သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, October 21, 2012

PostHeaderIcon ဒဿ ဖတ်ဖို့


(၁)
အသက်ရှင်နေသူတချို့က ကိုယ်ဘာလိုချင်မှန်း မသိကြဘူးသူတစ်ပါးကို 
မျက်စိစုံမှိတ်အားကျတယ်၊ မျက်စိစုံမှိတ် လိုချင်တောင့်တတယ်။ ပျော်ရွှင်ခြင်းကို 
ကိုယ့်အနားကနေ ပုခုံးချင်းတိုက်ဖြတ်ကျော်စေကြတယ်။

တကယ်တော့ ဘယ်လိုအခြေအနေမှာပဲ ရှင်သန်ရှင်သန်...ဖြောင့်မှန်တဲ့ စိတ်နှလုံး
တစုံရှိမယ်ရောင့်ရဲ့တင့်တိမ်တတ်မယ်၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝကပျော်ရွှင်ပါတယ်

ပျော်ရွှင်ခြင်းဆိုတာ သင့်မှာပိုင်ဆိုင်မှု ဘယ်လောက်များတယ်ရာထူးဂုဏ်အရှိန် ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ တိုင်းတာ,တာမဟုတ်ပါဘူး

လူတွေနဲ့ သင့်မြတ်အောင်ပေါင်းတယ်၊ မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင်ရှိတယ်ကျန်းမာတဲ့ခန္ဓာကိုယ်ရှိရင် လူကိုပျော်ရွှင်စေပါတယ်။

(၂)
ကမောက်ကမနိုင်တဲ့အဖြစ်တခုအပေါ် အကြာကြီးညှိမိမနေနဲ့.. ညှိတာကြာရင် 
စိတ်ရှုပ်မယ်၊နာကျင်မယ်၊ မုန်းမယ်၊ မောပန်းမယ်၊ အစာမကြေဖြစ်မယ်၊ေ
သာကရောက်မယ်၊ ကြေကွဲမယ်။

နောက်ဆုံးမှာ အဲဒီအဖြစ်ကို ငါတို့ဖြတ်မကျော်နိုင်တာမဟုတ်ဘဲငါတို့ရဲ့
ခံစားချက်ကို ငါတို့ဖြတ်မကျော်နိုင်ဖြစ်တတ်တယ်။

ဘယ်လိုပဲ ကမောက်ကမနိုင်ပါစေ.... လှည့်ထွက်တတ်ရတယ်၊ ကျော်ဖြတ်တတ်
ရတယ်လှပတဲ့ရှုခင်းဆီသွားရာလမ်းမှာ အမှတ်မထင် မြောင်းပုပ်တစ်ခုတွေ့လိုက်မိလို့  
အလှအပကို သွားရောက်ခံစားမယ့်စိတ်ကို ညစ်နွမ်းစေပြီး လှပတဲ့အရာတွေကို လက်
တ်မလား! လှပတဲ့ ရှုခင်းဆီသွားမယ့် ကိုယ့်ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်လိမ့်မယ်။

(၃)
ဒီကနေ့ဆိုတဲ့ နေ့ရက်တိုင်းဟာ
မနေ့ကဆိုတဲ့နေ့ရက်ရဲ့ အတိတ်ဖြစ်သွားလိမ့်မယ်
ဒီ ၁၄၄ဝ မိနစ်မှာ
လုပ်ချင်တာကို လုပ်ပါ
စားချင်တာကို စားပါ
တွေ့ချင်တဲ့လူကို တွေ့ပါ
ဦးနှောက်ခြောက် စိတ်ရှုပ်စရာတွေ ဖယ်ထားပါ
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ
ကြည်ကြည်နူးနူး မျှဝေပါ
ဒီကနေ့ကို အကောင်းဆုံးအတိတ်အဖြစ်ကျန်ခဲ့ပါစေ....

(၄)
တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့
တောင်းဆိုပါတယ်။
ငိုမယ်ဆို အားရပါးရ ငိုလိုက်... ခံစားရသမျှ ပေါက်ကွဲထွက်စေ။
ရယ်မယ်ဆို လွတ်လွတ်လပ်လပ် ရယ်လိုက်..ကြီးပြင်းရင့်ကျက်တဲ့ လက္ခဏာ
အထင်းသားပေါ်စေ။
မျက်ရည်နဲ့ ဒီကနေ့ကို မုန်းနေမယ့်အစား ချွေးစက်နဲ့ ဒီကနေ့ကို ရုန်းကန်လိုက်ပါ
မျက်ရည်တွေကုန်ခမ်းသွားတဲ့အခါ ကျန်ရှိနေခဲ့သင့်တာက "ကြံ့ခိုင်သန်မာခြင်း"
 ပဲဖြစ်တယ်။

(၅)
တခြားလူရဲ့အတွေးကို ငါတို့ထိန်းချုပ်လို့မရဘူးတခြားလူရဲ့လုပ်ရပ်ကို ငါတို့ အတင်းအကျပ်စေခိုင်းလို့မရဘူး။ လုပ်နိုင်တာတစ်ခုက ကိုယ့်ကိစ္စ၊ ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားလုပ်တာဖြစ်တယ်။

ကိုယ့်ကိုယ်ကျင့်တရားနဲ့ကိုယ် ကိုယ့်လမ်းကိုယ်လျှောက် အကောင်းဆုံး
ရှင်သန်တာဖြစ်တယ်။

ကိုယ့်ကိုနစ်နာအောင်လုပ်တဲ့ လူရှိခဲ့ရင်တောင် အချိန်က ကိုယ့်ကိုနစ်နာ
စေမှာမဟုတ်ဘူး 
ဘဝက ကိုယ့်ကိုနစ်နာစေမှာမဟုတ်ဘူးတခြားသူကို ကောင်းကောင်းဆက်ဆံ
တာဟာ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံတာပဲဖြစ်တယ်။

(၆)
တကယ်လို့ ရွေးချယ်စရာရှိရင် အကောင်းဆုံးကို ရွေးချယ်မယ် 
တကယ်လို့ ရွေးချယ်စရာမရှိဘူးဆိုရင် အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်

(၇)
နာမည်ကြီးတိုင်း အသိပညာရှိသူမဟုတ်ဘူး
အမိန့်အာဏာတိုင်း အမှန်တရားမဟုတ်ဘူး
ငွေကြေးတိုင်း ပျော်ရွှင်မှုပေးနိုင်တာ မဟုတ်ဘူး
ကတိစကားတိုင်း ရိုးသားဖြောင့်မတ်တာမဟုတ်ဘူး
ဝေဖန်တိုင်း တိုက်ခိုက်တာမဟုတ်ဘူး
မျက်နှာချိုသွေးတိုင်း လေးစားတာမဟုတ်ဘူး
ခယတိုင်း သစ္စာရှိတာမဟုတ်ဘူး
နားဝင်ချိုစကားတိုင်း အချစ်မဟုတ်ဘူး
ပြုံးရယ်တဲ့မျက်နှာတိုင်း ခင်မင်ရင်းနှီးတာမဟုတ်ဘူး
စောင့်ဆိုင်းတယ်ဆိုတိုင်း ရူးရူးမူးမူးချစ်တာ မဟုတ်ဘူး။

(၈)
ငယ်ငယ်တုန်းက ခလုတ်တိုက်လဲကျတဲ့အခါ ဘေးဘီမှာ လူရှိမရှိ ကြည့်
တတ်တယ်။  လူရှိရင် ငိုတယ်။ လူမရှိရင် လဲနေရာက ထတယ်။

ကြီးလာတော့ စိတ်မပျော်ရွှင်တာနဲ့ကြုံတဲ့အခါ ဘေးဘီမှာ လူရှိမရှိ ကြည့်တတ်
ပြန်တယ် လူရှိရင် လဲနေရာက ထတယ်လူမရှိရင် ငိုလိုက်တယ်။

(၉)
လူတိုင်းလူတိုင်း အဆင်မပြေတာနဲ့ ကြုံရစမြဲပေါ့အဆင်မပြေတာနဲ့ကြုံတဲ့အခါ 
လောကကြီးကို အပြစ်တင်တယ်၊ ကံတရားကို အပြစ်တင်တယ်၊ ကိုယ့်ကိုယ်ကို 
အပြစ်တင်တယ်

တကယ်တော့...အပြစ်တင်တိုင်း အခက်အခဲတွေက ပြေလည်သွားမှာမဟုတ်ဘူး 
ဝမ်းနည်းကြေကွဲတိုင်း အခြေအနေကို လှည့်ပြောင်းမရဘူးဆိုတာ တခြားလူထက် ကိုယ်ကိုယ်တိုင်ပိုသိတယ်

ဒါနဲ့များ...
လက်ဘေးက စိတ်ရှုပ်စရာတွေကိုချ ရှုပ်ထွေးတဲ့ စိတ်အစဉ်ကို တည်ငြိမ်စေပြီး  
အသစ်တဖန် အစက ပြန်စရင် သင်သတိထားမိမှာက ဘယ်လောက်ပဲ ထူထည်းတဲ့
သစ်ပင်အောက်မှာ သင်ရပ်နေနေ ခေါင်းမော့ကြည့်လိုက်တာနဲ့ မျှော်လင့်ချက်
အလင်းတန်းတချို့က သင့်အတွက် လင်းဖြာနေတယ်ဆိုတာဖြစ်တယ်။

(၁ဝ)
လူ ...
အများကြီးတွေးတောဖို့မလိုဘူး
ဖြူစင်လေ ကောင်းလေ

သူငယ်ချင်း...
အများကြီးရှိဖို့မလိုဘူး
စိတ်တူကိုယ်တူလေ ကောင်းလေ

အချစ်...
အရမ်းကြီး စွဲလမ်းဖို့မလိုဘူး
ရိုးရှင်းလေ ကောင်းလေ

မိသားစု...
သတ်မှတ်ချက်၊ စည်းကမ်းချက်တွေ အများကြီးမလိုဘူး
သင့်မြတ်ပျော်ရွှင်လေ ကောင်းလေ

ကိုယ့်ကိုယ်ကို...
တောင်းဆိုမှုတွေ အများကြီးမလိုဘူး
ပျော်ရွှင်ခြင်းတွေ တစ်နေ့နည်းနည်းစီ စုဆောင်းနိုင်ရင်ရပြီ။

(၁၁)
တခြားလူပိုင်ဆိုင်တဲ့အရာကို အားမကျနဲ့...ကြိုးစားရင် ကိုယ်လည်း 
သူ့လိုပိုင်ဆိုင်နိုင်ပါတယ်

ကိုယ်ပိုင်ဆိုင်တဲ့အရာကို မကြွားနဲ့..ပိုင်ဆိုင်နိုင်ဖို့ တခြားလူတွေကလည်း 
ကြိုးစားနေကြလို့ပါ

ဆင်းရဲနေ၊ ချမ်းသာနေစေရာထူးမြင့်စေ၊ နိမ့်စေဗဟုသုတနည်းစေ၊များစေ 
စိတ်ချမ်းသာမှုပိုပြီး စိတ်ဆင်းရဲမှုတွေ လျော့နည်းပါစေ

နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ရယ်မောပါ
မောပန်းပြီးဆို အိပ်စက်အနားယူပါ
နိုးလာပြီဆို ပြုံးပါ....
သာမန်ရိုးရှင်းခြင်းက ဘဝရဲ့အကောင်းဆုံးလက်ဆောင်ဖြစ်တယ်။

(၁၂)
မိန်းကလေးဆိုတာ မချောမလှလို့ရတယ်ဒါပေမဲ့ အကျင့်စရိုက်/စိတ်
သဘောထားပြုစုပျိုးထောင်မှု ကင်းမဲ့လို့မရဘူး။

အကျင့်စရိုက်ကောင်းတဲ့ မိန်းကလေးက အနုပညာထည်နဲ့တူတယ်။ 
လူဘယ်လောက်ပဲ ချောမောလှပစေ အကျင့်စရိုက်မကောင်းရင်
အပြစ်အနာအဆာရှိတဲ့ ပစ္စည်းနဲ့တူတယ်။

မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်အလှက အလွန်ဆုံးခံ အနှစ်(၂ဝ)ပေါ့
အတွင်းစိတ်ရဲ့အလှက တစ်သက်လုံးခံသလို လူကိုလည်း တစ်သက်
ဆွဲဆောင်စေပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...