သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Tuesday, February 23, 2010

PostHeaderIcon စိတ်ဒဏ်ရာ

အဖြစ်အပျက်တွေက
နှစ်သက်စရာရယ်လို့ မမြင်ခဲ့
သခင်မဲ့ အရိပ်အယောင်
အပိတ်အလှောင်တွေက နိမိတ်ဆောင်ခဲ့ပြီး
အတိတ်အရောင်တွေ ထင်ဟပ်မိတိုင်း
ရင်လှပ်အောင် ခံစားမိပြန်တယ်...။

စွန့်လွှတ်ခဲ့ရတဲ့ အရာရာတွေ
ပေးဆပ်ခဲ့ရတဲ့ တန်ဘိုးတွေ
နစ်နာစေခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို
ပြန်ဆပ်နိုင်ဘို့အရေး
ဘယ်လိုတွေးတွေး
ရေးရေးလေးတောင် မမြင်မိပြန်ဘူး..။

စိတ်လွင်ပြင်မှာ
တရိပ်ရိပ် ထင်လာစေခဲ့တဲ့
လူရယ်လို့ မပီပြင်သေးတဲ့ ဘဝလေးတွေ၊
တူညီစွာ လက်တွဲလို့ အခက်အခဲတွေကို ကူညီပြီး
တူညီတဲ့ လမ်းပေါ်မှ လှမ်းခေါ်မယ့် အသံတွေ၊
စွန့်လိုက်ရတဲ့ တန်ဘိုးတွေရဲ့အဓိပ္ပါယ်မဲ့သွားတဲ့ ပုံရိပ်တွေ
အစွန့်ခံတွေရဲ့ သံစဉ်မဲ့ ရှိုက်သံတွေ
မမြင်နိုင်တဲ့ လမ်းကြောင်းကနေ
တမ်းတနေမယ့် လူသားတွေ
အရာအားလုံးဟာ  စိတ်အစဉ်မှာ
အရိပ်အသွင် ထင်မြင်နေဆဲ... ။

ကြိတ်မှိတ်ခံစား အတွေးများလဲ ယောင်လည်
အကောင်အထည်ဆိုတာလဲ မပီပြင်
နှင်ခဲ့တဲ့ ခရီးလမ်းကလဲ ဝိုးတဝါးမို့
ဆိုးဝါးတဲ့ ဒဏ်ရာကို ပြန်ကာဆန်းစစ်
အတွေးသစ်နဲ့ ကျေနပ်မိသော်လဲ
ကြေပျက်သွားခဲ့တဲ့ အရာအားလုံးဟာ
သင်ပုန်းချေလို့ ဖြစ်နိုင်ပါ့မလားလေ...။

ဟုတ်ကဲ့ခင်ဗျ လုပ်ခဲ့သမျှ အားလုံးဟာ
သိကြားလုံးလို မချိုမြိန်ခဲ့ပါဘူး။
မတရားမှုကို တရားရှုမနေနိုင်ခဲ့လို့
သေနိုင်တဲ့ ခရီးကြမ်းကို လှမ်းထွက်ခဲ့တာပါ။
မှန်းချက်နဲ့တော့ မကာမိပါဘူး။
ပေးဆပ်မှုအနန္တ ပြန်မရမယ့် အရင်းအနှီး
အချည်းနှီးတော့ မဖြစ်တန်ကောင်းပါဘူး။

လူမမယ် သနားဖွယ်လေးတွေကြောင့်လဲ
အများအလယ်မှာ တရားတယ်လို့ မယူဆမိခဲ့ဘူး..။
သရုပ်သကန်ကို အလုပ်အမှန်လို့ ထင်မှတ်ခဲ့ရင်တောင်
အသွင်သဏ္ဍာန်ကို အမြင်မှန်လို့ ယူဆခဲ့ရင်တောင်
အပူတစက လွင့်ပြယ်နိုင်စွမ်း ရှိနိုင်မယ် မထင်ဘူးလေ..။
စိတ်အတွေးထဲမှာ တဆိတ်ကလေးပဲ ဖြစ်ဖြစ်
အရိပ်လေးတွေက ခိုနားနေဆဲပါ...။
                                       (နွေနှင်းမိုး)

3 comments:

တိုးတိုး said...
This comment has been removed by the author.
toetoelay said...
This comment has been removed by the author.
toetoelay said...

အလုပ်ကြမ်းကြောင့် ခလုပ်လမ်းမှာ မဆုတ်တမ်း လုပ်ခဲ့တဲ့အတွက် နစ်နာသူ များက အပြစ်ရှာခဲ့ရင်လဲ ခံယူမိမှာပါ။ စွန့်လွှတ် ပြေးလွှားရင်း အတိတ်ရိုင်းကို စိတ်တိုင်းမကျစွာနဲ့ ခဏခဏ ပြန်ပြောင်းတွေးမိရင်း ဒီအသံတွေ ပွင့်အံ လာတာပါ ကံကြမ္မာရေ... လိပ်ပြာရှင်းပေမယ့် အတိတ်ကြမ္မာကို စိတ်နာလွန်းလို့ မတွေးမိအောင်ပဲ မေ့ထားလိုက်ပါတော့မယ်...

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...