ကိုယ်ရေးရာဇဝင်

- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, January 7, 2011
အချစ် နဲ့ ဘဝ
အချစ်
(၁) အချစ်အပေါင်းအချစ်က အရမ်းချစ်တာဖြစ်တယ်။အချစ်အနုတ်အချစ်က အချစ်ရဲ့အစဖြစ်တယ်။
အချစ်အမြှောက်အချစ်က အဆုံးမရှိတဲ့အချစ်ဖြစ်တယ်။
အချစ်အစားအချစ်က အချစ်တစ်ခုတည်းဖြစ်တယ်။
(၂) တစ်ဖက်သတ် လွမ်းဆွတ်ခြင်းဆိုတာ သူ့ကို သင့်စိတ်ထဲထည့်ထားပေမယ့် သင့်ကို သူ့စိတ်
အပြင်ဘက် ထားထားလို့ဖြစ်တယ်။
(၃) သူ့စကားကို တစ်ဝက်ပဲယုံတာကို လိမ်မာပါးနပ်တယ်လို့ခေါ်တယ်။
ဘယ်တဝက်ကို ယုံရမလဲလို့ သိတာကို ထက်မြက်တယ်လို့ခေါ်တယ်။
(၄) အချစ်ကို ရေလိုက်ငါးလိုက်ဖြစ်ချင်တာ ဇနီးမောင်နှံနှစ်ဦးရဲ့ အတောင့်တဆုံးဆန္ဒပါ။ ဒါပေမယ့်
ကိုယ်ကိုယ်တိုင်ကို ရေလိုသဘောထားပြီး တစ်ဘက်သားကို ငါးလို့သဘောထားတဲ့ အမှားမျိုးကို
သူတို့အလွယ်တကူ ကျူးလွန်ကြတယ်။
(၅) အချစ်ကို နာကျင်တယ်လို့ ထင်ရတာဟာ တစ်ဘက်လူက သူ့နှလုံးသားကို သူပြန်ရုတ်သိမ်း
သွားပေမယ့် ကိုယ်က ကိုယ့်နှလုံးသားကို ပြန်မရုတ်သိမ်းနိုင်သေးလို့ဖြစ်တယ်။
ဘဝ
(၁) ပါးစပ်နည်းနည်း ချိုပါ၊ ဦးနှောက်နည်းနည်း ရှင်ပါ။ လှုပ်ရှားမှု နည်းနည်းမြန်ပါ။ အကျိုး
နည်းနည်းမြင့်ပါ။စကားပြော နည်းနည်းညင်သာပါ။ အပြုံးများများပြုံးပါ။ အလုပ်ပိုလုပ်ပါ။ ဒါဟာ
အောင်မြင်သူတွေ အောင်မြင်ရတဲ့နည်းဖြစ်တယ်။
(၂) ပျော်ရွှင်ခြင်းတံခါးတစ်ချပ် ပိတ်သွားချိန်မှာ နောက်ထပ် ပျော်ရွှင်ခြင်းတံခါးတစ်ချပ်က ထပ်ဖွင့်လာ
တတ်ပါတယ်။ လူတွေက ပိတ်သွားတဲ့တံခါးအတွက် ဝမ်းနည်းနေပြီး ဖွင့်လာတဲ့တံခါးကို အလွယ်
တကူ လျစ်လျူရှူမိတတ်ကြတယ်။
(၃) အောင်မြင်ဖို့ သူငယ်ချင်းလိုပါတယ်။ အရမ်းအောင်မြင်ဖို့ ရန်သူလိုပါတယ်။ တကယ့်
တကယ်အောင်မြင်ဖို့ကတော့ သင့်ကိုယ်သင် အရင်အောင်နိုင်ရပါမယ်။
(၄) ဘာတွေကို ကိုယ်လုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြေးဖြေး ကြီးပြင်းလာခြင်းပါ။
ဘာတွေကို ကိုယ်မလုပ်နိုင်သလဲလို့ သိတာဟာ သင်တဖြေးဖြေး ရင့်ကျက်လာခြင်းပါ။
(၅) ဘာမျှော်လင့်ချက် ကိုယ်ကျိုးမှ မကြည့်ဘဲ အလုပ်ကိုကြိုးစားလုပ်ပါ။
တစ်ခါမှ မနာကျင်ခဲ့ဖူးသလို လူတစ်ယောက်ကို စိတ်ရင်းမှန်နဲ့ ချစ်ပါ။
ဘယ်သူ့မှ မကြည့်နေဘူးလို့ သဘောထားပြီး စိတ်လွတ်ကိုယ်လွတ် ကပါ။
ဒါတွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မုချပေးနိုင်ပါတယ်။
(၆) အိတ်ကပ်ထဲ ပိုက်ဆံမရှိဘူး၊ ဘဏ်ထဲမှာလည်း ပိုက်ဆံမရှိဘူး။ ဒါပေမယ့် စိတ်ထဲ
ပိုက်ဆံအပြည့် ထည့်ထားသူတွေဟာ ပင်ပန်းသူတွေဖြစ်တယ်။
အိတ်ကပ်ထဲမှာ ပိုက်ဆံရှိတယ်။ ဘဏ်ထဲမှာလည်း ပိုက်ဆံရှိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ပိုက်ဆံ
တွေကို ထည့်မထားသူတွေဟာ ပျော်ရွှင်သူတွေဖြစ်တယ်။
(၇) ရှင်သန်ခြင်းဟာ အရာအားလုံးဖြစ်တယ်။ ရှင်သန်တာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။
ရှင်သန်ခြင်းထဲမှာ ခါးသီးခြင်းတွေရှိတယ်။ ခါးသီးခြင်းထဲမှာလည်း ပျော်ရွှင်ခြင်းတွေရှိတယ်။
သစ်ရွက်လေးတစ်ရွက်လို ဖူးတံငုံတယ်၊ ရွက်နုဝေတယ်၊ သဏ္ဌာန်ဖော်တယ်၊ စိမ်းလန်းလိုက်တယ်။
ကြွေတဲ့အချိန်မှာ လှလှပပကြွေတယ်။ ကြွေသွားတဲ့ အကြွေရာလေးမှာ နောက်တစ်ရွက်တစ်ရွက်ကို
ပေါက်စေပြန်တယ်။
(၈) ဘဝဆိုတာ ရှာဖွေတွေ့ရှိတဲ့ဖြစ်စဉ် မဟုတ်ဘူး။ ဘဝဆိုတာ ဖန်တီးတဲ့ဖြစ်စဉ်ဖြစ်တယ်။ သင့်ကိုယ်
သင် ရှာဖွေနေတာ မဟုတ်ဘူး။ သင့်ကိုယ်သင် ဖန်တီးနေတာဖြစ်တယ်။ ဒါကြောင့် သင်ဟာ ဘယ်
သူ ဘယ်ဝါဆိုတာကို ရှာဖွေတွေ့ရှိနိုင်ဖို့ မလောပါနဲ့။ သင် ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်
ကို ချဖို့ပဲ အရင်ကြိုးစားပါ။
(နိုင်းနိုင်းစနေ)
Saturday, January 1, 2011
စာဖတ်ပါ
မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ၊
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း၊
(ရှင်မဟာရဋ္ဌသာရ)
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ၊
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း၊
(ရှင်မဟာရဋ္ဌသာရ)
အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။
(စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး)ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။
ပညာပြည့်ဝ နှလုံးလှသော်
ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။
(မဃဒေ၀)
မှတ်သားဖွယ် အဆိုအမိန့်များ - Quote of the day
အကြမ်းဖက်မှုမှန်သမျှရဲ့ အဓိကတရားခံကတော့ သေဆုံးခြင်း၊ ဆင်းရဲခြင်းဆိုတဲ့ ခြိမ်း
ခြောက်မှုတွေနဲ့ သူများမလုပ်ချင်တဲ့ အလုပ်မျိုးကို လုပ်လာအောင် ဖိအားပေးတတ်တဲ့
လူတွေပါပဲ။ (တော်လ်စတွိုင်း)
စိတ်ရှင်းဖို့
လူဟာ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်မခံနိုင်ပဲနဲ့ သက်တောင့်
သက်သာဖြစ်ဖို့ ခဲရင်းတယ်။ (မာ့ခ်တွိန်း)
သဘာဝတရားဟာ ပုန်းကွယ်နေလေ့ရှိတယ်၊ ရံခါ ထွက်ပေါ်လာတတ်တယ်။ လုံးဝပျောက်ကွယ်သွားတာတော့ မရှိဘူး။ (ဖရန့်စစ်ဘေကန်)
လူတယောက်ဟာ ကိုယ့်ကိုယ်ကို လူလိမ်ပါလို့ ၀န်ခံလိုက်တဲ့အခါထက် ပိုမိုပြီး အမှန်
ပြောတာ မရှိတော့ဘူး။ (မာ့ခ်တွိန်း)
ခေတ်ကာလ
ပြောတာ မရှိတော့ဘူး။ (မာ့ခ်တွိန်း)
ခေတ်ကာလ
Sophocles (496 BC-406 BC)
အမှန်တရား (တရားမျှတမှု) သည်ပင် အမှား (မတရား) ဖြစ်လာရတဲ့ အခါမျိုးတွေ
ရှိတတ်သေးတယ်။ (ဆိုဖကော်လ်စ်)
အမှန်တရား (တရားမျှတမှု) သည်ပင် အမှား (မတရား) ဖြစ်လာရတဲ့ အခါမျိုးတွေ
ရှိတတ်သေးတယ်။ (ဆိုဖကော်လ်စ်)
I would prefer even to fail with honor than to win by cheating. (Sophocles (496 BC-406 BC)
ကလိမ် ကကျစ်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)
ကလိမ် ကကျစ်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)
conference a ready man;
and writing an exact man. (Francis Bacon (1561-1626))
စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူဖြစ်ရသည်။
ဆွေးနွေးခြင်းကြောင့် အဆင်သင့်ဆောင်ရွက်နိုင်သူဖြစ်ရသည်။
စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူဖြစ်ရသည်။
(ဖရန့်စစ် ဘေကွန်)
and writing an exact man. (Francis Bacon (1561-1626))
စာဖတ်ခြင်းကြောင့် (အသိဉာဏ်) ပြည့်စုံသူဖြစ်ရသည်။
ဆွေးနွေးခြင်းကြောင့် အဆင်သင့်ဆောင်ရွက်နိုင်သူဖြစ်ရသည်။
စာရေးခြင်းကြောင့် (အချက်အလက်) တိကျသူဖြစ်ရသည်။
(ဖရန့်စစ် ဘေကွန်)
"Ask not what your country can do for you , Ask what you can do for your country."
(John F. Kennedy)
"သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ လို့ မမေးပါနဲ့၊ သင်က
သင့် တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ မေးပါ"
(သမ္မတ ကနေဒီ)
"သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ လို့ မမေးပါနဲ့၊ သင်က
သင့် တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ မေးပါ"
(သမ္မတ ကနေဒီ)
It is a farce to call any being virtuous whose virtues do not result from the exercise
of its own reason.Mary Shelley (1797-1851)
of its own reason.Mary Shelley (1797-1851)
ဆင်ခြင်တုံတရားက ရလာတဲ့ ကိုယ်ကျင့်တရားမျိုးမရှိတဲ့ ပုဂ္ဂိုလ်တဦးတစ်ယောက်ကို ကိုယ်ကျင့်တရားကောင်းတယ်လို့ ခေါ်တာဟာ ပျက်လုံးတစ်ခုပါပဲ။
(မေရီ ရှဲလီ)
(မေရီ ရှဲလီ)
Hazrat Inayat Khan
စိတ်ကို အသိဉာဏ်ရစေတဲ့ စကားလုံးတွေဟာ ရတနာတွေထက် ပိုတန်ဖိုးရှိတယ်။
(ဟာ့ဇ်ရတ် အိုင်နယတ်ခန်)
Subscribe to:
Posts (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)