သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, December 31, 2013

PostHeaderIcon ဗုဒ္ဓဘာသာရဲ့ရှေးအကျဆုံး သစ်ခေါက်စာ



 ဗုဒ္ဓဘာသာရဲ့ရှေးအကျဆုံး သစ်ခေါက်စာ
****************************

The British Museum scrolls ဆိုတာ ဗုဒ္ဓဘာသာ ရှေးဟောင်း ကျမ်းစာတွေကို စုစည်း
ထားတဲ့ ဌာနတခုပါ။ အဲဒီ The British Museum scrolls ၁၉၉၀ -နှစ်တွေက
အာဖဂန်နစ်စတန်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုတော့ လန်ဒန်က British Museum မှာ
ပြောင်းရွှေ့သိမ်းဆည်းခဲ့ပါတယ်။ အဲဒီစာတွေဟာ ချောမွေ့တဲ့ သစ်ခေါက်ပေါ်ရေးထိုးထား
တာဖြစ်ပြီး အေဒီ (၁)ရာစုက လို့ ခန့်မှန်းထားကြပါတယ်။

ရှာဖွေ တွေ့ရှိသမျှထဲမှာတော့ ရှေးအကျဆုံး ဗုဒ္ဓဘာသာ စာပေပါပဲ။ ပူပြင်းတဲ့ ရာသီဥတုဒဏ်
ကြောင့် အိန္ဒိယမှာရှိတဲ့ စာပေတွေကတော့ မူရင်း ပိဋကတ်တော်တွေ တချို့ပါ ရာစုနှစ်
များစွာကတည်းက ပျက်စီး ဆုံးရှုံးခဲ့ရပါ တယ်။ အာဖဂန်နစ်စတန်ရဲ့အေးပြီး ခြောက်သွေ့တဲ့
ရာသီဥတုက ဒီစာပေတွေ မပျက်စီးစေဖို့ စောင့်ရှောက်ပေးထားခဲ့ပါတယ်။

အခု ပညာရှင်တွေ တိုက်ဆိုင် လေ့လာကြည့်တော့ ဒီနေ့ရှိနေတဲ့ ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့ ရာစုပေါင်းများစွာက ရှိခဲ့တဲ့ ဗုဒ္ဓဘာသာကျမ်းစာတွေ တထေရာတည်း တူနေတာကို တွေ့ကြ
ရပါတယ်။ အဲဒီအထဲမှာ ပါဝင် တွေ့ရှိရတဲ့ ကျမ်းစာတွေကတော့ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရ
နိကာယ်၊ဓမ္မပဒ၊ ဣတိဝုတ်နဲ့ သုတ္တနိပါတ်တို့ ဖြစ်ကြပါတယ်။

ဒါတင်မက အခြား ဆေးပညာရပ်ဆိုင်ရာ ကျမ်းစာတွေလည်း တွေ့ရှိခဲ့ရပါတယ်။

Ref: Ancient Buddhist Scrolls from Gandhara, By Richard Salomon.1999.
(တိုးတိုး)

PostHeaderIcon ကျင့်သုံးရန် သံပေါက်လင်္ကာ

 တောင်မြို့ဂန္ဓာရုံဆရာတော်ကြီး၏ ကျင့်သုံးရန် သံပေါက်လင်္ကာ
*************************
အိပ်ရာဝင်သော် သတိရလို့၊ ဗုဒ္ဓ ဓမ္မ သံဃရယ်။
ကိုးကွယ်ပါတယ် စိတ်မှာ ညွတ်လို့၊ နှုတ်ပါ တွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တဖန်ထပ်၍၊ မှန်မှန်မပြတ် ရွတ်ပါကွယ်
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့၊ ကောင်းခြင်းသုခ ရလိမ့်မယ်။

ဗုဒ္ဓ ကြောင်းရာ ကောင်းစွာ သိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမည်။
ကြည်ညိုသူက ဟောညွန်ပြမှ၊ စိတ်ကနှစ်ခြိုက် လိုက်ကြသည်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့၊ ခဏခဏ ရွတ်သင့်သည်။
အကျိုးနှင့်ကံ ဝေဘန်တတ်မှ၊ ကံကောင်း ကံမြတ်ပြုလိမ့်မည်။

သရဏဂုံ တည်ရုံမျှဖြင့်၊ ဥပါသက ဖြစ်ပါပြီ။
ကိုယ်ကျင့် သိက္ခာ လုံခြုံကြဖို့၊ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုက်တွေ ရှောင်သွေခွဲလို့၊ သုစရိုက်လဲ စုံအညီ။
ဆွမ်းပန်း ရေတော် မီးတော်ကပ်၍၊ နေ့စဉ်မလပ် ပြုသင့်သည်။

သိရုံမျှနှယ် တယ်မကောင်းဘု၊ လူကောင်းဖြစ်ဖို့ လိုကြတယ်။
လူကောင်းဖြစ်အောင် ဆရာမြတ်သို့၊ မကြာကပ်လို့ မေးပါကွယ်။
မေးသော် ဖြေရန် ဆရာကောင်းလဲ၊ တရွာတကျောင်း ရှိသင့်တယ်။

တရားစစ်မှန် ကျင့်ကြံကြမှ၊ ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့၊ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့၊ အမြန်လှမ်းဖို့ ချိန်တော်ပြီ။
သို့မှ တိုင်းပြည် ဘာသာရေးကြောင့်၊ သာယာအေးဆေး ရှိလိမ့်မည်။

ဆရာတော်၏ အဓိဋ္ဌာန်
********
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို၊ အသက်ပေးလို့ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့၊ ငါပါ အသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။
(ကြိုးစားမည်)

(အရှင်ဇနကာဘိဝံသ)
(နွေနှင်းမိုး)

PostHeaderIcon မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆုံးအမများ။

 တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး၏ အဆုံးအမများ။
***************
တံဆိပ်ခပ်ဖို့လို
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ်၊ တံဆိပ်မှတ်ကား
မပြတ်မစဲ၊ အိုးပင်ကွဲလည်း
အမြဲမသွေ၊ တည်ရှိနေသို့
ထိုထိုသွေးသား၊ ကလေးများသို့
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်
ဗုဒ္ဓဝါဒီ၊ စွဲ၍တည်မည်
ကိုယ်စီ တံဆိပ်၊ ခပ်နှိပ်သောဝ်။


ဆရာတော်၏ တိုက်တွန်းချက်
*****
လူ့ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင်၊့
ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌၊
စိတ်ဇွဲသန်သန်၊ နောက်မပြန်ပဲ၊
ရဲမာန်ရဲသွေး၊ ရဲစိတ်မွေးလျက်၊
ရဲသွေးနီနီ၊ စီရရီဖြင့်၊
ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။

ဆရာတော်ကြီး၏ ဆန္ဒ
********
ကိုယ်တည်းတယောက်
ချမ်သာရောက်ဖို့
ခုလောက် ကြိုးကုတ်
အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏
ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်
ရသည့် တန်ခိုး၊ ထက်မငြိုးအောင်
အားကြိုးမာန်တက်၊ ငါဆောင်ရွက်သည်၊
ဆက်လက်တည်တံ့ ပါစေသော်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
(နွေနှင်းမိုး)

PostHeaderIcon ကံသာ မိဖ,စီရင်ကြ



 ကံသာလျှင်အမိ၊ ကံသာလျှင်အဖ။ ကံသာ မိတ်ဆွေ၊ ကံသာ လဲလျောင်းရာ၊
ကံသာဆွေမျိုး၊ ကံသာအမွေခံ၊
ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံ ကမ္မံ ကရိဿာမိ
ကလျာဏံဝါ ပါပကံဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။

သုဘလုလင်က မြတ်ဗုဒ္ဓကို လူချင်း တူကြပါလျှက်နဲ့ တချို့လူမှာ အသက်ရှည်ပြီး တချို့
ကြတော့ အသက်တိုကြရ၊ တချို့မှာ ရုပ်ရည်လှပပြီး တချို့ ကြပြန်တော့ ရုပ်ရည် မလှကြ၊
တချို့မှာတော့ အပေါင်းအသင်း မိတ်ဆွေ သားသမီး အခိုင်းအစေတွေနဲ့ အခြွေအရံပေါ
များပြီး အချို့ကြတော့ အဲဒီအခြွေအရံများ နည်းတာနဲ့ မရှိတာ၊ တချို့ကြတော့ အလွန်
ချမ်းသာပြီး တချို့ကြတော့ ဆင်းရဲနေကြရ၊ တချို့ကြတော့ နိမ့်ကျတဲ့ဘဝမှာ ဖြစ်ကြပြီး
တချို့ကြတော့ မြတ်တဲ့ လူတကာ လေးစားရတဲ့ဘဝမှာ ဖြစ်ရ၊ တချို့ကြတော့ သင်ယူရာ
တွေးခေါ် စဉ်းစားကြံစည် တီထွင်ရာမှာ အသိဉာဏ်တွေ ကြွယ်ဝပြီး တချို့ကြတော့
ကြိုးစားလျှင်တောင်မှ အနည်းငယ်ပဲ သိနားလည် ကြရတာ။

အဲဒါတွေ ဘာကြောင့် ကွဲပြားခြားနားနေရတာပါသလဲ မေးလျှောက်တဲ့ အခါမှာ
မြတ်ဗုဒ္ဓရဲ့အဖြေ ပါဠိများကို ပညာရှင်များက အောက်ပါအတိုင်း လင်္ကာစီကုံး၍
ထားခဲ့ကြသည်။
****************************
၁။ သူ့ကို သတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။

၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်။

၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။

၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

၅။ မပေးကမ်းက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။

၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။
(မာနကြီးချေ၊ မျိုးယုတ်ပေ၊ ရိုသေနှိမ့်ချ၊ မျိုးမြတ်ကြ။)

၇။ မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။

၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။

၉။ မိမိ လုပ်ပြု၊ အကြောင်းစု၊ ကံဟု ခေါ်တွင်သည်။

၁၀။ ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံ,စံ,ကြရသည်။
(သုဘသုတ်)

 *ဆုံးမချက်*
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား၊
ဘုရားတိုင်းသာ၊ ဟောခဲ့တာ၊ သုံးဖြာ ဤစကား၊
ခုလည်းချမ်းသာ၊ နောင်ချမ်းသာ၊ ကျင့်ပါ ဤတရား။

(တိုးတိုး)
Monday, December 30, 2013

PostHeaderIcon သေခါနီးလေ ပျော်စရာကောင်းလေ




ခန္ဓာကိုယ်တွင်းရှိ ကလီစာများအား ဖြတ်တောက်ခံရသကဲ့သို့ ခံစားမှု၊ အရိုးအကြောများ
အပိုင်းပိုင်း ရိုက်ချိုး ခံရသကဲ့သို့ ခံစားမှု၊ နှလုံးသားအား ဆုပ်ကိုင်ဖြစ်ညှစ်သကဲ့သို့ ခံစားမှု၊ အသက်ရှူလမ်းကြောင်းအား ဖိညှစ် ပိတ်စို့ခြင်းခံရသကဲ့သို့ ခံစားမှု၊ အသွေးအသားများ
ဖောက်ထုတ် စုတ်ယူ ခံရသကဲ့သို့ ခံစားမှု စသည့် အနိဋ္ဌာရုံ ခံစားမှုများသည် ခန္ဓာကိုယ်မှ
ဖြစ်ပေါ်လာခဲ့ရသည်။ ဤသည်ကား ကိုယ်ခန္ဓာ(ကာယကံ) ခံစားမှုများတည်း။

အသံနက်ကြီးဖြင့် စိမ်းစိမ်းဝါးဝါး အော်လိုက်သံ၊ အမေကယ်ပါ-အဖေကယ်ပါ ဟူ၍ ညည်းညူ

အော်ဟစ်သံ၊ ကျိတ်မနိုင်၊ ခဲမနိုင် ဖျစ်ညှစ် အော်လိုက်သည့်အသံများ၊ အထိတ်တလန့် လျှပ်တပြက် အော်ဟစ်လိုက်သံ၊ ခြောက်ခြားဖွယ် ထွက်ပေါ်လာသော အံကြိတ်သံ၊ ဖြေးညှင်း
စွာ လေသံပျော့ဖြင့် ညည်းတွားလိုက်သံ စသည့် နှုတ်ဝစီမှ ထွက်ပေါ်လာသော ခံစားမှုများ
သည် ဝစီတည်းဟူသော မိမိ၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံများပင်ဖြစ်သည်။ ဤသည်ကား နှုတ်ခမ်းပါးစပ်မှ(ဝစီကံ)ခံစားမှုများပင်ဖြစ်သည်။

လူတို့၏ စိတ်အလျင်တို့သည် ကာယကံ၊ ဝစီကံတို့ အပေါ်တွင် အမှီသဟဲပြုသည်။
စိတ်ကြောင့် ခန္ဓာကိုယ်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို စိတ်ကြောင့်ပင် ဝစီကံဖြစ်
သော နှုတ်မှ ပြောစကားများ ထွက်ပေါ်လာသည်။ ထိုကဲ့သို့ပင် ကာယတည်းဟူသော ခန္ဓာကိုယ်၏ ဖြစ်ပျက်ခံစားမှုတို့ကြောင့် ဝစီတည်းဟူသော နှုတ်မှလည်း အသံမျိုးစုံ
ထွက်ပေါ်လာခဲ့ရသည်။ ဤသည်ကား စိတ် (မနောကံ)၏ ခံစားမှုများပင်ဖြစ်သည်။
 
လူတို့သည် ကျန်းမာနေစဉ် အချိန်ကာလများ၌ စိတ်ဦးဆောင်မှုဖြင့် ခန္ဓာကိုယ်မှ လှုပ်ရှား

ခြင်း၊ နှုတ်ခမ်းများ၊ ပါးစပ်များမှ ပြောဆိုခြင်း အမှုများကို ပြုလုပ်တတ်ကြသည်။ ဝေဒနာ
ခံစားနေရသော အချိန်ဖြစ်သည့် ကျန်းမာရေး ချို့ယွင်းပြီး သေအံ့ဆဲဆဲ ဖြစ်နေသည့်အချိန်
ွင် ခန္ဓာကိုယ်၏ ခံစားမှုအသီးသီးတို့ အပေါ်မှုတည်၍ နာကျင်မှု ခံစားရမှုများ အပေါ်
ဝစီ(နှုတ်)မှ ညည်းညူအော်ဟစ် ညည်းတွားသံများ ဖြစ်ပေါ်လာခဲ့ရသည်။

ထိုအခါ မနောတည်းဟူသော စိတ်အလျင်တို့သည် မိမိတို့၏ သံယောဇဉ်များ၊ ကိလေသာ
တဏှာများ၊ ပစ္စည်းဥစ္စာများ၊ သား-သမီး-မြေး-မြစ်များ၊ ဆွေမျိုးမိတ်ဆွေများ၊ တိုက်တာ
အိုးအိမ်များ၊ ရွှေငွေ လက်ဝတ် ရတနာများနှင့် မိမိတို့ စွဲလမ်း တပ်မက်ခဲ့မှုများအပေါ်
တောင်းတမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကဲ့သို့ သေအံ့ဆဲဆဲ လူတို့တွင် ထိုသံယောဇဉ် အမျှင်အတန်းများ ဖြစ်ပေါ်လာခဲ့ပါက
ဘဝကူးကောင်းမည် မဟုတ်ချေ။ မည်မျှပင် လူ့လောက ကောင်းကျိုးကို လုပ်ဆောင်ပေးခဲ့
စေကာမူ ဘဝကူးခါနီး အချိန်စက္ကန့်လေးအတွင်း အကုသိုလ်ကိစ္စရပ်ဖြစ်စေ၊ သံယောဇဉ်
အမျှင်အတန်းလေး တခုဖြစ်စေ သမုဒယသစ္စာ ပေါ်ပေါက်လာပါက ဘဝကူးပြောင်းမှု သည် ရှောရှောရှူရှူ ဖြစ်မည်မဟုတ်။ ဤအချိန်အပိုင်းအခြားလေးသည် အလွန်အရေးကြီး
လှပေသည်။

မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့သော အရက်သမားတဦးသည် ဘဝကူးပြောင်းခါနီး အချိန်လေးတွင် သရဏဂုံကြောင့် တည်ခွင့်ရခဲ့သည့်အတွက် နတ်ပြည်သို့ ရောက်ရှိခဲ့ကြောင်း ဘုရားဟောထဲ
တွင် ပါရှိခဲ့သည်။ ထိုကဲ့သို့ ဘဝကူး ကောင်းရန်အတွက် ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်
ရေး ကိစ္စရပ်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေပါမှ ထိုကောင်းမှု အရှိန်ကြောင့်
ဘဝကူးကောင်းဖို့ လွယ်ကူမည်။ သို့တည်းမဟုတ် အကုသိုလ်ကိစ္စများနှင့် ကျင်လည်နေမည်
ဆိုပါက အသေလှမည်မဟုတ်၊ ဘဝကူး ကောင်းမည်မဟုတ်ချေ။
 
ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှု၊ ကြေကွဲမှု စသည့် ခံစားမှုမျိုးစုံတို့အတွက် ကျွန်တော်တို့ ကိုယ်ချင်းစာစိတ်ဖြင့် ကြိုးစား ဖေးမလိုစိတ် ဖြစ်ပေါ်လာသည်။

လူ့ဘဝသက်တမ်း၏ နောက်ဆုံးအချိန်လေး အတွင်း ရောက်နေချိန်တွင် ဆင်းရဲသော
မိသားစုဝင်များသာ ယခုကဲ့သို့ သံယောဇဉ်အမျှင်တန်းခြင်းမျိုးကို ခံစားရသည်မဟုတ်။
ချမ်းသာသော အသိုင်းအဝိုင်းက ပို၍သာ သံယောဇဉ် အမျှင်တန်းမှုမျိုး ဖြစ်ပေါ်စေသည်။ ပိုင်ဆိုင်မှုများကြောင့်ပင် မဟုတ်ပါလား။''ဘာမှ မလိုချင်ရင်…ဘာမှ ကြောက်စရာမရှိဘူး''
ဟူသော ကျွန်တော်၏ဇနီး ရွှေဇီးကွက်၏ ဖခင် ပြောစကားကား မှန်ကန်လှပေသည်။

စဉ်ဆက်မပြတ် ကုသိုလ်ရေးများ လုပ်ကိုင်နေကာမှ သေခါနီးတွင် ဘဝကူးကောင်းရန်
အမှတ်သညာ ရရှိမည်ဖြစ်သည်။ အကြောင်းတရားကြောင့် အကျိုးတရားခံစားရမည်
ဖြစ်တော့သည်။ သို့ရာတွင် ယခုကဲ့သို့ ဆုတ်ကပ်ကြီးထဲ ရောက်ရှိနေစဉ် လူသားအများစု
တို့သည် ဘဝရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုများကြောင့် ထိုအကုသိုလ်ဇောများ ကပ်တွယ်ညှိနေမှုတို့ကြောင့် ဘဝကူးကောင်းရန် ခက်ခဲလှတော့သည်။

ထိုသို့သော ဘဝကူးခါနီးတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကျွန်တော်တို့

လျစ်လျူရှုထား၍ မရတော့ချေ။ ထိုသူတို့အား သွားရောက်၍ ဆေးသွင်းပေးခြင်း၊ အားပေး
စကား ပြောကြားခြင်းတို့နှင့် မလုံလောက်။ ရှောင်လွဲ၍ မရသည့်အရာဖြစ်သော သေခြင်း
တရားသည် တနေ့နေ့၊ တချိန်ချိန်၊ တနေရာတွင် ကြုံတွေ့ရမည်။ ထိုအခါ သေအံ့ဆဲဆဲ၊
သေအံ့ မူးမူး၊ သေလုမျောပါး ဝေဒနာခံစားနေရသော လူများကို တွေ့ရှိရသောအခါ
ဘယ်လိုများ လုပ်ပေးရမလဲဆိုသည့် အတွေးမျိုးတွေးမိသည်။

(တချိန်က ရောဂါဝေဒနာ ခံစားနေရသော လူမမာတဦးမှ ငွေလှူဒါန်းမှု ပြုလုပ်လိုကြောင်း အကြောင်းကြားခဲ့၍ သွားရောက်အလှူခံခဲ့ပြီး သာဓု …သာဓု …သာဓု ခေါ်ဆိုနိုင်ခဲ့သော
ဖြစ်ရပ်တွင် ထိုလူနာသည် နောက်ပိုင်း ကျန်းမာသန်စွမ်းလာပြီး နှစ်ရှည်နေထိုင်သွားနိုင်ခဲ
ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ဘူးသည်
နောက်တဦးမှာလည်း မဆုံးခင်စပ်ကြား လှူဒါန်းမှုပြုလိုသောဆန္ဒကြောင့် ကျွန်တော်တို့အား အကြောင်းကြားခဲ့၍ ထိုလူနာရှိရာ နေအိမ်သို့ သွားရောက်ခဲ့ရာ ကားလမ်း ပိတ်ဆို့မှုများ
ကြောင့် အတန်ငယ် နောက်ကျသွားခဲ့သည်။ ထိုအချိန် လူနာ၏ အိမ်သို့ဝင်ရောက်သည်နှင့်
မိသားစုများ၏ မျက်လုံးများသည် ကြေကွဲမျက်ရည်စများနှင့် ဆီးကြိုကြသည်။ လှူဒါန်းမည့်
လူနာထံသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားခဲ့ရာ လူနာသည် လက်ထဲတွင် လှူဒါန်းမည့်
ငွေအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း အသက်ကားမရှိတော့ချေ။
ထိုဖြစ်ရပ်အား ကျွန်တော်တို့၏ လူမှုရေးသက်တမ်းတလျှောက် ရင်နာဖွယ်ရာ ဖြစ်ရပ်
ဖြစ်ခဲ့ရသည်။)
 
ထို့ကြောင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သေဆုံးသွားသော
ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေးတို့အတွက်(အခမဲ့) သင်္ဂြိဟ်ပေးရုံဖြင့် တာဝန်ကျေ
ပြွန်ပြီဟု သတ်မှတ်၍ မရချေ။ ဘဝကူး ပြောင်းခါနီး သေဆုံးအံ့ဆဲဆဲ လူသားများအတွက် ဘဝကူးကောင်းရန် တာဝန်ကိုပါ ထမ်းဆောင်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် ဝေဒနာခံစားနေရသော ကျန်းမာရေးချို့တဲ့နေကြသော ကာယကံရှင်တို့၏ ဆန္ဒ
အလျှောက်ဖြစ်စေ၊ မိသားစုဝင်တို့၏ ဆန္ဒအလျှောက်ဖြစ်စေ၊ ဆရာတော်သံဃာတော်တို့၏
မေတ္တာပို့သ,သံ၊ သရဏဂုံ ဆောက်တည်မှုပေးသော တရားသံ၊ မသေခင် စိတ်ချရသော
တရားထူးတို့အား လိုလား တောင့်တခဲ့ပါလျှင် နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့်
ဆရာတော် သံဃာတော်တို့အား ပင့်လျှောက်ကာ ကာယကံရှင် ရှိရာ ဆေးရုံ(သို့) နေအိမ်
များသို့ လိုက်လံပို့ဆောင်ပေးသော ကောင်းမှု ကုသိုလ်တော်ကြီး တရပ်အား
လုပ်ဆောင်ပေးရန် ဆုံးဖြတ်လိုက်ရပါတော့သည်။

ဘဝကူးမည့်သူများအတွက် ဘဝကူးကောင်းရန် လမ်းစတခုကို ကျွန်တော်တို့ ဗြဟ္မစိုရ်တရား
လေးပါး လက်ကိုင်ပြု၍ စတင် လမ်းဖောက်ပေးခဲ့ပြီ ဖြစ်တော့သည်။ မြန်မာပြည် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့များသည်လည်း ဤကောင်းမှုတော်ကြီးအား လုပ်ဆောင်ကြရန်
ဝန်လေးမည်မဟုတ်ဟု ယုံကြည်မိပါသည်။
 
ထို့ကြောင့် သေခါနီးသောသူတို့အတွက် ရဲရဲကြီး သေရဲပြီး အရာအားလုံးအား သံယောဇဉ်
ဖြတ်နိုင်ကြကာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြား
ထားသကဲ့သို့ “သေခါနီးလေ ပျော်စရာကောင်းလေ”ဟူသော စကားရပ်အတိုင်း ဘဝ,
ဘဝတို့သည် ကူးပြောင်းခြင်း လှပစေတော့မည့် ကုသိုလ်ကောင်းမှုတော်ကြီးတရပ်အား
၂ဝ၁၃ ဇူလိုင် (၁၉) ရက် (အာဇာနည်နေ့)မှ စတင်၍ ပေးဆပ်တော့ မည်ဖြစ်ပါသည်။
(ကျော်သူ)

********************
ယုံကြည်ချက်နဲ့ အသိဉာဏ်များ များစွာ ပွင့်လင်း မြင့်တက်လာနေသော ဦးကျော်သူအား
ဂုဏ်ယူ လေးစားစွာနဲ့ မှတ်တမ်းပြုလိုက်သည်။ မြင့်မြတ်လှသော အလုပ်များပင် ဖြစ်သည်
တကား။
မြင့်မြတ်တဲ့ အလှူများသည် မြင့်မြတ်တဲ့အကျိုးများကို ဧကန် ခံစားရမည်သာ။
ကလျာဏမိတ္တအစစ်ကြီးဖြစ်တဲ့ ဦးကျော်သူတို့ မိသားစုနဲ့ လုပ်သမျှကုသိုလ်များကို 
မမေ့တတ်ကြပဲ မရဏာနုဿတိနဲ့ စာဂါနုဿတိ စွဲမြဲနေကြမယ့် မိတ်ဆွေများအတွက်
ကတော့ သေမင်းတမာန်ကို ပျော်ပျော်ကြီး ရဲဆိုင်ရဲနေကြတော့မည်သာ။

(တိုးတိုး)

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

Blog Archive

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...