအိမ်ထောင်ရေးကို တီဗီကြည့်သလိုမျိုး အချိန်မရွေး ဟိုချန်နယ်ချိန်း၊ 
ဒီချန်နယ်ချိန်း မလုပ်သင့်ပါဘူး။ ပထမအိမ်ထောင်ရေးမှာ တည်ကြည်လေးနက်မှုမရှိသူဟာ ဒုတိယအိမ်ထောင်ရေးကိုလည်း ကောင်းကောင်းလည်ပတ်စေနိုင်မှာ မဟုတ်ပါဘူး။ လူသား
တွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ရှိမှုနဲ့ ပြောင်းလဲတတ်တဲ့ ခံစားချက်တွေက 
ယောက်ျားနဲ့မိန်းမရဲ့ ပေါင်းသင်းခြင်းတည်မြဲရေးကို သက်ရောက်စေတတ်ပါတယ်။
တကယ်လို့ ကယ်တင်လို့မရနိုင်တော့တဲ့ သေကွဲအိမ်ထောင်ရေးမဟုတ်ခဲ့ရင် အတတ်နိုင်ဆုံး
ကြိုးစား ကုသပါ။ လက်စတွဲပြီဆိုတာနဲ့ “ပျိုမျစ်တဲ့လက်ကနေ အိုမင်းတဲ့လက်ဖြစ်သည်အထိ”
တွဲပါ။ စကားတစ်ခွန်းကြောင့်၊ အခက်အခဲလေးတစ်ခုကြောင့်နဲ့ လက်တွဲမဖြုတ်လိုက်ပါနဲ့။

ပေးဆပ်တတ်ပါစေ

လူအများက “အချစ်ခံ”ရတာကို နှစ်သက်တတ်ကြပြီး “ချစ်ဖို့”ကိုတော့ မေ့နေတတ်

ကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ဖို့ကောင်းအောင် နေမလဲဆိုတာကိုပဲသိကြပြီး
တစ်ဘက်သားကို ဘယ်လိုချစ်မယ်၊ ဘယ်လိုဂရုစိုက်မယ်ဆိုတဲ့ ခြေလှမ်းကိုတော့ စ
မလှမ်းချင်ခဲ့ကြဘူး။ တကယ့်အချစ်က အရာရာအားလုံးကို “ပေးဆပ်”တာပါ၊ “ရယူ”တာ
မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကို တက်ကြွစေတာပါ။ ပေးဆပ်ခြင်းက
ရယူခြင်းထက် လူကိုပိုပျော်ရွှင်စေပါတယ်။ ပေးဆပ်လိုက်ရလို့ ဆုံးရှုံးချို့ငဲ့သွားတာ
မဟုတ်ပါဘူး။ ပေးဆပ်လိုက်ရလို့ ဘဝကဖြစ်တည်သွားတာပါ။ အချစ်ဆိုတာ ဖြူစင်
သန့်ရှင်းတဲ့အရာပါ။ အချစ်ထဲမှာ တောင့်တမှုတွေ၊ အကျိုးအမြတ်တွေ ရောစပ် မနေ
သင့်ပါဘူး။ အချစ်ဆိုတာ မျှဝေခြင်းပါ၊ တစ်ဘက်သတ်မဟုတ်ပါဘူး။ အချစ်ဆိုတဲ့
အရာထဲမှာ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်း စတဲ့အသိဉာဏ်တွေပါပါ
တယ်။ “သူ့ထဲမှာ ကိုယ်ရှိပြီး ကိုယ့်ထဲမှာ သူရှိ”တာဟာ အိမ်ထောင်ရေးရဲ့
အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။

အပြန်အလှန် ကြင်နာခြင်း

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်သူနဲ့ အကြင်နာခံချင်

သူတွေဖြစ်ကြပါတယ်။ သင်တွေ့ဆုံခဲ့တဲ့သူက လူတွေကိုပဲ ကြင်နာတတ်ပြီး အကြင်နာ
မခံချင်တဲ့ ဖခင်လိုယောက်ျားမျိုး၊ မိခင်လို မိန်းမမျိုးလို့ မထင်လိုက်ပါနဲ့။ ဇနီးမောင်နှံ
ဆိုတာ တူတစ်စုံနဲ့ တူပါတယ်။ ဘဝထဲက ချဉ်၊ ငံ၊ စပ်၊ ခါးအရသာတွေကို အတူတကွ
ခံစားသင့်ပါတယ်။ သူ(သူမ)အလုပ်ပြန်ချိန် ရေအေးလေးတစ်ခွက်ကမ်းတာ၊ သူအိပ်
ပျော်ချိန် စောင်လေးခြုံပေးတာ… ဒါတွေဟာ မပြောပလောက်တဲ့ အပြုအမူဆိုပေမယ့်
အချစ်ကို အဓွန့်ရှည်စေတယ်၊ အကြင်နာတွေ နှလုံးသားထဲ တစိမ့်စိမ့်ဝင်စေတယ်၊
အိမ်ထောင်ရေးကို ထာဝရတည်မြဲစေပါတယ်။

ခွင့်လွှတ်ခြင်းကို သင်ယူပါ

ဝတ်စားဆင်ယင်မှုရဲ့ အမြင့်ဆုံးအဆင့်က ဆွဲဆောင်မှုရှိခြင်းဆိုရင် အချစ်ရဲ့အမြင့်ဆုံး

အဆင့်က ခွင့်လွှတ်ခြင်းပဲဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးကို မှန်မှန်ကန်ကန်
လည်ပတ်နိုင်ဖို့ဆိုတာ ဇနီးမောင်နှံနှစ်ဦးလုံး အချင်းချင်း လိုက်လျောညီထွေအောင်
နေတတ်ရုံမက အပေးအယူလည်း သင့်ဖို့ လိုပါတယ်။ အိမ်ဆိုတာ ချစ်ခြင်းမေတ္တာ
အကြောင်း ပြောဖို့နေရာလေးပါ။ အကျိုးအကြောင်းမသင့်တဲ့အရာတွေ ငြင်းခုန်တဲ့
နေရာမဟုတ်ပါဘူး။ ဒဿနပညာရှင်တစ်ဦးက “မင်္ဂလာမဆောင်ခင် မျက်လုံးနှစ်လုံး
ကို ကျယ်ကျယ်ဖွင့်ပါ။ မင်္ဂလာဆောင်ပြီးရင် မျက်လုံးတစ်လုံးကို မှိတ်ထားပါ”လို့
ဆိုခဲ့ပါတယ်။ လူတိုင်း ခြောက်ပစ်မကင်းနိုင်ပါဘူး။ ဒီလူကို ချစ်ကြိုက်ခဲ့တယ် ဆိုတာ
က သူ့မှာ သင့်ကိုဆွဲဆောင်နိုင်တဲ့အရာ ရှိခဲ့လို့ပဲ မဟုတ်ပါလား?

တကယ်လို့ လူတစ်ယောက်ကို သင်နှစ်နှစ်ကာကာ ချစ်တယ်ဆိုရင် သူ့ရဲ့အရာရာကို ခွင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားပါ။ တကယ်လို့ လူတစ်ယောက်ကို သင်ခွင့်လွှတ်နား
လည်တယ်ဆိုရင် သူ့ကို သင်အရမ်းချစ်လို့ပါပဲ။ ခွင့်လွှတ်ခြင်းက အချင်းချင်းဆက်ဆံပြော
ဆိုမှုကို ချောမောပြေပြစ်စေနိုင်သလို သင့်ကိုလည်း စိတ်ချမ်းသာပြောရွှင်မှုတွေ
ပေးနိုင်ပါတယ်။

နားလည်ပေးပါ

ဇနီးမောင်နှံကြားမှာ အချင်းချင်း “နားလည်”တတ်ရပါတယ်။ “နားလည်ခြင်း”ဆိုတာ
အရှုံးနဲ့ သင်ရင်ဆိုင်ရချိန် သင့်ကိုလေးစားမှု ပျက်စေတဲ့စကား မပြောသူ၊ သင်စိတ်လိုက်
မာန်ပါလုပ်ချိန် သင့်ကို လေသံချိုချိုနဲ့ ရှင်းပြဖြေရှင်းချက်ပေးသူ၊ သင်စိတ်ဆင်းရဲချိန်
သင့်ကိုဝန်မပိုစေသူ၊ သင်ပြုံးရင် သူအရင်ရယ်သူ၊ သင်စိတ်ညစ်ရင် သူအရင်စိတ်ပူ
တတ်သူ၊ သူပျော်တာတွေ သင့်ကိုပြောပြတတ်သူ၊ သူစိတ်ညစ်တာတွေ သင့်ကို မသိ
စေချင်သူ၊ မိုင်ပေါင်းထောင်သောင်း ဝေးလည်း သင့်ကို ယုံကြည်စိတ်ချသူ… နားလည်
တတ်ဖို့ ဂရုစိုက်ကြင်နာခြင်းတွေလိုအပ်သလို ချစ်ခြင်းတွေလည်း လိုအပ်ပါတယ်။

ချစ်ခင်တတ်ကြပါစေ...
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Sunday, September 4, 2011

PostHeaderIcon ပလေတိုနဲ့ ဆိုကရေးတီး ပြောတဲ့ ...အချစ်...လက်ထပ်ခြင်း...တိတ်တိတ်ပုန်းနဲ့ ဘဝ...

  • တစ်နေ့မှာ ပလေတိုက ဆရာဖြစ်သူ ဆိုကရေတီးကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံ တစ်ခု"ကိုခူးစေခဲ့တယ်။
ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတို က ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်နဲ့
ဂျုံခင်းထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကိုကျွန်တော် တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲ ခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီးမခူးခဲ့ဘူး။
ဒီထက်ကောင်းတဲ့ အနှံ ရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော် ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှ မပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။
  • တစ်နေ့မှာ ပလေတိုက ဆရာ ဆိုကရေတီး ကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့
  • မေးပြန်သတဲ့။
  • ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာ လမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင်
တစ်ပင်ကို ယူစေခဲ့တယ်။
သင်္ခန်းစာ တစ်ခါ ရခဲ့ဖူးတဲ့ ပလေတို က ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှု
အပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတို့ ကျဲတဲနဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင် တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။
"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့
"တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့
ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို
သတိပြုလိုက်မိတယ်။
ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ"
လို့ပြောတော့ ဆိုကရေတီး က "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။
  • တစ်နေ့မှာ ပလေတိုက ဆရာ ဆိုကရေတီးကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့
  • မေးပြန်သတဲ့။
ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး သွားရာ လမ်းတစ်လျှောက်မှာ
"အလှဆုံး ပန်းတစ်ပွင့် ” ကို ယူခိုင်းစေခဲ့တယ်။
ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။
"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့
"၂ နာရီ နီးပါး ကျွန်တော် လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော် တွေ့ပြီး
ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့ ပြောတော့
ဆိုကရေတီး က "အဲဒါ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

  •  တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို “ဘ၀ဆိုတာ ဘာလဲ” လို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာလဲ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာ လမ်းတစ်လျှောက်မှာ
"အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။
သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးည လွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။
"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့
ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
"ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။
"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"
"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော် မခူးရင်လဲ သူ နွမ်းသွားမယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော် တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီး က
ပလေတိုကို ပြောခဲ့တယ်။

PostHeaderIcon နှုတ်ချို လျှိုတပါး

နားဝင်ချိုတဲ့ စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြော
တတ်ကြဘူး။  ကျွန်မ ဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုတဲ့ စကားတွေကို 
မျှဝေလိုက်ပါတယ်။


သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက 
စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျားက တွေ့တော့ “ဒီမျောက်
လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်”လို့ ဒေါနဲ့ မောနဲ့
ပြောတော့ အိမ်ရှင်မက“ရှင် အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။
ကလေးတွေ အနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။


တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့
သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ
ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တရက်မှာ သူဌေးက အဲဒီစာကို“ဥပဒေနှင့် ငြိစွန်းနိုင်
ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ် ၀ယ်ယူနိုင်သည်။ ပုဝါဟောင်းကို ယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။

လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက် လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာ မ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက်တော့တယ်။

မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူး လား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။

လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။

တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်း ကြောင့်ဖြစ်တယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
original post from : http://www.youthwant.com.tw

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...