သဗ္ဗညူ ဗုဒ္ဓ

Good Words


ဒီဆိုဒ်ရှင်၏ စိတ်ရင်းနဲ့ ဆန္ဒ


ကိုယ်ရေးရာဇဝင်

My photo
ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...

ရက်စွဲ

နာရီ

Followers

ဘဝသံသရာ

ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''

မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ

မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ

မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ

မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ

ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ

ငါ အိုသွားသောအခါ (အိုပယ်)

သူတို့လို ရွှင်မြူးနိုင်ပါစေ...

စမ်းရေအိုင်ထဲမှာ အလွမ်းပြေ ထိုင်နေချင်လိုက်တာ

လေ့လာဖွယ်ရာ ဆိုက်များ

/>

Sunday, October 21, 2012

PostHeaderIcon ဒဿန

ငါဟာ ချွတ်ယွင်းချက်အပြည့်နဲ့ လူတစ်ယောက်ပါ
ငါ့ကိုငါ အနှစ်ချုပ်ကြည့်တော့
ငါ့မှာ မပြည့်ဝတဲ့ စရိုက်လက္ခဏာရှိတယ်။
အထီးကျန်ဆန်တဲ့ လူ့ဘဝရှိတယ်။

စရိုက်လက္ခဏာက မွေးရာပါ ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မရနိုင်ဘူး
ဆိုပေမယ့်......
ကိုယ့်ကိုယ်ကို မကြာခဏ အနှစ်ချုပ်ကြည့်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဝေဖန်ပိုင်းခြားမယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဆန်းစစ်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးမယ်
ကိုယ့်ကိုယ်ကို မကြာခဏ လှုံ့ဆော်မယ်..... ဒါတွေကို ငါလုပ်လို့ရတယ်။
ဒီလိုမှမဟုတ်ရင်....
အထီးကျန်တဲ့ဘဝကို ငါပိုင်ရုံမက ရှုံးနိမ့်တဲ့ဘဝကိုလည်း ငါပိုင်ရလိမ့်မယ်။

တစ်ခုကောင်းတာက....
သင်ယူလေ့လာရတာကို ငါနှစ်သက်တယ်
စဉ်းစားတွေးတာရတာကို ငါနှစ်သက်တယ်
လူကောင်းတစ်ယောက်ဖြစ်ဖို့ ငါကြိုးစားတယ်
ဒါတွေက ငါ့ဘဝရဲ့မပြည့်စုံခြင်းတွေကို ဖာထေးပေးတယ်။

(၂)
လူ့ဘဝမှာ....
အကြီးမားဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်တယ်။
အကြီးမားဆုံးကျရှုံးခြင်းက ကိုယ့်ကိုယ်ကို အထင်ကြီးတာဖြစ်တယ်။
အကြီးမားဆုံးမသိခြင်းက လိမ်ညာတာဖြစ်တယ်။
အကြီမားဆုံးကြေကွဲမှုက မနာလိုတာဖြစ်တယ်။
အကြီးမားဆုံး အမှားက ကိုယ့်ကိုယ်ကို စွန့်ပယ်တာဖြစ်တယ်။
အကြီးမားဆုံးလေးစားမှုက ဘာသာတရားကိုင်းရှိုင်းတာဖြစ်တယ်။
အကြီးမားဆုံးဆုံးရှုံးမှုက မျှော်လင့်ချက်မဲ့တာဖြစ်တယ်။
အကြီးမားဆုံးစည်းစိမ်က ကိုယ်စိတ်နှလုံးကျန်းမာတာဖြစ်တယ်။
အကြီးမားဆုံးအကြွေးက ချစ်ကြွေး၊ ရန်ကြွေးတွေဖြစ်တယ်။
အကြီးမားဆုံးလက်ဆောင်က ခွင့်လွှတ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးချွတ်ယွင်းချက်က ဆင်ခြင်တုံတရားမဲ့တာဖြစ်တယ်။
အကြီးမားဆုံးကျေနပ်အားရစရာက ပေးဆပ်ခြင်းဖြစ်တယ်။
အကြီးမားဆုံးအပြစ်က လူလူချင်းအနိုင်ကျင့်တာဖြစ်တယ်။
သနားစရာအကောင်းဆုံးက ကိုယ့်ကိုယ်ကိုသိမ်ငယ်၊ အားငယ်တာဖြစ်တယ်။

(၃)
စိတ်ပညာရှင်တွေအကြံပြုတဲ့ သင့်ကိုပျော်ရွှင်စေနိုင်တဲ့အရာများ
(၁) နေ့တိုင်း ဓာတ်ပုံရိုက်ပါ
(၂) ပျော်စရာရုပ်ရှင်ကားတွေကို ကြည့်ပါ
(၃) ရုံးပိတ်ရက်မနက်ပိုင်း အိပ်ရာထဲမှာ အကြာကြီးနှပ်နေပါ
(၄) သူငယ်ချင်းတွေကို ကတ်ပို့ပါ
(၅) ရေကမ်းစပ်မှာ လမ်းလျှောက်ပါ
(၆) စားကောင်းသောက်ကောင်းတွေ တစ်ခါတလေစားပါ။
(၇) ပတ်တိုင်း တစ်ခါလောက် လေ့ကျင့်ခန်းလုပ်ပါ
(၈) ကားမောင်းရင်း သီချင်းအော်ဆိုပါ
(၉) ကော်ဖီသောက်ရင်း စာအုပ်ဖတ်ပါ
(၁ဝ) ဖုန်းပြောရင်း ဟိုဟိုဒီဒီ လျှောက်ရေးခြစ်ပါ
(၁၁) ရေချိုးရင်း သီချင်းဆိုပါ...

(၄)
တကယ်လို့သင်ဟာ အမည်မရှိတဲ့ ချောင်းလေးတစ်ချောင်းဆိုရင်
ပင်လယ်လို မကျယ်ပြောခဲ့လည်း
မြစ်ကြီးလို တသွင်သွင် မစီးဆင်းခဲ့လည်း
မြစ်တွေဖြစ်ဖို့ သင်ပေါင်းစုစီးဝင်နိုင်ခဲ့တယ်။

တောင်ကမူအကွေ့အကောက်တွေကို သင်ဖြတ်သန်း
ရှေ့ကို ရဲရဲချီခဲ့တယ်။
ဆူးညောင့်ခလုတ်တွေကို သင်ဖြတ်ကျော်
မနားမနေ စီးဆင်းခဲ့တယ်။
နောက်ပြန်မစီးဘဲ ဘဝရဲ့အဓိပ္ပာယ်ကို သင်ဖော်ဆောင်ခဲ့တယ်။

လူ့ဘဝခရီးလမ်းက အမြဲ မဖြောင့်တန်းနိုင်ပါဘူး။
ကျရှုံးခြင်းနဲ့ရင်ဆိုင်ရချိန် သင်တွေဝေတွန့်ဆုတ်ခဲ့ရင်
အယုံအကြည်မဲ့ချိန် မကျေမနပ် သင်ညည်းတွားခဲ့ရင်
အခွင့်အရေးကို လက်လွတ်လိုက်ရလို့ သင့်ကိုယ်သင် မျှော်လင့်ချက်မဲ့ခဲ့ရင်
"ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်တွေ ဘယ်ရောက်သွားပြီလဲ?" လို့ သင်
တွေးဆခဲ့ဖူးသလား?

(၅)
အလုပ်မှာ စိတ်ရှုပ်စရာကြုံတာနဲ့
ခက်လိုက်တာဆိုပြီး သင်တွန့်ဆုတ်တယ်။

ဘဝမှာ အခက်အခဲကြုံတာနဲ့
ပင်ပန်းလိုက်တာဆိုပြီး သင်ညည်းတွားတယ်။

ကံကြမ္မာကို ငြိုးမယ်ဖွဲ့လိုက်
နေ့ရက်တိုင်းကို သက်ပြင်းချလိုက်
တခြားသူရဲ့ အောင်မြင်မှုကို အားကျလိုက်နဲ့
ကိုယ်လျှောက်တဲ့လမ်းကို အဆိုးမြင်ပစ်လိုက်တယ်။

အလုပ်မှာ အဆင်မပြေရင်
ဖြည်းဖြည်းမှန်မှန် သင်ယူလို့ရတယ်
အတွေ့အကြုံဆိုတာ စုပုံ စုဆောင်းဖို့လိုလို့ပါ။

ဘဝမှာ မပျော်ရွှင်ရင်
မစိုးရိမ် မပူပန်ပါနဲ့
ဘဝဆိုတာ နဂိုကတည်းက ၁၂မျိုးအသုပ်စုံပါ။

တခြားသူတွေ ဒီကနေ့မှာ အောင်မြင်တယ်ဆိုတာ
သူတို့ဖြတ်သန်းခဲ့၊ ကြိုးစားခဲ့တဲ့ ရလဒ်ပါ။
ဒီကနေ့ကို သင်စိတ်တိုင်းမကျဘူး၊ မအောင်မြင်သေးဘူးဆိုပေမယ့်
သင့်မှာခွန်အားရှိပါသေးတယ်၊ သင့်မှာအရွယ်ရှိပါသေးတယ်
လှပတဲ့အနာဂတ်ကို သင်ပိုင်ဆိုင်ရဦးမှာပါ။

(၆)
တကယ်လို့ တွေတွေဝေဝေဖြစ်ပြီးစိတ်ရှုပ်ခဲ့ရင် သဘောက
သင့်မှာ တိုးတက်ချင်တဲ့စိတ်ရှိသေးလို့ပါ။

တကယ်လို့ ဆုံးရှုံးမှုအတွက် သင်ဝမ်းနည်းခဲ့ရင် သဘောက 
သင့်မှာ အောင်မြင်လိုစိတ်ရှိသေးလို့ပါ။

တကယ်လို့ လုပ်ခဲ့တဲ့အမှားအတွက် နောင်တရခဲ့ရင် သဘောက 
တန်ဖိုးထားတတ်ဖို့ သင်နားလည်ခဲ့လို့ပါ။

တကယ်လို့ နာကျင်မှုအတွက် မျက်ရည်ကျခဲ့ရင် သဘောက
ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ရှင်သန်ချင်လို့ပါ။

လောကမှာ အသက်ရှင်နေတဲ့လူတိုင်း
အရာရာ အဆင်ပြေချောမွတ်တယ်ဆိုတာ မရှိပါဘူး
အဓိက,က သင်ဘယ်လို ရင်ဆိုင်မလဲဆိုတာပဲဖြစ်တယ်။
အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကို သင် ကျော်ဖြတ်နိုင်ပြီဆိုရင်
ဘဝကို အသစ်တဖန် သင်ပြန်လည်ရေးသားနိုင်ပြီဖြစ်တယ်။

အတိတ်ကိုသွားပြီး အရာရာအသစ်ကစဖို့ ဘယ်သူမှမတတ်နိုင်ခဲ့ဘူး
ဒါပေမယ့် ဒီကနေ့ကစပြီး အရာရာအသစ်ဖြစ်ဖို့ လူတိုင်းတတ်နိုင်ကြတယ်
အဆုံးသတ်မတူတဲ့ စာတစ်ပုဒ်ကို လူတိုင်းရေးနိုင်ကြပါတယ်။

(၇)
လူတစ်ယောက်ရဲ့ဖြစ်ထွန်းမှု/ အောင်မြင်မှုကို
ငွေကြေးနဲ့ တိုင်းတာလို့မရပါဘူး
လူဘယ်နှယောက်အပေါ် သင်ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သလဲ
လူဘယ်နှယောက်က သင့်ကို အမှတ်ရ၊ လွမ်းဆွတ်နေမလဲဆိုတဲ့အပေါ်မှာ 
မှုတည်ပါတယ်။

စီးပွားရေးသမားရဲ့ စာရင်းဇယားက
ဝင်ငွေထဲက ထွက်ငွေကိုနှုတ်
ရလာတဲ့အမြတ်က အောင်မြင်(ဖြစ်ထွန်း)မှုဖြစ်တယ်။

လူ့ဘဝရဲ့ စာရင်းဇယားက
ကိုယ့်ကို လူတွေချစ်တာနဲ့ ကိုယ်က လူတွေကိုချစ်တာပေါင်း
ရလာတဲ့အကျိုးက အောင်မြင်(ဖြစ်ထွန်း)မှုဖြစ်တယ်။

(၈)
ကြံ့ခိုင်သန်မာဖူးမှ ဒီလောက,က ပျော့ညံ့သူအလိုမရှိဆိုတာကို သိတယ်။
လဲကျဖူးမှ လဲကျခဲ့တဲ့နေရာကပြန်ထ ရှေ့ဆက်လျှောက်ရမယ်ဆိုတာကို သိတယ်။
ငိုကြွေးဖူးမှ ကိုယ့်နှလုံးသားလဲနာကျင်တတ်တယ်.. နာကျင်ရင် 
မျက်ရည်ကျတတ်တယ် ဆိုတာကိုသိတယ်။
ဒဏ်ရာရဖူးမှ ကိုယ်ဘယ်လောက်ခံနိုင်ရည်ရှိရှိ တကယ်တော့ အားနည်းချက်လဲ 
ရှိတယ်ဆိုတာကိုသိတယ်။
ချစ်ခဲ့ဖူးမှ အချစ်ဆိုတာ ရယူ၊ မေ့ပျောက်ရခက်သလို ဝမ်းနည်း၊ ပျော်ရွှင်မှုတွေလဲ
ပေးတယ် ဆိုတာကိုသိတယ်။

(၉)
အလုပ်လုပ်ချိန်မှာ အစဉ်လိုက်သိသင့်သောအရာ ၁ဝခု

(၁) အလုပ်အကိုင်
အရင်တန်ဖိုးထား၊ အသိအမှတ်ပြုပါ။ ပြီးမှ ရာထူးတိုးအောင်လုပ်ပါ။

(၂) ပြောဆိုဆက်ဆံရေး
တူညီမှုအရင်ရယူပါ။ ပြီးမှ ကွဲလွဲတာကို ဆွေးနွေးပါ။

(၃) အကောင်အထည်ဖော်မှု
ဖြစ်မြောက်အောင်အရင်လုပ်ပါ။ ပြီးမှ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းပါ။

(၄) သင်ယူမှု
အရင်ဆုံးမှတ်သားပါ။ ပြီးမှ မှတ်ဉာဏ်ထဲထည့်ပါ။

(၅) ပြုလုပ်ဖန်ဆင်းမှု
အရင်ဆုံး အတုယူပါ။ ပြီးမှ ဆန်းသစ်တီထွင်ပါ။

(၆) စီးပွားရေးလုပ်ငန်း
အရင်ဆုံးဖြစ်ထွန်းအောင်ပျိုးထောင်ပါ။ ပြီးမှ အောင်မြင်မှုကိုရယူပါ။

(၇) ဖွံ့ဖြိုးတိုးတက်မှု
အရင်ဆုံး မတ်မတ်ရပ်နိုင်အောင်လုပ်ပါ။ ပြီးမှ မြင့်မားအောင်လုပ်ပါ။

(၈) လူလူချင်းဆက်ဆံရေး
လဲလှယ်ပြောဆိုပါ။ ပြီးမှ စိတ်အချင်းချင်း ဖလှယ်ပါ။

(၉) ကိုယ့်ကိုယ်ကို ကောင်းအောင်အရင်လုပ်ပါ။ ပြီးမှ တခြားလူကို တောင်းဆိုပါ။

(၁ဝ) စိတ်ခံစားချက်ကို အရင်ဖြေရှင်းပါ။ ပြီးမှ ကိစ္စရပ်ကို ဖြေရှင်းပါ။

Li Ka-shing (1928- 7- 29 -- ) http://en.wikipedia.org/wiki/Li_Ka-shing

နိုင်းနိုင်းစနေ

0 comments:

Post a Comment

လေးဆူဓာတ်ပုံ ရွှေတိဂုံ

Myanmar flag


မင်္ဂလာရှိသော အသံများ

My Shape


peace

ဒီလို ချစ်ချစ် ခင်ခင် နေစေချင်ပါတယ်...

သင်သေသွားသော်...


သတိပေး စကား


သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။

သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ဖွင့်မိသော တံခါးများ

လာလည်ကြသူများ


widget

အို မိတ်ဆွေ

********** ..... ဆဝါဒီး ခပ် .....********** ဒီဆိုဒ်လေးက ကျနော် အလွယ်တကူ ပြန်ကြည့်နိုင်ဖို့အတွက် စုထားတဲ့ မှတ်စုလေးပါ... နည်းပညာ မကျွမ်းတာနဲ့ အချိန်သိပ်မရတာနဲ့ မပြင်နိုင်ပဲ အစုတ်လေးပဲ သုံးနိုင်တာမို့ မျက်စိလည်ပြီး ရောက်လာတဲ့ မိတ်ဆွေများ နားလည်ပေးစေချင်ပါတယ်...