ကိုယ်ရေးရာဇဝင်

- တိုးတိုး
- ဘဝဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်...၊ အမှန်တရားကလဲ ကမ္ဘာပတ်ဖို့ သူ့ဖိနပ်လေးကို ရှာနေတုန်းပဲ...
ရက်စွဲ
နာရီ
Followers
ဘဘ ဦးသုခ၏ .."ဘဝ သံသရာ''
မေသက်ထားဆွေ...စန္ဒကိန္နရီ ဇာတ်တော်ပါ
မေသက်ထားဆွေ၊ မြန်မာ့ကြွေးကြော်သံ
မေသက်ထားဆွေ.ဂျပန်ပြည်ကို ရေးတဲ့စာ
မြင့်မြတ်သူ.. ဖေဖေသာဓုခေါ်ပါ
ဗုဒ္ဓ၏ ဓမ္မ အမှန်တရားကို တွေ့မြင်ခဲ့သူ
ငါ အိုသွားသောအခါ (အိုပယ်)
Friday, December 31, 2010
လူဆိုတာ
အော် လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေနေအောက်မှာ
ကိုယ့်စိတ်ကို ခဏခဏ
သစ္စာဖောက်နေကြရတဲ့
သတ္တဝါတွေပါလား....
စိတ်ကို ထိမ်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ် လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး...။
တခါတခါဆို
အခြေနေတွေငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့်လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့
ချစ်ခြင်းရဲ့ အရိပ်ဦးလေးတွေတောင် ပါသွားတတ်တယ်....။
ပညာရှိတယောက်ကတော့ ဆိုတယ်...
သင်ဟာ သင် ပီသဖို့နဲ့
ရလာသမျှ စက္ကန့်တိုင်းကို
တန်ဖိုးထားတတ်ဖို့
နေ နေရတဲ့ နေ့တိုင်းကို
နောက်ဆုံးနေ့လို့ သဘောထားဖို့ လိုသတတ်...။
ကောင်းကင်ကို

Saturday, December 18, 2010
မှတ်သားဖွယ် အဆိုအမိန့်များ - Quote of the day
* အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်မှာ ရည်ရွယ်ချက်၌ တစိုက်မတ်မတ် လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)
* အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူ ဖြစ်အောင်
ကြိုးစားပါ။ (အယ်ဘတ်အိုက်စတိုင်း)
* လူသားတို့၏ ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိသည်ကို သတိရပါ။ ထို့ကြောင့်
အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း
စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။ (ဟင်းရစ်အစ်ဆန်)
* ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သော စိတ်ရဲ့ သင်္ကေတဖြစ်တယ်။ (အီစွတ်)
* သင့်ထံမှ ဝေဖန်ချက် တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလို
ကြသူများ ဖြစ်တယ်။ (ဆမ်းမာဆက်မော)
* ကျဉ်းထဲ ကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသည့်အခါ၌ အရဲရင့်ဆုံး
အကြံဥာဏ်ဟာ လုံခြုံမှု အရှိဆုံးဖြစ်တယ်။ (လိုင်ဗွီ)
* စာဖတ်ခြင်းက ပြည့်ဝသော လူတယောက် ဖြစ်စေတယ်။ ဆွေးနွေးညှိနှိုင်းခြင်းက
အသင့်ပြင်ထားသော လူတယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသော
လူတယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)
* မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။
(နီကီတာခရုရှက်)
* တစက်ချင်း ကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်
စားသွားတယ်။ (လူခရီးတပ်စ်)
* သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။
(ရပ်ဝယ်ဒိုအီမာဆန်)
* ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများ အားလုံး ၀င်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။ အလုပ်မရှိတဲ့
လူတယောက်ဟာ နံရံမရှိတဲ့ အိမ်တလုံးနဲ့ တူတယ်။ မကောင်းဆိုးဝါးများဟာ အရပ်လေး
မျက်နှာမှ ၀င်ရောက်နိုင်တယ်။ (ဂျော့ဖရီချော်ဆာ)
* ပြက်ရယ်ပြုခြင်းက သဘောထား သေးသိမ်ညံ့ဖျင်းတဲ့ လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။
(အဲဖရက်တင်နီဆင်)
* အပြစ်မရှိသူ တဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်
သွားခြင်းက ပိုလို့ကောင်းသေးတယ်။ (ဘလက်စတုံး)
* သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)
* ငွေကြေးဥစ္စာအတွက် သက်သက် အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့
အတူတူပဲ။ (ဒီစာသားလေးက နည်းနည်းတော့ရိုင်းမယ်ထင်တယ် ခွင့်လွတ်ပေးကြပါ။
ကျွန်တော်ရေးတာတော့မဟုတ်ပါဘူး) (ဘားနဒ်ရှော)
* သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင် မယားနဲ့ နားပင်း
နေသော လင်ယောက်ျားတို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။
(ဒါလေးကတော့ စဉ်းစားစရာပဲ) (ဂျွန်မီတန်)
* ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သော လူသာလျှင်
အတော်ဆုံးလူ ဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)
* သင့်လောက် ကံမကောင်းသူအား သင်၏ ပျော်ရွှင်မှုများ၊ အဆင်ပြေမှု များကို
သွားမပြောပါနှင့်။ (ပလူးတက်)
* သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က
ပိုကောင်းတယ်။ (ချားဒါဝင်)
* အနည်းငယ် သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့ အပေါက်ကလေး တပေါက်ဟာ
အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ (ဘင်ဂျမင်ဖရင်ကလင်း)
* လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ (စီဆာရို)
* ခင်ဗျားရဲ့ သဘောတူညီမှု မပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ် ၀င်အောင်
မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)
* ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ ဆိုးဝါးသလို ပို၍ကြောက်စရာလည်း
ကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့် ဖြစ်တယ်။ (အလက်ဇန်းဒါးပုတ်)
* အရာရာကို မလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော် မလုပ်တတ်ပဲ လုပ်ခြင်း၊
သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာ ကောင်းရုံတင် မက စိတ်ပျက်စရာလည်း
ကောင်းလှတယ်။ (ပလူးတက်)
* စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊
အရာအားလုံး၌လည်းကောင်း အဓိက အကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။
(လောင်ဖဲလ်လိုး)
* ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့် အချိန်၌ စိတ်မှာ တင်းကျပ်
နေတတ်သည်။ (ဗစ်တာဟူဂို)
* ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တသွေမတိမ်း
လုပ်ဆောင်တယ်။ (ဂျေ ၊ ဂျေ ၊ ရူးဆိုး)
* ပညာရှိများနှင့် တနာရီ ဆွေးနွေးရခြင်းသည် မိမိဘာသာ စာအုပ်တရာ ဖတ်သည်ထက်
အကျိုးများ၏။ (သိုးဆောင်းစကားပုံ)
* အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။
(အဂ္ဂါး)
* သူတပါးကို ကျကျနန သင်ကြားပေးခြင်းသည် မိမိအဖို့ သင်ယူခြင်း၌
အကောင်းဆုံးဖြစ်၏။ (အင်္ဂလိပ်စကားပုံ)
* စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာ
ရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်း
လိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ်နှင့် အားပေးစကား
ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတခွန်း ပြောပေးရုံနှင့် သူ့အား မြေတောင်မြှောက်ရာ
ရောက်ပေသည်။ (ဒီဖိုမင်း)
* စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံ့ခိုင်မှုနှင့် သည်းခံခြင်း စိတ်ဓာတ်ကို မွေးဖွားပါ။
ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်းနှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝ လက်မခံပါနှင့်။
(ဒေါက်တာဝီလျံအိုစလာ)
နွေနှင်းမိုး

ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ဆနဲ့ ပေါင်းထားတာဖြစ်တယ်။
Thomas Edison(ဤဓာတ်ပုံက လျှပ်စစ်မီးကို တီထွင်ခဲ့သူ Thomas Edison ပုံ)
အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင်တယ်။
(ပြင်သစ်စကားပုံ)
ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှု
တတ်ရမယ်။
အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။
သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။
(ရှိတ်စပီးယား)
ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ်ကျနိုင်ပါဘူး။
ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး (ရှင်သန်)မှ အဲဒီသင်ခန်းစာကို သင်
နားလည်မယ်။
အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေ အတွက်ပဲ ဖြစ်တယ်။
ရှင်ခြင်းနဲ့ သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။
ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊
အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။
ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။
လူတယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊
သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို
ဆုံးရှုံးတာနဲ့ အတူတူပဲ။
ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကားတစ်ခွန်းနဲ့ ခလုတ်တိုက်
လဲမချလိုက်ပါနဲ့...
ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ (ရှိတ်စပီးယား)
တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ (လင်ကွန်း)
ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ် တော်ရတာက သူတို့ဟာ တခြားအလုပ်ကို မလုပ်ဘဲ ဖိနပ်ပဲ
ချုပ်နေခဲ့လို့ပဲ။ (Ralph Waldo Emerson)
သင့်ရဲ့ အပြုံးတပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင် အားပေးရုံနဲ့ မျှော်လင့်ချက်မဲ့သူ
တယောက်ကို သင် ကယ်တင်နိုင်လိမ့်မယ်။
လူအချင်းချင်း တယောက်ကို တယောက် ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်က
"စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။
တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။
ကောင်းမှုလုပ်တာ လူသိခံဖို့ မဟုတ်ဘူး။ ဒါပေမယ့် ဘာမှ မဟုတ်တဲ့ ကောင်းမှုလေးတခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးလာနိုင်တယ်။
(သစ္စာရောင်ခြည်မှ)
နွေနှင်းမိုး
မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day
The only job starts at the top is digging the hole.
ထိပ်ဆုံးက စတယ်ဆိုတဲ့ တစ်ခုတည်းသော အလုပ်ကတော့ တွင်းတူးတဲ့ အလုပ်ပဲ။
မင်းက ဆင်တကောင်ရဲ့ခြေထောက်ကို ဖမ်းမိထားပြီး အဲဒီဆင်က ထွက်ပြေးဖို့ ကြိုးစား
နေတယ်ဆိုရင် သူ့ကို ထွက်ပြေးခွင့် ပေးလိုက်တာ အကောင်းဆုံးပါပဲ။
When you have made a choice and don't make it, that is in itself a choice.
William James
မင်းမှာ ရွေးချယ်ခွင့် ရခဲ့ချိန်မှာ ရွေးချယ်မှုကို မလုပ်ခဲ့ဘူးဆိုရင် အဲဒါဟာ မင်းရဲ့
ရွးချယ်မှုပါပဲ။
Those who play with cats must expect to be scratched.
ကြောင်နှင့် ကစားသူတို့သည် ကြောင်ခြစ်ခံရဖို့ မျှော်လင့်ထားရမည်။
Always hold on to something: on the stairs, a railing; in trouble, a prayer. -Bern Williams
အမြဲတမ်း တခုခုကို ကိုင်ထားပါ။ လှေခါးပေါ်ရောက်ရင် လက်ရန်းကို။ ဒုက္ခရောက်ရင် ဓမ္မကို။
Love is not for keeping but for giving to someone.
ချစ်ခြင်းမေတ္တာဆိုတာ သိမ်းထားဖို့ မဟုတ်ပါ။ တယောက်ယောက်ကို ပေးဖို့အတွက်ပါ။
A true friend can hear a tear drop. - Frank Walsh
သူငယ်ချင်းဆိုသည်မှာ မျက်ရည်တပေါက်ကျသွားသည့် အသံကို ကြားသိနိုင်သူဖြစ်ပါသည်။
Don't trouble trouble till trouble troubles you.
ဒုက္ခက ကိုယ့်ကို ဒုက္ခမပေးမချင်း ကိုယ်က ဒုက္ခကို သွားပြီး ဒုက္ခမပေးပါနဲ့။
When you fall in a river, you're no longer a fisherman; you're a swimmer.
မြစ်ထဲကို လိမ့်ကျသွားပြီဆိုရင် သင်ဟာ ငါးဖမ်းသမား မဟုတ်တော့ဘူး။
ရေကူးသမား တယောက်ဖြစ်သွားပြီ။
Neither the sun nor death can be looked at with a steady eye.
နေမင်းကိုသော်လည်းကောင်း၊ သေခြင်းကိုသော်လည်းကောင်း တည်ငြိမ်သော မျက်စိဖြင့်
မည်သူမျှ မကြည့်နိုင်။
If you have integrity, nothing else matters. If you don't have integrity, nothing else
matters. -Alan Simpson
သင့်မှာ သိက္ခာ သမာဓိရှိနေရင် ဘာမှအရေးမကြီးတော့ပါဘူး။ သင့်မှာ သိက္ခာသမာဓိ မရှိ
တော့ရင်လည်း ဘာမှ အရေးမကြီးတော့ပါဘူး။
Better to go on foot than ride and fall. -Thomas Middleton
မြင်းမစီးတတ်၍ လိမ့်ကျရခြင်းထက် လမ်းလျှောက်သွားရခြင်းက ပိုကောင်းပါသည်။
There are more men than women in mental hospitals which just goes to show who's
driving who crazy. - Peter Veale
စိတ္တဇဆေးရုံတွေမှာ မိန်းမဦးရေထက် ယောင်္ကျားဦးရေကပိုများနေတာဟာ ဘယ်သူက
ဘယ်သူ့ကို ပိုပြီး စိတ်ညစ်အောင်လုပ်တယ်ဆိုတာပြနေတယ်။
လေးထဲမှာ မြားမရှိဘဲနဲ့ ပစ်မှတ်ကို သွားချိန်နေရင် ဘာကိုမှ ထိဖို့ရာ အကြောင်းမရှိဘူး။
None is fool always, everyone sometimes.
ဘယ်သူမှ အမြဲတမ်းတော့ မရူးဘူး။ ဒါပေမယ့် တခါတရံတော့ လူတိုင်း ရူးတတ်တယ်။
Life is long if you know how to use it. - Seneca
အသက်ကို မည်သို့မည်ပုံအသုံးချရမည်ကို သိပါက အသက်သည် ရှည်၏။
To avoid criticism do nothing, say nothing, be nothing. - Elbert Hubbard
အဝေဖန်ခံရမှာကို ရှောင်လွဲချင်ရင် ဘာကိုမှမလုပ်နဲ့။ ဘာကိုမှ မပြောနဲ့။ ဘာမှလည်းမဖြစ်ဘူး။
May you look back on the past with as much pleasure as you look forward to
the future.
ပျော်ရွှင်ကြည်နူးမှုများစွာဖြင့် အနာဂတ်ကာလကို ရှေးရှုကြည့်သကဲ့သို့ အတိတ်ကာလ
အား ပြန်လည် လှမ်းကြည့်နိုင်ပါစေ။
If you don't know where you are going, every road will get you nowhere.
မင်းဘယ်ကိုသွားနေတယ်ဆိုတာမသိရင် လမ်းတိုင်းကမင်းကို ဘယ်နေရာကိုမှ
ရောက်အောင် ပို့ပေးမှာ မဟုတ်ဘူး။
ဘယ်တော့မှ အရှုံးမပေးနဲ့။ ဘယ်တော့မှ အလျှော့မပေးနဲ့။ ဘယ်တော့မှ
အညံ့မခံနဲ့- တဲ့။ ဒီလိုပဲ- ကျုပ်အရှုံးမပေးဘူး။
ဦးနှောက်များသည် နှလုံးသားများကဲ့သို့ပင် သူတို့အား တန်ဖိုးထားသည့်နေရာသို့ သွားကြ
ပါသည်။
မိဘများက သင့်အား ဘ၀ကို ပေး၏။ ဆရာများက သင့်အား အနာဂတ်ကို ပေး၏။
ဘ၀ဆိုသည်မှာ လေ့လာသင်ယူရန်၊ ရှင်သန်နေထိုင်ရန် နှင့် သင်ကြားပြသပေး
ရန် ဖြစ်ပါသည်။ အသည်းစွဲအောင် လေ့လာသင်ယူပါ။ ယုံကြည်ချက်ဖြင့် အသက်ရှင်
သန် နေထိုင်ပါ။ ချစ်ခြင်းတရားဖြင့် သင်ကြားပြသပေးပါ။
To be an agreeable guest, one needs only enjoys him. - Joseph Joubert
ဧည့်သည်ကောင်း တယောက် ဖြစ်ချင်ရင် သူ့ဘာသာသူ အဆင်ပြေအောင် ကြည့်
နေတတ်ရတယ်။ (my silver moon) မှ

Friday, December 17, 2010
ဘဝတဆစ်ချိုးက အရိပ်လေးများ
လမ်းအတူလျှောက်မှာ ၊ ပန်းအတူကောက်ခါ ၊
အနမ်းထူထူ ရောက်ခဲ့တာလေးတွေ …
နှလုံးဘဝင်မှာ ၊ မမုန်းချင်စရာ ၊
အပြုံးလွင်လွင် သာသာလေးတွေ ….
အပူမပွားပဲ၊ လူကြားထဲမှာ …
အတူသွားခဲ့တာလေးတွေ ..
လမ်းဘေးမှာ၊ အနမ်းပေးကာ
ပန်းလေးတွေကို ဆင်ပေးခဲ့တာလေးတွေ …
အကြင်နာအစုံ ၊ သခင်သာယုံပြီး၊
ရင်မှာခုန်ခဲ့တာလေးတွေ ….
တချက်အကွေ့မှာ ၊ မပျက်တွေ့လာတဲ့
တသက် မမေ့စရာလေးတွေ …။
သမုဒယလေးနဲ့ ၊ အနုအလှတေးဖွဲ့ပြီး၊
ယုယ ထွေးပွေ့ခဲ့တာလေးတွေ ….
မနောပျိုနု ၊ သဘော အကို ဟု ၊
ကျောကို ထုလိုက်တာလေးတွေ….
အပြေးသူလယ်ဖို့ ၊ ဈေးအတူဝယ်လို့
ဘေးမှာ အူလယ်လယ်နဲ့ မသွားတတ်ခဲ့တာလေးတွေ …
အခန်းလှမ်းဝင်ခိုက် ၊ အနမ်းပန်းတင်လိုက်တော့
အရမ်းကြမ်း ရှင်မိုက်တာပဲလို့ ပြောတာလေးတွေ…
တူနှစ်ကိုယ်အသဲမှာ ၊ အပူမပိုကြပဲ
အမူပိုချွဲခဲ့တာလေးတွေ…
အမှန်ပြောရင် မမှားနိုင်တဲ့ ၊
သံယောဇဉ်တရားစိုင်ဖွဲ့လို့
ကံသဘောအသွင် မထားနိုင်ခဲ့တာလေးတွေ…
လွမ်းရေးတရာမကမို့ ပန်ပေးတာက
စတင်ခဲ့တဲ့ အဖြစ်လေးတွေ….
တွေ့ကြုံခံစားခဲ့ရတဲ့ အတိတ်ရိုင်းလေပွေ
ရင်မှာမွှေနှောက် ရောက်ယက်ခတ်ခဲ့ရတဲ့ အဖြစ်လေးတွေကို
အချစ်လေးများလို့ ဆိုနိုင်မလားလေ…။
ပန်းပေးလဲ မလိုချင်ဘူး
လွမ်းတေးလဲ မဆိုချင်ဘူး
အနမ်းပေးလဲ မငြိုငြင်ဘူး
လမ်းခွဲပြေးလဲ မငိုချင်တော့ပါဘူးလေ။
မမြင်မတွေ့ ၊ သခင်မေ့ပေမယ့် ၊
အရင်နေ့တွေကို ၊ သတိရနေဆဲပါ။
ကံကြမ္မာ ရဟတ်က အဖန်တရာဆက်လို့
ပြန်ကာထပ်တွေ့ရင်လဲ တသက်မမေ့စရာ
အကြင်နာအနမ်းကို မမြင်စရာ ပန်းအဖြစ်
ရင်နင့်နင့်နဲ့ သခင်ပစ်လိုက်ပါ့မယ်။
ဘဝတကွေ့မှာ ခဏတွေ့ကြပြီး
တဘဝမမေ့စရာ အပြုံးလေးတွေကို
နှလုံးသွေးနဲ့ရင်း အတင်းကြိတ်မှတ်ခံစားပြီး
အတိတ်ကအသံများကို စိတ်ကပြန်ကြားနေပေမဲ့
ခံစားမှုကင်းဆိတ် အတင်းပိတ်ထားတဲ့
နှလုံးသား တံခါးကို ခေါက်နိုင်မယ့်သူရှားသွားပြီ်တဲ့လေ…။

Saturday, December 11, 2010
ကိုယ်တိုင်ဖတ်ဖို့
(၁) လူ့ဘဝမှာ အစမ်းလေ့ကျင့်(rehearsal)တယ်ဆိုတာ မရှိဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုပဲ ရှိတယ်။
(၂) တကယ်တော့ ဘဝဆိုတာပျော်စရာပါ။ ဘဝက ကျွန်တော်တို့ကို ဘယ်လိုပျော်ဖို့ သင်ပေးနေခဲ့ပါတယ်။
(၃) လူတွေရဲ့အသိဉာဏ်က ကြီးကျယ်မြင့်မြတ်တယ်။ အဲဒီအသိဉာဏ်က မျော်လင့်ချက်မဲ့နေသူ တစ်ယောက်ကို မျှော်လင့်ချက်ရှိလာအောင် လုပ်ဆောင်နိုင်သလို မျှော်လင့်ချက်ရှိသူတစ်ယောက်ကိုလည်း မျှော်လင့်ချက်မဲ့သူဖြစ်အောင် လုပ်ဆောင်နိုင်တယ်။
(၄) ကမာကောင်တစ်ကောင်ဟာ သူ့ကိုယ်တွင်းက သဲတွေကို လှပတဲ့ ပုလဲတစ်လုံးဖြစ်အောင် တစ်သက်တာအချိန်ကို သုံးရသတဲ့။ မိုးရွာပြီးစမှာ လှပတဲ့ သက်တန့်တစ်စင်းဖြစ်ဖို့ မရေမတွက်နိုင်တဲ့ ရေစုံရေမွှားလေးတွေ စုရသတဲ့။ တကယ်လို့ ဒါတွေကို ဖြစ်ပြီးရင်း ထပ်ဖြစ်တဲ့ ဒုက္ခအခက်အခဲတွေလို့ သဘောထားခဲ့ရင် အဲဒီဒုက္ခ အခက်အခဲပြီးနောက် လှပတဲ့ပုလဲတစ်လုံး၊ လှပတဲ့ သက်တန့်တစ်စင်း ထွက်ပေါ်လာခဲ့ဦးမယ် မဟုတ်ပါလား!
(၅) ဘဝဆိုတာ အစဉ်အမြဲပွင့်တဲ့ မညှိုးပန်းတစ်ပွင့်ဆိုရင် ဒုက္ခအခက်အခဲတွေက ပန်းကိုကြီးထွားသန်မာစေတဲ့ မြေသြဇာပဲဖြစ်မယ်။ မြေသြဇာမရတဲ့ပန်းဟာ ညှိုးနွမ်းခြောက်သွေ့လွယ်သလို အခက်အခဲဒုက္ခတွေကို ရင်မဆိုင်ဖူးသူတွေက ပြီးပြည့်စုံတဲ့ဘဝကို မရနိုင်ဘူး။
(၆) လူအများရဲ့ ကွဲလွဲတဲ့ထင်မြင်ချက်၊ အကြံဉာဏ်တွေကြားမှာ ရှေ့ဆက်ရမယ့်လမ်း ပျောက်နေခဲ့ပြီလား?
လူတွေရဲ့သွေးထိုးဖြားယောင်းတဲ့ စကားတွေကြားမှာ အခက်အခဲကိုဖြတ်ကျော်ဖို့ အတောင်တစ်စုံ မဲ့နေခဲ့ပြီလား?
ကြံ့ခိုင်မှုကို မရွေးချယ်ခဲ့တဲ့ အားပေးစကားတွေ မကြားခဲ့ရတဲ့ ရင်တစ်စုံမှာ လမ်းပြမယ့် ထွန်းတောက်တဲ့ နေရောင်တွေ ကင်းမဲ့နေခဲ့ပြီလား?
စိတ်မပူပါနဲ့.. အားမငယ်ပါနဲ့... ရိုးသား၊ စစ်မှန်ခြင်းတွေကို အော်ခေါ်နေတဲ့ ကိုယ့်ရင်ဘတ်ထဲက နှလုံးသားရဲ့အသံကို နားထောင်လိုက်ပါ။ နှလုံးသားရဲ့ အလင်းရောင်က သင့်ကို လမ်းပြခေါ်ဆောင်သွားပါလိမ့်မယ်။
(၇) လူ့ဘဝလမ်းခရီးတစ်လျှောက်မှာ ချိုင့်ခွက်တွေ၊ အကွေ့အကောက်တွေရှိတယ်ဆိုတာ ဓမ္မတာပါ။ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံရပါစေ၊ ဘယ်လို ဆင်းရဲဒုက္ခနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ဘယ်လိုပဲ မျှော်လင့်ချက်မဲ့ပါစေ၊ ဘယ်နှခါပဲ ခလုတ်တိုက် လဲကျပါစေ... ကြံ့ကြံ့ခံ ထရပ်ဖို့ မမေ့ပါနဲ့။ လက်မလွတ်ပါနဲ့... တစ်ကြိမ် ထရပ်တိုင်း အောင်မြင်မှုက သင်နဲ့ပိုနီးလာခဲ့ပါပြီ။
(၈) ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတရားတစ်မျိုးဖြစ်တယ်။ အမုန်းရန်ငြိုးတွေကို ပျယ်ပြက်စေနိုင်တယ်။ စိတ်ကောင်းစေတနာရှိတဲ့ လူတစ်ယောက် မတော်တဆ အမှားအယွင်းလုပ်ခဲ့မိရင် ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးကို ကောင်းကောင်း ဆက်ဆံတဲ့နည်းဖြစ်တယ်။ သူ့ကို အခွင့်အရေးတစ်ခု ပေးတာဟာ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်၊ ဒေါသမကြီးစေတဲ့ အခွင့်အရေး တစ်ခု ပေးလိုက်တာနဲ့တူတယ်။ ခွင့်လွှတ်ခြင်းက ဘဝမှာ ယုံကြည်မှုကင်းမဲ့သွားသူကို အခွင့်အရေးတစ်ခု ပေးတာဖြစ်တယ်။ နွေးထွေးမှုပေးတာဖြစ်တယ်။ သူတစ်ပါးကို ခွင့်လွှတ်တာဟာ ကိုယ့်စိတ်ကို ကြည်လင်ပေါ့ပါးစေတယ်။ ခွင့်လွှတ်စိတ်ကလေးတွေကို ရင်ထဲထည့်ထားကြရအောင်...
(၉) ဘဝ ကုလားကာကို ဆွဲဖွင့်လိုက်ပြီဆိုမှတော့ စိတ်ပါလက်ပါနဲ့ အကောင်းမြင်စိတ်မွေးပြီး ငါကပြရမယ်။ ခြေတစ်လှမ်း စလှမ်းလိုက်ပြီးဆိုတာနဲ့ ချိုင့်ခွက်၊ အကွေ့အကောက်တွေ့လဲ နောက်မဆုတ်ဘူး။ နေပူမိုးရွာလဲ မရှောင်ဘဲ ငါ့ဇာတ်ကိုငါ ပြီးတဲ့အထိ အောင်အောင်မြင်မြင် ကပြသွားမယ်။
(၁ဝ) လူ့ဘဝလမ်းခရီးကို ကိုယ်တိုင်လျှောက်ရတယ်။ တခြားသူက သင့်အတွက် ကိုယ်စားလျှောက်ပေးလို့ မရဘူး။ သင့်နောက်ကျောက အလင်းတန်းကို သင့်အရိပ် ဝါးမြိုသွားမှာ စိုးမကြောက်ပါနဲ့... ဘဝမှာ နေရောင်ခြည်နဲ့ တစ်ကြိမ်တစ်ခါ မျက်နှာချင်းဆိုင်ရတာဟာလည်း ဂုဏ်တစ်မျိုးပါ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
(တိုးတိုး)

Friday, November 5, 2010
ထာဝရ
ပွင့်လျှင်လည်းနမ်း၊
နွမ်းလျှင်လည်းကောက်၊
ခြောက်လျှင်လည်းသိမ်း၊
တိမ်းညွတ်တွယ်မက်၊
သည်တစ်သက်မှာ၊
တစ်ပွင့်သာလေ၊
စွဲလန်းနေမည်၊
ဝေဝေကြွေကြွေ မြတ်နိုး၏...။
မောင်စိန်ဝင်း(ပုတီးကုန်း)
နွမ်းလျှင်လည်းကောက်၊
ခြောက်လျှင်လည်းသိမ်း၊
တိမ်းညွတ်တွယ်မက်၊
သည်တစ်သက်မှာ၊
တစ်ပွင့်သာလေ၊
စွဲလန်းနေမည်၊
ဝေဝေကြွေကြွေ မြတ်နိုး၏...။
မောင်စိန်ဝင်း(ပုတီးကုန်း)
ခရီးသည်
ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။
လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။
လူတစ်ယောက်ဟာ
သူ့ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကိုသိမ်းဆည်းပြီး
ခွဲခွာခြင်းခရီးကို စနေတယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာ
တစ်သက်တာ ထာဝရ၊
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။
တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။
တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
အဝေးဆုံး
* အနော်မာကမ်းမှာတော့
ယသော်ဓရာ လွမ်းကျန်ခဲ့မယ် ။
* ပြန်လှည့်ကာ အသွားမဖျက်ပါနဲ့
ကဏ္ဍက ဖွားဖက်တော်ရယ်.....။
* ချစ်တာသိပေမယ့်
"သစ္စာ" ရှိရာ လမ်းပေမို့
မေ့စတမ်းကွယ် တာရှည်ကြည့်
ပါရမီဖြည့် ကျန်ပါကွယ်. . . ။
သံသရာနယ်က ရုန်းလို့အထွက်....။
* ကြာချည်လှပ် လွမ်းတုန်းမှာပဲ
ယာယီဇာတ် တခန်းဆုံးပြီပေါ့
ပန်းကုန်းနှယ် သစ္စာဆင်ဖို့
ခရီးရယ် သွားရတော့မှာမို့
စည်းခြားကျန် မျှော်..မျှော်..ကာနဲ့
ယသော်ဓရာ တသက်လွမ်းစေမယ့်
အနော်မာ တစ်ဖက်ကမ်းကို..လ
(ကဏ္ဍကရယ်..........)
လှမ်းတော့ သွက်သွက်။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
ငှက်တို့၏ တေး
မလိုက်ရဲရင်လည်း
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ ...။
တနေ့နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်..
(ငှက်ဆိုတာကတော့) ပျံရင်းသေ...။
ကဆုန်စိုင်းသလိုပေါ့..
မုန်တိုင်းက ရှေ့မှာမွှေ..။
တောမီးတွေက ရှေ့မှာဝိုင်း...။
ခြင်္သေ့က မြက်မစား...
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...
အိုးဝေ...အိုးဝေ...တွန်သံနှောလေ တဲ့...
စိမ်းမြညို ဟောဟို တောဆီသို့...
အမောခံ ဇောမာန်တင်းပါလို့...
ပျံရင်းသေ ခရီးဆက်မယ် တဲ့...
အဲဒါ... အဲဒါ...
ငှက်တွေရဲ့ သမိုင်း...။
မောင်စိန်ဝင်း(ပုတီးကုန်း)
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ ...။
တနေ့နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်..
(ငှက်ဆိုတာကတော့) ပျံရင်းသေ...။
ကဆုန်စိုင်းသလိုပေါ့..
မုန်တိုင်းက ရှေ့မှာမွှေ..။
တောမီးတွေက ရှေ့မှာဝိုင်း...။
ခြင်္သေ့က မြက်မစား...
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...
အိုးဝေ...အိုးဝေ...တွန်သံနှောလေ တဲ့...
စိမ်းမြညို ဟောဟို တောဆီသို့...
အမောခံ ဇောမာန်တင်းပါလို့...
ပျံရင်းသေ ခရီးဆက်မယ် တဲ့...
အဲဒါ... အဲဒါ...
ငှက်တွေရဲ့ သမိုင်း...။
မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာ
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။
အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။
သံယောဇဉ် ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။
ပါးစပ်က ပြောမှလား၊
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
ကွယ်ရာကပဲ ချစ်တော့မယ်။
အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။
သံယောဇဉ် ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။
ပါးစပ်က ပြောမှလား၊
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
သောကခြေရာ
ဘယ်သူမြင် ဘယ်သူသိမှာလဲ၊
သူရှိတယ် ကိုယ့်ရင်ထဲ၊
အမြဲငြိတွယ်။
အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့၊
စိတ်အတွေးကို တမင်နှောက်တာလား၊
သခင်ရောက်ပါလို့ တဝဲလည်လည်။
ငွေလသာ အရိပ်ထိုးရင်လဲ၊
နွေညမှာ အအိပ်ခိုးပြန်ပေါ့၊
စိတ်ဆိုးဟန် တမင်လွှဲပေမယ့်၊
ရင်ထဲက အရိပ်ငယ်၊
ဆိတ်ကွယ်လို့ ပျောက်မသွား။
အစဉ်ဝေးပြီပဲ၊
ရင်မအေးအောင် မနှိပ်စက်ပါနဲ့၊
အအိပ်ပျက်ကာ နေမရအောင်၊
နွေညကို ကျိန်စာတိုက်သူရဲ့၊
စိတ်ကြိုက်သလို ခွာခွာနေပေါ့၊
မာယာတွေ အဆင်ခွဲကာ၊
ရင်ထဲမှာ ခြေရာမချန်နဲ့၊
ဝေဒနာဒဏ် အရိပ်ခွာချလို့၊
(အချစ်ရယ် …)
အိပ်ပါရစေလား။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
သူရှိတယ် ကိုယ့်ရင်ထဲ၊
အမြဲငြိတွယ်။
အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့၊
စိတ်အတွေးကို တမင်နှောက်တာလား၊
သခင်ရောက်ပါလို့ တဝဲလည်လည်။
ငွေလသာ အရိပ်ထိုးရင်လဲ၊
နွေညမှာ အအိပ်ခိုးပြန်ပေါ့၊
စိတ်ဆိုးဟန် တမင်လွှဲပေမယ့်၊
ရင်ထဲက အရိပ်ငယ်၊
ဆိတ်ကွယ်လို့ ပျောက်မသွား။
အစဉ်ဝေးပြီပဲ၊
ရင်မအေးအောင် မနှိပ်စက်ပါနဲ့၊
အအိပ်ပျက်ကာ နေမရအောင်၊
နွေညကို ကျိန်စာတိုက်သူရဲ့၊
စိတ်ကြိုက်သလို ခွာခွာနေပေါ့၊
မာယာတွေ အဆင်ခွဲကာ၊
ရင်ထဲမှာ ခြေရာမချန်နဲ့၊
ဝေဒနာဒဏ် အရိပ်ခွာချလို့၊
(အချစ်ရယ် …)
အိပ်ပါရစေလား။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
မင်းဆိုသမျှ ကွင်းရှောင်မယ်
လက္ခဏာဟန်မကျချင်တော့၊ အနန္တခက်ထွေ၊
ကံမ.မှ အသက်ရှည်မယ်၊ ကျမျက်ရည်ယိုဆင်း။
တွေးမိတိုင်း စိတ်နာတယ်၊ မအိပ်တာ လေးညအလင်း။
ကာလကို ထောင်းချင်သည်၊ ကြောင်းအင်နော် မရှင်း။
ကောင်းချင်သော် နုံဖျင်းလို့၊ ဒုံရင်းသို့လှည့်မယ်။
မချိလို့ပေါ်တဲ့သွားတောင်၊ ရယ်သလား မေးကြလေတယ်။
စကားကြောင့် တရားကွယ်၊ အလားဝယ်ကုန်ခမ်းလို့၊
ဘုံနန်းမြင့် အဆောင်ဆောင်၊ ကင်းရလေအောင်။
မင်းဆိုသမျှ ကွင်းရှောင်မယ်
ထမင်းတောင်စားချင်ဘုလေး။
(ဦးပုည)

Sunday, October 31, 2010
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
Friday, October 29, 2010
မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day

ပုတ္တောဝါဒ ဆုံးမစာ (အဘက သားကို ဆုံးမခန်း)
(၁)
"ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊
ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည် အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊
ဗဟုသုတ၊ မရှိကမူ၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမ၀င်၊ ပြင်မှာမရောက်၊
တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျက်၊ လူပျက်လူနှမ်း၊ လူပေါက်ပန်းနှင့်
လူသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ညီပုရှက်မည်ထင်၏တည်း။
(၂)
"ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊
စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊
သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊
သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီ့ဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊
စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ သည်းဖျားမှတ်စေချင်၏တည်း။
(၃)
"သည်းဖျားမှတ်စိမ့်"၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊
ရွှင်မြူးပျော်သည်၊ သူတော် မဟုတ်၊ လူယုတ်သူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှု များ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊
ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာလည်း၊ ဝေးစွာသားလှ၊
ခွါနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေ၀ယ်၊
အပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ သားလှမှတ်စေချင်၏တည်း။ ။

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
လိုက်လို့ မမီနိုင်အောင်
ပတိရူပဒေသ၀ါသ = ကိုယ်နဲ့ သင့်ရာဒေသမှာ နေရမယ်။
ပုဗ္ဗေ စ ကတပုညတာ = ရှေးကောင်းမှုကံလည်း ပါရမယ်။
အတ္တသမ္မာပဏိဓိ = ကိုယ် စိတ် နှလုံး ရိုးသားဖြောင့်မတ်ရမယ်။
သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားလည်း နာကြားရမယ်။
အဲဒီ စက်လေးပါးနဲ့ ပြည့်စုံရင် ဘယ်သူမျှ လိုက်လို့မမီနိုင်အောင် ပြည့်စုံတိုးတက်
နိုင်တယ်။
လုံ့လ ၀ီရိယတွေနဲ့ ပံ့ပိုးကူညီ
ဆရာသမား အကြီးအကဲလုပ်တဲ့သူတွေဆိုတာ ပညာရေး၊ ကျန်းမာရေး၊ နေစရာ ထိုင်စရာ၊ စားစရာ ပြည့်စုံအောင် လုပ်ပြီးတဲ့အပြင် ၀ီရိယဆိုတာလည်း အမြဲရှိနေရပါတယ်။ အကျိုး
ပေးကြမယ့် ရှေးကံဟောင်းတွေ ပါလာကြပေမယ့် ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ပံ့ပိုးကူညီ
ကြရပါသေးတယ်။ အဲဒီလို ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ဆက်ပြီး မပံ့ပိုး မကြိုးစားဘူး
ဆိုရင်တော့ အရှိန်တွေဟာ တဖြည်းဖြည်းနဲ့ ကျမှန်းမသိ ကျဆင်း ကျဆင်းလာကြတော့
တာပဲ။ ဒါကြောင့် ၀ီရိယကတော့ အမြဲတမ်း ရှိနေကြရမှာပဲ။ ဘယ်တော့မျှ မလျှော့နဲ့၊ ၀ီရိယ
ကို မလျှော့နဲ့၊ စိတ်ဓာတ်ကိုလည်း မလျှော့နဲ့။
ရေမသောက်ရတဲ့ မျက်နှာ
မေတ္တာစိတ် ကင်းမဲ့တဲ့ သူတွေကျတော့ ရေမသောက်ရတဲ့ မျက်နှာတွေလို စိုစိုဖတ်ဖတ် မရှိကြဘူး။ ခြောက်ကပ်ကပ်တွေပဲ အမြဲတမ်း သားရေး သမီးရေး၊ စီးပွားရေး၊ လောကရေး
တွေနဲ့ ရှုပ်ထွေးပြီး ပူလောင်နေရတတ်ကြတယ်။

အာပေါက်အောင် တောင်း မရဘူး
တို့မြန်မာလူမျိုးတွေက ဆုတောင်း တယ်ပြီးလေ့တယ်။ ဖြစ်ချင်တာကို ထိုင်ပြီး ဆု
တောင်းနေတော့တာပဲ။ အကြောင်းဖြစ်တဲ့ အလုပ်ကိုတော့ မလုပ်ဘဲနဲ့ အကျိုးရချင်
ပြီးတော့ ဆုတောင်းနေလို့ ဖြစ်မလား၊ အာပေါက်အောင် တောင်း မရဘူး။ ဥပမာ
မန္တလေးကနေ ရန်ကုန်ကို သွားချင်တယ်ဆိုပါတော့။ "ရန်ကုန်ကို ရောက်ရပါလို၏" ဟု
တသက်လုံး ထိုင်ပြီး ဆုတောင်း၊ အာပေါက်အောင် တောင်း၊ မရဘူး။ ငွေမရှိရင် မရောက်
နိုင်ဘူး။ ဒီတော့ ရောက်နိုင်တဲ့ အကြောင်းရင်း ငွေကို ရအောင် အားထုတ်ကြရလိမ့်မယ်။
အကျိုးကို လိုချင်ရင် အဲဒီ အကျိုးကို ရနိုင်တဲ့ အကြောင်းရင်းကို အားထုတ်ရမှာပေါ့။
အကြောင်းရင်းကို မလုပ်ဘဲနဲ့ ထိုင်ပြီး ဆုတောင်းနေလို့ကတော့ ဘယ်တော့မျှ
အကျိုးမရနိုင်ဘူး မှတ်ပါ။
ကိုယ်က ကောင်းနေရင်
လူတွေဆိုတာ သူများကိုမပြောနဲ့၊ ကိုယ့်ကိုယ်ကိုယ်တောင် လှည့်စားချင်ကြတယ်။ သတိ
ထားဖို့က ပတ်ဝန်းကျင်ဆိုတာ ကိုယ်က ကောင်းနေရင် အကောင်းဘက်ကို လိုက်လာ
တတ်တယ်။ ကိုယ်က မကောင်းဘူးဆိုရင်တော့ သူကလည်း မကောင်းတဲ့အထဲ
ဆွဲချတော့တာပဲ။
ကြွားလိုတဲ့စိတ်နဲ့တော့ မပြောရဘူးပေါ့
လောကကြီးထဲမှာ ကိုယ့်ဂုဏ်ကို ထုတ်ဖော်ပြီးတော့ မပြောရဘူးလို့ ဆိုကြတယ်။ တသ
မတ်တည်း ပုံသေကားကျ မှတ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ဒီစကားဟာ မပြောမဖြစ်
ပြောလိုက်မှ အကျိုးစီးပွားဖြစ်မယ့် ကိစ္စဆိုရင် ပြောရပါတယ်။ ကြွားလိုတဲ့စိတ်နဲ့တော့
မပြောရဘူးပေါ့။

ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ
တကတဲ အမေ အဖေ လုပ်တဲ့သူတွေက အသက် ၅၀ ကျော် ၆၀ ကျော် ရှိကုန်ကြပြီ။ သူတို့
ကလည်း အလှပြင်ကြတုန်းရှိသေး၊ မလျှော့ကြသေးဘူး။ ဒီတော့ ငယ်တဲ့ သားသမီးတွေကို
ဘယ်လိုလုပ်ပြီး ဆုံးမလို့ရမလဲ။ "ဟဲ့ ဟိုကောင်မလေး တော်တော်ကဲ" လို့ဆိုတော့ သူတို့က မကြားတကြား ပြန်ပြီးပြောသတဲ့။ "ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ" တဲ့။
ကဲ ကောင်းနိုင်ကြသေးရဲ့လား။
ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ
လူဆိုတာ ကြီးပွားချင်ပေမယ့် လမ်းစဉ်က မတည့်ရင် အလွဲချည်း ဖြစ်နေရတတ်ပါတယ်။
လမ်းစဉ် တည့်သည့်တိုင်အောင် ရှေးကံကလည်း ပါဦးမှ၊ ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ။
ကုသိုလ်စိတ်လား အကုသိုလ်စိတ်လားဆိုတာ။
သီလတော့ ဇာတ်လိုက်ပဲ
လူတယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါန မရှိတာက အကျိုးမရတာပဲရှိမယ်၊ သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။ တခါ ဒါနပြုတဲ့
အခါမှာလည်း သီလမပါဘဲနဲ့ ပြုရင် အကျိုးပေး မသန်နိုင်ဘူး။ သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီး အကျိုးပေးသန်နိုင်ပါတယ်။ ဒါကြောင့် သီလကတော့ အခြေခံပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။
သီလကို လက်လွတ်လို့ မဖြစ်ဘူး။

Thursday, October 14, 2010
ဒါတွေကို သင်ပိုင်ဆိုင်ပါစေ

အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Subscribe to:
Posts (Atom)
မင်္ဂလာရှိသော အသံများ
သတိပေး စကား
သင့်ရဲ့အတွေးအခေါ်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ
သင့်ရဲ့စကားလုံးတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့စကားလုံးတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့အလေ့အကျင့်တွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့အလေ့အကျင့်တွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကိုယ်ကျင့်တရားတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကိုယ်ကျင့်တရားတွေကို ဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သင့်ရဲ့ကံကြမ္မာတွေ ဖြစ်လာမှာမို့လို့ပါပဲ။
သင့်ရဲ့ကံကြမ္မာတွေဟာ သင့်ရဲ့ဘဝဖြစ်လာလိမ့်မယ်။
မှန်ကန်စွာ တွေးတော ဆင်ခြင် သုံးသပ် ဝေဘန်ပိုင်းခြား စိစစ်ပြီးမှ
သိမြင်လာရတဲ့ သစ္စာတရားထက် မြင့်မြတ်တဲ့
ဘာသာရေး... ဘာသာတရားဆိုတာ မရှိဘူး။ (ဒလိုင်းလားမား)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ဖွင့်မိသော တံခါးများ
- SEA Games ဖွင့်ပွဲ အမှတ်တရ (1)
- ကဗျာ (319)
- ကျန်းမာရေး (71)
- ချိုမြိန်၍ မှတ်သားဖွယ် စကားလေးများ (31)
- ဂမိက ဝနဝါသီ အရှင် (2)
- ဂမိက ဝနဝါသီ အရှင်၏ ဓမ္မစာစု (10)
- စကားပုံများ (1)
- စကားကြီး သုံးခွန်း (1)
- စာစု (13)
- စာဖတ်သူများ အကြောင်း (1)
- ဆရာဦးအောင်သင်း၏ လက်ဆောင်များ (16)
- တမ်းချင်း (1)
- တရားတော် (6)
- တိုးတက်ရေး စာစုများ (45)
- ဒဿနများ (37)
- ပညာပေး စကားပုံများ (12)
- ပညာရေး (17)
- ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ (1)
- ဗမာ့အောင်ဆန်း (2)
- ဗဟုသုတ (56)
- ဘသ.ဗွီဒီယို (9)
- ဘာသာရေး (91)
- မင်းကွန်းဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ (1)
- ရင်တွင်းဖြစ် ကဗျာ (25)
- ရတု (4)
- ရသစာများ (5)
- ရုန်းရင်း ကန်ရင်း (1)
- လွတ်လပ်ရေး (2)
- ဝတ္ထု- တချိန်တုန်းက မိန်းမ (2)
- သာသနာ့အလံ အကြောင်း (1)
- သာသနာရေးအသံ (5)
- သီတဂူဆရာတော် လမ်းညွန်မှု (12)
- သူတို့ပြောစကား (21)
- သံဝေဂများ (40)
- ဟာသများ (9)
- အချစ်ဒဿန (4)
- အဆိုအမိန့် (27)
- အဆုံးအမများ (114)
- အတိုအထွာ သိချင်တာ (19)
- ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (2)
- ဆောင်းပါး (40)
- တွေးစရာများ (21)
- ရှေးအကျဆုံး ဗုဒ္ဓစာပေတွေ့ (1)
- ရှေးခေတ် မြန်မာ ပုံရိပ်လွှာ (12)
- ရွှေတိဂုံစေတီမြတ် အောက်က ဆံတော်မြတ် (1)