ကိုယ်ရေးရာဇဝင်
- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Tuesday, February 23, 2010
စိတ်ဒဏ်ရာ
10:54 AM |
Posted by
တိုးတိုး |
Edit Post
အဖြစ်အပျက်တွေက
နှစ်သက်စရာရယ်လို့ မမြင်ခဲ့
သခင်မဲ့ အရိပ်အယောင်
အပိတ်အလှောင်တွေက နိမိတ်ဆောင်ခဲ့ပြီး
အတိတ်အရောင်တွေ ထင်ဟပ်မိတိုင်း
ရင်လှပ်အောင် ခံစားမိပြန်တယ်...။
စွန့်လွှတ်ခဲ့ရတဲ့ အရာရာတွေ
ပေးဆပ်ခဲ့ရတဲ့ တန်ဘိုးတွေ
နစ်နာစေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ပြန်ဆပ်နိုင်ဘို့အရေး
ဘယ်လိုတွေးတွေး
ရေးရေးလေးတောင် မမြင်မိပြန်ဘူး..။
စိတ်လွင်ပြင်မှာ
တရိပ်ရိပ် ထင်လာစေခဲ့တဲ့
လူရယ်လို့ မပီပြင်သေးတဲ့ ဘဝလေးတွေ၊
တူညီစွာ လက်တွဲလို့ အခက်အခဲတွေကို ကူညီပြီး
တူညီတဲ့ လမ်းပေါ်မှ လှမ်းခေါ်မယ့် အသံတွေ၊
စွန့်လိုက်ရတဲ့ တန်ဘိုးတွေရဲ့အဓိပ္ပါယ်မဲ့သွားတဲ့ ပုံရိပ်တွေ
အစွန့်ခံတွေရဲ့ သံစဉ်မဲ့ ရှိုက်သံတွေ
မမြင်နိုင်တဲ့ လမ်းကြောင်းကနေ
တမ်းတနေမယ့် လူသားတွေ
အရာအားလုံးဟာ စိတ်အစဉ်မှာ
အရိပ်အသွင် ထင်မြင်နေဆဲ... ။
ကြိတ်မှိတ်ခံစား အတွေးများလဲ ယောင်လည်
အကောင်အထည်ဆိုတာလဲ မပီပြင်
နှင်ခဲ့တဲ့ ခရီးလမ်းကလဲ ဝိုးတဝါးမို့
ဆိုးဝါးတဲ့ ဒဏ်ရာကို ပြန်ကာဆန်းစစ်
အတွေးသစ်နဲ့ ကျေနပ်မိသော်လဲ
ကြေပျက်သွားခဲ့တဲ့ အရာအားလုံးဟာ
သင်ပုန်းချေလို့ ဖြစ်နိုင်ပါ့မလားလေ...။
ဟုတ်ကဲ့ခင်ဗျ လုပ်ခဲ့သမျှ အားလုံးဟာ
သိကြားလုံးလို မချိုမြိန်ခဲ့ပါဘူး။
မတရားမှုကို တရားရှုမနေနိုင်ခဲ့လို့
သေနိုင်တဲ့ ခရီးကြမ်းကို လှမ်းထွက်ခဲ့တာပါ။
မှန်းချက်နဲ့တော့ မကာမိပါဘူး။
ပေးဆပ်မှုအနန္တ ပြန်မရမယ့် အရင်းအနှီး
အချည်းနှီးတော့ မဖြစ်တန်ကောင်းပါဘူး။
လူမမယ် သနားဖွယ်လေးတွေကြောင့်လဲ
အများအလယ်မှာ တရားတယ်လို့ မယူဆမိခဲ့ဘူး..။
သရုပ်သကန်ကို အလုပ်အမှန်လို့ ထင်မှတ်ခဲ့ရင်တောင်
အသွင်သဏ္ဍာန်ကို အမြင်မှန်လို့ ယူဆခဲ့ရင်တောင်
အပူတစက လွင့်ပြယ်နိုင်စွမ်း ရှိနိုင်မယ် မထင်ဘူးလေ..။
စိတ်အတွေးထဲမှာ တဆိတ်ကလေးပဲ ဖြစ်ဖြစ်
အရိပ်လေးတွေက ခိုနားနေဆဲပါ...။
(နွေနှင်းမိုး)
နှစ်သက်စရာရယ်လို့ မမြင်ခဲ့
သခင်မဲ့ အရိပ်အယောင်
အပိတ်အလှောင်တွေက နိမိတ်ဆောင်ခဲ့ပြီး
အတိတ်အရောင်တွေ ထင်ဟပ်မိတိုင်း
ရင်လှပ်အောင် ခံစားမိပြန်တယ်...။
စွန့်လွှတ်ခဲ့ရတဲ့ အရာရာတွေ
ပေးဆပ်ခဲ့ရတဲ့ တန်ဘိုးတွေ
နစ်နာစေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ပြန်ဆပ်နိုင်ဘို့အရေး
ဘယ်လိုတွေးတွေး
ရေးရေးလေးတောင် မမြင်မိပြန်ဘူး..။
စိတ်လွင်ပြင်မှာ
တရိပ်ရိပ် ထင်လာစေခဲ့တဲ့
လူရယ်လို့ မပီပြင်သေးတဲ့ ဘဝလေးတွေ၊
တူညီစွာ လက်တွဲလို့ အခက်အခဲတွေကို ကူညီပြီး
တူညီတဲ့ လမ်းပေါ်မှ လှမ်းခေါ်မယ့် အသံတွေ၊
စွန့်လိုက်ရတဲ့ တန်ဘိုးတွေရဲ့အဓိပ္ပါယ်မဲ့သွားတဲ့ ပုံရိပ်တွေ
အစွန့်ခံတွေရဲ့ သံစဉ်မဲ့ ရှိုက်သံတွေ
မမြင်နိုင်တဲ့ လမ်းကြောင်းကနေ
တမ်းတနေမယ့် လူသားတွေ
အရာအားလုံးဟာ စိတ်အစဉ်မှာ
အရိပ်အသွင် ထင်မြင်နေဆဲ... ။
ကြိတ်မှိတ်ခံစား အတွေးများလဲ ယောင်လည်
အကောင်အထည်ဆိုတာလဲ မပီပြင်
နှင်ခဲ့တဲ့ ခရီးလမ်းကလဲ ဝိုးတဝါးမို့
ဆိုးဝါးတဲ့ ဒဏ်ရာကို ပြန်ကာဆန်းစစ်
အတွေးသစ်နဲ့ ကျေနပ်မိသော်လဲ
ကြေပျက်သွားခဲ့တဲ့ အရာအားလုံးဟာ
သင်ပုန်းချေလို့ ဖြစ်နိုင်ပါ့မလားလေ...။
ဟုတ်ကဲ့ခင်ဗျ လုပ်ခဲ့သမျှ အားလုံးဟာ
သိကြားလုံးလို မချိုမြိန်ခဲ့ပါဘူး။
မတရားမှုကို တရားရှုမနေနိုင်ခဲ့လို့
သေနိုင်တဲ့ ခရီးကြမ်းကို လှမ်းထွက်ခဲ့တာပါ။
မှန်းချက်နဲ့တော့ မကာမိပါဘူး။
ပေးဆပ်မှုအနန္တ ပြန်မရမယ့် အရင်းအနှီး
အချည်းနှီးတော့ မဖြစ်တန်ကောင်းပါဘူး။
လူမမယ် သနားဖွယ်လေးတွေကြောင့်လဲ
အများအလယ်မှာ တရားတယ်လို့ မယူဆမိခဲ့ဘူး..။
သရုပ်သကန်ကို အလုပ်အမှန်လို့ ထင်မှတ်ခဲ့ရင်တောင်
အသွင်သဏ္ဍာန်ကို အမြင်မှန်လို့ ယူဆခဲ့ရင်တောင်
အပူတစက လွင့်ပြယ်နိုင်စွမ်း ရှိနိုင်မယ် မထင်ဘူးလေ..။
စိတ်အတွေးထဲမှာ တဆိတ်ကလေးပဲ ဖြစ်ဖြစ်
အရိပ်လေးတွေက ခိုနားနေဆဲပါ...။
(နွေနှင်းမိုး)
Labels:
ရင်တွင်းဖြစ် ကဗျာ
|
3
comments
Thursday, February 11, 2010
ဘယ်လိုလဲ
6:07 AM |
Posted by
တိုးတိုး |
Edit Post
ပြန်လည်တွေးတိုင်း
အတိတ်ရိုင်းတွေ၊ စိတ်တွေလေအောင်
လုပ်ဆောင်နေဆဲ၊ ရင်ခွင်ထဲမှာ
နာကျင်ခံစား၊ အဖြစ်အပျက်များကြောင့်
တောင့်တမျှော်လင့်၊ စောင့်စားခွင့်ချော်
လေပေါ်ကွယ်ပျောက်၊ ရောက်ရာဘဝ
ရွက်ကျလေလား၊ ငါလျှောက်သွားခဲ့။
အစွမ်းအစလဲ နွမ်းလျဆဲပဲလား?
အသိဉာဏ်လဲ မရှိပြန်ဘူးလား?
အတွေးအအိမ်လဲ မှေးမှိန်နေဆဲလား?
ရည်မှန်းချက်လဲ အတည် လှမ်းခက်နေလား?
ယောင်လည်လည်နဲ့ အကောင်အထည်ဖော်ဖို့ ခက်နေလား?
အများအလယ်မှာ အားငယ်နေသလား?
ဘယ်ဆီ ဘယ်ဝယ်၊ ရည်ရွယ်မှန်းဆ
ငါ လျှောက်မယ့်လမ်း၊ လမ်းစလဲပျောက်
လျှောက်ရမယ့် ခရီး၊ နီးသလား ဝေးသလား
ဝေဝါးဝါးပဲလား?
အစွမ်းအစလဲ မနွမ်းလျခင်
ပန်းသမျှဟာ လမ်းစပါ ပျောက်ရမှာလား
ဝိုးတဝါး စိတ်ထင် အတိတ်လွင်ပြင်နန်းကို
ဖြတ်သန်းရန် အားသစ်မွေးနိုင်ဖို့
တွေးမှိုင်ကာ မနေသင့်ပါဘူး
လေ့လွင်ကာ အချိန်ကုန်မယ့်အစား
မမှိတ်မသုန် အား အသစ်တင်လို့
စနစ်ထွင်ကာ တဆစ်ချိုး ဘဝမှာ
အဖြစ်ဆိုးက လွတ်လမ်းရှာပြီး
သင်မှန်းလာတဲ့ လမ်းစဉ်ကို
မပန်းခင် အရောက်နှင်ပါတော့လေ...။
ဘဝတဆစ်ချိုးမှာ ခဏအဖြစ်ဆိုးလေးတွေလဲ ကြုံရမယ်။
ဘဝလမ်းခရီးမှာ အလှပန်းစီးလေးတွေလဲ ဆုံရမယ်။
ဘဝလမ်းဖြောင့်အောင် ခဏပန်းတော့ အောင့်ရမယ်။
လမ်းခရီးမှာ ပန်းစည်း ကမ်းသူနဲ့လဲ တွေ့ရမယ်။
ဆူးခလုပ်တွေကို ဒူးတုတ်ကာ မတိုးလျှိုးပါနဲ့။
အတားအဆီး ဘောင်တွေကို နားညီးအောင် အချိန်ကုန် မခံပါနှင့်။
အနှောက်အယှက်တွေကြောင့် ယောက်ယက်ခပ်မသွားပါနဲ့။
ခါးသီးတဲ့ ဘဝခရီးတွေကြောင့် အများကြီးလဲ နာကြည်းမနေပါနဲ့တော့။
ကိုယ်လျှောက်မယ့်လမ်း ဘယ်လိုကြမ်းလဲ
ခရီးလမ်းဆုံးထိ မငြီးတမ်း ရုန်းနိုင်ခဲ့ရင်
အပြုံးပိုင်ရှင် ဘဝမျိုးမှာ အလှတိုးနိုင်ပါစေလေ။
ဘဝအချိုး အကွေ့မှာ ခဏမျိုး ဆုံတွေ့တာတောင်
အကုန်မေ့နိုင်အောင် သင် ကြိုးစားလိုက်ပါတော့လေ။
နွေနှင်းမိုး
အတိတ်ရိုင်းတွေ၊ စိတ်တွေလေအောင်
လုပ်ဆောင်နေဆဲ၊ ရင်ခွင်ထဲမှာ
နာကျင်ခံစား၊ အဖြစ်အပျက်များကြောင့်
တောင့်တမျှော်လင့်၊ စောင့်စားခွင့်ချော်
လေပေါ်ကွယ်ပျောက်၊ ရောက်ရာဘဝ
ရွက်ကျလေလား၊ ငါလျှောက်သွားခဲ့။
အစွမ်းအစလဲ နွမ်းလျဆဲပဲလား?
အသိဉာဏ်လဲ မရှိပြန်ဘူးလား?
အတွေးအအိမ်လဲ မှေးမှိန်နေဆဲလား?
ရည်မှန်းချက်လဲ အတည် လှမ်းခက်နေလား?
ယောင်လည်လည်နဲ့ အကောင်အထည်ဖော်ဖို့ ခက်နေလား?
အများအလယ်မှာ အားငယ်နေသလား?
ဘယ်ဆီ ဘယ်ဝယ်၊ ရည်ရွယ်မှန်းဆ
ငါ လျှောက်မယ့်လမ်း၊ လမ်းစလဲပျောက်
လျှောက်ရမယ့် ခရီး၊ နီးသလား ဝေးသလား
ဝေဝါးဝါးပဲလား?
အစွမ်းအစလဲ မနွမ်းလျခင်
ပန်းသမျှဟာ လမ်းစပါ ပျောက်ရမှာလား
ဝိုးတဝါး စိတ်ထင် အတိတ်လွင်ပြင်နန်းကို
ဖြတ်သန်းရန် အားသစ်မွေးနိုင်ဖို့
တွေးမှိုင်ကာ မနေသင့်ပါဘူး
လေ့လွင်ကာ အချိန်ကုန်မယ့်အစား
မမှိတ်မသုန် အား အသစ်တင်လို့
စနစ်ထွင်ကာ တဆစ်ချိုး ဘဝမှာ
အဖြစ်ဆိုးက လွတ်လမ်းရှာပြီး
သင်မှန်းလာတဲ့ လမ်းစဉ်ကို
မပန်းခင် အရောက်နှင်ပါတော့လေ...။
ဘဝတဆစ်ချိုးမှာ ခဏအဖြစ်ဆိုးလေးတွေလဲ ကြုံရမယ်။
ဘဝလမ်းခရီးမှာ အလှပန်းစီးလေးတွေလဲ ဆုံရမယ်။
ဘဝလမ်းဖြောင့်အောင် ခဏပန်းတော့ အောင့်ရမယ်။
လမ်းခရီးမှာ ပန်းစည်း ကမ်းသူနဲ့လဲ တွေ့ရမယ်။
ဆူးခလုပ်တွေကို ဒူးတုတ်ကာ မတိုးလျှိုးပါနဲ့။
အတားအဆီး ဘောင်တွေကို နားညီးအောင် အချိန်ကုန် မခံပါနှင့်။
အနှောက်အယှက်တွေကြောင့် ယောက်ယက်ခပ်မသွားပါနဲ့။
ခါးသီးတဲ့ ဘဝခရီးတွေကြောင့် အများကြီးလဲ နာကြည်းမနေပါနဲ့တော့။
ကိုယ်လျှောက်မယ့်လမ်း ဘယ်လိုကြမ်းလဲ
ခရီးလမ်းဆုံးထိ မငြီးတမ်း ရုန်းနိုင်ခဲ့ရင်
အပြုံးပိုင်ရှင် ဘဝမျိုးမှာ အလှတိုးနိုင်ပါစေလေ။
ဘဝအချိုး အကွေ့မှာ ခဏမျိုး ဆုံတွေ့တာတောင်
အကုန်မေ့နိုင်အောင် သင် ကြိုးစားလိုက်ပါတော့လေ။
နွေနှင်းမိုး
Labels:
ရင်တွင်းဖြစ် ကဗျာ
|
0
comments
Subscribe to:
Posts (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)