သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, March 28, 2010

PostHeaderIcon အသိ သတိ

မသိတုန်းက၊ ချိန်ဖြုန်းရက်ကြာ
သိလျှင်ပယ်မှု၊ ဘယ်သူ့တွက်သာ၊
ကိုယ့်အရေးမို့၊ ကိုယ်တွေးခါခါ
လူဖြစ်ရ၊ ဘဝတန်ဖိုးရှာ။

ပျင်းပျော် မော်ကြွား၊ ရှေ့ကသွားသော်
ဆင်းရဲမွဲမိုက်၊ နောက်ကလိုက်၏။
ငယ်က ပျင်းသူ၊ ကြီးမူဆင်းရဲ၊
မှန်မလွဲရှင့်။

အနေချောင် အသေကြတ်
အနေမတတ်ရင်၊ အသေကြတ်ပြီး
ဒေဝဒတ်နောက်၊ တကောက်ကောက်သို့
ရောက်လိမ့်မလွဲ၊ ဘုံငရဲမှာ၊
ဆင်းရဲ အလုံး၊ ဒုက္ခတုံးနှင့်
မရုန်းနိုင်ပဲ၊ တမွဲမွဲသာ၊
လုံးပန်းမှာကို၊ မျှော်ကာရည်တွေး
သံသာဘေးမှ၊ လွတ်ရေးရည်သန်၊
ဤစိတ်မှန်ကို၊ မလွန်စေရေး
သင်မျှော်တွေးလော့။
အများသူငါ၊ မိုက်လောဘာနှင့်
ရှာဖွေ စုရုံး၊ အမှောင်လုံးကို
အဖုံးမခံ၊ အသိဉာဏ်ဖြင့်
တွန်လှန်နိုင်ရေး၊ အစဉ်တွေးလော့။

မုန်းချစ်နှစ်တန်၊ လူတို့ထံဝယ်
အမှန်သဘော၊ မရှိသောရှင့်
လောကီအစုတ်၊ လူတို့နှုတ်ကား
မဟုတ်လည်းပြော၊ ဟုတ်လည်းပြော၏..။
ဆုံးမစကား၊ နားဝယ်ကြားကာ
အများနှင့်ပေါင်း၊ တရားလောင်းပြီး
စောင်းမြောင်း ဆိုးဆိတ်၊ တိတ်တိတ်ဝေဘန်၊
အပြောသန်တဲ့၊ လောကဓံကြား
နှုတ်စကားတွေ၊ ဟုတ်ငြားမထင်
သင့် နားစင်လော့။
တုံးတိ သိစိတ်၊ မရှိဆိတ်က
အဆိပ်ပမာ၊ စုဝေးလာမည့်
ပေါင်းပါ စုပြို၊ အကုသိုလ်သည်
သင့်ကို ဆွဲခါ၊ ငရဲရွာသို့
အမြဲပါအောင်၊ ခေါ်ဆောင်သွားမည်မလွဲပေ။
                        နွေနှင်းမိုး

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...