သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Saturday, December 18, 2010

PostHeaderIcon မှတ်သားဖွယ် အဆိုအမိန့်များ - Quote of the day

* အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌ တစိုက်မတ်မတ် လုပ်ခြင်းပင်ဖြစ်တယ်။
           (ဘင်ဂျမင်ဒစ်ဆရေလီ)


* အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူ ဖြစ်အောင်
   ကြိုးစားပါ။  (အယ်ဘတ်အိုက်စတိုင်း)


* လူသားတို့၏ ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိသည်ကို သတိရပါ။ ထို့ကြောင့်
  အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း
  စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။ (ဟင်းရစ်အစ်ဆန်)


* ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သော စိတ်ရဲ့ သင်္ကေတဖြစ်တယ်။  (အီစွတ်)


* သင့်ထံမှ ဝေဖန်ချက် တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလို
ကြသူများ ဖြစ်တယ်။  (ဆမ်းမာဆက်မော)


* ကျဉ်းထဲ ကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဥာဏ်ဟာ လုံခြုံမှု အရှိဆုံးဖြစ်တယ်။ (လိုင်ဗွီ)


* စာဖတ်ခြင်းက ပြည့်ဝသော လူတယောက် ဖြစ်စေတယ်။ ဆွေးနွေးညှိနှိုင်းခြင်းက
အသင့်ပြင်ထားသော လူတယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသော
လူတယောက်ဖြစ်စေတယ်။    (ဆာဖရန်စစ်ဘေကွန်)


* မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
     (နီကီတာခရုရှက်)


* တစက်ချင်း ကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်
စားသွားတယ်။    (လူခရီးတပ်စ်)


* သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
     (ရပ်ဝယ်ဒိုအီမာဆန်)


* ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများ အားလုံး ၀င်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။ အလုပ်မရှိတဲ့
လူတယောက်ဟာ နံရံမရှိတဲ့ အိမ်တလုံးနဲ့ တူတယ်။ မကောင်းဆိုးဝါးများဟာ အရပ်လေး
မျက်နှာမှ ၀င်ရောက်နိုင်တယ်။  (ဂျော့ဖရီချော်ဆာ)


* ပြက်ရယ်ပြုခြင်းက သဘောထား သေးသိမ်ညံ့ဖျင်းတဲ့ လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
      (အဲဖရက်တင်နီဆင်)


* အပြစ်မရှိသူ တဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်
သွားခြင်းက ပိုလို့ကောင်းသေးတယ်။  (ဘလက်စတုံး)


* သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)


* ငွေကြေးဥစ္စာအတွက် သက်သက် အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့
အတူတူပဲ။ (ဒီစာသားလေးက နည်းနည်းတော့ရိုင်းမယ်ထင်တယ် ခွင့်လွတ်ပေးကြပါ။
                      ကျွန်တော်ရေးတာတော့မဟုတ်ပါဘူး)  (ဘားနဒ်ရှော)


* သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင် မယားနဲ့ နားပင်း
နေသော လင်ယောက်ျားတို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
          (ဒါလေးကတော့ စဉ်းစားစရာပဲ) (ဂျွန်မီတန်)


* ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သော လူသာလျှင်
   အတော်ဆုံးလူ ဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)


* သင့်လောက် ကံမကောင်းသူအား သင်၏ ပျော်ရွှင်မှုများ၊ အဆင်ပြေမှု များကို
သွားမပြောပါနှင့်။  (ပလူးတက်)


* သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က
ပိုကောင်းတယ်။   (ချားဒါဝင်)


* အနည်းငယ် သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့ အပေါက်ကလေး တပေါက်ဟာ
  အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ (ဘင်ဂျမင်ဖရင်ကလင်း)


* လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ (စီဆာရို)


* ခင်ဗျားရဲ့ သဘောတူညီမှု မပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ် ၀င်အောင်
   မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)


* ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ ဆိုးဝါးသလို ပို၍ကြောက်စရာလည်း
 ကောင်းတယ်။  အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့် ဖြစ်တယ်။   (အလက်ဇန်းဒါးပုတ်)


* အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော် မလုပ်တတ်ပဲ လုပ်ခြင်း၊
သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာ ကောင်းရုံတင် မက စိတ်ပျက်စရာလည်း
ကောင်းလှတယ်။        (ပလူးတက်)


* စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊
   အရာအားလုံး၌လည်းကောင်း အဓိက အကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
      (လောင်ဖဲလ်လိုး)


* ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့် အချိန်၌ စိတ်မှာ တင်းကျပ်
နေတတ်သည်။  (ဗစ်တာဟူဂို)


* ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တသွေမတိမ်း
   လုပ်ဆောင်တယ်။  (ဂျေ ၊ ဂျေ ၊ ရူးဆိုး)


* ပညာရှိများနှင့် တနာရီ ဆွေးနွေးရခြင်းသည် မိမိဘာသာ စာအုပ်တရာ ဖတ်သည်ထက်
   အကျိုးများ၏။   (သိုးဆောင်းစကားပုံ)


* အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
    (အဂ္ဂါး)


* သူတပါးကို ကျကျနန သင်ကြားပေးခြင်းသည် မိမိအဖို့ သင်ယူခြင်း၌
   အကောင်းဆုံးဖြစ်၏။   (အင်္ဂလိပ်စကားပုံ)


* စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
  ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း   
  လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ်နှင့် အားပေးစကား
 ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတခွန်း ပြောပေးရုံနှင့် သူ့အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။       (ဒီဖိုမင်း)

 * စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံ့ခိုင်မှုနှင့် သည်းခံခြင်း စိတ်ဓာတ်ကို မွေးဖွားပါ။
ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်းနှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝ လက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)
   နွေနှင်းမိုး

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...